manawphyulayOctober 1, 20102min2541
Dhamma Activities at Singapore Dhamma Talk Session-1 Date: 2 Oct 2010 Monk: Ashin Pyin Nyar Sekkha (from Jayamangala Buddhist Vihara – Clementi Temple) Place: Informatics Campus, 12 Science Center Rd, S609080 (Jurong East MRT) Time: 5:30pm to 7:30pm Dhamma Talk Session-2 Date: 3 Oct 2010 Monk: Dr-Ashin-Jayatissa (from ThitSarParyami) Place: 12 Science Center Rd, Infomatics […]


manawphyulayOctober 1, 20101min3553
လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းဘဲ ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ်တတ်တယ်….. ကိုယ့်ဘဝကိုယ်သိ၊ ကိုယ့်အားကိုယ်ကိုး လဲရင် ပြန်ထ၊ ဒါဘဝဘဲ အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည် နေသလို မဖြစ်တဲ့ဘဝမှာ ဖြစ်သလို မနေပါနဲ့ လူ့ဘုံဆိုတာ လုံ့လဝီရိယဘုံပါ အစာငတ်ရင် တစ်ခဏ၊ စာငတ်ရင် တစ်ဘဝ ဆုံးရှုံးပြီလေ လုပ်ချင်တာထက် လုပ်သင့်တာလုပ်ဖို့ အရေးကြီးတယ် ရောဂါပြင်းလျှင် ဆေးရှိသည်၊ လူပျင်းလျှင် ဆေးမရှိပါ ဘဝကြိုးဝိုင်းထဲမှာ ဒုက္ခကို ဇွဲနဲ့ အလဲထိုးပါ အပြောနဲ့ ကဲ့ရဲ့တတ်သူကို အလုပ်နဲ့ အနိုင်ယူပါ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု နှစ်ခုရှိတယ်။ အဲဒါက မိဘနဲ့ အချိန်ဘဲ။ ဟုတ်တယ်နော်။ သူငယ်ချင်းတို့ကော ဘာတွေလုပ်နေလဲဟင်….. စာရေးသူ မနောဖြူလေး


manawphyulayOctober 1, 20102min1722
ကျွန်မကို သမီးဂျူလီက “မေမေ နှင်းပန်းဝါလေးတွေ မညိုးခင် သွားကြည့်ရအောင် ” လို့ အခါပေါင်းများစွာ တယ်လီဖုန်းဆက်ပြီး ခေါ်ပေမဲ့ ကျွန်မနေတဲ့ ပင်လယ်ကမ်းခြေက အိမ်ကနေ အဲဒီနှင်းပန်းဝါလေးတွေ စိုက်ပျိုးထားတဲ့ ရေကန်ကြီးဘေးက တောင်စောင်းကိုရောက်ဖို့  နှစ်နာရီကြာ ကားစီးရမဲ့ခရီးကို ငြီးငွေ့တာကြောင့် အခါခါ ငြင်းဆိုခဲ့ပါတယ်.. ဒါပေမဲ့ ဇွဲကောင်းလှတဲ့ ဂျူလီ့ကြောင့် နောက်ဆုံးမှာတော့ “ လာမဲ့ အင်္ဂါနေ့မှာ မေမေ လာခဲ့ပါမယ်” လို့ စိတ်မပါလှစွာနဲ့ ကတိပေးလိုက်ရပါတယ်.. ဒါနဲ့ အင်္ဂါနေ့ရောက်တော့ မနက်ခင်းဟာ အေးစက်ပြီး နှင်းတွေ ခပ်ဖွဲဖွဲကျနေပေမဲ့လို့ ကျွန်မရဲ့ကတိအတိုင်း ဂျူလီတို့အိမ်ကို ကားမောင်းထွက်လာခဲ့လိုက်ပါတယ်.. ပျင်းရိဖွယ် အချိန်တစ်ချို့ ကုန်ဆုံးအောင် ကားမောင်းလာပြီးနောက် သမီးဂျူလီတို့အိမ်ရောက်တော့ မြေးလေးတွေကို ပွေ့ဖက်နှုတ်ဆက်ပြီး “သမီးရဲ့ နှင်းပန်းဝါတွေကို သွားကြည့်ဖို့ဆိုတာ မေ့လိုက်ပါတော့လားကွယ်။ […]


