သို့ ဥက္ကဋ္ဌ နိုင်ငံတော် သံဃာ့မဟာနာယက ဇမ္ဗူဒီပကျောင်းဆောင်၊ ကမ္ဘအေးကုန်းမြေ။ ရန်ကုန်မြို့။ နေ့စွဲ့(၂ဝ-၁-၈၃) အကြောင်းအရာ။ ။ ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယ စာအုပ်၌ အညေခန္ဓာ အညံ နိဗ္ဗာနန္တိ အာမန္တာဟူသော စကားများ ကထာဝတ္ထု ပါဠိ အဘိဓမ္မာကျမ်း၌ မပါဝင်ပဲ ပါဝင်သည်ဟု နိုင်ငံတော် သီးခြား ဝိနိစ္ဆယအဖွဲ့ အမှတ်(၁)၏ မိန့်ကြားချက်အမှားကို ဖယ်ရှားနှိမ်နင်းပေးရန် လျောက်ထား စောဒနာလွှာပါ ဘုရား။ လျောက်ထားပါသည် ဘုရား- နိုင်ငံတော် သီးခြား ဝိနိစ္ဆယအဖွဲ့ အမှတ်(၁) ၌ ပါဝင်ကြသော အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာရဋ္ဌဂုရု ကိုင်းကုန်းဆရာတော်ကြီး အမှူးပြုသော ဆရာတော်တို့သည် ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယ စာအုပ်၌ နိဗ္ဗာန်ကို ဤကိုယ်တလံ အပြင်အပ၌ ရှိကြောင်း ပြောကြားလိုကြသောကြောင့် ကထာဝတ္ထု […]