Ma EiSeptember 21, 20123min39749
ချိုသော မက်မန်းသီးများ  နှင့် ကလောမြို့..… …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (11)…      ကျမတို့ ကလောမြို့တွင်းလမ်းလျှောက်ရောက်ဖြစ်ခဲ့တဲ့ နေရာတွေကတော့ ကလောဘူတာ၊  ကလောHotel ၊ ပန်းခြံ စသည်ဖြင့် တစ်မြို့လုံးကို ခြေတိုအောင် လျှောက်ခဲ့ကြပါတယ်… ကလောHotel  ကို ဘူတာရုံဘေးနားရှိ မီးရထားသံလမ်းဘေး ဖြတ်လမ်းကလေးကသွားကြပါတယ်… အဲ့ဒီမှာ ကျမတို့ တစ်ဖွဲ့လုံး ပျော်ရွှင်စွာတွေ့မြင်ခဲ့ရတာကတော့ ခြံတိုင်း၊အိမ်တိုင်းမှာ ရှိနေတဲ့ မက်မန်းသီး  ရောင်စုံ တွေဘဲဖြစ်ပါတယ်… ခြံထဲက အပင်တွေမှာ၊ခြံပြင်ကို ထွက်နေတဲ့ အကိုင်းတွေမှာ ၊လက်လှမ်းမှီရာ ၊လှမ်းမမှီရာမှာ အစိမ်း၊ အဝါ ၊ လိမ္မော် ၊ အနီ ၊ အညို တစ်ကယ်ကို အသီးရောင်စုံ ပါဘဲ… မက်မန်းသီးတွေ မြင်မှတော့ ခြံပြင်ရောက်တဲ့ အသီး၊ မှီတဲ့ […]


Ma EiSeptember 18, 20121min58429
သဇင်နီ လေးတွေပွင့်နေပြီ… မအိတို့ အိမ်မှာ သဇင်နီလို့ ခေါ်တဲ့ ထူးထူးဆန်းဆန်း ပန်းကလေးတစ်မျိုးရှိပါတယ်… သဇင်ဥလိုမျိုး ဥခတ်ကြီးကြီးတစ်ဥမှာ အရွက်တစ်ရွက် အပွင့်တစ်ခက် တွဲလောင်းကျ ပွင့်ပါတယ်… အဖူးဖူးနေတာ နှစ်လ၊သုံးလနည်းပါးကြာမှ အပွင့်လေးတွေ စပွင့်လာတာပါ… သိသူများအနေနဲ့ အခြားနံမည် ရှိရင်လဲ ပြောပြပေးပါနော်… ခင်တဲ့ မအိ


Ma EiSeptember 14, 20123min42824
ဆုတောင်းပြည့် နှီးဘုရားကြီး နှင့် ကလောမြို့ …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (10)…   ကလောမြို့ ရှိ ဆုတောင်းပြည့် နှီးဘုရားကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ဝ ကျော်က ယက်လုပ်ခဲ့သော ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးဖြစ်ပါသည်။ ဉာဏ်တော် ၈ ပေ ၄ လက်မ ရှိသည့် ဘူမိဖဿ မုဒြာပုံတော်ဖြစ်ပါသည်။ဦးခေါင်းတော်ကို ရှေ့သို့အနည်းငယ်ငိုက်၍ မျက်လွှာချထားသည့် တင်ပျဉ်ခွေ  ထိုင်တော်မူ ပုံတော်ဖြစ်ပါသည်။ပထမ အင်းဝခေတ်က ရက်လုပ်ပူဇော်ခဲ့သော ဆင်းတုတော်ကြီးဖြစ်မည်ဟု သမိုင်းပညာရှင် ဒေါက်တာ ခင်မောင်ညွန့်က လေ့လာဖော်ပြခဲ့ကြောင်း သိရှိရပါသည်။ နှီးဘုရားကြီးသည် ယခင်က ရွာဆိုးကုန်း ဆိုသည့်ရွာတွင်ရှိပြီး၊ ၎င်းတစ်ရွာလုံး မီးလောင်ရာတွင် ဘုရားကြီးတစ်ဆူသာ မီးကွင်းခဲ့ကြောင်း ၊ပင်မကုန်းရွာ မှရွာသူရွာသားများ လူသုံးလေးဆယ် မသော်လည်းမရွေ့ဘဲ မ၍ မရဖြစ်ခဲ့ကြပြီး၊ အဓိဠာန်ပြု […]


