mgpoe zarFebruary 23, 20141min24513
မနှစ်က ကျွန်တော်အလုပ်လုပ်နေတဲ့ သင်္ဘောပေါ် အင်ဂျင် ဆီထိုးနဲ့ ကိုအောင်မြင့်ဆိုတဲ့ မြန်မာသင်္ဘောသားတစ်ယောက်တက်လာတယ်။ ကျွန်တော်ထက် အသက်ကြီးတယ်။ ၃၁နှစ်ကျော်လောက်ရှိမယ်။ မလေး အင်ဒို တစ်ဝိုက် ငါးဖမ်းသင်္ဘောတွေ ၆နှစ်ကျော်လောက် လိုက်ဖူးတယ်။ တက်ပြီး တစ်ပတ်တောင်မကြာဘူး အင်ဂျင်ခန်းက လူတွေနဲ့အဆင်မပြေဘူး။ အင်္ဂလိပ်စာမကောင်းတော့ အလုပ်လည်း သိပ်မလုပ်နိုင်တော့ တခြားနိုင်ငံသားတွေက idiot ကော fucking ကော မျိုးစုံအဆဲခံရတယ်။ တခါတလေ ကန်ချင်ကျောက်ချင်သလိုတောင် လုပ်ကြတယ်။ အနှိမ်ခံရတယ်။ မိန်းမက ကိုယ်ဝန်ရခါစ ဖြစ်တာကော အလုပ်မှာ ဒီပရက်ရှင် ဝင်နေတာကောနဲ့ သူက ဒီသင်္ဘောပေါ်မလုပ်ချင်တော့ဘူး ကျွန်တော့်ကို လာပြောတယ်။ ကျွန်တော်က ရောက်တာတောင် တစ်ပတ်ပဲရှိတယ် ခင်ဗျား ငွေတွေအကုန်ဆုံးကုန်မှာဆိုတော့ ရတယ်တဲ့ ရွာပြန်ပြီး တက္ကစီပဲပြန်မောင်းမယ်တဲ့။ ငါသင်္ဘောသားအလုပ်ကို စွန့်လွှတ်ချင်ပြီတဲ့။ ညတိုင်း မျက်ရည်တထွေထွေနဲ့ […]