lionkingMarch 13, 20121min871
ဘုရားကိုသတ်၊ သံဃာမြတ်ကို မပြတ်ဦးဆောင်၊ သင်ခေါင်းဆောင်ပြီး ပြီးပြီးခန့်ခိုင်၊ ဓမ္မတိုင်ကို လှိုင်လှိုင်ဖွံ့ဖြိုး၊ ကြိုးကြိုးစားစား သင်လုပ်ညားလို…..။ အို…အဇာတသတ်…. ဖခင်ကိုသတ်၊ တိုင်းပြည်မြတ်ကို မပြတ်ဦးဆောင်၊ တိုးတက်အောင်ဟု ဆောင်ယောင်စည်းစိမ်၊ တထိန်ထိန်နှင့် အငြိမ်နေသွား၊ သင်လုပ်ငြားလို…။ အို…အဇာတသတ်… ကျေးဇူးရှင် အဖေကိုရှင်း၊ အာဏာကိုမင်းယူ၊ ထူထောင်ပေါ့ရာဇဂြိုဟ်၊ လိုသလိုမင်းလုပ် မင်းအုပ်ချုပ်သမျှနာခံ.. ဘာခံနိုင်မှာလဲကွ..အဇာတသတ်ရ…ဟား..ဟား..ဟား..ဟား…။ အို….ဒေဝဒတ်… ဘုရားကိုသတ်၊ သံဃာမြတ်ကို မပြတ်ဦးဆောင်၊ သင်ခေါင်းဆောင်ပြီး ပြီးပြီးခန့်ခိုင်၊ ဓမ္မတိုင်ကို လှိုင်လှိုင်ဖွံ့ဖြိုး၊ ကြိုးကြိုးစားစား အို…ဒေဝဒတ်… အဇာတသတ်ဆိုတဲ့ကျုပ်ကို၊ မင်းလုပ်စေပြီး ဒင်းလုပ်ပေးမည်ဆိုတဲ့ မြတ်ဗုဒ္ဓကိုလည်း အသေသတ်၊ မြတ်သံဃာကိုလည်း ဦးဆောင်၊ ဒီနှစ်ကောင် လက်တွဲရင်ဖြင့် မြေပြင်နဲ့ကောင်းကင်၊ ပေါင်းဆင်ပြီးမွှေနှောက် ဒီနှစ်ယောက်လောက်ကောင်းတာ ဘယ်ကမ္ဘာမှာရှာမလဲ…ဟဲ..ဟဲ..ဟဲ..ဟဲ…..။ တဟဲဟဲတဟားဟားတဟားဟားတဟဲဟ လွဲလိုက်တဲ့ စိတ်ကူးတွေအတိုင်း ရိုင်းမိုက်စွာလုပ်ဆောင် အဟုတ် အကောင်အထည်မပေါ်ကြတော့ […]


lionkingJanuary 3, 20121min20111
အောင်ဆန်းတိုက်ဖြုတ်၊ အားကုန်ထုတ်လို့ မာယုတ်မိစ္ဆာ၊ နယ်ချဲ့ချာတို့ ဝေးကွာခဲ့ပြီ၊ ဗမာပြည်ပေါ့။ အတည်ပေါက်မှတ် ၊ တို့လွတ်လပ်…လို့ မျိုးရပ်ဆွေဉာ၊ ဟစ်အော်ရှာတုန်း ဗြုန်း…ဆို အောင်ဆန်းသေတော့သည်။ အောင်ဆန်းရေ… သင်သေ ဖြောင့်ဖြောင့်၊ မဖြောင့်ဖြောင့်ကို စောင့်ကြည့်ဆိုင်းကြည့် ရှာခဲ့ပြီ။ သင်ဟာသေသွား၊ နှစ်အားဖြင့်နော် (၆၀)ကျော်လည်း၊ “ကျွန်”ထဲမှာဘဲ တဝဲလည်လည် ။ အသဲငယ်ငယ်၊ ဉာဏ်ငယ်ငယ်နဲ့ ဘယ်ဝယ်ဘယ်ကမ်း၊ ဆိုက်မှန်းမသိ သေချာကြည့်သော် ငါ့မှာ ဗလာလက်နဲ့ပဲ။ ………………………………… ဗလာလက်ကို၊ သေချာချက်သော် အသက်တမျှ၊ သုံးချဖို့ရန် ငါတို့ဉာဏ်ကား၊ ထိုင်းကားထိုင်းလျက် ထုံကားထုံ။ ………………………………… ဗလာလက်ကို၊ သေချာချက်သော် မာလျက်သာလျက်၊ ခန္ဓာအသက်တို့ မပျက်ခံ့ခိုင်၊ မတည်နိုင်ပဲ ယိုင်ကားယိုင်လျက် ကျုံကားကျုံ။ ။ ………………………………… ဗလာလက်ကို၊ သေချာချက်သော် တိုးတက်စီးပွား၊ မဖြစ်ငြားပဲ […]


