ချစ်ချစ်ချစ်(အပိုင်း-၁) အခန်း-၄ နေမွန်းတည့်အချိန် ဖြစ်လေသည်။ နိုဝင်ဘာလ အတွင်းရောက်နေပြီဖြစ်သဖြင့် အပူရှိန်မှာသိသိသာသာလျော့ကျနေပေပြီ။ စိုက်ခင်းများရိပ်သိမ်ချိန်ကိုစောင့်မျော် နေရချိန်ဖြစ်သဖြင့် ဦိးဇော်ရိန်း တို့လိုယာသမားမျာအဖို့အားလပ်ချိန်ရနေသည်။ မိမိစိုက်ပျိုးထားသောယာခင်းမျာကို တောကောင်များလာရောက်စားသောက်ခြင်း ဖျက်စီးခြင်းရန်ကိုတချက်တချက်စောင့်ပေးရသည်။မဟုတ်ပါကရိပ်သိမ်းကာနီးအ ချိန်တချက်ပေါ့ပါကစိုက်သမျှ အချည်းနှီးဖြစ်သွားပေမည်။ သို့ပေမဲ့တချိန်လုံးစောင့် စရာကာမလိုပေ။ တောကောင်များ ကလည်း အသီးအနှံကောင်းစွာကြီးထွားနေချိန် ရိပ်သိမ်းကာနီး တွင်လာတတ်သည်။ ဦိးဇော်ရိန်း သားဖြစ်သူ နှင့် တူဖြစ်သူ တို့ အလာကိုစောင့်မျော်နေသည်။မိမိယာ တဲကိုညအိပ်စောင့်ကြပ်ချိန်ရောက်နေပြီ။ မိမိ စိုက်ပျိုးထားသောပြောင်းခင်းကိုယမန် နေ့များကတောကောင်ဝင်ထားကြောင်းယာနီးချင်းရွာသားတဦးမှအသိပေးထားသည်။ အခါတိုင်းမိမိတယောက်တည်းညအိပ်စောင့်ကြပ်လေ့ရှိသော်လည်း အသက်အရွယ်ရ လာသည်ကတကြောင်း တောလည်(မုဆိုး) မထွက်ရတာကြာပြီဖြစ်သဖြင့်လည်းကောင်း တယောက်တည်းထက်စာပါကအဖော်ပါသင့်သည်ဟု အမျိုးသမီးဖြစ်သူကတိုက်တွန်းသဖြင့် လည်းကောင်း ထိုနှစ်ယောက်အားခေါ်လိုက်ရခြင်းဖြစ်လေသည်။ ထိုနှစ်ယောက်ကလည်း အရွယ်ရောက်ပြီးသူများပီပီ အတော်အတန်မုဆိုးပညာတတ်ကျွမ်း နေပေပြီ။တကိုယ်တော် လူကြီးများမသိအောင်ခိုးခိုးထွက်လေ့ရှိကြသည်။ဒါပေမဲ့သားကောင် မရကြသဖြင့်လူကြီးများမသိကြ။ ဝါရင့်မုဆိုးများနှင့်တွဲဖက်မှသားကောင်ရတတ်ကြသည်။ ဦးဇော်ရိမ်း ကားထိုရွာတွင်အလွန်ကျွမ်းကျင်သောမုဆိုးဖြစ်သဖြင့်သူခေါ်လျှင်ငြင်းမည့်သူ မရှိ။လိုက်ချင်သူပေါများလေသည်။ သူကလည်းမျှတသူတဥိီပီပီ အလည့်ကျအားလုံးကို ခေါ်သည်။အခြားသူများကတော့ […]