Ma EiAugust 31, 20123min18916
မြင်းမထိဂူ… …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (9 )…   ကလောမှ မြင်းမထိဂူ သွားရာလမ်းမှာ လှပလွန်းလှတဲ့ ကျောက်တောင်ကြီးရှိပါတယ်… ကားရပ်ပြီးဓါတ်ပုံရိုက်ချင်ပေမဲ့ အချိန်ကစကားပြောမှာမို့ အသွား အပြန် ကားပေါ်ကဘဲ ဓါတ်ပုံရိုက်ရပါတော့တယ်… စကောထဲက ဇီးဖြူသီးဖြစ်နေပေမဲ့ လှတဲ့ဓါတ်ပုံရခဲ့တယ် ထင်မိကြောင်းပါနော်…ဒီမှာကြည့်ပါဦး…   မြင်းမထိဂူရောက်တော့ ရွှေဥမင်ဂူဘုရားဖူးစဉ် အဝင်ဝကဘုရားမှာ ထိုင်နေခဲ့မယ် သွားဖူးကြဆိုတဲ့ အမေက လိုက်ခဲ့မယ်တဲ့…ကျမလဲ ဘာမှမစဉ်းစားမိဘဲ အသက် 82 နှစ်အမေကို တွဲခေါ်ခဲ့မိတာ…ဂူထဲရောက်တော့ ကျမတို့ အဖွဲ့နဲ့ နှစ်ဦး၊သုံးဦးလောက်ဘဲရှိတာရယ်… တစ်ဖြည်းဖြည်း ဝင်သွားရင်းကနေ တစ်ချို့နေရာတွေ အတော်ကျဉ်းပြီး နိမ့်တာတွေကို သတိရသွားခဲ့ပေမဲ့ ဝင်ခဲ့မိပြီးမှဘဲ မကြာပါဘူး ပြန်ထွက်မှာဘဲဆိုပြီး ဆက်သွားခဲ့တာပါ။ လမ်းကျဉ်းကျဉ်း အတက်အဆင်း လှေကားထစ်တွေ၊ ရေစက်ရေပေါက်တွေအောက်၊ ရွံ့မြေတွေနဲ့ ချောတဲ့နေရာတွေ ဖြစ်လာတော့ […]


Ma EiAugust 30, 20124min19112
ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော်… …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (8 )…   ညောင်ရွှေ Remember Inn မှာ Breakfast စားအပြီး Checkout လုပ်ခဲ့ပြီး ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော်သို့ ထွက်ခွာလာခဲ့ကြပါတယ်…ညောင်ရွှေ အောင်ပန်း ပင်းတယ လမ်းတစ်လျှောက် လှပသော တောင်တန်းများ ထင်းရှုးပင်များ၊ ထွန်ယက်လက်စ မြေနီ မြေယာများ၊ စိုက်ခင်းများနဲ့ ကောင်းကင်ပြာ စသည်ဖြင့် မြင်မြင်သမျှ လှပနေပါတယ်… အောင်ပန်း ပင်းတယ လမ်းမှာ ရွာစဉ်တန်းလေးကျော်တာနဲ့ သမီးက ရောက်ကာနီးပြီလား၊ မရောက်သေးဘူးလား ဆိုတဲ့ စကားကို ထပ်တလဲလဲ မေးပါ၊ပြောပါတော့တယ်…ရောက်တော့မယ် ၊ ရှေ့ဆိုရောက်ပြီ ပြောရင်း ကိုယ်တိုင်လဲ အရင်အခေါက်တွေက ဒီလောက်မဝေးသလို ခံစားရပါတယ်… တစ်ချို့ရွာတွေမှာ ဆိုင်းဘုတ်ထောင်လို့ […]


