manawphyulayJuly 13, 20101min900
၁။ လူ့ဘဝဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင်ပင်ဖြစ်သည်။ ၂။ လူ့ဘဝဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။ ၃။ လူ့ဘဝဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေခြင်း ဖြစ်သည်။ ၄။ လူ့ဘဝဧ။် အကြီးမားဆုံးသော ဝမ်းနည်းရခြင်းသည် မိမိဧ။် မနာလို ဝန်တိုသောစိတ်ကြောင့်ဖြစ်သည်။ ၅။ လူ့ဘဝဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ် ကျဆင်းခြင်းကြောင့် ဖြစ်သည်။ ၆။ လူ့ဘဝဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။ ၇။ လူ့ဘဝဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှုဖြစ်သည်။ ၈။ လူ့ဘဝဧ။် အကြီးမားဆုံးလေးစားခံရခြင်းသည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။ […]


manawphyulayJuly 13, 20101min1060
ကျောက်တန်းမြို့မှာ ရှိတဲ့ ကျိုက်မှော်ဝန်းစေတီကို တောင်သူလယ်သမားနေ့တွင် သွားရောက် ဖူးမြော်ခဲ့ပါတယ်။ ငါးစာများလည်း ပျော်ရွှင်စွာနဲ့ ကျွေးခဲ့ပါတယ်။ သူငယ်ချင်းတို့ လည်း သွားရောက်လည်ပတ်ရင်း ကုသိုလ်များ ပြန့်ပွားနိုင်စေခြင်း ရည်ရွယ်ချက်ဖြင့် သိသလောက်ကို ပြောပြရခြင်း ဖြစ်ပါတယ်ရှင်။ သာသနာနှစ် (၂၁၅) ခုနှစ်တွင် ပါဒနိုင်ငံတော်ကြီးကို စတင်တည်ထောင် နန်းတည်စိုးစံခဲ့သော ဘောဂသေနမင်းသည် ဆရာရသေ့ ပေးအပ်လာသော ဘုရားရှင်၏ ဆံတော်နှင့် ဓာတ်တော်များကို ဌာပနာ၍ သာသနာသက္ကရာဇ် (၂၃၈) ခုနှစ်၌ ဆရာ ရသေ့ ညွှန်ပြရွေးချယ်ပေးသော ကျောက်ခုံပေါ်၌ ဉာဏ်တော် (၇) တောင်ရှိသော ကျိုကမျှော်ကဋော့ စေတီတော်ကို စတင်တည်ခဲ့ပါသည်။ ဘောဂသေနမင်းမှ (၁၀) ဆက်မြောက်ဖြစ်သော တွတ္တနာဂမင်းကြီး လက်ထက်တွင် သီဟိုဠ်ဘုရင်ထံမှ လက်ဆောင် ပဏ္ဏာအဖြစ် ရရှိခဲ့သော ဆံတော် (၁) […]


manawphyulayJuly 13, 20101min1280
နေလုံးက ဟန်မဆောင်တတ်တဲ့ ငါ့ရဲ့ ဆံကေသာပေါ်ဖြန့်ချလို့ ငါကတော့ ငါ့ဖဝါး ငါ့အရိပ် ငါ့နယ်နမိတ်နဲ့ ငါကိုယ်တိုင် လမ်းဖွဲ့လျှောက်ပေါ့။ နားလည်မှုနဲ့ ဝေးကွာခဲ့တဲ့ ငါ့ရဲ့အဖြစ်ကို ညီမလေးနှင်း နားလည်ပေးပါလို့ မတောင်းဆိုရဲပါဘူး။ ငါ့ကိုယ်ငါတောင် နားလည်မှုဆိုတဲ့ စကားလုံးကို ဝေခွဲမရစွာနဲ့ နားလည်နိုင်အောင် ကြိုးစားနေဆဲ ညီမလေးနှင်းပို့လိုက်တဲ့ မေးလ်ရောက်ခဲ့ ဘယ်နေရာရောက်ရောက် နားလည်မှုဆိုတဲ့စကားသံ ပဲ့တင်ထပ်အောင် ကြားစမြဲ ခုတော့ ညီမလေးနှင်း မေးတဲ့ မေးခွန်းတစ်ခု ”အမရဲ့ညီမလေးနှင်းအပေါ်ထားတဲ့ နားလည်မှုက ဘာလဲတဲ့” ငါ့ရဲ့နားလည်မှုကို ဘယ်လိုပြောရပါ့… အမှန်တော့ ငါဟာ နားလည်မှု မရှိတဲ့သူတစ်ယောက်ပါ…. ငါ ငါ့အတ္တကို အမြဲရှေ့တန်းတင်ခဲ့ ငါဟာ နားလည်မှုနဲ့ မထိုက်တန်တဲ့သူတစ်ယောက်… ငါဟာ ငါ့ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့ အတ္တကြီးသူတစ်ယောက်ပါ ညီမလေးနှင်းရယ်… ပစ်ထားခဲ့ပါတယ်ဆိုတဲ့ ညီမလေးနှင်းရဲ့ စွပ်စွဲချက်တွေဟာ […]


