manawphyulayNovember 3, 20101min2179
အလုပ်သွားလျောက်တဲ့အခါပဲဖြစ်ဖြစ်၊ အင်တာဗျူးတဲ့အခါပဲဖြစ်ဖြစ်။ ပတ်စ်ပို့စ်တို့လုပ်တဲ့အခါပဲဖြစ်ဖြစ် အဆင်ပြေအောင် ဒီအဆောင်ယတြာလေးလုပ်သွားပေးပါက အစစအရာရာ အဆင်ပြေစွာ အောင်မြင်နိုင်ပါတယ်။ ယုံကြည်စွာ အသုံးပြုကြည့်ပါ။ စာမေးပွဲဖြေတဲ့အခါမှာလည်း သုံးနိုင်ပါတယ်။၁။ တနင်္ဂနွေနေ့သွားမယ်ဆိုရင် သစ်ပင်ကြီးကို ကန်တော့ပြီး လိုရာ ဆုတောင်းသွားပါ။ (ဥပမာ-စာမေးပွဲဖြေရင်“စာမေးပွဲကောင်စွာဖြေဆိုနိုင်ပါလို၏´´ စသဖြင့်ပေါ့)၂။ တနင်္လလာနေ့သွားရင် လက်ကိုအမွှေးနံသာ(ရေမွှေးစသည်)လူးပြီးသွားပါ။ လူးနေစဉ်လိုရာဆုတောင်းပါ။၃။ အင်္ဂါနေ့သွားရင် ဆောင့်ကြောင့်ထိုင်ပြီးမှာသွားပါ။ (ထိုင်ရင်း ဆုတောင်းပါ)၄။ ဗုဒ္ဓဟူးနေ့သွားရင် လက်ကို ထုံးအနည်ငယ်တို့ပြီးသွားပါ၊ (ကွမ်းစားထုံးပါ။ ထုံတို့ နေစဉ် လိုရာဆုတောင်းပါ)၅။ ကြာသပတေးနေ့သွားရင်နေမင်းကို ကန်တော့ပြီး သွားပါ(ကန်တော့ရင်း လိုရာဆုတောင်းပါ)၆။ သောကြာနေ့သွားရင်နောက်ပြန်ဟစ်ပြီးသွားပါ(နောက်ပြန် ဟစ်တယ်ဆိုတာ အိမ်ထဲ လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ“ငါသွားပြီဟေး ပြီးမှပြန်လာခဲ့မယ်´´စသည်ဖြင့် အော်ဟစ်ရန် ဖြစ်သည်။ အော်ဟစ်ရင်း စိတ်ထဲလိုရာ ဆုတောင်းသွားပါ)၇။ စနေနေ့သွားရင်စူဠာမုနိဘုရားကိုကန်တော့ပြီးသွားပါ(နတ်ပြည်မှာရှိတဲ့ စူဠာမုနိဘုရားလည်းစိတ်ထဲရည်မှန်းပြီးကန်တော့နိုင်သည်) ကန်တော့နေစဉ်လိုရာဆုတောင်းပါ။ (အန္တရာယ်ကင်း ဘေးရန်ရှင်းပါစေ..အောင်မြင်စွာလုပ်ဆောင်နိုင်ပါစေ စသဖြင့် ဆုတောင်းပေါ့) […]


manawphyulayNovember 3, 20101min580
In this world Hate never yet dispelled hate Only love dispells hate. This is the law, Ancient and inexhaustible. You too shall pass away. Knowing this, how can you quarrel? ဒီလောကတွင် အမုန်းတရားဖြင့် အမုန်းတရားကို မငြိမ်းသတ်နိုင်… မေတ္တာတရားကသာ အမုန်းတရားကို ငြိမ်းသတ်နိုင်၏… ဒီဥပဒေသသည် ယွင်းမှားမသွားနိုင်သော ရှေးအစဉ်အဆက်တရားဖြစ်၏… သင်ကိုယ်၌ပင် တစ်နေ့သေရအံ့မည်ကို သိလျှင် မည်သည့်အတွက်ကြောင့် ဖက်ပြိုင်ငြင်းခုန်၍ နေမည်နည်း….


