မီးနီလေး တဖျတ်ဖျတ်နဲ့ ရဲတွေပါလာတဲ့ ဂျစ်ကားတစ်စီး ကျွန်တော်တို့ တန်းလျားဆောင်ရှေ့ လာရပ်တယ်။ ရဲအုပ်တစ်ယောက်နဲ့ရဲသားနှစ်ယောက် ခုန်ဆင်းလာတာမြင်တော့ ကျွန်တော်လည်း ရင်တုန်သွားတယ်။ ကြောက်တဲ့စိတ် က ဝမ်းထဲကနေ အေးစက်ပြီး စိမ့်ပျံ့ထွက်လာသလိုပဲ။ ဒီတစ်ချီတော့ သွားပဟ လို့ တွေးမိတယ်။ နောက်ဆုံးတော့ ရာဇဝတ်ဘေး ပြေးမလွတ်ပါလား။ ကျွန်တော့်ဘဝ ဖန်လာပုံက အဲဒီလိုချည်းပဲ။ အဆင်ပြေမယ်ကြံရင် ကံကဆိုးပြီ။ အေးအေးသာသာ ရပ်နေရတဲ့အချိန်လေး ခြေထောက်အောက်က ကောဇောကို ဆောင့်ဆွဲထည့်လိုက်သ လိုမျိုးပေါ့။ ခုလည်း အချစ်စစ်နဲ့ တွေ့ပြီဟဲ့လို့ စိတ်ထဲ တနွေးလှိုက်လှိုက် ဖြစ်ရုံ ရှိသေး ဂျေး အောင်းရမယ့် ကိန်းဆိုက်နေပါပကောလား။ ဧကရာဇ်ကြီး ရှားဂျဟန်လိုပေါ့ ..ချစ်တဲ့ သူနဲ့ ကွေကွင်းရတော့မှာ။ ကျွန်တော့်ရဲ့ မွမ်းတက်ဇ် မဟယ်လေး နီတာနဲ့ အဝေးကြီးဝေး လို့ […]


ခုတလော ခွေးရူးပြန်ရောဂါက အက်ဂရာကို ခြိမ်းခြောက်နေတာ။ ကလေးတော်တော်များများ ခွေးရူးကိုက်ခံရလို့ သေသွားတယ်တဲ့။ ကျန်းမာရေးဌာနကတော့ သတိပြုဖို့၊ ကြိုတင်ကာကွယ်ရမယ့် အဆင့်တွေလုပ်ဖို့ ကို ကြေညာချက်ထုတ်ပြန်ထားတယ်။ ကျွန်တော်လည်း ရှန်ကာကို သတိပေး ထားရတယ်။ “ဟေ့ကောင်..အပြင်ထွက်ရင် သတိထားနော်..ဘယ်ခွေးနားမှ သွားမကပ်နဲ့..နားလည်လား..” ရှန်ကာ က ခေါင်းညိတ်ပြတယ်။   **********************   ဒီတစ်ခါတော့ ဖိနပ်ချုပ်သမား ဘီဟာရီ အလှည့်ပေါ့။ ဒီမှာ ကျွန်တော့်ဆီက ပိုက်ဆံတစ်ခါမှ မချေးဘူးတာ သူပဲရှိတယ်။ ခုထိပေါ့။ “ရာဂျူးရေ..ငါ့ကလေး နန်ဟေး နေမကောင်းလို့ ဒေါက်တာ အက်ဂါဝယ် ဆေးခန်းကို သွားပြတော့…ဆေးမြန်မြန်ဝယ်သောက်ဖို့ညွှန်းလိုက်တယ်ကွာ..ဆေးက နည်းနည်း ဈေးကြီးတယ် …လေးရာလောက်တော့ မရမက ရှာကြံရဦးမယ်..မင်း ငါ့ကိုပိုက်ဆံ ချေးပါဦးကွာ..တောင်းပန်ပါတယ်..” ကျွန်တော့်လက်ထဲ နှစ်ရာပဲ ရှိတယ်။ ပြန်ရမှာလဲ မဟုတ်..လောလောဆယ်လည်း […]


Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} ကောင်လေးတွေက အတော်လေးကြီးတဲ့ နှစ်ထပ်အိမ်တစ်လုံးထဲ ဝင်သွားတော့ ကျွန်တော်လည်း သူတို့နဲ့ အတူတူလာတယ်ဆိုတာသိရအောင် ကပ်ပြီး လိုက်ဝင်လိုက်တယ်။ ဒီအိမ်ကတော့ တခြားဟာတွေလောက် နုတ်နုတ်စုတ်စုတ်မရှိဘူး။ ကော်ရစ်ဒါ ကျဉ်းကျဉ်းကလေးကသွားလိုက်ရင် […]


Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} ဒီမှာနေတဲ့ ခပ်မွဲမွဲကျောင်းသားထဲက တစ်ယောက်ဖြစ်တဲ့ ရှာကေးလ် က တစ်ညနေတော့ ကျွန်တော့်နား ချဉ်းကပ်လာပြီး ခပ်တွန့်တွန့်နဲ့             “ရာဂျူးဘိုင်..အစ်ကို စိတ်မဆိုးဘူးဆိုရင် တစ်ခုလောက် တောင်းဆိုချင်လို့..” […]


  ရရက်အတွင်း အခန်းခ ရူးပီး လေးရာ ဘွားဒေါ်ကို ပေးဖို့ရှိတယ်ဆိုတော့ ကျွန်တော် အချိန်ဖြုန်းလို့ မဖြစ်တော့ဘူး။ ကိုယ်လုပ်မယ်ရည်မှန်းထားတဲ့ အသက်မွေးဝမ်းကြောင်းမည့် ကိစ္စနဲ့ ပတ်သက် တာလေ့လာရဦးမယ်မဟုတ်လား။ လက်ထဲကျန်တဲ့ ရူးပီး ငါးဆယ်က တပ်ဂျ် ထဲ နှစ်ရက် လောက်တော့ သွားလို့ရမယ်။ ရှန်ကာ့ ဆီက တစ်ဆယ်ချေးတော့ နောက်တစ်ရက် ထပ်သွားလို့ ရမပေါ့။ အနောက်နိုင်ငံသား ခရီးသွား အုပ်စုတွေနောက် မယောင်မလည်လိုက်..ဧည့်လမ်းညွှန် ရှင်းပြတာ သေချာလိုက်မှတ်..တတ်နိုင်သလောက်များများ မှတ်မိအောင် လုပ်။ အေးဆေးပါပဲ..သိပ် မခက်ဘူး။ မခက်ဆို တပ်ဂျ် ထဲ လျှောက်သွားနေတာ လူကြပ်ကြပ် ဘတ်စ် ကားပေါ် ရွေးတက်တဲ့ ခါးပိုက်နှိုက် တစ်ယောက်လိုပဲ ဆိုတော့ သိပ်မကြာခင် ဘယ်လို ဝမ်းကျောင်းရမယ်ဆိုတာ သဘောပေါက် လာတယ်။ […]


Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} နေညိုလာပြီဆိုတော့ ပုစွန်ဆီရောင် နီကျင်ကျင် ဆည်းဆာရောင်အောက်မှာ ကျောက်ဖြူဗိမာန်ကြီးက နစ်မြုပ်နေသလိုမျိုးဖြစ်လာတယ်။ ကျွန်တော်လည်း ခွာရပြီပေါ့။ လောလောဆယ် နေဖို့တစ်နေရာတော့ ကျွန်တော်ရှာရမှာ။လမ်းပေါ်မှာ လူငယ်လေးတစ်ယောက်တွေ့လို့ သူ့နားအသာချဉ်းကပ်သွားတယ်။ အသက်ကတော့ […]


                                                          မေတ္တာဇာတ်လမ်း တစ်ပုဒ် အစာ…ဟုတ်တယ်…လူသူတွေနဲ့ ရှုပ်ထွေးဆူညံနေတဲ့ ဟောဒီ ဘူတာရုံထဲမှာ လွန်ခဲ့တဲ့ နှစ်နာရီကတည်းက မတ်တတ်ရပ်ရင်း မြင်မိ၊တွေးမိ၊ ကြားမိ၊ အနံ့ခံနေမိတာ အစားအသောက်အကြောင်းပါပဲ။ တကယ်လို့ ခင်ဗျားတို့ အစာ မစားတာ နည်းနည်းကြာသွားပြီ ဆိုရင် ဆာလွန်းလို့ အူလိမ်ပြီး တော်တော် ခံရခက်မယ်။ နောက် ခဏ ကြာ […]