manawphyulayJuly 13, 20101min1110
ကိုရီးယားဘာသာ ကျွမ်းကျင်မှုTest of Proficiency in Korean (TOPIK)  စာမေးပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့၌ တစ်ပြိုင်နက်တည်း ကျင်းပမည်ဟု သိရသည်။ အဆိုပါစာမေးပွဲကို Basic (Level 1, 2) Inter-mediate (level 3, 4) နှင့် advanced (level 5, 6) ဟူ၍ အဆင့် သုံးဆင့် ခွဲခြားသတ်မှတ်ထားပြီး စာမေးပွဲတိုင်းတွင် Vocabulary Test, Grammar and Writing Test  နှင့် Listening  and Reading Test တို့ပါဝင်မည် ဖြစ်သည်။ စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို ကိုရီးယားသမ္မတနိုင်ငံ သံရုံး၊ အမှတ် ၉၇၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းနှင့် မန္တလေး နိုင်ငံခြားဘာသာ […]


manawphyulayJuly 12, 20101min1672
သူငယ်ချင်းများရဲ့ ကုသိုလ်အစုစုအတွက် အားလုံး သာဓုခေါ်လိုက်ကြရအောင်နော်။ ကျွန်မတို့သူငယ်ချင်းတွေ စကားပြောကြရင်းနဲ့ သူငယ်ချင်းတစ်ယောက်က ရွာသာကြီးစီးပွားရေးတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တာဆိုတော့ သူကအရင်စပြောခဲ့တယ်… စိတ်ကျန်းမာရေးဆေးရုံကိုသွားလှူချင်တယ်တဲ့.. ဒါနဲပဲ သူငယ်ချင်းတွေ ကိုယ်တတ်နိုင်သလောက်လေးစုပီးတော့သွားလှူကြမယ်ပေါ့.. ကျွန်မကတော့ အွန်လိုင်းကသူငယ်ချင်းတွေရော ကိုယ့်လိုပဲ ဒါနလေးလုပ်ဖြစ်အောင်ဆိုတဲ့စေတနာနဲ့ သူငယ်ချင်းတစ်ချို့ကိုအလှူခံခဲ့ပါတယ်… ဒါနဲ့ပဲကျမအပါအဝင်သူငယ်ချင်း (10)ယောက် 7-3-2010(sunday) မှာ စိတ်ကျန်းမာရေးဆေးရုံကိုချီတက်ခဲ့ပါတယ်..  ဆေးရုံရောက်တော့ ရုံးခန်းမှာ စစ်စတာဒေါ်လဲ့လဲ့ဝင်းက အလှူငွေကိုလက်ခံယူပါတယ်.. ဂုဏ်ပြု မှတ်တမ်း ပြန်လည်ပေးပါတယ်.. အရမ်းကို ဝမ်းသာကြည်နူးမိပါတယ်.. ဆေးရုံလာတက်တဲ့လူနာပေါင်း (800) ကျော်ရှိတယ်လို့ပြောပါတယ်.. အမျိုးသားဦးရေ (500)ကျော် နဲ့ အမျိုးသမီးဦးရေ (200)ကျော် တက်ရေ​ာက်ကုသနေတယ်လို့ စစ်စတာ ဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်… လာရောက်တက်ကြတဲ့လူနာတွေထဲမှာ အမျိုးသားများက အရ​က်ကြောင့်လာတက်ကြတာလဲ များတယ်ပြောပါတယ်… စစ်စတာဒေါ်လဲ့လဲ့ဝင်းက လူနာများနေတဲ့ အဆောင်များကို လိုက်ပြပေးပါတယ်.. အမျိုးသားဆောင် ရောက်တော့ […]


