meengelayMarch 17, 20111min1157
အကယ်၍ ၁= ၅ ၂= ၂၅ ၃= ၁၂၅ ၄= ၆၂၅ ၅= ? မေးခွန်း ၂ ချိုချဉ်တစ်လုံးကို ၁ကျပ်ပေးရတယ်။ ချိုချဉ်အခွံ ၃ခုကို ချိုချဉ်တစ်လုံးနဲ့ လဲနိုင်တယ်။ ၁၅ ကျပ်ဖိုး ဝယ်တယ် ဆိုပါစို့။ စုစုပေါင်း ချိုချဉ်ဘယ်နှစ်လုံး စားရမလဲ.. ? က) ဝ လုံး ခ) ၁၅ လုံး ဂ) ၂ဝ လုံး ဃ) ၂၁ လုံး င) ၂၂ လုံး မေးခွန်း ၃ တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဉာဏ်စမ်းထုတ်သတဲ့။ ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို […]


meengelayMarch 17, 20111min1157
သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာ ကမာ္ဘကြီး ပျက်သုဉ်းမယ်လို့ ပြောလာသူ အများအပြားရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တထောင်ကျော်က အမေရိကတိုက် အလယ်ပိုင်းမှာနေထိုင်ခဲ့တဲ့ မိုင်ယန် (Mayan) လူမျိုးတွေ ရေးဆွဲသွားတဲ့ မိုင်ယန် ပြက္ခဒိန်က ၂၀၁၂ခုနှစ်မှာ ဆုံးနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ဝ လောက်ကတည်းက ပြင်သစ်နို်င်ငံမှာမွေးဖွားလာသူ တဦးဖြစ်တဲ့ နော်စထရာ ဒါးမတ်စ် (Nostradamus) ဟာ ကမာ္ဘကြီးမှာ ဘာတွေ ဖြစ်လာမယ် ဆိုတာ ကြိုတင်ခန့်မှန်း ရာမှာ မှန်ကန်တယ်လို့ နံမယ်ကြီးသူဖြစ်ပါတယ်။ သူ့ရဲ့ နိမိတ်ဖတ်ချက် တွေကို အနက်ကောက်ကြရာမှာ ၂၀၁၂ခုနှစ် ဒီဖင်ဘာလ ၂၁ရက်နေ့မှာ ကမာ္ဘပျက်ကိန်း ရှိတယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင် တွေကတော့ ဒါကို လက်မခံကြပါဘူးလို့ Illinois အီလီနွိုင်းတက္ကသိုလ်က Astronomer […]


meengelayMarch 16, 20111min500
လေထုအရည်အသွေးတွေ ကောင်းမွန်နေဆဲပါ။ (၁၁-၃-၂၀၁၁)ရက် ညနေပိုင်းမှာ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေမှာ ရေအောက် ငလျင်ကြီးလှုပ်ရာမှာ ဆူနာမီရေလှိုင်းတွေဖြစ်ပေါ်လာခဲ့လို့ nuclear plant (၆)ခုရှိတဲ့အနက် (၄)ခုမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ရေဒီယိုသတ္တိကြွရောင်ခြည်တွေ လေထုထြရောက်ရှိသွားခဲ့ရာမှာ ဂျပန်နို်င်ငံမှာတော့ အရေးပေါ်အခြေအနေမျိုးတွေ ဖြစ်နေရပါတယ်။ အဲဒီမှာ ဒီရေဒီယိုသတ္တိကြွရောင်ခြည်တွေ လေထုထဲကမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံတွေကိုပါ ပျံ့နှံ့ရောက်ရှိသွားလိမ့်မယ်ဆိုတဲ့ သတင်းတွေနဲကအတူ မြန်မာနိုင်ငံကိုလည်း အက်ဆစ်မိုးတွေ ရွာသွန်းတော့မယ်ဆိုတဲ့ ကောလဟာလတွေ အများကြီးဖြစ်ပေါ်နေခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စင်္ကာပူနိုင်ငံမှာ (၁၅-၃-၂၀၁၁)ရက်နေ့မှာ တိုင်းတာရရှိခဲ့တဲ့ လေထုအရည်အသွေး မှတ်တမ်းများကို ကြည့်တဲ့အခါ လေထုမှာ ဘာမျှပြောင်းလဲမှုမရှိသေးဘဲ ကောင်းမွန်နေဆဲဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် (၁၅-၃-၂၀၁၁)ရက်နေ့အထိ မြန်မာနိုင်ငံဖက်ဆီကို ရေဒီယိုသတ္တိကြွ ရောင်ခြည်တွေ ရောက်လာမှုမရှိသေးတာကို သိရပါတယ်။ http://www.tunlwin.com မှ ကူးယူဖော်ပြပါသည်။


