မဂွတ် ထော်August 6, 20121min1968
လောက တွင် ကိုကမှန်တယ်ထင် တဲ့ အရာတွေလွဲချော်သွားတတ်တာ ဘာလို့လဲ လူတွေအားလုံးက အခက်ခဲ ပြသနာတခုခုဖြစ်ရင် ရယ်မောခြင်းနှင့်ခွင့်လွှတ်နိုင်ပါစေ ဆိုတာ တကယ်တန်းတော့စာ သားအရတာပါ လက်တွေ့ကျတော်ခက်ခဲပါတယ်။ လူတွေက ဘာလို့ အမှားဘက်ကိုအုပ်စု လိုက်ပီး အမှန်ကိုဖုံးကွယ်ထားကြတာလဲ အပြုံး နေဖို့ဆိုတာမလွယ်ပါဘူး ကိုကမမှားပဲ ကိုကမှန်နေရက်နဲ့ ကို့ ကိုထင်လွဲခံရတာ ကို့ကိုမုန်းခံရတာ စိတ်ဆိုးခံရတာ ပါ အတော့ဘယ်လိုလုပ် ပြသနာဖြစ်ရင်ပြုံးပြုံးလေး နေနိုင်မလဲနော် ကြိုးတော့ကြိုးစားပါတယ်တခါတလေ လဲထိန်းနိုင်ပီး တခါတလေလဲ ဒေါသလွတ်သွားတတ် တယ်နော် ကျွှန်မ တစ်ယောက်မှမဟုတ်ပါဘူး လူသားအားလုံးဖြစ်လေ့ဖြစ်ထရှိပါတယ်။ ကျွှန်မ သူငယ်ချင်း တွေကိုအရမ်းခင်တတ်တဲ့သူပါ သူတို့ကူညီလို ရင် ကျွှန်မ ဘယ်လောက်ပဲပင်ပန်းဆင်းရဲနေပါစေ ကျွှန်မ ဘက်ကအဆင်သင့်ပါ ။ လူတိုင်းပါလို့တော့မဆိုလိုပါဘူးနော်ကျွှန်မစိတ်ကတော့ ကိုကကောင်းထားရင် ကိုပေါ်ကိုပြန်ကောင်းမှကြိုက်တယ် ကိုစေတနာကိုလေးထားစေချင်တယ်။ ကျွှန်မလဲမြဲတမ်းမှန်နေတယ်လို့တော့မဟုတ်ပါဘူး လူဆိုတာမှားနဲ့မကင်းနိုင်ကြပါဘူး […]


July 15.7.2012 နေ့မှာပေါ့ကျွန်မတို့ရုံးမှမန်နေဂျာနှင့်သူငယ်ချင်းများရိပ်သာသို့ကုသိုလ်ပြုလုပ်ရင်း ဝေယာဝေစ္စဒါနများပြုလုပ်ဖို့မန်နေဂျာနှင့်တကွသူငယ်ချင်းများသွားကြဖို့ညနေထဲကလူစုကြပါတယ်။မနက်ကို ၄နာရီခွဲကိုသွားကြမယ်ဆိုပီးပြောထားကြပါတယ် ။နိုးတဲ့သူငယ်ချင်းတွေကလာနိုးတော့မထချင်ပါဘူး ဒါပေမဲ့ လူးလိမ့်ထရပါတယ်။အပျင်းကြီးနေလို့မဖြစ်ဘူးလေ ခါတိုင်းမှာဆိုရုံးပိတ်ရက်တနင်္ဂနွေဆိုနေမြင့်အောင်ထိရနာ ရီ၈နာရီမှထကြတာဆိုတော့တော်တော့လူးလဲထရပါတယ်မန်နေဂျာကကုသိုလ်ပြုတာဖြစ်ပါတယ်ကျွှန်မတို့ သူငယ်ချင်းတစုကတော့ဝေယာဝစ္စဒါနပြုတာဖြစ်ပါတယ်ဟိုရောက်တော့၄ခွဲကျော်လောက်ဖြစ်ပါတယ်ရိပ်သာမှ ယောဂီများကိုကျွှေးဖို့အားလုံးကူညီပေးကြရပါတယ်။ဘုန်းဘုန်းကိုမနက်အာရုံဆွမ်းတဖွဲ့လုံးကပ်ကြပါတယ်ကို