manawphyulaySeptember 25, 20101min3553
ပြုံးပြုံး ပြုံးပြုံးပြုံးနှင့် မင်း ဘယ်တော့တုန်း ‘သုံး’ပျောက်လို့ ‘ငါး’ကွယ် ခြောက်ရွာနှင့်လွှဲ လူ့ပြည်မှာ စံမမြဲ ‘လေး’ အောက်ကဆွဲ သတိ ပြုံးပြုံး ပြုံးပြုံးပြုံးနှင့် မင်း ဘယ်တော့တုန်း = လောကီအာရုံကာမဂုဏ်နှင့် ပျော်မွေ့ပြီးနေကျလျှင် မိမိ ဘယ်နေ့ ကွယ်လွန်မည်ဆိုသည်မှာ မသိနိုင်ပေ။ ‘သုံး’ပျောက်လို့ ‘ငါး’ကွယ် = ရတနာ သုံးပါးကိုးကွယ်ရမည်ကို သတိလက်လွတ်ပြီး အနန္တငါးပါး၏ ဂုဏ်ကျေးဇူးကို မေ့နေသည်က များပေသည်။ ခြောက်ရွာနှင့်လွှဲ    = ထို့ကြောင့် နတ်ပြည်ခြောက်ထပ်နှင့် လွဲသူက များပေသည်။ လူ့ပြည်မှာ စံမမြဲ    = လူ့ဘဝဆိုသည်မှာ မမြဲပေ။ ရေပွက်ပမာ တစ်သက်လျာတည့် ‘လေး’ အောက်ကဆွဲ    = သတိလက်လွတ်ပြီး အကုသိုလ်ကျူးလွန်မိသဖြင့် အပါယ်လေးပါးသို့ နစ်မြှုပ်သွားရပေသည်။ သတိ ဆင်ခြင်ကြကုန်လော့ […]


manawphyulaySeptember 25, 20101min1630
ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံးမှန်ကန်တဲ့ အိုင်တီခေတ်အလုပ်အကိုင် အခွင့်အလမ်းတွေအနေနဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။ အိုင်တီအလုပ်အကိုင်တွေအနေနဲ့ Professional Level, Mangement Level နဲ့ Executive Level ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။ အများစုကတော့ အခြေခံအဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ်အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့်ရရှိလာပြီဆိုမှ အထက်အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ Technical Level မှာ Programmer/Software Developer Systems Analyst/Analyst Programmer Web Developer/Multimedia Specialist Database Administrator Network Technician/Network Administrator Systems Technician/System Administrator […]


manawphyulaySeptember 25, 20101min1962
ဘဝတစ်ကွေ့မှာ ခဏတာ တွှေုခဲ့ကြပေမဲ့ ကံကြမ္မာက တစ်ချိန်မှာ ခွဲခွာခဲ့တာကို အပြစ်လို့ ဆိုကြမှာလား မင်းတို့ကို ခွဲခွာခဲ့ပေမဲ့ ရင်နဲ့အမျှ ခံစားရပါတယ်။ သုံးနှစ်ကျော် လေးနှစ်အတွင်းမှာ ငါ့ရဲ့ သံယောဇဉ်ကို မင်းတို့သိဖို့ကောင်းပါတယ် ငါ့ဘဝမှာ စိတ်ညစ်ရင်လည်း မင်းတို့နဲ့အတူ ပျော်ရွှင်ရင်လည်း မင်းတို့နဲ့အတူ ငါအမြဲရှိနေချင်တာ ငါ့ရဲ့ရင်ထဲက အမှန်တရားပါ ဒီလိုနေ့ကို ငါ့အတွက် ဘယ်တော့မှ မမျှော်လင့်ခဲ့မိပါဘူး မင်းတို့ကို ငါလေ… ဖြေသိမ့်စကားပြောချင်ပေမဲ့ ငါ့ရဲ့စိတ်ဟာ မင်းတို့ထက် ပိုနုတယ်ဆိုရင် မင်းတို့ယုံကြည်မှာလား ငါဟာ မင်းတို့ရှေ့မှာ ကြံ့ကြံ့ခိုင်ရပ်တည်ပြချင်ခဲ့မိတာပါ ဒါပေမဲ့ ငါလေ ဘယ်လိုမှ ဟန်ဆောင်လို့မရခဲ့ပါဘူး။ ငါ့ဘဝမှာ သံယောဇဉ်ရှိတဲ့သူတွေကို ဘယ်တော့မှ မခွဲခွာချင်ဘူး။ ခုတော့ ကံကြမ္မာကြောင့် ငါတို့ ခွဲခွာခဲ့ကြရပြီနော်… ငါလေ မင်းတို့ရဲ့ ချစ်ခြင်းထက် ငါ့ကို […]