meengelayMarch 16, 20111min1314
ဆေးဖက်ဝင်အသီးအနှံများအနက် ထောပတ်သီးအကြောင်း ထောပတ်သီး (က) သရုပ်ဖော်ခြင်း ထောပတ်သီးသည် ကြီးမားသော အသားပြည့်သည့် ပဲပုံသဏ္ဍာန် ဘယ်ရီသီးမျိုးဖြစ်သည်။ ၎င်းအပြင် တစ်ခုတည်းသော ကြီးမားသည့် အစေ့ပါရှိကာ ယင်းအစေ့ကို ထောပတ်လို သဏ္ဍာန်တူသောအသားနှင့် မာသော အခွံများက ဝန်းရံထားသည်။ အသီးသည် စိမ်းဝါရောင်မှ နီညိုရောင်၊ ခရမ်းရောင်ရှိသည်။ ထောပတ်သီးပင်သည် အမြဲစိမ်းသစ်တောတွင် ပေါက်ရောက်သောအပင်ဖြစ်သည်။ အမြစ်မှာ ခပ်နက်နက်တွင် မရှိပဲ၊ မြင်သာသော အမွှေးအမှင်လည်း မရှိကြပေ။ (ခ) မူးရင်းဇာတိနှင့် ပြန့်နှံ့မှု ထောပတ်သီးပင်သည် ဗဟို အမေရိကတိုက်တွင် စတင်ပေါက်ဖွားသည်။ ရှေးဦး စပိန်စူးစမ်းရှာဖွေသူများက ၎င်းအပင်များ စိုက်ပျိုးမှုကို မက္ကဆီကိုမှ ပီရူးအထိကြောင်း မှတ်တမ်းတင်ခဲ့သည်။ ၁၆၁၀ ခုနှစ်တွင် ထောပတ်သီးကို တောင်ပိုင်းစပိန်သို့ ယူဆောင်ခဲ့သည်။ ၁၇၈ဝ ခုနှစ်တွင် ထောပတ်သီးကို […]


meengelayMarch 16, 20111min862
ဝက်ခြံကင်းစင်တဲ့အလှပိုင်ရှင်တွေဖြစ်လာအောင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။ ချွေးထွက်ပြီးနောက် သန့်စင်ပါ ချွေးထွက်ပြီးချိန်မှာ မျက်နှာကိုစင်ကြယ်အောင် သန့်စင်ပေးတာက ချွေးပေါက်ပိတ်ဆို့ခြင်းကင်းစေပြီး မျက်နှာအသားအရေကိုသန့်စင်စေပါတယ်။ အသားအရေကို ညင်ညင်သာသာပဲ သန့်စင်သင့်ပါတယ် မျက်နှာအသားအရေကို ကြေးချွတ်သန့်စင်တာမျိုး မလုပ်ပါနဲ့။ သင့်ဆံပင်က အဆီပြန်တဲ့ ဆံပင်မျိုးဆိုရင် နေ့စဉ်ခေါင်းလျှော်ပေးရပါမယ် ဆံပင်ပေါ်က အဆီတွေဟာ မျက်နှာအသားအရေပေါ် ကျရောက်ပြီး မျက်နှာကို ဝက်ခြံပေါက်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဝက်ခြံကို လက်နဲ့မဖဲ့ဆိတ်ပါနဲ့ ဝက်ခြံကို လက်နဲ့ဖဲ့ဆိတ်တာ၊ ညှစ်တာမျိုးက ဝက်ခြံကို ချက်ခြင်းပျောက်စေနိုင်တယ်လို့ သင်ထင်ထားပေမယ့် တကယ်ကတော့ ပိုဆိုးသွားစေတာပါ။ ဒါ့အပြင် ဆိုးရွားတဲ့ အမာရွတ်တွေကို ထင်စေပြီး တစ်သက်လုံးမပျောက်နိုင်တော့တဲ့ အထိဖြစ်စေနိုင်ပါတယ်။ ကြမ်းတမ်းတဲ့အသားအရေထိန်းပစ္စည်းတွေကို မသုံးသင့်ပါ ဝက်ခြံပေါက်နေချိန်မှာ ကြမ်းတမ်းတဲ့မျက်နှာသစ်ဆေး၊ မျက်နှာပေါင်းတင်ဆေး၊ ချွေးပေါက်ကျဉ်းဆေးရည်စတဲ့ အမျိုးအစားတွေအစား အပျော့စားအသားအရေ ထိန်းပစ္စည်းတွေကို သုံးသင့်ပါတယ်။ မျက်နှာကို ညင်သာတဲ့ […]