manawphyulayJuly 12, 20101min1591
ဘလော့ဂ်တွေ ဘယ်လောက် အရေးပါလာမလဲ အခုတစ်လော blog တွေ၊ wiki တွေ အပြင် ကိုယ်ပိုင်ဒိုမိန်းတွေနဲ့ အုပ်စုတွေ၊ website တွေ တိုးတက်များပြားလာတာကို အချိန်တိုအတွင်းမှာ တွေ့ရှိလာရပါပြီ။ ဒါတွေကို ကြည့်ခြင်း အားဖြင့် လူငယ်လူရွယ်တွေ အချိန်ကို အလဟဿ မကုန်ဆုံးအောင် အသုံးချတတ် လာကြပြီလို့ မှန်းဆလို့ ရပါတယ်။ ဒါဟာ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ တိုးတက်နေတဲ့ ခေတ်အခြေအနေမှာ နည်းပညာတွေ တစ်နေ့ထက် တစ်နေ့ အသစ်အသစ် တွေ ပေါ်ထွက် လာနေချိန်မှာ ကျွန်မတို့တစ်တွေဟာ ခေတ်နောက် ပြတ်ကျန်လို့မရပါဘူး။ မီဒီယာစတိုင်သစ် တွေနဲ့အတူ တတ်နိုင်သရွေ့ ရှေ့ကို အရောက်လှမ်းနိုင်ဖို့ ကြိုးစားကြရမှာပါပဲ။ နောက်ပိုင်း blog တွေ များပြားလာတာနဲ့အမျှ အများရဲ့အမြင်မှာ ကွဲပြားခြားနားစွာ မြင်တတ်ဖို့လည်း […]


manawphyulayJuly 12, 20101min1060
ထွက်ခွာခဲ့ရ ပြုံးမျက်စနဲ့ ကရုဏာမျက်ဝန်း အကြင်နာ သွင်ပြင် အိုင်တီရပ်ဝန်း တိုးတက်စေဟု စိတ်မှာ ရည်မှန်း အပြုံးများနဲ့ ဘီလ်ဂိတ်ရေ….. ၁၉၅၅ တွင် အိုင်တီရပ်ဝန်း အောင်မြင်ရေးအတွက် မွေးဖွားလာသူ ၁၉၇၆ မှ အစပြုလို့ မိုက်ခရိုဆောဖ့်အဖြစ် အမည်ပေးခဲ့ ကြိုးစားမှုနဲ့ ၁၉၈၁ တွင် မိုက်ခရိုဆောဖ့်အတွက် ဦးဆောင်လုပ်ကိုင်ခဲ့သူ အပြိုင်အဆိုင် အထိုးအနှက်တွေကြား အပြုံးမပျက် ကြံ့ကြံ့ခိုင် ကြိုးစားရင်း ဖြတ်သန်းခဲ့တဲ့ နှစ်များအတွင်း အောင်မြင်မှုပေါင်းများစွာနဲ့ ရက်သတ္တပတ်ပေါင်း ၁၇၀ဝ ပတ်ကျော် ကြိုးစားခဲ့တဲ့ ရက်တွေအတွက် ကျွန်မတို့တစ်တွေ မိုက်ခရိုဆောဖ့်ကို သုံးနေသမျှ ကာလပတ်လုံး အမှတ်ရအောင်းမေ့လျှက် ထာဝရနှုတ်ဆက်ခြင်း မဟုတ်ပေမယ့် အိုင်တီရပ်ဝန်းတစ်ခုလုံးကိုယ်စား ကျွန်မပြောချင်တာကတော့ ကျေးဇူးပါပဲ Bill Gates ရေ….


manawphyulayJuly 12, 20101min1100
၁။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါသည် လူမှလူသို့ လျင်မြန်စွာ ကူးစက်လျက်ရှိသည်။ ကမ္ဘာ့လူတုပ်ကွေးရောဂါသည် ၂၀၀၉ခုနှစ် ဇွန် ၁၁ ရက်အထိ နိုင်ငံပေါင်း ၇၄ နိုင်ငံသို့ ပျံ့နှံ့ကူးစက်ကာ ဓာတ်ခွဲခန်းစမ်းသပ် အတည်ပြုချက်အရ ၂၈၇၇၄ ဦး ဖြစ်ပွားခဲ့ပြီး ၁၄၄ ဦး သေဆုံးခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ(Human Influenza Pandemic) ဖြစ်ပွားနေကြောင်း ဇွန် ၁၁ ရက်တွင် ကြေညာခဲ့သည်။ ၂။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါသည် လူမှလူသို့ ကူးစက်မြန်ခြင်းနှင့် တုပ်ကွေးဗိုင်းရပ်စ် အသစ်ဖြစ်၍ လူအများတွင် ခံနိုင်ရည်စွမ်းအား မရှိသေးခြင်းတို့ကြောင့် အောက်ပါအန္တရာယ်များကို ကြုံတွေ့ရမည်။ (က) အသက်အရွယ်မရွေး ရောဂါဖြစ်ပွားခြင်း၊ (ခ) ကလေးများ၊ အသက်အရွယ်ကြီးရင့်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နှလုံး၊ အဆုတ်နှင့် ဆီးချိုစသည့် နာတာရှည်ရောဂါရှိသူများနှင့် […]