မောင်ဘလိုင်December 24, 20121min1849
စမီတာ က သက်ပြင်းရှည်တစ်ချက်ချပြီး – “နာမည်ကျော် ဖလင်စတားတွေမှာ ဒီလို စိတ်ရောဂါ အနုစားတွေ ရှိတတ်တာမျိုးပဲ..သိပ်တော့ မထူးဆန်းပါဘူး.. အဲ..မွန်းတက်ဇ် မဟယ်ကို ငါလည်း ကြည့်ဖူးတယ်..ရွှေလက်ကောက်ပေးတဲ့အခန်းက ဘာ အဓိပ္ပါယ်လဲဆိုတာ သိချင်လိုက်တာ…နီးလိမာက ဟိုသူခိုးကို ဘာပြောလိုက်လဲ…”   “ဟင့်အင်း.. ကျွန်တော်လည်း မကြားလိုက်ဘူးဗျ..အဲ့ဒီအခန်းက လျှို့ဝှက်ဆန်းကြယ်ဖြစ်နေတုန်းပဲ…ကဲ.. ကျွန်တော်တို့ နီးလိမာအကြောင်းဆက်ပြောမလား…ကျွန်တော့် ပဟေဠိပြိုင်ပွဲကို ဆက်ကြည့်မလား…”   စမီတာက မလုပ်ချင် လုပ်ချင်နဲ့ ရီမု ကွန်ထရိုးပေါ်က ပလေး ခလုပ်ကို နှိပ်လိုက်တယ်။   ကြား အားလပ်ချိန် ကြာကြာလေး ပေးထားတဲ့အချိန်ပေါ့။ စတူဒီယိုထဲမှာ လူတွေ ယောက်ယက်ခတ်နေတာပဲ။ ထုတ်လုပ်သူ ဆံရှည်ကိုယ်တော်နဲ့ပရမ်ကူးမားတို့နှစ်ယောက် ထောင့်လေးတစ်ထောင့်မှာ ဘာတွေတိုင်ပင်နေကြ တယ် မသိဘူး။ ကိုဆံရှည်ထွက်သွားတော့ ပရမ်ကူးမားက ကျွန်တော့်ကို […]


မောင်ဘလိုင်December 22, 20121min16010
နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက် အိမ်ကို လာမယ်။ နီးလိမာ ကတော့ စိတ်လှုပ်ရှားလို့ပေါ့။ သူ့စိတ်ထဲတော့ ကင်မရာရှေ့နောက်တစ်ကြိမ် ပြန်ရောက်ရပဟဲ့ ဆိုပြီး ယုံနေရှာတယ်။ မိတ်ကပ်လိမ်း ရတာ၊ အဝတ်အစားရွေးရတာ တစ်နေကုန်ရော ဆိုပါတော့။ ထုတ်လုပ်သူက ညနေကျတော့ ရောက်လာတယ်။ လူကတော့ အရပ်ပုပု၊ ထိပ်ပြောင်ပြောင်၊ ဗိုက်ရွှဲရွှဲပဲ ခင်ဗျ။ ထုံးစံအတိုင်း ဂူလပ်ဂျမန်း ရယ် စမူဆာ ရယ်ကို ဧည့်သည်အတွက် ချပေးရတာပေါ့။ အဲ..အမှုန့်နဲ့ဖျော်ရ တဲ့ ဖျော်ရည် တစ်ခွက်တောင် ပါသေး။ ထုတ်လုပ်သူက နီးလိမာကို ပြောတာတွေကတော့ သူထုတ်မဲ့ ဇာတ်လမ်းမှာ နီးလိမာအတွက် တကယ့် ရိုးလ် ပေးထားတယ်ပေါ့လေ။ “အမယ်.. ဒီကားမှာ နီးလိမာဂျီး အခန်းက တကယ့် နေရာနော်..ကျုပ်ကိုယ်တိုင်ကလည်း နီးလိမာဂျီး ရဲ့ အမာခံ […]


