“စာတွေ ခေါင်းထဲရောက်အောင် ကြိုးစားနေတာ။” 😀 ဆယ်တန်းစာမေးပွဲဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ အချိုးအကွေ့ကြီးတစ်ခုကို ဖြစ်စေနိုင်တာမို့ မိဘတွေမှာ သားသမီးတွေ ၁ဝတန်း မရောက်ခင်ကတည်းက ၂နှစ်လောက်ကြိုတင်ပြီး သားသမီးပညာရေးအတွက် ငွေအားရော၊ လူအားပါ အစွမ်းကုန် စိုက်ထုတ်ကြိုးစားကြရပါတယ်။ ၉တန်း-၁ဝတန်း အတွက် အဆင်သင့်ဖြစ်အောင် ကျူရှင်တွေကို လိုက်စုံစမ်းရပါတယ်။ စာစုသင်ဖို့ ဝိုင်းအတွက် လူစုရတာက တမျိုး။ စာစုသင်မယ့်နေရာကို ရှာကြရတာက တမျိုးနဲ့ အလုပ်တွေ များကြရတာပေ့ါ။ များသောအားဖြင့် ကျောင်းသားမိဘတွေဟာ ကိုယ့်ကလေးနဲ့ ဉာဏ်ရည်တူတဲ့ (သို့) ပိုတော် ပိုကြိုးစားတဲ့ ကလေးတွေနဲ့ပဲ စုပြီး ဝိုင်းသင်ချင်ကြပါတယ်။ ၁ဝတန်းရောက်မှ တက်ချင်တဲ့ဝိုင်း တက်လို့ရမယ်လို့ မထင်ပါနဲ့။ ၉တန်းတုန်းက စုထားတဲ့ဝိုင်းနဲ့ပဲ ၁ဝတန်းမှာ ဆက်ဝိုင်းကြရတာပါ။ ဒါကြောင့်မို့ သားသမီးတွေ ၈တန်းစာမေးပွဲ ဖြေပြီးပြီဆိုတာနဲ့ မိဘတွေခမျာ […]