manawphyulaySeptember 25, 20101min1391
မိတ်ဆွေတု မိတ်ဆွေယောင်တွေဟာ ကျွန်မတို့ရဲ့အရိပ်နဲ့ တူပါတယ်။ နေရောင်မှာ ကျွန်မတို့ သွားလာတုန်းမှာ ကျွန်မတု့ိနဲ့အနီးကပ်ရှိကြပါတယ်။ ဒါပေမဲ့ အရိပ်ထဲဝင်သွားတာနဲ့တစ်ပြိုက်နက် ကျွန်မတို့ကို ထားခဲ့ပါလေရော။လူသားအချင်းချင်း ခင်မင်ရင်းနှီးပေါင်းဖော်ခြင်းဟာ ထာဝရ တည်မြဲပြီး အဆုံးမရှိ တည်တံ့ပါတယ်နော်။ မိတ်ဆွေစစ်ဆိုတာအတော်ရှားပါတယ်။  ငယ်တဲ့အရွယ်မှာ မိတ်ဆွေတွေရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ မိတ်ဆွေတွေဟာ ဘယ်အချိန်မှာ အစစ်ကို ရှာဖွေတွေ့ရှိမှာလဲ။ လူတွေက အပေါ်ယံပဲကောင်းပြီး အတွင်းစိတ်က မပါတဲ့ မိတ်ဆွေတွေတော့ မလိုချင်ပါဘူးလေ။  အကောင်းဆုံး ကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲတဲ့။ တစ်ဦးနဲ့ တစ်ဦး ခင်မင်လေးစားတဲ့စိတ်ဟာ အဆင့်အတန်းမြင့်မားတဲ့ စိတ်ထားဖြစ်တယ်လေ။မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ဘယ်သူတွေကိုခေါ်တာလဲ။ ဘယ်လိုကြောင့် မိတ်ဆွေစစ်တွေလို့ ပြောနိုင်တာလဲ။ မိတ်ဆွေဆိုတာ များလေကောင်းလေလို့ ဆိုပေမဲ့ မိတ်ဆွေစစ်ဟာ အင်မတန်ရှားပါတယ်လေ။ တစ်ခါတလေကျတော့လည်း မိတ်ဆွေဆိုတာ မရှိမဖြစ်လိုအပ်သလို တစ်ခါတလေကျတော့လည်း မိတ်ဆွေတွေဟာ […]


manawphyulaySeptember 15, 20101min1440
တံတားအောက်ခြေ ဘူတာကြီးမှ မီးပျပျတို့ တစ်စတစ်စွန်း ညှိထွန်းလေပြီ။ တံတားပေါ်က ဓာတ်တိုင်များလည်း လွင့်ဖြာရောင်လျှံ သူ့အားအင်ဖြင့် တံတားပေါ်က လမ်းအစကို ထွန်းပချေပြီ။ လိုရာခရီး ပို့ဆောင်ပေးဖို့ တရိပ်ရိပ်ဖြင့် ခုတ်မောင်းလာမည့် အိုဘယ့် ရထားငယ် သင်လာမယ့်အချိန် ရောက်ရှိလာပြီ။ စောင့်မျှော်နေသော လူအများလည်း ပျားများကဲ့သို့ ယောက်ယက်ခတ်လျက် သင်လာရာလမ်းဆီ မျှော်ငေးကြပြီ။ အချိန်ကျသော် အို ရထားငယ် သင့်ရဲ့ လုပ်ငန်းဆောင်တာ ထမ်းဖို့အရေး မှန်မှန်ခုတ်မောင်း လာချေပြီတကား။


manawphyulaySeptember 15, 20102min1720
ဓမ္မမိတ်ဆွေအပေါင်းတို့… စင်္ကာပူမှာရှိကြကုန်သော ဓမ္မမိတ်ဆွေအပေါင်းတို့ သည် ရေခြားမြေခြား တာဝန်ဝတ္တရားများကို နာရီနှင့်အမျှ ထမ်းဆောင်နေရသော်လည်း တဖက်တလမ်းမှ မိသားစုများသဖွယ်..သိုက်သိုက်ဝန်းဝန်း စည်းစည်းလုံးလုံးနှင့် မြတ်ဗုဒ္ဓဟောကြားခဲ့သော လူမှုရေးရာ၊ သံသရာရေးရာ တရားတော်များကို မျက်ခြေမပြတ် အားထုတ်နိုင်ကြ၊ အချင်းချင်းလည်း အားထုတ်နိုင်ဖို့ အခွင့်အလမ်းများ ဖော်ထုတ်ပေးနေကြသည်မှာ အင်မတန် ဝမ်းမြောက်အားရဖွယ် ကောင်းလှပါသည်… ထို့အတူ… သံဃာတော် ဆရာတော်များကလည်း စကာင်္ပူတွင် အခြေစိုက်လျှက် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ပြီး ရေခြားမြေခြားသော်လည်း မိမိတို့ တတ်စွမ်းနိုင်သမျှ မြတ်ဗုဒ္ဓ၏ အရိပ်အာဝါသကို ပေးနိုင်အောင် ကြီးစွာသော မေတ္တာခြံရံလျှက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်လျှက်ရှိကြပါသည်။ ၁) စကာင်္ပူနိုင်ငံတွင် အခြေချ နေထိုင်ပြီး မြတ်ဗုဒ္ဓ၏ အရိပ်အာဝါသကို အစဉ်မပြတ်လွှမ်းခြုံ ပေးနေသော ဆရာတော်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ၊ သီလရှင်ကျောင်းများ ကို စကာင်္ပူရောက် […]