Ma EiAugust 29, 20123min1638
စူဠာမုနိ လောကချမ်းသာ စေတီတော် နှင့် ရပ်တော်မူ ဘုရားကြီး … …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (7 )… တောင်ကြီးမြို့ပေါ် ဘုရားများတွင် ပထမဦးဆုံး စူဠာမုနိ လောကချမ်းသာ စေတီတော်သို့သွားရောက်ဖူးမျှော်ကြမှာဖြစ်ပါတယ်… စေတီတော်ကို 1994 ခုနှစ်တွင် ပုဂံမြို့ အာနန္နာဘုရားပုံစံတူ တည်ထားခဲ့ကြောင်းနှင့် ဘဒ္ဒကမာ္ဘတွင်ပွင့်တော်မူပြီးခဲ့သော ဘုရားလေးဆူအား ရည်မှန်း၍ ရပ်တော်မူဆင်းတုတော်ကြီးလေးဆူကို အာရုဏ်ခံမုဒ်များအတွင်းတည်ထားကိုးကွယ်ကြောင်းသိရှိရပါသည်။ အတွင်းလှိုဏ်ပတ်လမ်းများတွင် မဟာဗုဒ္ဒဝင်လာ ဇာတ်တော်များကို လက်ရာမြောက်စွာ ပုံဖော်ထားသည့် အုတ်ကွက်များကိုတွေ့ရှိရ၍မှတ်တမ်းတင်ခဲ့ပါသည်။ရင်ပြင်တော်မှ တွေ့မြင်ရသော တောင်ချွန်းအလှသည်လည်း တောင်ကြီးမြို့ကို ပိုမိုလှပတင့်တယ် စေခဲ့ပါသည်။ စည်ကားလှသော တောင်ကြီးမြို့ မီးပုံးပျံပွဲတော်ကို စေတီကုန်းတော်အောက်ဖက်ရှိ မြေပြန့်တွင် ယခင်က ကျင်းပခဲ့ကြပါသည်။ များပြားလှသော လူအုပ်ကြီးနှင့်အတူ တိုးဝှေ့သွားခဲ့ရပြီး စေတီကုန်းတော်ပေါ်မှနေ၍ မီးပုံးပျံများကို ကြည့်ရှုပျော်ရွှင်ခဲ့ရသည်များကိုလည်း အမှတ်ရမိခဲ့ပါတယ်…   […]


Ma EiAugust 21, 20121min27621
ပေါင်မုန့် ပူတင်း လေးပါ…   မိသားစု မနက်စာ အတွက် ပူတင်းချည်းသက်သက် ဆို် အချိုအဆိမ့်တွေများ၊ကြက်ဥ ပေါင်မုန့်ကြော်လည်း ဆီကြော်စာ ဖြစ်နေလို့ ပေါင်မုန့်ကို မကြော်တော့ဘဲ နွားနို့၊ ကြက်ဥတို့နဲ့ ပေါင်မုန့်ပူတင်း လုပ်ဖို့ စီစဉ်လိုက်ပါတော့တယ်… အဟာရလည်းပြည့်ဝ အရသာလည်းရှိလှတဲ့ ပေါင်မုန့် ပူတင်းလေး စားကြရအောင်နော်…   ပါဝင်ပစ္စည်းတွေမှာ… 1…ပေါင်မုန့်   6 ချပ် 2…နွားနို့      25 ကျပ်သား 3…သကြား   6 ဇွန်း 4…ဂျုံမှုန့်      2 ဇွန်း 5…ကြက်ဥ    3 လုံး 6…ထောပတ်  3 ဇွန်း 7…ဆား၊စပျစ်သီးခြောက်၊ချောကလက် ဆန်စေ့ အနည်းငယ်စီ ဖြစ်ပါတယ်…   ပြုလုပ်နည်းလေး ကလည်းလွယ်ကူပါတယ်… **ပန်းကန်လုံးတစ်ခုတွင် ကြက်ဥ၊သကြား ၊ […]