manawphyulayNovember 2, 20101min1380
၁၉၈၉ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ခပ်ငယ်ငယ် ရူပဗေဒဓာတ်ခွဲခန်းဌာန (CERN) တစ်ခုမှ Web ကို မွေးဖွားပေးလိုက်ပါတယ်။ ကွန်ရက်ကြီးတစ်ခုပေါ်တွင် document များကို သက်ဆိုင်ရာ ချိတ်ဆက်မှု Link များနှင့်အတူ ‘hypertext’ process ကို အသုံးပြုပြီး information management system တစ်ခုကို ကွန်ပျူတာသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Tim Berners-lee က ပထမဦးဆုံး ဆွေးနွေးတင်ပြခဲ့ပါတယ်။ သူနှင့်အတူ Robert Cailliau တို့သည် Web  ၏ မူလပုံကြမ်းကို အကောင်အထည်ဖော်ကာ တင်ပြပေးခဲ့ခြင်း ဖြစ်ပြီး အများ၏ လက်ခံဆောင်ရွက်မှုနှင့်အတူ ဖြစ်ပေါ်လာသော Web ၏ အစပိုင်း နှစ်အတော်ကြာအထိ Webpage များမှာ text ဖြစ်သာ ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ […]


manawphyulayNovember 2, 20101min1316
ဘာပဲလုပ်လုပ် အဆင်မပြေနိုင်မှုတွေသာ ပဲ့တင်ထပ်နေတဲ့ နေ့စ္စဓူဝမှာ စိတ်ကျလေကြမ်းတွေ ငါ့ဘဝအိပ်ခန်းထဲတိုးဝှေ့ အိပ်မွေ့ချခံထားရတဲ့ ယုံကြည်ချက်နဲ့ အငိုမတတ်ဘဲကျတဲ့ မျက်ရည်တွေကို သတ်ပုံစစ်ဖို့တောင် မေ့လျော့နေတော့တယ်…….


manawphyulayNovember 2, 20101min1203
ကျွန်မ နားလည်သလောက် သိမှတ်သလောက် ဆွေးနွေးချင်ပါတယ်။ ဒါဟာ ဘာလဲဆိ်ုတော့ ယူနီကုတ်လို့ ခေါ် တဲ့ Unicode Standard အကြောင်းပါပဲ။ ကျွန်မလည်း တတ်လို့ နားလည်လို့တော့ မဟုတ်ပါဘူး။ နည်းနည်းလည်း သိတာလေးတစ်ခုပါ။အင်း ပြောရရင် ပြဿနာက ကျွန်မတို့ရဲ့ ဘာသာစကားကို ကွန်ပျူတာက မပြောဘူး။ အလုံးစုံအားဖြင့် သူတို့က ဒစ်ဂျစ်တယ်ချည်းပဲလေ။ စာသားတွေကို သိုလှောင်ဖို့ ဒါမှမဟုတ် ကိုင်တွယ်တည်းဖြတ်ဖို့ရာ မပြုလုပ်ခင် စာလုံးတိုင်း၊ သင်္ကေတတိုင်း၊ ပုဒ်ဖြတ်ပုုဒ်ရပ် အမှတ်အသားတိုင်းကို ပထမဆုံး ကိုယ်စားပြု ဂဏန်းများသို့ ပြောင်းပစ်ရမယ်။ ဒါဆို ကွန်ပျူတာ သုံးသူတွေ ဘယ် code ဂဏန်းတွေ သုံးကြသလဲ။ ကျွန်မတို့ ကွန်ပျူတာ မကိုင်ဖူးခင်ကတော့ ကွန်ပျူတာဆိုတာ တော်တော်ကြီးကျယ်ခမ်းနားမှာပဲ။ ဘယ်လိုလူမျိုးတွေ သုံးတာလဲ။ ကျွန်မ […]


manawphyulayNovember 2, 20101min24711
လမ်းဘေးဆက်သွယ်ရေးဖုန်းများ ခေါ်ဆိုမှုနှုန်းထားများ သက်သာအောင် ဖန်တီးပေးထားပါသည်ဆိုပြီး ဖုန်းဆိုင် လုံခြုံအောင် တည်ဆောက်ပြီးနောက် ခေါ်ဆိုမှုနှုန်းထားများ ဘာကြောင့်တက်သွားရပါသလဲ…..


