lulinmgDecember 5, 20111min1002
ချစ်သူ… လွမ်းမိတယ်ဆိုတာထက် တမ်းတမိတယ် မင်းသိရဲ့လား ဒီနေ့ငါလွမ်းနေတယ်လေ မင်းမရှိတဲ့နေ့ညတွေမှာလေ ငါဘယ်လိုအသက်ရှင်ရမှာလဲ အရင်ကဆိုရင်ငါ နေ့ဘက်တွေကိုအရမ်းမုန်းခဲ့တာ ခုတော့ငါနေ့ဘက်တွေကိ်ု လွမ်းတက်လာတယ် မင်းနဲ့မတွေ့နိုင်တဲ့ညတွေကို ငါသက်ပြစ်ချင်နေမိတယ် မိုးရွာတဲနေ့တွေမှာ ငါမင်းကိုမျှော်လင့်လို့ မင်းဘယ်အချိန်ပြန်လာမှာလဲ…. ငါ့ရင်မှာငိုကြွေးနေတာကို မင်းသိနိုင်ပါ့မလား… သံယောဇဉ်ဆိုတာ နုနယ်တဲ့အရွယ်မှာ ရှိခဲ့ရင်ဘဝတစ်သက်တာအတွက် ထာဝရသတိရနေမှာပါဆို ချစ်သူ မင်းပဲပြောခဲ့တာလေ ငါမမေ့သေးပါဘူး…. မင်းအတွက်ဆိုရင် ငါ့ရင်ခွင်တံခါးကို စေ့ထားရုံလေးပါ ခဏပဲဖြစ်ဖြစ် လမ်းကြုံရင်အလည်လာနိုင်ပါတယ်ချစ်သူရယ်…..  


lulinmgDecember 4, 20111min1102
ချစ်သူ မောင့်ရဲ့ရင်ခွင်တံခါးလေး စေ့ထားရုံပါ… ခရေလမ်းလေးဟာ ချစ်သူရဲ့ခြေအစုံကို တောင့်တနေလေရဲ့… သင်းပျံ့ပျံ့ရနံ့နဲ့ နွေးထွေးစွာလက်ကမ်းကြိုမယ့် လေညှင်းလေးတွေရှိရဲ့… မောင်လည်းမျှော်လင့်နေပါတယ်… မောင့်ရဲ့နှလုံးသားမှာ ချစ်သူထာဝရအနားယူပါ… မောင့်ရဲ့မေတ္တာတရားတွေနဲ့ အေးမြနေစေပါ့မယ်… မောင့်မျက်ရည်တွေနဲ့ ခရေလေးကိုလန်းစေမယ် ချစ်သူလျှောက်ဖို့အတွက်ပေါ့…


lulinmgDecember 4, 20111min1010
လွမ်းတယ်ချစ်သူရယ် စိတ်အစဉ်ရဲ့စွဲဆောင်မှု့နောက် နှလုံးသားက်ခြေထောက်ပေါက်ပြီး လှမ်းလျှောက်ဖို့အတွက် လမ်းပျောက်နေခဲ့တယ်… ဆို့နင့်ကြေကွဲနေတဲ့ ဝုန်းဒိုင်းကြဲရင်ခုန်သံတွေကြား ခံစားချက်တွေ အရည်ပျော်ပျောက်ပျက်သွားရင် အိမ်မက်ဆိုးတွေတောင် ငါမြတ်နိုးမိမှာပါ… ဖြစ်နိုင်မယ်ဆိုရင် လမင်းကြီးကိုရင်ခွင်ထဲထည့်လို့ လမ်းပြကြယ်အဖြစ် ငါ့ကိုယ်ငါ ထုဆစ်ပြစ်လိုက်ချင်ပါတယ်… ပန်းတစ်ခင်းလုံးနွမ်းသွားပါစေ ငါ့အတွက်တစ်ပွင့်တည်းပွင့်ပေးပါ ဘုရားစိုက်တဲ့ပန်းလေး အဆိပ်ပန်းဖြစ်ချင်ဖြစ်ပါစေ…


lulinmgDecember 3, 20111min751
ချစ်သူ………. ဟိုးအရင်အတိတ်က ငါ့ဘဝရဲ့ခြေရာတွေကို မင်းပြန်ကောက်လာခဲ့တာ ငါ့ဘဝကို.. မြေမြှုတ်ဖို့လား……….. ငါကျေနပ်ပါတယ်ကွာ ဒါပေမယ့်…မင်း ငါ့ကိုမုန်းနေဖို့အတွက် ရင်ထဲမှာမေ့နိုင်အောင် ဘာလို့မကြိုးစားခဲ့တာလဲ…..


lulinmgDecember 3, 20111min44
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သတင်းလွှာ(10.11.2011)ထုတ်အတွဲ(၁)အမှတ်(၂)တွင် တိုင်ကြားစာများနှင့်ပါတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးမောင်မောင်ဝင်းမှတိုင်းဒေသကြီးအစိုးရအနေဖြင့်ရှင်းလင်းချက်တစ်ခု ပါဝင်သည်ကိုသိရှိရသည်။ အဆိုပါရှင်းလင်းချက်တွင် တိုင်ကြားစာများတွင် နို်င်ငံတော်သမ္မတရုံးမှ စီစစ်တင်ပြရန် ညွှန်ကြားလာသောတိုင်စာ(၃၈)စောင်၊ တိုင်းဒေသကြီး လွှတ်တော်ရုံးမှပေးပို့လာသောတိုင်စာ(၃၇)စောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တိုင်ကြားစာ(၂၉၈)စောင်၊ စုစုပေါင်း(၃၇၃)စောင်လက်ခံရရှိခဲ့ ပါကြောင်း၊စစ်ဆေး၍ ပြန်လည်တင်ပြပြီးသောစာအစောင်ရေမှာနိုင်ငံတော်သမ္မတရုံးသို့(၂၈)စောင်၊တိုင်းဒေသကြီးလွှတ်တော်သို့(၁၅)စောင် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ(၁၄၅)စောင်စုစုပေါင်း(၁၈၈)စောင်ဆောင်ရွက်ပြီးဖြစ်ပါသည်။ ဆောင်ရွက်ဆဲ(၁၈၅)စောင်အားဆက်လက် ဆောင်ရွက်လျှက်ရှိပါကြောင်းသိရပါသည်။ ပြည်ပမီဒီယာများမှဖော်ပြချက်များအား အရေးယူဆောင်ရွက်မှု့ရှိ/မရှိ သတင်းအရစီစစ်မှု့သာဖြစ်ပါ၍အချိန်တိုအတွင်းဖော်ပြနိုင်ခြင်း ဖြစ်ပါကြောင်း၎င်းမှပြောကြားပါသည်။ တို်င်ကြားစာများမှာထိုက်သင့်သောအချိန် ကြာမြင့်မှု့ရှိပြီး ပြည်ပမီဒီယာများမှ ဖော်ပြချက်များမှာမူ မှန်ကန်မှု့ရှိ/မရှိ သတင်းအရစစီစစ် ရသဖြင့်%