Ma EiAugust 15, 20122min23712
ဆု ခရီးစဉ်ဓါတ်ပုံမှတ်တမ်း… ပြည်သူချစ်သော ဒေါ်အောင်ဆန်းစုကြည် ၏  ပြည်ပခရီးစဉ် ဓါတ်ပုံမှတ်တမ်း စာအုပ်ကို ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်သူသည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိပြီးနောက် ၂၁ နှစ်အကြာတွင် ကိုယ်တိုင်လက်ခံရယူခဲ့သည် အမည်ဖြင့် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် မြန်မာတိုင်း(မ်) စာတည်းအဖွဲ့မှ စတင်ဖြန့်ချီနေပြီဖြစ်ပါသည်။ မှတ်တမ်းစာအုပ်ကို ဇင်ရတနာ စာပေမှ ကြွေသားစက္ကူ ၊ 20.32 cm X 21.60 cm ဆိုဒ်နဲ့ 96 စာမျက်နှာ ရိုက်နှိပ်ထုတ်ဝေထားပါသည်။ အမေစု၏ ကျက်သရေရှိသော ဓါတ်ပုံများနှင့် အခမ်းအနားများတွင် ပြောကြားသော မိန့်ခွန်းကောက်နှတ်ချက်များ ပါရှိပါသည်။   City Mart မှာတွေ့လို့ ဝယ်လာခဲ့ပြီး အမေစု ကိုချစ်တဲ့ ရွာသူားများလည်း အမှတ်တရ အနေနဲ့ သိမ်းလိုသူများရှိပါက သိရှိနိုင်ရန် […]


Ma EiAugust 14, 20122min37331
ချစ်စရာ ပင်အပ်မှို၊တို့ဟူးကြော်…   ပင်အပ်မှိုလို့ အလွယ်တကူခေါ်လိုက်တဲ့ မှိုကလေးတွေကတော့(  Enoki Mushroom ) ဖြစ်ပါတယ်… ပင်အပ်မှို၏ အစိမ်းအရသာမှာ ချိုအေးမွှေးနေပြီး၊ချက်ပြုတ်ကြော်သုပ် စားပါက နူးညံ့၍ချိုသောအရသာ ရှိပါသည်။ ပင်အပ်မှိုကို နည်းမျိုးစုံ နှင့် စားစရာ အမယ်စုံ အတော်များများ ချက်ပြုတ်ကြော်သုပ် ပြုလုပ် စားသုံးနိုင်ပါတယ်… Enoki Mushroom ပငိအပ်မှိုကလေးများသည် ချစ်စရာကောင်း ၊ စားကောင်းရုံမျှမက ကျန်းမာရေးအရလည်း ကိုယ်ခံစွမ်းအားကို မြှင့်စေ၍ ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း၊ အသဲနှင့် အစာအိမ်အတွက် ကောင်းမွန်ကြောင်း သိရှိရပါသည်။   ယခု အစီအစဉ်မှာ တင်ပြပေးမှာကတော့ ချစ်စရာ ပင်အပ်မှို၊တို့ဟူးကြော်…ကလေးဖြစ်ပါတယ်… ပါဝင်ပစ္စည်းများမှာ… enoki ပင်အပ်မှို တစ်ထုပ်…အမြီးပိုင်းဖြတ်၊တစ်ဝက်ဖြတ်ပြီး ရေဆေးထားလိုက်ပါတယ်… တို့ဟူး            တစ်ထုပ်…အဝိုင်းလေးများလှီးထားလိုက်ပါတယ်… ဂေါ်ဖီထုပ်၊ပန်းပွင့်၊မုန်လာဥနီ၊ငရုတ်စိမ်း၊ကြက်သွန်ဖြူ အနည်းငယ်စီ […]


Ma EiAugust 9, 20123min21812
ထမ်စမ်းလှိုဏ်ဂူတော်…  …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (6 )… မွေတော်ကက္ကူမှ အပြန် နောင်ကားရွာလေးနှင့် လှပသော တောင်တန်းများကို ကွေ့ဝိုက်ဖြတ်သန်း ကျော်ဖြတ်၍ ထမ်စမ်းလှိုဏ်ဂူတော်သို့ ရောက်ရှိခဲ့ကြပါတယ်… ထမ်စမ်းလှိုဏ်ဂူုတော်ကို ဟိုပုံး ကိုရင်လေးမှ အဓိဌာန်ဖြင့် တူးဖော် တည်ထားခဲ့ခြင်းဖြစ်ပါသည်။ ကိုရင်လေးသည် သက်တော်39 နှစ်ခန့် ရှိသော်လည်း ယာလက်ခလယ်ကို စေတီဌာပနာတည်လိုက်၍ ကိုယ်အင်္ဂါ မပြည့်စုံသဖြင့် ရဟန်းပြုခွင့် မရဘဲ ကိုရင်ဘဝ ဖြင့် သာသနာပြုနေကြောင်း သိရှိရပါသည်။မှတ်တမ်း၊ သမိုင်း စာအုပ်များသည်လည်း ရှမ်းဘာသာဖြင့်  ရေးသားထားသည့်စာအုပ်များသာတွေ့ရှိရသဖြင့် မဝယ်ခဲ့ပါ။ ကိုရင်လေးကို သီတင်းသုံးရာ တောင်ပေါ်ကျောင်းတွင်၎င်း၊ လှိုဏ်ဂူတော်သို့ ကြွရောက်လာသော အချိန်များတွင်၎င်း ဖူးမျှော်လှူဒါန်းနိုင်ကြောင်းနှင့် ရွှေသားအစစ်ဖြင့်ပြုလုပ်ထားသော ၁၀၈ လုံးပုတီးကို ဆွဲထားကြောင်း ၊တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစောင့်၊အရှောက်ရှိကြောင်း ဖူးမြင်ရသူများက […]