manawphyulayOctober 25, 20101min620
အေးချမ်းတည်ငြိမ်နေတဲ့ ကျွန်မတို့ရဲ့ဝန်းကျင်မှာ ရှင်ဟာ ရှင့်ရဲ့အရိုင်းအစိုင်းဒေါသတွေနဲ့အတူ ရောက်ရှိလာခဲ့တယ်နော်… ရှင့်မို့ လုပ်ရက်တယ် နာဂစ်ရယ် သစ်ပင်ပန်းမန်တွေနဲ့ စည်ကားနေတဲ့ ကျွန်မတို့နေရာကို လိုက်လံနှောင့်ယှက်ခဲ့တယ်နော်။ နာဂစ်ဆိုတဲ့ လေမုန်တိုင်း လေမုန်တိုင်းကို ဟန့်တားထားတဲ့ တင့်တောင့်တင့်တယ် နေထိုင်မှု ကန့်လန့်ကာကို ရှင် ဆုတ်ဖြဲပစ်လိုက်တယ် မယုံကြည်နိုင်ခဲ့ဘူး။ အခုတော့… စည်းစနစ်ကျနမှုနံရံ ပြိုလဲ့ခဲ့ရပြီ။ ကြောက်လန့်ဖို့ကောင်းတဲ့ အဆောက်အဦရဲ့ အယိုအယွင်းတွေပေါ်မှာ ကျီးအတွေ အာလို့ မြင်မကောင်းတဲ့ မြင်ကွင်းတွေနဲ့အတူ ရှင် ဖန်တီးခဲ့တယ်။ ရှင့်ကြောင့် အပြစ်မဲ့သူတွေ သေကြေခဲ့ကြတာ ခုတော့… အများသူငါ လေတိုက်မှာတောင် ကြောက်နေကြတဲ့ဘဝမျိုးရောက်အောင် ဖန်တီးခဲ့တဲ့ ရှင့်ကို အပြစ်ဖို့လို့နေရုံမှတစ်ပါး အခြားမရှိတော့ပြီပေါ့… ဝန်းကျင်တကာမှာ အပိုင်းပိုင်း အပြတ်ပြတ်နဲ့ သစ်ပင်တွေ ပြိုလဲနေပြီး အိမ်တွေ ပျက်စီးနေတဲ့ မြင်ကွင်းမျိုးကို ကျွန်မရှေ့မှာ ဘောင်ခတ်ပစ်ချင်ပြီ […]


manawphyulayOctober 25, 20101min630
အကွေ့အကောက်၊ ဖြောင့်တန်း လျှောပြေ မတ်စောက် ကြမ်းတမ်း ချောမွတ် ဘယ်လိုပင် ဖြစ်စေ လမ်းဟာ လမ်းပါပဲ။ ဝန်တွေ ဘယ်လောက်ပိပိ ဘယ်သူတွေ ဘယ်လိုသုံးသုံး သူကတော့ ခံနိုင်ရည်အပြည့်နဲ့လေ အဲဒီဘဝ ငါ ရချင်တယ်။ နှစ်တွေကြာ အသက်တွေရ အိုမင်းလာတဲ့ ဓာတ်တိုင်အို သူ့တာဝန်သူထမ်း ပခုံးထက် အမာရွတ်တွေနဲ့ပေါ့ အဲဒီဘဝ ငါ ရချင်တယ်။ ပြိုလဲတော့မယ့်အိမ် အထောက်လိုနေပေါ့ အဲဒီအချိန်မှာ ငါ ဝါးတစ်လုံးဖြစ်ချင်တယ်။ ဒါပေမဲ့… ငါဟာ လမ်းတစ်ခုဖြစ်ခဲ့ရင် ဘယ်သူမှ မသုံးတဲ့ လမ်းပဲ ဖြစ်လိမ့်မယ်။ ဓာတ်တိုင်တစ်ခုဖြစ်ခဲ့ရင် ယိုင်နဲ့နဲ့ ခါကြိုးနေတဲ့ သစ်သားချောင်းတစ်ချောင်းပဲ ဖြစ်မယ် ငါဟာ ဝါးတစ်လုံးဖြစ်ခဲ့ရင် ဆွေးနေတဲ့ ဝါးပဲ ဖြစ်မယ်။ ဘဝရဲ့ လှိုင်းကြား ခိုင်မြဲတဲ့ ငါ […]


manawphyulayOctober 24, 20101min1095
Wikipedia – အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း (Wikipedia) ကို အင်တာနက်သုံးသူတိုင်း လက်မလွှတ်သင့်ပါ။ တခါတရံ မသိသေးသည့် အကြောင်းအရာသစ် တစ်ခုကို စတင်လေ့လာရတော့မည့် အခါတွင် ဘယ်ကစလေ့လာရမှန်း မသိ၊ ဘယ်လို ဝက်ဘ်ဆိုက်တွေမှာ သွားကြည့်ရမည်ကို မသိသေးလျင် ဝီကီပီဒီယ မှာ အရင်သွားကြည့်ပြီးမှ ဆက်လုပ်လို့ အဆင်ပြေသည်များ ကြုံဖူးပါသည်။ Reading by RSS – RSS ဖြင့် စာဖတ်ပါ မနောတို့ သွားချင်သည့်၊ စိတ်ဝင်စားသည့် ဝက်ဘ်ဆိုက်ပေါင်း 30 ရှိပြီး အင်တာနက်သုံးခွင့်ရသည့် အချိန်နှင့်ငွေကြေးအင်အားက တစ်နေ့လျင် တစ်နာရီစာသာ အခွင့်အရေးရသည်ဆိုပါစို့။ ထိုအခြေအနေအတွက် ထိုဝက်ဘ်ဆိုက်ပေါင်း 30 သို့ တစ်ခုချင်းစီ သွားဖတ်နေမည့်အစား ၎င်းဆိုက်များမှ […]