မောင်ဘလိုင်November 10, 20123min46234
စမူဆာကို ဘယ်အချိန်က ကျွန်တော်စပြီး စားဖူးမှန်း မမှတ်မိသော်လည်း ဒီနေ့အချိန်ထိ ကြိုက်နှစ်သက် နေဆဲ စားစရာတစ်ခုပင်ဖြစ်ပါသည်။ ကျွန်တော်တို့မြို့မှာ အရင်တုန်းက စမူဆာ လုပ်ရောင်းသော အိန္ဒိယ နွယ်ဖွားများက ကြက်သား၊ ဆိတ်သား များအစာသွပ်ပြီး ကြော်ကြပါသည်။ (ဒီလိုစာသံပေသံနဲ့ရေးတာ သိပ်မကောင်းဘူးထင်တယ်နော်…စကားပြောလေးနဲ့ပဲ ဆက်ကြတာပေါ့..) နောက်တော့ အဲဒီ စမူဆာကြော်သူများလည်း ဘယ်ရောက်သွားမှန်းမသိပါ။ ယခုထိ ကျွန်တော်တို့မြို့ မှာအသားစမူဆာဆိုတာ ဘယ်သူမှမရောင်းကြတော့ဘူးလို့ ထင်တာပဲ။ မြို့တစ်မြို့ရောက်လို့ မုန့်ဆိုင်၊ လက်ဘက်ရည်ဆိုင်ထိုင်မိရင် ကျွန်တော်အရင်ဆုံး မြည်းစမ်းကြည့်တာက မုန့်ဟင်းခါးနဲ့ စမူဆာ။ တွဲစားတာတော့ မဟုတ်ဘူးပေါ့။ အညာဘက်က စမူဆာကြီးတွေကျတော့ အတော်ကြီးတယ်။ စမူဆာ သုပ်ဆိုလည်း တော်တော်ကောင်းတယ်။ နောက် စမူဆာကြော်လို့ ပဲ့ထွက်လာတဲ့ အကြော်အဖတ် လေးတွေကိုလည်း သုပ်စားကြသေးတယ်။ ပလပ်သုပ်ဆိုလား ခေါ်ကြတာ။ စမူဆာ […]


တစ်ညနေတော့ နီးလိမာက ကျွန်တော့်ကို ခေါ်ပြီး ပြောတယ်။ “ရမ်…မနက်ဖြန် မင်း ဂတ်ကိုပါက တန်းလျားမှာပဲ နေကွယ်..တစ်ရက်ပါပဲ..ငါ့ကိုယ်ရေးကိုယ်တာလေး ရှိလို့…” “ဒါပေမဲ့..ဟို..ဘာလို့…” “မေးခွန်းတွေ မမေးနဲ့..ငါပြောတဲ့အတိုင်းသာ လုပ်..ဟုတ်လား..” ကျွန်တော် အထွန့်တက်ဖို့ လုပ်တော့ သူ့လေသံက မာမာပြတ်ပြတ်ဖြစ်သွားတယ်လေ။ ဒီလို တန်းလျား ပြန်နေဖို့ပြောတာ သုံးလအတွင်း သုံးကြိမ်ရှိတယ်။ ကျွန်တော် သိပါတယ်..ကျွန်တော်မရှိတဲ့အခါကျရင် သူ့ချစ်သူနဲ့ အေးဆေးနေလို့ရတာလေ။ ကျွန်တော်ရှိနေရင် ဘယ်လွတ်လပ်မလဲ။ အဲဒါကြောင့် နေမှာပေါ့။ တစ်ခါကျတော့ ကျွန်တော့်ကို တန်းလျားပြန်နေခိုင်းတဲ့အခါမှာ သူပြောတဲ့အတိုင်း တိတိကျကျ မလုပ်ဘူး။ မနက် ခုနစ်နာရီ ပြန်လာရမဲ့အ စား မနက် ငါးနာရီကတည်းက ကျွန်တော် သူ့အခန်းနားမှာ ချောင်းနေတာ။ သေချာသလောက်ပဲဗျ။ မနက် ခြောက်နာရီ ထိုးတော့ အိမ်ခန်းတံခါးပွင့်လာပြီးတော့ ယောက်ျားတစ်ယောက် ထွက်လာတယ်။ […]