Ma EiAugust 3, 20122min38420
ဝါဆိုမိုး ၊ ဝါဆိုပန်း နှင့် အတူ…   ဝါဆိုမိုးနှင့်အတူ ဝါဆိုပန်းကလေးတွေ ဖူးပွင့်လာခဲ့ပါပြီ်… ဝါဆို၊ဝါခေါင် ရေဖောင်ဖောင် ဆိုသလို မိုးများများရွာလာရင်ဖြင့် ခြံရှေ့မှာ ဝါဆိုပန်းပင်လေးတွေပေါက်လာခဲ့ပါတယ်… ကျမ ဝါဆိုပန်းလို့ခေါ်တဲ့ ပန်းကလေးတွေသည် ပန်းတိမ်ငိုကဲ့သို့ မျိုးရင်းထဲကဖြစ်ပါလိမ့်မည်… ပန်းတိမ်ငိုပန်းသည် တွင်ကျယ်စွာစိုက်ပျိုး ရောင်းချနေသော ပန်းမျိုးဖြစ်ပြီး၊ယခု ဝါဆိုပန်းကလေးများကိုဖြင့် မည်သည့်နေရာ ဒေသများတွင် ပေါက်ရောက်သည်၊မည်ကဲ့သို့ အမည်ရှိသည် ဆိုသည်ကိုဖြင့် မသိပါကြောင်း စကားဆိုထားပါရစေ…       ဝါဆိုပန်းများပွင့်သော ဝါဆိုလသည် ဗုဒ္ဒဘာသာ မြန်မာလူမျိုးတို့အတွက်ထူးခြားသော လထူးလမြတ်လည်းဖြစ်ပါသည်။ သနေ၊္နတောထွက်၊ဓမ္မစက်၊တစ်ချက်ပြာဋိဟာ ဆို၍ ဝါဆိုလတွင် မြတ်စွာဘုရားရှင်အလောင်းတော်ကိုဖွားမြင်ရန် မယ်တော်၌သန္နေခခြင်း၊ ဘုရားအလောင်းတော် တောထွက်တော်မူခြင်း၊ဘုရားဖြစ်တော်မူ၍ ပဉ္စဝဂ္ဂီ ငါးပါးတို့အား တရားဦးဟောတော်မူခြင်း၊တိတ္တိတို့အား တန်ခိုးပြာဋိဟာ ပြတော်မူခြင်းတို့ကိုပြုခဲ့သောလပင်ဖြစ်ပါသည်။ ဝါဆိုလသည် ရဟန်းသံဃာတော်များ ဝါဆို၊ဝါကပ်တော်မူသော […]


