ငယ်ငယ်တုန်းက အမေတို့ကောက်စိုက်ခဲ့တဲ့ လယ်ကန်ဆင်းတစ်လျောက်မှာ ဆံရစ်ဝိုင်းလေးနဲ့ ပြေးလွှားကစားခဲ့ပြီး မေလ ၄ ရက်နေ့မှာ မွေးဖွားခဲ့လို့  လူကြီးတွေက ခေါ်ခဲ့ကြတဲ့ ဆံရစ်ဝိုင်းမေလေး ဆိုတဲ့အမည်လေးကို အမှတ်ရခဲ့ပြီး အခု ဒီ ဂဇက်ရွာကို ရွာသူအဖြစ်ဝင်ဖြစ်တော့ အဲဒီ အမည်လေးနဲ့ဘဲ ရောက်လာခဲ့ရတာပေါ့။ Mandalaygazette ကို ရွာဆိုပြီးသုံးနှုန်းလို့ ရေးနေကြတာကို မေလေး ဖတ်ခဲ့တဲ့စာတွေမှာတွေ့ရပါတယ်။ မေလေး ဒီ ဂဇက်ကို ဖတ်ဖြစ်နေတာ ၃ နှစ်ကျော်လောက်ရှိပါပြီ။ အခုတော့ ရွာထဲကို ရောက်ခဲ့ပြီပေါ့။ ရွာထဲမှာရှိတဲ့ ရွာသူရွာသားများ မေလေး ကို ခင်မင်စွာနဲ့ လိုအပ်တာလေးတွေ သင်ပြပေးကြပါနော်။   ကျေးဇူးတင်ပါတယ်ရှင့်။ ဆံရစ်ဝိုင်း မေလေး။