ကိုယ်တိုင်လှူတာမဟုတ်ပေမဲ့အရမ်းကြည်နူးမိပါတယ်ကြည်နူးစရာလဲတော်ကောင်းပါတယ်ဒီလိုနဲ့အာရုံမနက် ခင်းစာအောင်မြင်ခဲ့ပါတယ်။နေ့လှည်စာဘုန်းတော်ကြီးများနဲ့ယောဂီများကိုကပ်ဖို့ရိပ်သာမှကားနဲ့ဟင်းသီး ဟင်းရွက်နှင့်ချက်စရာများသွားရောက်ဝယ်ကြပါတယ် ကျွှန်မတို့ဖွဲ ဟင်းချက်စရာများသွားဝယ်နေတုံးကိုဘုရား ဝိုင်းထဲသို့တံမျက်စည်းများလှည်းကြပါတယ် ။ လှဲပီးချိန်မှာ ဟဲ..ဟဲ ဝါသနာလေးပါတော့သူငယ်ချင်းများနှင့် မှတ်တမ်းတင်ဓါတ်ပုံများရိုက်ခဲ့ကြပါသေးတယ်အမှတ်တရပေါ့။ဘုရားကိုလဲမန်နေဂျာကဆေးသုတ်သေးပါတယ် သူငယ်ချင်းကောင်လေးများလဲအားလုံးဝိုင်းကူကြပါတယ်။ဒီလိုနဲ့နေ့လည်စာအတွက်လုံးပန်းရပါတော့တယ် ရိပ်သာမှ ရှိတဲ့ဝေယာဝေစ္စကုသိုလ်ရှင်တွေလဲအရမ်းပင်ပန်းကြပါတယ် ကျွှန်မတို့သူငယ်ချင်းတစုလဲဝိုင်း ကူဟင်းရွက်များသင်အားလုံးကူလုပ်ပေးကြပါတယ်ဒီလိုနဲ့နေ့လည်စာချိန်ကိုရောက်လာတော့ပုဂံချ ဟင်းတွေ ထည့်နဲ့သူငယ်ချင်းအားလုံးနဲ့တယောက်တလက်တော်ပျော်စရာကောင်းပါတယ်ယောဂီများလာတော့အားလုံး ပဲလက်အုပ်ချီလိုစောင့်နေကြပါတယ်။ရိပ်သာကိုရောက်မှပဲ ကိုယ်အမူရာနှုတ်အမူရာတွေငါတို့တွေကြမ်းပါလား လို့ကို့ကိုရှက်မိပါတယ်တော်ကြည်ညိုစရာကောင်းပါတယ်ယောဂီများဟာလမ်းလျှောက်ရင်လဲခြေတလှမ်းခြင်း လျှောက်ပီးထမင်းစာလဲဇွန်းသ ံပုဂံ မကြားရပါဘူးတော်ကိုတိဆိတ်ငြိမ်သက်နေပါတယ်ကြည်ကျွှန်မတို့အဖွဲ့ ယောဂီတွေစားအပီးမှာအားလုံးပုဂံဆေးပေးကြပါတယ် လူ၄ယောက်အဆင့်ဆင့်ဆေးတာပုဂံတွေကို၁နာရီ လောက်ဆေးရပါတယ် မှန်တာပြောရရင်ဒါကုသိုလ်တော်ရတယ်လို့တော့ထင်ပါတယ် ကျွှန်မတော်ရွံတတ် တဲ့လူပါစိတ်ထဲကနေအော်ငါ ကုသိုလ်လုပ်တာပါလေလို့ ကျွှန်မ မရွံတော့ပါဘူးကို့ကိုယ်ကိုပဲဆုံးမပီးဆေး ပေးလိုက်ပါတယ်ပုဂံတွေလဲဆေးပီးရောသူငယ်ချင်းအားလုံး တော်ကိုမောသွားကြပါတယ်မနက်စောကလဲအိပ် ယာထထားရတော့အိပ်ကလဲအိပ်ချင်ပင်ပန်းကလဲပင်ပန်းနဲ့ပေါ့ ဒါပေမဲ့ကြည်နူးမိပါတယ်ပင်ပန်းလဲပင်ပန်း ပျော်လဲပျော်ပါတယ် ကိုယ်ကိုတိုင်လှူတာမဟုတ်ပေမဲ့ဝေယာဝေစ္စ ကုသိုလ်လုပ်ရတာတော်ပျော်ဖို့ကောင်းပါ တယ်လူငယ်တွေနေနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူကြီးများကုသိုလ်ဒါနပြုကြတဲ့ခါတတပ်တအားဝိုင်းဝန်းကူညီ […]


