manawphyulayFebruary 8, 20111min41319
ကြီးကြီးကျယ်ကျယ် ပြောရရင် စကားကြီး (၁ဝ) ခွန်းကိုပဲ မိန်းကလေးဘက်က ပြောချင်ပါတယ်။ အိမ်ထောင်ပြုမယ့် ယောက်ျားလေးတွေ လိုက်နာသင့်တယ်ထင်လို့ တင်ပြလိုက်တာပါနော်။ ကျေးဇူးတင်ရင် နောက်မှ မုန့်လာကျွေးပေါ့။ မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ… ၁) မနှိုင်းနဲ့ “သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။ ၂) လျှစ်လျှူမရှုနဲ့ မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ […]


manawphyulayFebruary 8, 20111min30819
အိမ်မှုကိစ္စများကို ယောက်ျားတွေ မလုပ်ရဘူးလို့ ဘယ်ကျောင်း ဘယ်တက္ကသိုလ်ကမှ သင်မပေးလိုက်ပါဘူး။ ဒါပေမယ့် ယောက်ျားများ ကတော့ ဒါကိုပဲ“လင်ယောက်ျား အခွင့်အရေး” အဖြစ် ကုလသမဂ္ဂက ပြဋ္ဌာန်း ပေးထားတယ်လို့ ယူဆ ထားကြတယ် ထင်ပါရဲ့။ ဘယ်တော့မှ ကူလုပ်တယ် မရှိကြပါဘူး။ မိန်းမ နထိုင်မကောင်းဖြစ်တဲ့ အခါမျိုးမှာ မိန်းမရဲ့ အဝတ်အစား လျှော်ပေးတဲ့ ယောက်ျား ဘယ်နှစ်ယောက် တွေ့ဖူးပါသလဲ။ အိမ်ကို ကြမ်းမှန်မှန် တိုက်ပေးတဲ့ ယောက်ျားမျိုးကော ရှိပါရဲ့လား။ ရှိတယ်ဆိုလည်း တစ်ယောက်စ နှစ်ယောက်စ ဖြစ်ပါလိမ့်မယ်။ အများစုကတော့ အိမ်ဦးနတ်ဆိုပြီး အိမ်ရှေ့ခန်းမှာ မိန့်မိန့်ကြီး ထိုင်နေကြတာ ချည်းပါပဲ။ အိမ်ဦးနတ်ဆိုတာ အိမ်ထောင်စု အတွက် အဓိကငွေရှာသူ (Bread Winner) ဖြစ်တယ်ဆိုရင် မိန်းမတွေက ငွေရှာပေးနေရင် မိန်းမတွေကိုလည်း […]


manawphyulayFebruary 8, 20111min27115
မြတ်စွာဘုရားလက်ထက်တော်က သူဌေးကြီးတစ်ယောက်ရှိပါတယ်။ သူက ” နေ့တိုင်း ကုသိုလ်ဖြစ်စေရမယ်” လို့ အဓိဌာန်ပြီး ရဟန်းသံဃာတော ်တွေကို အိမ်မှာ ဆွမ်းခံကြွစေပါတယ်။ ဒီလိုနဲ့ ဆွမ်းလောင်းလှူလာလိုက်တာ ကာလတစ်ခုမှာတော့ သူတို့ရက်ကွက်ကို သူခိုးသူဝှက်တွေ မကြာခဏ လာလာကပ်လာပါတယ်။ ဒါကြောင့် ဇနီးလုပ်သူက အိမ်ခြံဝင်းတံခါးကို အမြဲပိတ်ခိုင်းထားလိုက်ပါတယ်။ ဒီတော့ ဆွမ်းခံကြွလာတဲ့ ရဟန်းသံဃာတော်တွေက ပိတ်ထားတဲ့ တံခါးကိုကြည့်ပြီး ပြန်လှည့်သွားကြပါတယ်။ ပထမတော့ အိမ်ရှင်သူဌေးကြီးက စီး့ပွားရေးအလုပ်တွေနဲ့ ရှုတ်နေတဲ့အတွက် သတိမထားမိပါဘူး။ တစ်နေ့ အလုပ်အားတဲ့ရက် သံဃာတော်တွေ ကြွမလာတာ တွေ့တာနဲ့ အိမ်ရှင်ဇနီးကို မေးကြည့်ပါတယ်။ ” ရှင်မရေ အိမ်မှာ သံဃာတော်တွေကော နေ့စဉ် ဆွမ်းခံကြွရဲ့လား” ” အခုတလော မကြွဖြစ်ကြပါဘူး” ”ဟင် ဘာဖြစ်လို့လဲ” ” အခုတလော ရက်ကွက်မှာ […]