meengelayMarch 16, 20111min713
ဩစတေးလျ Seismological Centre မှ ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ ကီဗင်မက်ခ်ရု က ဂျပန်မှာ ငလျင်ကြီးမလှုပ်ခင် ငလျင်ငယ်ကလေးများ အကြိမ် ရာကျော်ပြီး လှုပ်ကတည်းက အင်အားပြင်း ငလျင်ကြီး လှုပ်တော့မယ်လို့ ကျန်ခဲ့တဲ့ သောကြာနေမှာ သတိပေး ပြောကြားခဲ့ပါတယ်။ သူပြောပြီး တစ်နေ့တည်းမှာဘဲ ဂျပန်မှာ ငလျင်ကြီးလုပ်ခဲ့ပါတယ်။ အခုလည်း နောက်ထပ် သတိပေးပြန်ပြီ ပထမ လှုပ်သွားတဲ့ ငလျင်ကြီးထက် ၁ မဂ္ဂနီကျူ့လျော့နည်းတဲ့ ငလျင်တစ်ခု လှုပ်နိုင်တယ်လို့ ဆိုပါတယ်။ ပထမ လှုပ်ခဲ့တဲ့ ငလျင်ကြီးထက် ၁ မဂ္ဂနီကျူ့လျော့နည်းတယ်ဆိုတော့ ၇.၉ (သို့) ၈.ဝ ပြင်းအားရှိတဲ့ အင်အားပြင်း ငလျင်တစ်ခု ဒီရက်ပိုင်းအတွင်းမှာ ထပ်လှုပ်ဖို့ ရှိနေတယ် လို့ ပြောထားပါတယ်။ နောက်ပြီး ဆူနာမီ လှိုင်းများလည်း […]


meengelayMarch 15, 20111min1189
လူသားတို့သည် များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ မိမိခန္ဓာကိုယ် သန့်ရှင်းရေးကို နေ့စဉ်လိုလို ပြုလုပ်နေကြသော်လည်း စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းဖို့ရန်အတွက်တော့ မေ့လျော့နေသလို မပြုလုပ်ချင်သလို ဖြစ်နေကြပေသည်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ မည်မျှပင် သန့်ရှင်းနေစေကာမှု စိတ်ပိုင်းဆိုင်ရာ ညစ်ပတ်နေပါက အသုံးမကျ လူရာမဝင်သော လူတစ်ယောက်သာ ဖြစ်ပေသည်။ များသောအားဖြင့် လူသားတို့သည် ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းပြီး လူကြည့်ကောင်းအောင် အဖိုးတန်ရတနာပစ္စည်း အဝတ်အစားများ ပြုလုပ်ထားလျှင် လူရာဝင် အဆင့်တန်းမှီသော လူတစ်ယောက်ဟု ထင်မှတ်နေကြပေသည်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော နှစ်မျိုးလုံး တိုးတက် လှပသန့်ရှင်းအောင် ပြုလုပ်နိုင်လျှင်တော့ လူရာအဝင်ဆုံးသော လူတစ်ယောက်ပင် ဖြစ်ပါသည်။ တကယ်လို့ မိမိက (၂)ခုလုံးစလုံး သန့်ရှင်းအောင် မလုပ်နိုင်လျှင် အဓိကအကျဆုံးဖြစ်သည့် စိတ်ပိုင်းဆိုင်ရာကို အလေးထား၍ သန့်ရှင်းပေးရပါမည်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်သန့်ရှင်းအောင် သီလစောင့်ထိန်းခြင်း […]


