may maylayJanuary 22, 20131min1827
  တချိုု့ရွာတွေမှာ ဆိုင်းဘုတ်ကြီးတွေ ထောင်ထားကြတယ်။ဘာတဲ့… စံပြရွာ တဲ့။   ဒို့မြေပုံက လူတွေကို ပြောပြချင်ပါတယ်… စံပြရွာဆိုတဲ့ ဆိုင်းဘုတ်ကြီးထောင်ဖို့ …စံပြရွာဆိုတဲ့ အသိအမှတ်အပြုခံရဖို့ထက်…                                                                                                            .     ဒို့ရွာသူ…ရွာသားတွေကိုယ်တိုင်က.. ပြောတာဆိုတာ စိတ်နေစိတ်ထားတွေက.. စံထားလောက်အောင်ကောင်းနေပြီဆိုရင်… ဒီရွာကြီးကလည်း စံပြုထိုက်တဲ့ စံပြရွာကြီး ဖြစ်သွားမှာပဲ။ သူများပေးတဲ့ ”စံပြ” ရွာကြီး ဖြစ်သွားမှာပဲ။   သူများပေးတဲ့ ”စံပြ”ရွာဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေထက်… ဒို့ရွာသူရွာသားကိုယ်တိုင်က စံပြလူသားတွေဖြစ်အောင် ကြိုးစားကြဖို့ကို အထူးပြောချင်တယ်။   သူများပေးတဲ့အောင်လက်မှတ်ထက်… ကိုယ်ပိုင်တကယ်အရည်အချင်းရှိသူတွေဖြစ်အောင် ကြိုးစားကြ။  ဒို့ကတော့ စံပြဆိုတဲ့ ဆိုင်းဘုတ်ကြီးကို မြင်ရဖို့ထက် စံပြဖြစ်နေတဲ့လူတွေကိုပဲ မြင်ချင်တယ်။   ( မောင်လမ်းညွန်  မြေပုံစာအုပ်မှ ကောက်နုတ်ထားပါသည်။)


may maylayNovember 1, 20121min1176
         ခေါင်းဆိုတာ အမြဲငုံနေဖို့မဟုတ်၊ ကြောက်ရွံ့ထိတ်လန့် နေဖို့မဟုတ်၊ ပန်းတိုင်ကို အားမာန်အပြည့်နဲ့ ခေါင်းမော့ဝင့်ကြွားနေဖို့ပဲ။          ဤလောက၌ မည်သည့်အရာမှ ကြောက်စရာမရှိ မိမိမှန်နေဖို့လိုသည်၊ ကြောက်စရာအကောင်းဆုံး ကြောက်စိတ်မှာမိမိစိတ်တွင်း၌   ကြောက်စိတ်ဝင်နေခြင်းက   ကြောက်စရာအကောင်းဆုံးပင် ဖြစ်သည်။       ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုံ ဖွဲ့ထားတဲ့ နိုင်ငံဖြစ်လို့ တိုင်းရင်းသားအားလုံးတန်းတူညီမျှ        တိုးတက်နိုင်မှ ဒီနိုင်ငံဟာ တကယ့်ကိုသာယာပြီးတော့ အေးမြတဲ့နိုင်ငံ ဖြစ်နိုင်မှာပါ။        ပြည်သူတွေရဲ့ တာဝန်ကို ပင်ပင်ပန်းပန်း မထမ်းဆောင်ဘူးဆိုရင် ဒါဟာဒီမိုကရေစီရရှိခြင်းအပေါ် တာဝန်မကျေဘူးလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။       ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ကျွန်မတို့ပြည်သူတွေမူကို သုံးသပ်တာလည်း ခံရဲတယ်၊ ကျွန်မတို့ရဲ့ အစဉ်အလာကို သုံးသပ်တာလည်း ခံရဲတယ်၊ ကျွန်မတို့ရဲ့သမိုင်းကို သုံးသပ်တာလည်းခံရဲတယ်။        ပြည်သူတွေရဲ့ […]