manawphyulayFebruary 8, 20111min841
အရှင်ဘုရား ရဟန်းတော်များ ဆေးရုံဆေးခန်းများသို့ တက်ရောက်ကုသရာ၌ ဆရာဝန်မ၊ သူနာပြုဆရာမများက သွေးစမ်းခြင်း၊ သွေးချိန်ခြင်း၊ စသည်ပြုရာ ၎င်းတို့နှင့် ရဟန်းတော်များ ထိတွေ့ကြမြဲဖြစ်ပါသည်။ ထိုကိစ္စ၌ ရဟန်းတော်များ အာပတ်သင့်၊ မသင့် အပြစ်ရှိ၊ မရှိ သံသယရှိပါသဖြင့် ဖြေရှင်းပေးတော် မူစေလိုပါသည်ဘုရား၊ တပည့်တော် ဃောသိက သံတွဲ- ရခိုင်ပြည်နယ်။ သာမန်အားဖြင့် ရဟန်းတော်များသည် မာတုဂါမများနှင့် ထိတွေ့ခြင်း၊ တိုးဝှေ့ခြင်း၊ မပြုမိအောင် ရှောင်ကြဉ်ရပါသည်။ ရဟန်းများနှင့် မာတုဂါမတို့ ထိတွေ့တိုးဝှေ့၍ သာယာမိလျှင် အပြစ်ရှိသည်ဟု သိမှတ်ထားကြသည်။ ကာယသံသဂ္ဂ သိက္ခာ ပုဒ်အရ အာပတ်သင့်လျှင် ဂရုကအာပတ် သံဃာဒိသိသ် အာပတ်မျိုးဖြစ်သဖြင့် သာမန်ဒေသနာကြား အာပတ်ဖြေရုံနှင့်မရ၊ ထုံးစံရှိသလောက် ရက်ချိန်ယူ၍ ပရိဝါသ်မာနတ် ဆောက်တည်ရသည်။ အမ္ဘာနတံဆောင် ရသည်။ ထို့ကြောင့် ရဟန်းတော် […]


manawphyulayFebruary 6, 20111min23013
မြန်မာ အမျိုးသမီးများဟာ အာရှတိုက် တစ်ခုလုံးမှာရှိကြတဲ့ တခြား ဘယ်နိုင်ငံက အမျိုးသမီးများနဲ့မှ မတူတဲ့ ထူးခြားသူတွေ ဖြစ်ပါတယ်။ အာရှနိုင်ငံ အားလုံးလိုလိုမှာ အမျိုးသမီးများဟာ လူရာသွင်း မခံကြရပါဘူး။ ဒုတိယ တန်းစား လူသတ္တဝါများ အဖြစ် အနှိမ်ခံနေရာကချည့် နောက်ဖေးခန်းနဲ့ မီးဖိုချောင်မှာပဲ နေခွင့် ရကြပါတယ်။ တချို့ နိုင်ငံများဆိုရင် မိန်းမများကို “ကလေး မွေးတဲ့စက်” လောက်ပဲ သဘောထားပြီး ကလေးမမွေး နိုင်ရင် ယောက်ျားက နောက်မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက် ယူလေတော့ မယားနေရာက အဆင့် လျောကျပြီး မီးဖိုချောင်ထဲမှာပဲ အခိုင်းအစေ အဖြစ်နေကြ ရပါတော့တယ်။ တချို့နိုင်ငံမှာဆို သမီးမိန်းကလေးမွေးလာ မွေးပြီးပြီးခြင်း သတ်လိုက်တဲ့ ခေတ်ကာလတွေတောင် ရှိခဲ့ပါတယ်။ မသတ်လို့ အသက်ရှင်နေရလည်း ၉ နှစ် […]