meengelayMarch 15, 20111min1071
http://www.sitagu.org/home/ (သီတဂူဆရာတော်) > http://www.dhammaceti.org/home.htm (ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ) > http://mettashin.com/ (အရှင်ဇဝန)(မေတ္တာရှင်-ရွှေပြည်သာ -၁) > http://mettashin.dhammathukha.com/index.php?option=com_content&view=frontpage> (အရှင်ဇဝန)(မေတ္တာရှင်-ရွှေပြည်သာ -၂) > http://theinngu.org/ (သဲအင်းဂူဆရာတော်) > http://www.mahasi.org.mm/ (မဟာစည်-၁) > http://www.mahasi.org/ (မဟာစည်-၂) > http://dhammaduta.net/ (အရှင်ပညိဿရ-ဓမ္မဒူတ) > http://www.shweparami.net/ (အရှင်ဆန္ဒာဓိက) > http://www.yawainwe.net/ (အရှင်ရာဇိန္ဒ)(ရဝေနွယ်-အင်းမ) > http://www.shwehinthar.com/buddhism/ (ရွှေဟင်္သာဆရာတော်) > http://www.pilotsayadaw.net/ (အရှင်ဇေယျပဏ္ဍိတ-ပိုင်းလော့ဆရာတော်) > http://www.chanmyay.org/ (ချမ်းမြေ့ဆရာတော်) > http://majjhimagonyi.info/ (အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်) > http://www.paauktawya.org/ (ဖားအောက်တောရဆရာတော်) > http://www.phyusayadaw.com/ (ဖြူးဆရာတော်) > http://www.theravada-3p.org/ (ဆရာဦးမြင့်လွင်-သန့်တည်ပွား) > […]


meengelayJanuary 13, 20111min1233
သက်ရှည်ကျန်းမာစေမယ့် နည်းလမ်းကောင်းလေးကို ဖတ်မိလို့ စာဖတ်သူများကို ပြန်လည်မျှဝေပေးလိုက်ပါရစေ * ဖုန်းပြောရင် ဘယ်ဘက်နားကို သုံးပါ * ကော်ဖီဆို တစ်နေ့ တစ်ခွက်သာသောက်ပါ * ရေခဲရေနှင့် ဆေးမသောက်ပါနှင့် * ညနေ ၅ နာရီကျော်ရင် ထမင်းအများကြီးမစားပါနှင့် * ဆီလျှော့စားပါ * ရေကို မနက်ပိုင်း ပိုသောက်ပြီး ညနေပိုင်း လျှော့သောက်ပါ. * ဟန်းဖုန်း အားသွင်းစက်ကို ခပ်ခွာခွာထားပါ. * နားကြပ်ကိုအကြာကြီး မသုံးသင့်ပါ * ည၁ဝ နာရီမှ မနက် ၆ နာရီသည် အကောင်းဆုံး အိပ်ချိန် * အိပ်ရာမဝင်ခင် ဆေးသောက်ပြီး ချက်ချင်း လှဲမချလိုက်ပါနဲ့ * ဓာတ်ရောင်ခြည် ပြန့်နှုန်း အဆ ၁၀၀ဝ ခန့်ရှိသောကြောင့် […]


meengelayOctober 8, 20101min1466
နေရောင်ခြည်… အခမဲ့ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ နေရောင်ခြည်မရှိဘဲ အသက်မရှင်နိုင်ကြဘူး။ ငယ်ရာကနေ ကြီးလာတဲ့အထိ ကျွန်တော်တို့သုံးစွဲခဲ့တဲ့ နေရောင်ခြည်အတွက် ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးစရာမလိုခဲ့ဘူး။ လေ…. အခမဲ့ဖြစ်တယ်။ အသက်ရှင်နေသူတိုင်း လေကိုရှူရှိူက်ကြရတယ်။ ဟိုးရှေးရှေးတုန်းကနေ ယနေ့အထိ ကိုယ်ရှူသွင်းလိုက်တဲ့ လေအတွက် တစ်ဦးတစ်ယောက်ကမှ ငွေပေးချေတာမရှိခဲ့ပါဘူး။ လူတိုင်း လောကတစ်ခွင်မှာရှိတဲ့ လေတွေကို လွတ်လွတ်လပ်လပ် ရှူနိုင်ကြတယ်။ မိသားစုသံယောဇဉ်.. အခမဲ့ဖြစ်တယ်။ ကလေးဘဝကစ မိဘတွေရဲ့ ချစ်ခင်ယုယမှုကို လူတိုင်းခံကြရတယ်။ ပေးဆပ်စွန့်လွတ်ခြင်းတွေနဲ့ အနစ်နာခံကြတဲ့ မိဘတွေက ဘယ်သားသမီးကိုမှ “ငါ့ကို ငွေပေးမှ ချစ်မယ်” လို့ ပြောခဲ့မယ်မထင်ဘူး။ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေက သားသမီးတွေကြီးလာလည်း ပျောက်ပျက်လျော့ရဲသွားတာမျိုး မရှိသလို အိုမင်းသွားလည်း ပျက်စီးပျောက်ကွယ်သွားတာမျိုး မရှိဘူး။ သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့မေတ္တာတွေက သားသမီးအပေါ် လွှမ်းခြုံနေမှာဖြစ်တယ်။ သူငယ်ချင်းသံယောဇဉ်…. […]