ပတ်ဝန်းကျင်မှာရှိတဲ့သူငယ်ချငး ်တွေနဲ့ပက်သက်တဲ့အကြောင်းလေးပါ မနီလို့ပဲအမည် ပေးလိုက်မယ် သူ့နဲ့ပက်သက်ပီးပြောပြစရာလေး ရှိပါတယ ်သူရင်ဖွင့်ချင်လို့ပါတဲ့ သူအရမ်းခံစားရလို့ပါတဲ့ သူနဲ့ခန်းဖော်သူငယ်ချင်းတစ်ယောက်ရှိတယ ် သူကိုတော့မဝါလို့အမည်ပေးလိုက်ပမယ ် မနီ ဟာနေ့စဉ်နဲ့အမျှ ဟင်းချက်ကျွှေးတယ်မဝါကိုပေါ့ မဝါကအိမ်ထောင်သည်တစ်ယောက်ပါ သူကတူနေတဲ့ခန်းကိုသူယောကျား ကျန်နေရာသွားမှ လာပီးနေပါတယ်မနီ ဟာသူလာရင်အခန်းမှာ သူအိပ်ရင်အိပ်ယာကဖုန်တွေတက်လို့စောင်၊ခြင်ထောင်နဲ့ခေါင်းအုံးဖုံးကုန် သူလျှော်ပေးထားပါတယ်။ ဟင်းဆိုလဲ သူတခါတလေ ချက်ချင်စိတ်မရှိရင်တောင်သူအားနာလို့မနီမှာ ချက်ပေးပါတယ်မနက်ကိုစောစောထပီးချက်ကျွှေး အခန့်သား ၈နာရီလောက်မှထရပါတယ်မဝါပေါ့သူ လဲကျေးဇူးတင်လို့ထင်ပါတယ်အလိုလုပ်ပေးတော့ မနီကိုသူအဝတ်စားတချို့လဲပေးပါတယ်မနီကလဲသူ ငယ်ချင်းချင်းဆိုတော့ယူထားပါတယ် အခန်းထဲဆိုလဲရေချိုးခန်း ခန်း၊ သန့်စင်ခန်းကမစသူပဲဆေးရတယ် အမှိုက်လဲသူပဲလေ မနီကအားလုံးကိုလုပ်ပေးတယ် သူကသန့်ရှင်းရေးသမားတစ်ယောက်လိုပါပဲ သူမှာကျွှန် လိုပဲအားလုံးလုပ်ပေးတယ် တစ်နေ့သူ့သူငယ်ချင်းမဝါ ကခွင့်ယူတယ်မနီက ဟင်းချက်ပီးစားဒယ ်ကိုမဆေး ခဲ့ရဘူးပေါ့သူအလုပ်က မမှီမှာကြောက်လို့လေ ဒါနဲ့ထားခဲ့တယ် သူလဲတခါတလေတော့မြင်တော့တာပေါ့ တခါမှမဟုတ်တာ မိဘနဲ့သားသမီးလဲမဟုတ်ဘူးလေ မဝါအဆောင်မှာရှိရက်နဲ့ဒယ်ကိုဆေးမထားဘူးသူဒေါ သအရမ်းဖြစ်သွားတယ်ခါတိုင်းဆေးမပေးချင်နေ နေကုန်ရှိနေတုံးကိုအလိုက်တသိတော့ဆေးပေးရမယ်ပေါ့သူ ဒေါသဖြစ်သွားတယ် အဒါနဲ့သူချုန်း ကနဲ […]


  ငါ့ နင့်ကို ချစ်တယ် ဘယ်လောက်ထိ ချစ်လဲဆိုရင် နင်မကြင်နာတော့တဲ့ အချိန်မှာတောင် ငါ့ကြောင့် နင့်နှလုံးသား မနာကျင်စေရပါဘူးကွာ ငါဘယ်လောက်နာကျင်ခံစားရပါစေ မင်းကိုအမြဲအလျှော့ပေးနေမှာပါ…..