manawphyulayFebruary 6, 20111min792
မောင်လေး အချစ်နတ်သား အဲ အင်္ဂလိပ်လို eros ရဲ့ သင်တန်းအကြောင်း စုံစမ်းလို့ အားလုံးအတွက်ပါ အဆင်ပြေအောင် ပြောပြလိုက်တယ်နော်။ သွားဖြစ်အောင် သွားလိုက်နော်။ UK တွင် ပညာသင်ကြားရန် စိတ်ဝင်စားသောကျောင်းသားများ၊ မိမိတို့သား၊သမီး များအား UK သို့ ပို့လွှတ်လိုသော မိဘများနှင့် IELTS စာမေးပွဲအကြောင်းစိတ်ဝင်စားသောသူများအား ဗြိတိသျှကောင်စီ၏ Education UK ဌာနမှ အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည့် “Presentation on Studying in the UK and Overview of IELTS Exam” အားတက်ရောက်ရန် ဖိတ်ခေါ်ပါသည်။ “Studying in the UK” ပညာရေးဆွေးနွေးပွဲတွင် UK တွင်ကျောင်းသားများသင်ကြားနိုင်သည့် ပညာရေးအဆင့်များနှင့် ရွေးချယ်နိုင်သည့်သင်တန်းများကို ရှင်းလင်းပြောကြားမည်ဖြစ်ပါသည်။ ထို့အပြင် […]


manawphyulayFebruary 5, 20111min24812
“မိန်းမတွေကို စတင်ဖန်တီးလိုက် ကတည်းက သူတို့ကို ထူးခြားအောင် ဖန်တီးခဲ့ပါတယ်။ သူတို့ရဲ့ ပုခုံးနဲ့ ကမာ္ဘကြီးကို ထမ်းပိုးနိုင်အောင် ဖန်တီးခဲ့သလို ရေလို့ ပျော့ပျောင်းအောင်လည်း ဖန်တီးခဲ့တယ်။ ဝမ်းနည်းမှု၊ နာကျင်မှု၊ သားသမီးတွေရဲ့ ငြင်းပယ်မှုတွေကိုလည်း ခံနိုင်ရည်ရှိအောင် သူတို့ရဲ့ အတွင်းစိတ်ဓာတ်ကိုလည်း ကြံ့ခိုင်အောင် ဖန်တီးခဲ့တယ်” “တစ်ခြားသူတွေ လက်လွတ် အရှုံးပေးတဲ့ အချိန်မှာ သူတို့က မလျော့တဲ့ဇွဲနဲ့ တောင့်ခံနိုင်ပြီး ကိုယ့်သားသမီး ကိုယ့်မိသားစုအပေါ် နောင်တ တရားမရဘဲ ပြုစုစောင့်ရှောက်ပေးနိုင်ဖို့လည်း ဖန်တီးခဲ့တယ်” “ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် သားသမီးတွေက ကိုယ့်ကို ထိခိုက်စော်ကားပြီး စွန့်ပစ်ခဲ့ရင်တောင် ခွင့်လွတ်ပြီး ချစ်တတ်ဖို့လည်း ဖန်တီးခဲ့တယ်” “ခင်ပွန်းရဲ့ ပျော့ကွက်နဲ့ အသုံးမဝင်မှုတွေကို ခွင့်လွတ်သည်းခံပြီး ကာကွယ်ပေး တတ်ဖို့လည်း ဖန်တီးခဲ့တယ်” “ယောက်ျားကောင်းတစ်ဦးဟာ ဘယ်တော့မှ ကိုယ့်ဇနီးကို […]