manawphyulaySeptember 12, 20101min2779
မြန်မာနိုင်ငံမှာ ထင်ရှားသော စေတီပုထိုးများစွာ အနက်မှ ဆူးလေဘုရားလည်း တစ်ဆူ အပါအဝင်ဖြစ်တယ်။ ရန်ကုန်မြို့ရဲ့ အလယ်ဗဟိုမှာ တည်ရှိတယ်လေ။ ဆူးလေစေတီတော်ကို မဏ္ဍိုင်ပြုပြီး အရှေ့ဘက်မှ အနောက်ဘက်သို့ မဟာဗန္ဓုလလမ်းနှင့် တောင်ဘက်မှ မြောက်ဘက်သို့ စေတီတော်ဘွဲ့အမည်ကို အစွဲပြုပြီ ခေါ်တွင်တယ်လို့ သိရတာပါပဲ။ ဆူးလေဘုရားလမ်းတဲ့ သတ်မှတ်ထားတာတဲ့။ ဆူးလေဘုရား အရှေ့မြောက်ထောင့် မှာတော့ မြို့တော်ခန်းမကို တည်ဆောက်ထားတာကို တွေ့ရတယ်။ ဘယ်လိုလဲ။ မြန်မာပြည်မှာ ဟိုတုန်းကတည်းက စိတ်ကူးကောင်းတဲ့ သူတွေ ရှိခဲ့တာဘဲနော်။ ဒါတောင် သူ့ကျွန်ဘဝရောက်ခဲ့ရသေးတယ်။ ပြန်စဉ်းစားကြည့်မိရင် မတွေးဝံ့စရာဘဲ။ တော်သေးတယ်။ လူဖြစ်တာ နောက်ကျလို့။ အင်း ဆက်ပြောရဦးမယ်။ အရှေ့တောင်ထောင့်မှာတော့ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူထားတာတွေ့ ရတယ်လေ။ ဗန္ဓုလပန်းခြံနှင့် တရားလွတ်တော်ချုပ် တို့လည်း အခု ဘားလမ်းလို့ခေါ်တဲ့ ဘက်မှာ တွေ့ရတယ်။ […]


manawphyulaySeptember 12, 20101min2171
Myanmar DCR Co., Ltd မှ ဝန်ထမ်းရွေးချယ်မှုနှင့်ပတ်သက်သော ရှင်းလင်းပွဲ ကွန်ပျူတာတက္ကသိုလ်၊ ဘွဲ.လွန်တက်နေသော ကျောင်းသားကျောင်းသူများ နှင့် ITနှင့် ဂျပန်စာတွင်စိတ်ဝင်စားသော လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း Myanmar DCR Co.,Ltd(Yangon)မှ ဝန်ထမ်းရွေးချယ်မှုရှင်းလင်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်သည်၊၊ နေ့ရက် ၂၀၁ဝခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။ (တနင်္ဂနွေနေ့)  ပထမအကြိမ်ရှင်းလင်းပွဲ ၁ဝးဝ၀ မှ ၁၂းဝဝ နာရီ (Reception Time ၉း၃ဝ နာရီ)  ဒုတိယအကြိမ်ရှင်းလင်းပွဲ ၁၄းဝဝ မှ ၁၆းဝဝ နာရီ (Reception Time ၁၃း၃ဝ နာရီ)  နေရာ The Strand Hotel (၉၂၊ ကမ်းနားလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။) ပထမအကြိမ် နှင့် ဒုတိယအကြိမ်ရှင်းလင်းပွဲ၏ အကြောင်းအရာများမှာ […]


manawphyulaySeptember 11, 20101min1982
September 13 နှင့် 14 တွင် MBS (Myanmar Bloggers’ Society) နှင့် MCPA (Myanmar Computer Professional Association) တို့ပူးပေါင်းစီစဉ်သော Social Media : Etiquettes & Technics အမည်ရှိ Blog Day Seminar နှင့် Workshop ပြုလုပ်မည်ဖြစ်ပါသည်။ တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ နိုင်ငံတကာတွင် နှစ်စဉ်ကျင်းပလေ့ရှိသော ဩဂုတ်လ ၃၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဘလော့ဂ်ဒေး အထိမ်းမှတ်အဖြစ် Etiquette & Technique ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ မြန်မာအင်ဖိုတက်ခ် အဆောက်အဦ တွင် စက်တင်ဘာ ၁၃၊ ၁၄ရက်များတွင် MCPA နှင့် MBS မှ ပူးပေါင်းစီစဉ်သည့် […]