နီးလိမာ ရဲ့အမေ ဘွားတော်ကြီးလည်း ကျန်းမာရေးက တဖြည်းဖြည်း ဆိုးလာတယ်။ ချောင်းတွေဆိုး၊ ညည်းညူနေတဲ့အချိန်တွေ ပိုများလာ တယ်။ပြီးတော့ တဆူဆူ တပူပူ လုပ်နေတာကလည်း သည်းမခံနိုင်လောက်အောင်ပဲ။ သူ့ကျန်းမာရေး အခြေအနေကို အမြဲတမ်း ဇီဇာချဲ့..ဟိုလိုလုပ် ဒီလိုလုပ်၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဟာ…တစ်ချိန်လုံး ပွားနေတာ၊ နီးလိမာ ကိုတောင် ချမ်းသာမပေးဘူး။ နီးလိမာကိုလည်း ငါကနင့်ကိုမွေးပေး ထားတဲ့ အမေဟဲ့…ညည်းမှာ ပြုစုရမယ့် ဝတ္တရား ရှိတယ်…သေချာလုပ်စမ်း…ဘာညာနဲ့ အဲဗား ပွားနေတော့တာ..။နီးလိမာလည်း အာရုံတော့ နည်း နည်းနောက်နေလောက်ပြီ ထင်တာပဲ။ ကျွန်တော်လည်း အပြင်ထွက်ပြီး တစ်ခုခု ဝယ်တာအပြင် ဘွားတော်ကြီး ဆေးဝါးတွေ ထွက်ဝယ်ရတာ နေ့တစ် ဝက်လောက် အချိန်ကုန်နေတော့တာ။ ပြီးရင် သူ့ကို အချိန်မှန် ဆေးတိုက်။ ဆေးလုံး ဆေးခဲ […]


မန္တလေးဂေဇက်မှာ ကျွန်တော်တို့ ပို့စ်လေး တွေ တင်တဲ့အခါ လူစိတ်ဝင်စားနည်းလို့ ကွန့်မန့်လေးတွေမရတာ..၊ ကိုယ့်ပို့စ် လူအဖတ်နည်းတာဆိုလို့ရှိရင် အတော်လေး စိတ်ပျက်မိကြပါလိမ့်မယ်။ ကျွန်တော့်ပို့စ်တွေမှာ ဆို ကွန်မန့်အများဆုံး ရဖူးတဲ့ ပို့စ်တောင် ကွန်မန့် ၂ဝ မကျော်ပါ။ တော်တော်များများတော့ ဖတ်ကောင်းဖတ်ကြ ပါလိမ့်မည်။သို့သော် ကွန်မန့် မပေးသွားခြင်းလည်း ဖြစ်နိုင်ပါသည်။ ထိုသို့ စာဖတ်သူထဲတွင်လည်း ကျွန်တော် လည်း ပါသည်။မပေးရခြင်းမှာလည်း ထွေထွေရာရာ မပြောတတ်ခြင်းနှင့် ကိုယ့်ကွန်မန့်ကြောင့် ပို့စ်ရှင် စိတ် အနှောင့်အယှက် ဖြစ်မှာ စိုးတာလည်းပါသည်။ သို့သော်လည်း ကိုယ်တိုင်ပို့စ်ရေးသူတစ်ယောက်အနေနှင့် ကိုယ့် ပို့စ် တစ်ပုဒ်တွင် ကွန်မန့်ကောင်းလေး တစ်ခုတစ်လေ ပေးသွားခဲ့လျှင် အင်မတန် ပီတိဖြစ်ရပါသည်။ ကျေးဇူးတင်မိသည်။ သာမည ပြောနေကျ ကျေးဇူးပဲ ဆိုသည့် စကားထက် များစွာ […]