manawphyulayFebruary 5, 20111min29420
မသိဘူး နယူးယောက်မြို့လယ် ဂေါ်ကီလမ်းအတိုင်း ညမှောင်ရီပျိုးစအချိန်တွင် U Kai လမ်းလျှောက်လာသည်။ အရက်မူးနေသော လူတစ်ယောက် သူ၏အနားကပ်လာပြီး မေးသည်။ “ဟေ့ U Kai၊ ကောင်းကင်မှာ လင်းနေတဲ့ဥစ္စာဟာ နေလား။ လလား ဟင်´´ “မသိဘူးဗျ၊ ကျွန်တော် ဒီအရပ်က မဟုတ်ဘူး´´ U Kai ဖြစ်ရပ် (၁) တပ်သားU Kai ကင်းစောင့်နေသည်။ လူတစ်ယောက် ဖြတ်လာသည်။ U Kai လှမ်းအော်ပြီး ပြောသည်။ “စကားဝှက်ပြော´´ “ကြက်ဖ´´ “အေး…. သွား´´ နောက်တစ်ယောက် ဖြတ်လာပြန်သည်။ “စကားဝှက်ပြော´´ “ကြိုးကြာ´´ U Kai က ပြောလိုက်သည်။ “ကြိုးကြာ မဟုတ်ဘူး။ ကြက်ဖ။ အေး… သွား´´ U Kai […]


manawphyulayFebruary 4, 20111min652
တကယ်တော့ ဘားကမ့်ဟာ လွတ်လပ်တဲ့ ဆွေးနွေးချက်တွေကို အခြေခံမယ့် အပြန်အလှန် အနီးကပ်ဆုံး ဆွေးနွေးနိုင်တဲ့ပွဲတွေဖြစ်ပါတယ်။ ဘယ်သူက ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးပြောကြားမယ်ဆိုတာကို ပွဲအတွင်းရောက်မှသာ ခံစားသိရှိနိုင်တဲ့အတွက် ဘားကမ့်ကို တက်ရောက်လာသူတွေကသာ ပွဲကို ပုံဖော်သွားကြတဲ့အတွက် တစ်ဦးကနေ အများဆိုတဲ့ အစဉ်အမာမဟုတ်တော့ဘဲ အများကနေ နောက်ထပ် အများကို ထပ်ပြီး လက်ဆင့်ကမ်းပေးတဲ့ နှီးနှောဖလှယ်ပွဲတွေ ဖြစ်ပါတယ်။ ဘားကမ့်တွေကို ကဏ္ဍအမျိုးမျိုးအတွက် ဆင်ယင်ကျင်းပလာကြပေမယ့် ဒီအစဉ်အလာကတော့ ပျောက်ပျက်မသွားဘဲ ပုံမှန် ဆွေးနွေးပွဲတွေ ဟောပြောပွဲတွေကနေ ခွဲထွက်လာခဲ့ပြီး လူကြီး လူငယ် ပညာရပ် နည်းပညာ စတာတွေကို စုစည်းပေါင်းစုံပေးတဲ့ ပေါင်းကူးလို့လည်း ပြောလို့ရပါတယ်။ ဘားကမ့်ရန်ကုန် ပထမအကြိမ်တုန်းကတော့ နိုင်ငံတကာ ဘားကမ့်တွေထက် ပိုမိုစည်းကားတာကို တွေ့ရှိခဲ့ရပါတယ်။ ယခုတစ်ကြိမ် ဘားကမ့်ရန်ကုန် ထပ်လုပ်မှာဆိုရင်တော့ မြန်မာနိုင်ငံအတွက်ရော ရန်ကုန်မြို့အတွက်ပါ […]