manawphyulayJuly 12, 20101min1140
Wave ဆိုတာ ဘာလဲမေးရင် လှိုင်းလုံးလို့ ဖြေကြမှာပါ။ အင်တာနက်ဝက်ဘ်ဆိုက်နယ်ပယ် မှာလည်း wave ဆိုတဲ့စာလုံးကို  အတော်သုံးကြပါတယ်။ Google က Google wave ကို ထုတ်လွှင့်မယ်ဆိုတော့ ဂူဂဲလ်လှိုင်းစီးရဦးမယ်ထင်ပါတယ်။ Google Wave သည် open source web browser တစ်ခုဖြစ်ပါတယ်။ ၎င်းတွင် ဆက်သွယ်မှုအားသာချက်ရှိပြီး အချိန်နဲ့တပြေးညီ အလုပ်လုပ်ဆောင်နိုင်ပါတယ်။ ဆက်သွယ်ရေးစနစ် အမျိုးအစားများစွာနဲ့ အသုံးပြုနိုင်ပြီး လုပ်ငန်းတူချင်း၊ အဖွဲ့တူခြင်း ပူးတွဲပါဝင်လုပ်ကိုင်နိုင်တဲ့ tool တစ်ခုလည်း ဖြစ်ပါတယ်။ တကယ်သာ အသုံးတည့်ခဲ့ရင် အင်တာနက်အွန်လိုင်းမှာ wave တွေ တစ်လုံးပြီး တစ်လုံး တစ်လိမ့်လိမ့်စီးမျောနေတော့မှာပါ။ Google Wave သည် ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှုများနဲ့အတူ သင်နဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်များ ပူးပေါင်းပါဝင်နိုင်တဲ့ tool […]


manawphyulayJuly 5, 20101min1441
မဖြေရှင်းနိုင်တဲ့ ပြသာနာတွေကြားထဲ ရောက်နေတဲ့အခါ တအုံနွေးနွေးနဲ့ ရင်လေးမနေပါနဲ့…. သေချာစဉ်းစား အနာခံထိုးဖောက် လွတ်မြောက်အောင် ရုန်းကန်လိုက်ပါ…. မိတ်ဆွေတို့အတွက် မျှော်လင့်ချက် မနက်ဖြန် ရှင်သန်ပျိုမျစ် ပျော်စရာနေ့သစ်တွေ မလွဲမသွေရောက်လာမှာပါ…. ကဲ…. ဒီတော့ မိတ်ဆွေ ပြသာနာအခက်အခဲတွေကို ရဲရဲတင်းတင်းနဲ့ ဖောက်ထွင်းကျော်ဖြတ်လိုက်ပါ….


manawphyulayJuly 5, 20101min1673
အောင်မြင်သော အိုင်တီပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်လာဖို့ နည်းလမ်းများ ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံးမှန်ကန်တဲ့ အိုင်တီခေတ်အလုပ်အကိုင် အခွင့်အလမ်းတွေ အနေနဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။ အိုင်တီအလုပ်အကိုင်တွေအနေနဲ့ Professional Level, Mangement Level နဲ့ Executive Level ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။ အများစုကတော့ အခြေခံ အဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ်အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့်ရရှိလာပြီဆိုမှ အထက်အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ Technical Level မှာ – Programmer/Software Developer Systems Analyst/Analyst Programmer Web Developer/Multimedia Specialist Database […]


manawphyulayJuly 5, 20101min880
တစ်သက်မှာ တစ်ချစ် အချစ်စစ်ဟု မြည်တမ်းနေလဲ မရေရာ မသေချာတဲ့ဘဝ အကြောင်းတွေပြ ရာသီတွေ အလီလီပြောင်း အချစ်စစ်ရှာဖွေရင်း နှလုံးသားများစွာ လူငယ်တွေ စတေးပြု အပြောင်းအလဲတွေ အဖန်ဖန်ပြုနေကြတဲ့ မြင်ရ တွေ့ရ လူများစွာအတွက် အချစ်စစ်ရှာ အချစ်ငတ်လူသားတွေအဖြစ် တွေ့မြင်နေရင်း ငါလေ… တစ်ကိုယ်တည်း တိုးတိတ်စွာ ရေရွတ်နေမိပါတကား……