meengelayOctober 7, 20101min981
Financial stability ဆိုသည်မှာ လောကတွင် မထင်မှတ်သော အခက်အခဲ ပြဿနာများနှင့် ကြုံလျှင် မိမိနှင့် မိမိကို မှီခို အားထားနေရသော သူ အားလုံး အတွက် ငွေရေးကြေးရေးအရ စိတ်ပူစရာ မလိုသော အခြေအနေတွင် ရှိခြင်းကို ဆိုလိုသည်။ ထို အခြေအနေသို့ ရောက်ရန် အတွက် ယခုလက်ရှိ တတ်နိုင်သော အချိန်တွင် ကြိုတင် စဉ်းစား ပြင်ဆင် ထားရန် အထူး အရေးကြီးသည်။ ယခု ဆောင်းပါးတွင်တော့ စင်္ကာပူနိုင်ငံ Credit Bureau Pte Ltd မှ ထုတ်ဝေသော 10 Steps to Financial Stability ဆိုသည့် ဆောင်းပါးကို မှီးငြမ်း ဖော်ပြထားပါသည်။ (၁) Budget plan […]


meengelayOctober 7, 20101min1101
မြန်မာပြည်သား များဟာ အလှူ အတန်း ရက်ရော တာကတော့ ထင်ရှား ပါတယ်။ ဒါကြောင့် ထူးဆန်းတဲ့ အလှူ ဒါန တစ်ခု အကြောင်း ပြောပြပါ ရစေ။ အဲဒီ အလှူက ငွေကုန်ကြေး ကျလည်း မရှိဘူး။ ကိုယ့်ရဲ့ အားလပ် ချိန်မှာ တတ်နိုင် သမျှလေး လုပ်သွား ပေးရုံပဲ ဖြစ်ပါတယ်။ အချိန် ကလေး နည်းနည်းလေး ပေးဖို့ပဲ လိုအပ် တာပါ။ အဲဒီ အလှူ ကတော့ ရန်ကုန်၊ မျက်မမြင်ကျောင်း (ခဝဲခြံ) က မျက်မမြင်တွေ အတွက် အသံ အလှူဒါနပဲ ဖြစ်ပါတယ်။ ရန်ကုန်၊ မျက်မမြင်ကျောင်း (ခဝဲခြံ) မှာ ဒီနှစ် မူလတန်း ကနေ အထက်တန်း […]

news2.jpg

meengelayOctober 7, 20101min631
ကြောက်ဖို ့မလိုတော့တဲ့ သည်းခြေကျောက် ကြောက်ပါတယ် ကျောက်ရယ် …. ကလင် .. ကလင် .. ကလင် …. “ အစ်မရေ .. သမီး ဗိုက်အောင့် နေပြန်ပြီ၊ ဗိုက်လည်းကယ်တယ် ၊ တညလုံး မအိပ်နိူင်ဘူး ။ လုပ်ပါအုံး ။ ” ဖုန်းသံကြောင့် စောစောစီးစီး လန် ့နိုး လာရာမှ နာကျင်မောဟိုက်စွာ ဆက် ပြော သံများကြောင့် စိတ်ပူသွားမိသည် ။ ဒီကလေးမ တော့ မနေ ့ညက ဘာတွေ ဘယ်လောက်တောင် များ အစားသောင်းကျန်းခဲ့ပြန်ပြီလည်းဟူသော အတွေးက ချက်ချင်း ခေါင်းထဲ ရောက်လာဖြစ်သည် ။ “ ဟဲ့ ။ ဘာဖြစ်ပြန်ပြီလည်း ။ […]