manawphyulayFebruary 4, 20111min26118
ဒါကတော့ မနောတို့ဆီမှာ နောက်ပိုင်းဖြစ်လာတဲ့ သဘောလေးပါ။ အလုပ်အကိုင် အခွင့်အလမ်း နည်းတယ် ဆိုတဲ့နေရာမှာ တန်အောင် မပေးနိုင်တာ၊ တန်အောင် မရတာဆိုတဲ့ အချက်တွေလည်း ပါမယ်ထင်ပါတယ်။ အလုပ်ရှင်အနေနဲ့ ပေးနိုင်တဲ့ ပမာဏကလည်း နည်းသလို အလုပ်လုပ်မယ့် သူအတွက် ပြန်ရမယ့် Reward ကလည်း နည်းနေပါတယ်။ ဒါကြောင့် ပြည်တွင်းအလုပ်ဆို စိတ်မဝင်စားကြတော့ပဲ နိုင်ငံခြားထွက်ဖို့ ပြင်ဆင်ကြပါတော့တယ်။ နိုင်ငံခြားမှာ ဘယ်လိုလုပ်မယ်၊ ဘာတွေတတ်မှ ဖြစ်မယ်ဆိုတာတွေ သိတဲ့သူတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ပေမယ့် မသိသူတွေ အတွက်ကြတော့ ဘယ်လို ပြင်ဆင်ရမှန်း မသိတော့ပဲ၊ ဟိုဟာကောင်းနိုးနိုး၊ ဒီဟာကောင်းနိုးနိုး အများတကာ အကြံပေးတဲ့အတိုင်း လိုက်လုပ်ကြပါတယ်။ ကိုယ့် Talent က ဘယ်နေရာမှန်း မသိပေမယ့် အဆင်ပြေတဲ့နေရာကို ဝင်တိုးကြရပါတယ်။ အဲဒီလို ဟိုနေရာ […]


manawphyulayFebruary 1, 20111min1368
မိန်းမ နဲ့ ယောက်ျား လင်မယားနှစ်ယောက် ကားမောင်းလာရင်း အတော်ကြာတဲ့အထိ စကားမပြောကြဘူး။ ဖြစ်ပုံက ဒီလို… ကိစ္စတစ်ခုကို ငြင်းကြရင်း ဘယ်သူ့ဘက်ကမှ မလျှော့ကြတာနဲ့ စကားဆက်မပြောကြတော့ဘဲ တိတ်လာလိုက်တာလေ။ ခဏနေတော့ မြည်းခြံ၊ ဆိတ်ခြံ၊ ဝက်ခြံတွေကို ကားမောင်းရင်း ဖြတ်လာတော့ ယောက်ျားက ရိသဲ့သဲ့လုပ်ပြီး “မင်း အမျိုးတွေလား“ လို့ တင်စီးပြီး စကားစလိုက်တယ်။ မိန်းမက တခွန်းပက်ကနဲ ပြန်ပြောတယ်။ “ဟုတ်တယ်၊ ယောက်ျားဘက်က ဟာတွေလေ“ တဲ့။ မိန်းမတွေရဲ့ ဂလဲ့စား “ငွေသား၊ ချက်လက်မှတ်၊ အကြွေးကဒ် ဘာနဲ့ ပေးမလဲခင်ဗျ“ သူ(မိန်းမတစ်ယောက်)ဝယ်တဲ့ ပစ္စည်းတွေကို အိတ်ထဲထည့်ပေးရင်း ကျွန်တော်(အရောင်းသမား)က မေးလိုက်တယ်။ အဲဒီမှာပဲ ပိုက်ဆံအိတ်ဖွင့်လိုက်တဲ့ မိန်းမရဲ့ လက်ကိုင်အိတ်ထဲမှာ တီဗီရီမုတ်ကို တွေ့လိုက်ရတယ်။ “အပြင်သွားလည်း တီဗီရီမုတ် […]

