အသုံးချဂမီ္ဘရ(၇)စိတ်တန်ခိုးတလွဲအသုံးချခြင်း စိတ်တန်ခိုးသည်အစွမ်းသတိ္တရှိသောစိတ်၏အင်အားများတွင်ပြင်းပြထက်သန်သောဆန္ဒကိုစူးစိုက်ကာလိုရာပြီးစေ ခြင်းဖြစ်၏။အကောင်းကိုလည်းဖြစ်စေနိုင်၏။အဆိုးလည်းဖြစ်နိုင်၏။ထိုအစွမ်းနှင့်မှော်ပဉ္စလက်ပညာတို့ကိုသုံးကာ မိမိကိုယ်ကျိုးအတွက်အခြားသူများကိုလွှမ်းမိုးဖို့ကြိုးစားလျှင်မှားယွင်းပါသည်။အဘယ်ကြောင့်ဆိုသော်ထိုသိုပြု ခြင်းသည်အခြားသူများကိုမိမိအစွမ်းဖြင့်တင်စီး၍ဝန်လေးစေခြင်း၊ထိခိုက်နစ်နာစေခြင်းတို့ကြောင့်ဖြစ်ပေသည်။ ထိုသို့ပြုခြင်းကားအောက်လမ်းမှော်ပညာ၏နည်းလမ်းပင်ဖြစ်၏။ထို့ပြင်မိမိကိုယ်ကျိုးအတွက်ထိုအစွမ်းကိုအသုံးပြု ၍စကြာဝဠာစွမ်းအားများကိုဆွဲယူညှို့ငင်ဖို့ကြိုးစားလျှင်လည်းမှားယွင်းပါသည်။စကြာဝဠာစွမ်းအင်များကိုညှို့ယူကာ ထိုစွမ်းအင်နှင့်အတူပေါင်းစပ်၍ညီညွတ်စွာစီးဆင်းပြီးအလုံးစုံသောကောင်းမှုများအတွက်သာဦးထိပ်ထားပါ။ဤ နည်းသည်သာမှန်ကန်သောမဟာဂန္ဓာရီနည်းလမ်းဖြစ်၏။ တန်ခိုးသတိ္တရှိသောစိတ်သည် ကောင်းဆိုးနှစ်တန်လုံး သုံးနိုင်သည်။(သုတ္တန်တစ်ခုတွင်ဘုရားရှင်ဟောတော်မူထားသည်မှာတန်ခိုးကြီးသောဂန္ဓာရီရသေ့တို့အမျက်ထွက် လျှင်တစ်မြို ့လုံးချက်ချင်းပြာကျသွားနိုင်ကြောင်းပါသည်။)ထို့ကြောင့် သမစိတ္တရှိလျှင်၊သဘာဝတရားနှင့် လိုက်လျောညီထွေရှိလျှင်၊မေတ္တာ ကရုဏာဖြင့်အခြားသူများအပေါ်ဆင်ခြင်မှုရှိလျှင် ကာယသုခ၊စိတ္တသုခ နှင့်ပြည့်စုံကြွယ်ဝပေလိမ့်မည်။ထိုအခါ အနန္တအာကာသဓာတ်ကြီးမှ လိုသမျှစွမ်းအင်တို့ဖြင့်ပြည့်ဝလာမည်။ လိုသမျှစွမ်းအင်တို့ကိုလည်းညှို့ယူလာနိုင်လာမည်။မပြည့်ဝသောဂန္ဓာရီဆရာတို့သည်စွမ်းအင်များစီးဆင်းမှု ကိုမပိုင်နိုင်ဘဲကိုင်တွယ်လေ့ရှိရာ စွမ်းအင်များကမောက်ကမဖြစ်သွားတတ်သည်။(ဓမ္မပဒ ယမကဝဂ်တွင် ဒေဝီလရသေ့ကဘုရားလောင်းနာရဒရသေ့ကိုမမှန်စွပ်စွဲ၍ကျိန်စာတိုက်၏။ နာရဒရသေ့မှတန်ပြန်ကျိန်ဆို ရာ နေထွက်လျှင်မိုးကြိုးပစ်၍ ဒေဝီလရသေ့ သေရမည်တွင်နာရဒရသေ့မှကရုဏာဖြစ်လာသဖြင့် နေမထွက် အောင်တန်ခိုးဖြင့်တားထားသည် ဖြစ်၍ ဗာရာဏသီတစ်ပြည်လုံးအမှောင်ဖုံးသည့်အတွက်လူအများဒုက္ခရောက် ကြရသည်။ဤဇာတ်တော်မှာကိုယ့်အတိုင်းတာကိုယ်မသိသောဆိုဆုံးမခက်သည့်ဒေဝီလရသေ့ကြောင့်ဖြစ် ပေသည်။)ကောင်းစွာ အသိပညာမပြည့်စုံသော၊ကောင်းစွာနားလည်သဘောပေါက်မှုမရှိသော၊ကောင်းစွာ လိမ္မာသိုသိပ်မှုမရှိသော၊ဖြစ်လာမည့်အကျိုးဆက်ကိုမြော်မြင်တွေးဆမှုမရှိသောသူတို့အတွက်အစွမ်းရှိသော စိတ်တန်ခိုးသည်မြင်းကိုချို(ဂျို)တပ်သကဲ့သို့၊ကျားကိုအတောင်တပ်သကဲ့သို ့ပင်ဖြစ်ရာစိတ်ကူးတည့်ရာ မွှေနှောက်စမ်းသပ်ရန်သွေးဆောင်လျက်ရှိလေသည်။အသိဉာဏ်ပညာနှင့်ပြည့်ဝသောဆရာရှင်တို့သည် သဘာဝတရား၏စွမ်းအင်စီးဆင်းမှုမထိခိုက်စေဘဲ၊အခြားသူများကိုဝန်လေးမပင်ပန်းစေဘဲ စိတ်တန်ခိုးအင် အားတို့ကိုလိမ္မာသိမ်မွေ့စွာကိုင်တွယ်လေ့ရှိ၏။ဤသည်မှာသိဒိ္ဓဓာတ်ကြီးနှင့်ပေါင်းစည်းခြင်းပင်ဖြစ်သည်။ သိဒိ္ဓစွမ်းအင်များကိုမိမိတို့ဆန္ဒအလျောက်သုံး၍တစ်ပါးသူတို့အားဝန်လေးစေခြင်းမဟုတ်ပေ။ ဘာဝနာပွားများခြင်း၊ဘေးမရှိခြင်း၊မိမိကိုယ်ကိုနှိမ့်ချခြင်း၊ရိုးသားဖြောင့်မတ်ခြင်း၊ကိုယ်ကျိုးမငဲ့ခြင်းစသည် တို့ကားပဓာနကိစ္စများဖြစ်ကြသည်။ဤဝိသေသများရှိလျှင် တန်ခိုးစွမ်းအင်ကိုတလွဲသုံးခြင်း၊ထိုသို့ပြုရန် အလားအလာတို့ကိုကာကွယ်နိုင်ပေလိမ့်မည်။(ပုရွက်ဆိတ်လေးတစ်ကောင်ကိုပင်လက်ဖြင့်ပွတ်ချေမသတ် ဝံ့သောကောင်မလေးတစ်ယောက်လက်ထဲ လေသနတ်တစ်လက်ပေးကြည့်ပါ။မစဉ်းစားမဆင်ခြင်ဘဲလက် တည့်စမ်းမည့်အလားအလာရှိပေသည်။)သို့အတွက် ဝေဖန်ပိုင်းခြားနိုင်သောအသိဉာဏ်နှင့်မွန်မြတ်သော ကိုယ်ကျင့်တရားရှိဘို့အလွန်အရေးကြီးပေသည်။သိဒိ္ဓဓာတ်များကို […]