lionkingSeptember 16, 20115min1887
တိုင်းပြည်ကျွန့်လက် ၊ လွတ်ထွက်ဖို့ရေး စတေးကြသည် ၊ အာဇာနည်တို့ ငါသည် အလေးပြုပါ၏ ။ ။ ငါ၏သွေးသား ၊ ငါ့ဉာဏ်များနှင့် ငါ့အားငါ့အင် ၊ ငါ့အသက်ပင် ငါလျှင် စတေးလိုပါ၏ ။ ။ တိုင်းရေးပြည်ရာ ၊ လွတ်လပ်စွာနှင့် သာယာပျော်ရွှင် ၊ ကြည်လင်အေးချမ်း ပြည့်စုံ လျှမ်းဖို့ ၊ အောင်ဆန်းဗိုလ်ချုပ် အလုပ်လုပ်သော် ၊ လုပ်ဖေါ်ကိုင်ဘက် တိုင်းပြည်အတွက်ဆို ၊ အသက်ကိုပင် ပေးချင်ပေးရ ၊ ပေးရပါစေ မမှုပေသား ၊ အာဇာနည်များတို့ ။ ။ ငါကားငယ်ငယ် ၊ လူမမယ်၌ ဇာနည်သွေးသောက် ၊ ရဲရဲ တောက်တို့ တောက်လျှောက်စွန့်စား ၊ လုပ်ရပ်များကို သင်ကြားစဉ်ခါ […]


lionkingSeptember 7, 20111min1236
ဗုဒ္ဓ မွေးတာ နေတာ သေတာ အိန္ဒိယ။ နေစဉ်ကာလမှာ ဟောကြားထားခဲ့တဲ့ ဓမ္မ ပြန့်နေတာက ပြည်မြန်မာ။ တိုင်းတပါးကိုရောက်လာတဲ့ ဗုဒ္ဓဘုရားရဲ့ ဓမ္မ ဟာ အခု“ကြက်မ” ဖြစ်နေရဲ့။ ဗန်းမော်ပြောဘူးတယ်။ “ဟေ့-ပါတိမောက်ကို တော့ မရဘူးကွ။ သတ္တိရှိရင် ရေငုံ့ပြိုင်မယ်” ။ ကြားဖူးသေးရဲ့ ပုစ္ဆကတွေရဲ့ မေး ခွန်းခက်ပုံကို ဘုရားလက်ဝါးမှာ စာကပ်တယ်။ “ဒီမေးခွန်း ငါဘုရား တောင် မဖြေတတ်ဘူးကွ”တဲ့။ ဒါတွေက သာမန်ပါ။ ယခု မြန်မာပြည်မှာ ဘုရားထက် တော်တဲ့ တတ်တဲ့ သူတွေပုံလို့။ ဥပမာ-အကြီးအကဲကိုယ်တော်ကြီးတို့လို အုပ်စုမျိုးနဲ့ အဓမ္မဝါဒ ဘာဝါဒ ညာဝါဒ ဆိုပြီး အဆုံးအဖြတ်ပေးမယ်ဆိုတဲ့ အုပ်စုမျိုးပေါ့။ ရှေးကလည်း ဒီလို တွေအုပ်စုဖွဲ့ပြီး ဟိုဘုန်းကြီး အဓမ္မလုပ် ဒီရိပ်သာတရားစွဲနဲ့ […]