Ahlong1.jpg

manawphyulayFebruary 1, 20111min16410
Ahlong.jpg အရှုံးမပေးဘူးဟေ ့ !!!! Ah Long making a fire to cook dinner တရုတ်နိုင်ငံမှ အသက် ၆ နှစ်အရွယ်ရှိ အိတ်ချ်အိုင်ဗီ ပိုးကူးစက်ခံရသည်ကလေးငယ်တစ်ဦးဟာ ၎င်းရဲ ့မိဘနှစ်ပါးစလုံး အေ ့ဒ်စ် ရောဂါနှင် သေဆုံးသွားခဲ ့ပြီးကတည်းက တစ်ယောက်တည်းနေထိုင်ခဲ ့ရလျှက်ရှိနေခဲ ပါတယ်…. အားလုံ ဟုခေါ်သည် ့သားငယ်လေးဟာ ၎င်းကိုယ်တိုင်ပင် ချက်ပြုတ်၊ လျှော်ဖွပ်ကာ စာကိုလည်း ကိုယ်ဘာ သာကိုယ်ပင် ကိုယ်တိုင်လေ ့လာရကာ တစ်ပိုင်တစ်နိုင်အဖြစ် ကြက်အကောင်ရေအနည်းငယ်ပါ မွေးမြူထားခဲ့ ပါသေးတယ်…။ Ahlong2.jpg မီးစိုက်ဖို ့ထင်းလည်း ကိုယ် ့ဘာသာကိုယ်ပဲ တောင်ပေါ်ကနေသွားရှာပြီး သယ်ရပါတယ်… Ah Long carrying firewoods down […]


manawphyulayJanuary 31, 20111min19111
အင်း… ကျွန်မ ခုပြောမဲ့ အကြောင်းအရာကတော့ မြန်မာမိန်းကလေးများ မြန်မာပီသပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းစေချင်တဲ့ စေတနာတစ်ခု ကျွန်မရဲ့ စိတ်မှာ ကိန်းအောင်းနေမိပါတယ်။ ကျွန်မကတော့ ဗုဒ္ဓဘာသာပီပီ ကံ၊ကံ၏အကျိုးတရားကြောင့် မိန်းမဖြစ်လာရပေမဲ့ မြန်မာမိန်းမလေးဘဝ ဖြစ်လာရတာကို ဝမ်းမနည်းပါဘူး။ ဂုဏ်တောင်ယူမိပါသေးတယ်။ ဒီလိုပဲ ကိုယ့်မြန်မာအမျိုးသမီးတွေရဲ့ဘဝကို အားကျပြီး စိတ်ဝင်စားတဲ့ အနောက်နိုင်ငံအများစုလည်း ရှိပါတယ်။ ကမ္ဘာမှာမြန်မာဟေ့လို့ ပြောလို့ရအောင် မြန်မာ့ယဉ်ကျေးမှုဟာ တိုင်းတပါးတွေနဲ့ မတူအောင် သိမ်မွေ့နုးညံ့လှပါတယ်။ မြန်မာအမျိုးသမီးတွေနဲ့ သိမ်မွေ့လှတဲ့အပြုအမူ၊ ဝတ်စားဆင်ယင်ပုံတွေဟာ ခုမှမဟုတ်ပါဘူး။ ဟိုးရှေးခေတ်ထဲကရှိခဲ့ပါတယ်။ကျွန်မကိုခင်တဲ့သူတွေက မေးကြပါတယ်။ မြန်မာပြည်ကိုချစ်တယ်နော်တဲ့။ နို့ ဘာလို့ မေးလိုက်တော့ မဟုတ်ပါဘူးတဲ့။ နိုင်ငံခြားကို အထင်မကြီးလို့တဲ့။ကဲ စဉ်းစားသာကြည့်တော့။ ကိုယ်မြေကိုယ်ရေလောက် ဘယ်အရာမှမကောင်းပါဘူး။ ခုနောက်ပိုင်းမိန်းကလေးပဲဖြစ်ဖြစ်၊ယောက်ျားလေးပဲဖြစ်ဖြစ် နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်သွားလုပ်၊ ကျောင်းသွားတတ်ကြတာတွေ ဒုနဲ့ဒေးပါပဲ။ ခဏသွားတာဆိုကောင်းပေမဲ့ အပြီးဆိုရင်တော့ဖြစ်နိုင်ပါ့မလားလို့ […]