Ma EiJuly 23, 20121min54829
ပတ္တမြား ဂမုန်းပင် စိုက်ပါလျှင်…   ပတ္တမြား ဂမုန်းသည်  ပတ္တမြားမှန်လျှင် နွံမနစ် ဆိုသည့်အတိုင်းအတိတ်တစ်ဘောင် နိမိတ်ဆောင်သည့် ဂမုန်းဖြစ်ပါသည်။ စီးပွားလာဘ်လာဘ တိုးတက်တော့မည်ဆိုလျှင် သို့မဟုတ် ငွေအစုလိုက်အပြုံလိုက် ဝင်တော့မည်ဆိုလျှင် မိမိစိုက်ပျိုးထားသော ပတ္တမြား ဂမုန်းများပွင့်တတ်ပါသည်။ ပတ္တမြား ဂမုန်းအပင်မှာ နာနတ်ပင်နှင့် ဆင်သယောင်ထင်ရသော်လည်း ပတ္တမြားဂမုန်းပင်၏ အရွက်မှာ နာနတ်ရွက်ကဲ့သို့ မရှည်ဘဲ ထိပ်ဖျားဝိုင်း၍ အရွက်များဘေးတွင်ဆူးမရှိပါ။ အပင်တစ်ပင်သည် တစ်ကြိမ်သာပွင့်ပြီး နောက်ထပ်အပွင့်မပွင့်ပါ။ အပင်သစ်ထပ်မံထွက်ခြင်းဖြင့်သာမျိုးပွားပါသည်။ ပတ္တမြားဂမုန်းပွင့်သည် အရွက်များအလယ်မှ ဖူးတံထွက်လာကာ ရိုးတံရှည်လျက် ပွင့်လာတတ်ပါသည်။ ပွင့်သောအခါ ပွင့်ဖတ်လေးများထိပ်တွင် အနီရဲရောင် အပွင့်တံများ ဝန်းရံပွင့်ပြီး ပတ္တမြားကဲ့သို့ လှပပါသည်။   ပတ္တမြားဂမုန်းပွင့် အားဘုရားကပ်လှူ၍ ပဠာန်း ၂၄ ပစ္စည်း ရွတ်ဖတ်ပူဇော်ပါက စီးပွားလာဘ်လာဘပိုမို တိုးတက်စေကြောင်းမှတ်သားဖူးပါသည်။   […]


Ma EiJuly 11, 20125min36029
ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (5 )…မွေတော်ကက္ကူ ဘုရား…   မွေတော်ကက္ကူ စေတီကို အရင်ဆုံး သွားရောက်ဖူးမြော်ကြပြီး အဲ့ဒီကမှ ထန်စမ်းဂူ၊ တောင်ကြီးစူဠာမုနိဘုရား၊ရပ်တော်မူဘုရားကြီး၊တောင်ပေါ်ဘုရားများနှင့်တောင်ကြီးဈေး တို့ကိုလည်ကြမယ်လို့ ခရီးစဉ်ဆွဲလိုက်ပါတယ်…   တောင်ကြီးအတက်လမ်းအစမှာ အေးသာယာ စပျစ်ဝိုင်ခြံရှိပါတယ်…နိုင်ငံခြားစံချိန်မှီ ဝိုင်နီ၊ဝိုင်ဖြူ များထုတ်လုပ်ပါတယ်… ခြံထဲမှာ စပျစ်ပင် စိုက်ခင်းများနဲ့ ဝိုင်ထုတ်လုပ်မှုကို ကြည့်ရှုလေ့လာနိုင်ပြီး စားသောက်ဆိုင်လဲရှိပါတယ်…   တောင်ကြီးမှ မွေတော်ကက္ကူ အသွားလမ်းမှာကြက်သွန်ဖြူစိုက်ခင်းတွေ ယာခင်းတွေ စပါးစိုက်ခင်းတွေနဲ့ ပြောင်းဖူးတွဲတွေ၊ကြက်သွန်ဖြူအမိတ်နဲ့ အစည်းလိုက် စီချိတ်ထားတဲ့ပအို့ပ် အိမ်ကလေးတွေတောင်တန်းတွေကို မြင်ရတာ ကြည်နူးစရာကောင်းပြီး အရမ်းလှတဲ့ လမ်းကလေးဖြစ်ကြောင်း အမှတ်ထင်ထင်ရှိခဲ့ပါတယ်… မမျှော်လင့်မိတာက အရင်တုံးက ရှိခဲ့တဲ့ ကြက်သွန်ဖြူ စိုက်ခင်းများနေရာမှာ အခုတော့ လူနေအိမ်ခြေတွေဖြစ်နေတာကိုတွေ့ရတာပါ… အချို့နေရာတွေကတော့ခြံခတ်ထားတဲ့ အနေအထားမှာဘဲရှိပြီး၊ လက်ဘက်ပင်၊စပါးခင်း စိုက်ပျိုးထားတဲ့ လယ်ယာ […]