manawphyulayOctober 24, 20101min1406
လူမှုဆက်ဆံရေးမှာ ကျင့်သုံးဖို့ စကားလုံးတစ်ခုကတော့ ကြီးသူုကို ရိုသေ၊ ရွယ်သူကိုလေးစား၊  ငယ်သူကို သနားတဲ့ ဟုတ်ပါတယ်နော်။ ဒီလိုပဲ နှိမ့်ချတတ်မှုဆိုတာ ပေါင်းသင်းဆက်ဆံတဲ့အခါ ထိပ်တိုက်ဖြစ်အောင် ရင်မဆိုင်ဖို့လည်း လိုပါတယ်။ ဥပမာ ကိုယ့်လောက် စိတ်သဘောထား မပြည့်ဝတဲ့သူနဲ့တွေ့တဲ့အခါမှာ ဖြစ်နိုင်ရင် ရှောင်သွားဖို့၊ မရှောင်နိုင်ရင်လည်း ယဉ်ယဉ်ကျေးကျေးပဲ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး လျှော့ပေးဖို့။ နောင် ဒီလိုလူမျိုးနဲ့ မတွေ့အောင် တတ်နိုင်သရွှေ့ ရှောင်ဖို့ပဲ ဖြစ်ပါတယ်။ ကားမောင်းတဲ့အခါ ကိုယ်က လမ်းမှန်အတိုင်း သွားနေပေမယ့် ကိုယ့်လမ်းကြောင်းထဲမှာပြီး ထိပ်တိုက်မောင်းလာတဲ့ကားကို ရှောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ မရှောင်ရင် တိုက်မိပြီး ဒဏ်ရာအနာတရဖြစ်ရမှာပေါ့ ဟုတ်ဘူးလားနော်။ အလားတူပဲ အရက်မူးနေတဲ့လုူ၊ ခေါင်းမကောင်းတဲ့လူနဲ့တွေ့ရင် သွားပြီး စကားများရန်ဖြစ်လို့ အလကားပါပဲ။ ကိုယ်က ဦးအောင်ရှောင်သွားမှ တော်မယ် ဒါဟာ ကြောက်စိတ်ရှိလို့ […]


manawphyulayOctober 24, 20101min941
တံတားအောက်ခြေ ဘူတာကြီးမှမီးပျပျတို့ တစ်စတစ်စွန်းညှိထွန်းလေပြီ။တံတားပေါ်က ဓာတ်တိုင်များလည်းလွင့်ဖြာရောင်လျှံ သူ့အားအင်ဖြင့်တံတားပေါ်က လမ်းအစကိုထွန်းပချေပြီ။လိုရာခရီး ပို့ဆောင်ပေးဖို့တရိပ်ရိပ်ဖြင့် ခုတ်မောင်းလာမည့်အိုဘယ့် ရထားငယ်သင်လာမယ့်အချိန် ရောက်ရှိလာပြီ။စောင့်မျှော်နေသော လူအများလည်းပျားများကဲ့သို့ယောက်ယက်ခတ်လျက်သင်လာရာလမ်းဆီမျှော်ငေးကြပြီ။အချိန်ကျသော်အို ရထားငယ်သင့်ရဲ့ လုပ်ငန်းဆောင်တာထမ်းဖို့အရေးမှန်မှန်ခုတ်မောင်းလာချေပြီတကား။


manawphyulayOctober 20, 20101min2448
၁။ လူကဲခတ် ညံ့ဖျင်းခြင်း ၂။ လုပ်ချင်တာ သိပ်များနေခြင်း ၃။ လူတိုင်းကို ယုံကြည်စိတ်ရှိခြင်း ၄။ တစ်ယောက်ထဲ အလုပ်များနေခြင်း ၅။ သူတစ်ပါးကို အမြဲကူညီတတ်ခြင်း ၆။ လုပ်ချင်ရာကို မဖြစ်မနေ လုပ်တတ်ခြင်း ၇။ အပေါင်းအသင်း အရမ်းပဲ သံယောဇဉ်ကြီးခြင်း ၈။ သူတပါးမကျေနပ်လည်း မှန်ရာကို ပြောတတ်ခြင်း ၉။ မိမိ သိနေတာကို ပြန်လည်ဖောက်သည်ချတတ်ခြင်း ၁၀။ လူအများ၏ ဂရုတစိုက် အသိအမှတ်ပြုမှုကို လိုအပ်ခြင်း ဤသို့ဖြင့်… လူ များကို ယုံကြည်၊ အလုပ်များ ကူညီတတ်ပြီး သံယောဇဉ်ကြီးသူ မိမိ၊ အားလုံးရဲ့ အသိအမှတ်ပြုမှုကို မျှော်လင့်နေပါတယ်။ စာရေးသူ – မနောဖြူလေး