lionkingAugust 28, 20114min1496
အနုပညာ ၊  ထိုပညာကို ငယ်ခါကာလ ၊  နုနယ်စ၌ နှိုက်နှိုက်ချွတ်ချွတ် ၊  ငါမတတ်ခဲ့။ ။ အနုပညာ ၊ ထိုပညာဟာ ပညာပေါင်းစုံ ၊ မွှမ်းပေါင်းထုံလျက် လုံလုံလောက်လောက် ၊ လူ့လမ်းပေါက်ကို တောက်လျှောက်သိမြင် ၊ မှိုင်းတွေစင်ခဲ့ ။  ။ အနုပညာ ၊ ထိုပညာကြောင့် လူ့ရွာရပ်ဝန်း ၊ ပြုံးရွှင်လန်းလျက် ပင်ပန်းပျောက်စေ ၊ လင်းတောက်စေခဲ့ ။  ။ အနုပညာ ၊ ထိုပညာကြောင့် သူငါဒုက္ခ ၊ ကြုံနေရလည်း ဆိုကြကဗျာ ၊ တေးသံသာညည်း ကြည်သာပြုံးရွှင် ၊ နှလုံးလွင်သည် ခုံမင်လောက ၊ ပြုံးစစ ။  ။   ငါတို့ပြည်ရွာ ၊ […]


lionkingAugust 10, 20111min984
“မနေ့က လူမိုက်အကြောင်းကို မင်းပြောပြတယ်။ ဒါဟာ သဘောကျစရာ ကောင်းတဲ့ အမြင်လို့ ထင်ပါတယ်။ လူမိုက်နဲ့စပ်လို့ ဘာများထပ်ပြီး ပြောစရာ ရှိသေးသလဲ။”                                                         “ရှိပါသော်ကော ဆရာသမားရယ်။ လူမိုက်ဟာ သူနဲ့စပ်တဲ့သူတိုင်းကို အခွင့် အရေးတွေများစွာဘဲ ဆုံးစေတယ်လို့ ဆိုတဲ့အမြင်ကို ကိုယ့်ဆရာမြင်တယ်ဆို ရင် ကျွန်တော်တို့ ဆရာသမားတို့တတွေဟာ လူမိုက်ရဲ့ ကောင်းကျိုးဆိုးပြစ် တွေကို ကိုယ်နဲ့ ဆက်စပ်တဲ့ လူတိုင်းကို သိစေမြင်စေဘို့ လုပ်ဆောင်သင့် တယ်ပေါ့။”                                                                        “ဒါဆိုရင်လူမိုက်ဆိုတာကို ဘယ်လိုလူဟလို့ နဲနဲချဲ့ပြပါဦးလား။”               “ဒါပေါ့။ လူမိုက်ဆိုတာကို အရက်သောက်သူလောက် နွားသတ်သူလောက် ပြည့်တန်ဆာအိမ်သွားသူလောက် ရပ်ကွက်ထဲအော်ပြီးဆဲသူလောက်ကို လူ မိုက်လို့ ဒီကနေ့လူတော်တော်များက သိနေကြတယ်။” “ဒါဖြင့်ဒီအသိက မမှန်လို့လား။” “မမှန်လို့ မဟုတ်ပေမယ့် ဒီထက်ပိုပြီး သိဖို့ကောင်းတဲ့ အမြင်တွေရှိဖို့ လိုနေလို့ပဲ။ ဘာကြောင့်လဲဆိုရင် […]


lionkingAugust 2, 20111min822
မင်္ဂလာ ဆိုတဲ့စကားကို ငြိမ်းချမ်းရေးလို့ ဆွေးနွေးပြတဲ့စာကို ဖတ်တဲ့ သူတွေကို ကျေးဇူးအထူးတင်ပါတယ်။ ဒီမှာရေးထားတဲ့ ဆရာသမား ဆိုတာ တခြားမဟုတ်ပါဘူး။ ဒေသသုံး စကားတလုံးပါပဲ။ အချင်းချင်း နောက်နောက် ပြောင်ပြောင်ခေါ်တဲ့ စကားပါ။ ကိုကြောင်ကြီးရဲ့ ရေးသားချက်ကို သဘောကျ တယ်ဗျာ။ aungnng87 ရေ ဒီဆွေးနွေးချက်ဟာ ဘာသာအချင်းချင်း ကွဲစေဖို့ ခွဲနေတာ မဟုတ်ဘူးဆိုတာကို ကျွန်တော် ကျိန်ပြီးပြောပါတယ်ဗျာ။ (သိန်းတစ်ထောင် ထီပေါက်ရစေရဲ့လို့ပေါ့ဗျာ-ဟဲ-ဟဲ)။ windtalker ရေ ကျွန်တော် မနောက်ပါဘူးဗျ။ မင်္ဂလာ ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို စာဖတ်သူ တွေရဲ့ အမြင်သဘောထား ဘယ်လိုရှိကြသလဲလို့ သိချင်ရုံသက်သက်ပါ။ ကျွန်တော် အခုဆွေးနွေးပြပါ့မယ်။ မင်္ဂလာဆိုတာကို ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပါယ်အထိရောက်အောင်ပေါ့။ “ဟ ကိုယ့်ဆရာသမား ရောက်လာပြန်ပြီလား”။ “အေး ဒီတခါတော့ […]


lionkingJuly 21, 20111min704
“ဆရာသမား ရောက်လာပြီလား” “ရောက်တော့ ဘာမေးမလို့လဲ” “စဉ်းစားမိတာလေး ရှိလို့ပါ ။ ဘာတဲ့ မင်္ဂလာရဲ့ အဓိပ္ပါယ်လေး ဖွင့်ပါဦး” “မင်္ဂလာရဲ့ အဓိပ္ပါယ်လား ၊ ဟိုတုန်းက အဖွင့်ရှိပြီးသားပဲ အောင်မြင်ရေး ကြီးပွားရေး ဆိုပြီးတော့လေ။” “ဟုတ်တော့ ဟုတ်ပါတယ်။ အခုခေတ်နဲ့ညီအောင် လူတွေအတော်များများ နားလည်အောင်ပေါ့လေ။” “အခုတော့နားမလည်ဘူးလား။” “လည်တော့လည်တာပေါ့ ဒါပေမယ့် မင်္ဂလာရဲ့ အဖွင့်က date အောက်နေပြီထင်တယ်။” “ခက်ပေါ့ပဲ ဘုရားစကား အဖွင့်က date အောက်နေပြီဆိုရင် မင်းကခေတ်နဲ့ လျော်ညီအောင် ဘယ်လိုဖွင့်ချင်လို့လဲ။” “ခေတ်နဲ့ ညီအောင်ဆိုရင် မင်္ဂလာရဲ့အဓိပ္ပါယ်ကို ငြိမ်းချမ်းရေး တရားလို့ဖွင့်ချင်တယ်။” “ဒါဖြင့်လည်း ငြိမ်းချမ်းရေး လို့ဖွင့်ပြီး မင်္ဂလာတစ်ခုချင်းစီကို ဘာကြောင့်ငြိမ်းချမ်းတယ်ဆိုတာကို သရုပ်ပေါ်အောင် ရေးပေတော့။ နောက်တစ်ခေါက် ပြန်ဆုံရင် မင်းရဲ့ဖွင့်ပုံကြည့်ပြီး ဝေဖန်စရာရှိဝေဖန်တာပေါ့ကွာ။ […]