တိုက်ပွဲတပွဲတပွဲကား ပြီးဆုံးသွားခဲ့လေသည်။တိုက်ပွဲတပွဲနှင့်တပွဲအ ကြားပါဝင်သူများ၏ကိုယ်ရေးအချက်များရှာဖွေ တင်ပြရန် အားထုတ်နေမိသည်။ဘိုနီအကြောင်း တင်ပြရန်စီစဉ်ထားသော်လည်း လောက၌ထင် မှတ်မထားနိုင်သောအကြောင်းတရားများကြောင့် ဘိုနီအကြောင်းမေ့ထားကြပါစို့။ ဖြစ်ရပ်ကထူးဆန်းလှသည်။ကြောင် ဟူသောသတ္တဝါတို့ တစ်သိန်းတွင်တကြိမ်ဖြစ် တောင့်ဖြစ်ခဲ ကိစ္စဖြစ်ခြင်းကြောင့် သူ့အကြောင်း ရေးရန်ဦးစားပေးကိစ္စဖြစ်လေသည်။ ဘိုနီ ဆာမူရိုင်းရှည့်တို့ နှင့်တိုက်ပွဲ ဝင်ခဲ့သော ကိုရွှေကြောင် ။ ၎င်းသည် အမိ ဒေါ်ကြောင်ဝါ အဖ ကြောင်မျိုးစုံ တို့မှ မွေးဖွား လာသောဒုတိယ ထွက် ကြောင်ဖြစ်သည်။ ၎င်းမှာငယ်စဉ်ကပင်သွက်လက်ချက်ချာသည်။ ဉာဏ်ရည်ထက်မြက်သည်။အရာရာစူးစမ်းလိုသော အကျင့်ရှိသည်။အသံချိုသည်။ နုတ်လျှာ အာရွှင် သည်။(ထို့ကြောင့် မ တို့ဝိုင်းဝိုင်းလည်သည်။) ကြောင်တို့တပ်အပ်သောအတပ်ပညာများ အရွယ် မတိုင်ခင်ကနောကျေသည်။ဤကဲ့သို့အရွယ်ရောက် လာသောအချိန်တွင် ၎င်း၏သခင်မလေး/သခင်လေး တို့ကျေးဇူးဖြင့်ကွန်ဖူးပညာတမျိုးတတ်လာရသည်။ အကြောင်းမှာ သခင်များက DVD ဇာတ်လမ်းတွဲ များကြည့်ရာတွင် “သို်င်းလက်ဝါး” “နဂါးနိုင်ဓါး” “သွေးလက်ဝါး” “မိစ္စာ […]

မိုးတွေရွာကာနီးတုန်းက သတိထားမိတာလေးတခုရှိတယ်။ မိုးလွတ်ရာပြောင်းရွှေ့နေတဲ့ပုရွက် ဆိတ်တွေပါ။ အကောင်ကမဲမဲ ချီလာတဲ့ဥတွေက ဖြူဖြူ။အတန်းလိုက်ချီတတ်သွား တာ။ ရှေ့ကခေါင်းဆောင် တ ကောင်နောက်ကို နောက်က နောက်လိုက် ပုရွက်ဆိတ်တွေ က တညီထဲလိုက်တာ။ကြည့်လို့အရမ်း လှတာပဲ။ရှေ့ကကွေ့ရင်ကွေ့တဲ့ အတိုင်းနောက်ကကွေ့တယ်။ ရှေ့ကတတ်ရင်နောက်က တညီတ ညာတတ်တယ်။အောက်ကိုဆင်း ရင်လိုက်ဆင်းတယ်။ လမ်းမှာတဲ့ကောင်တွေ နောက် စ မှာပြတ်ကျန်တဲ့ကောင်တွေကို ပြန်တည့်မတ်ပေးတဲ့ အထိန်း ကောင်တွေကပြန်ထိန်းပေးတယ်။ ၁ဝ မိနစ်လောက်ကြာတော့ သူတို့ လိုရာပန်းတိုင်ခရီးကို အဆင်ပြေ ပြေနဲ့ ရောက်သွားကြတယ်။ ငါတို့များတော့ သူတို့နဲ့ကွာပါ့။ ရှေ့ကသွားတဲ့လူနောက်လည်း မလိုက်ချင်။ ရှေ့ကလူကလည်း စောင့်မခေါ်။ သွားချင်တဲ့နေရာ ကလည်း ရေရေရာရာ မရှိ။ လမ်းကြောင်းတွေက များ။ ဦးတည်ချက်မရှိ။ခေါင်းဆောင် ကောင်းမရှိ။နောက်လိုက်ကောင်း မရှိ။ အချင်းချင်းလည်းမညီညွတ်။ ဒီလိုတွေနဲ့ သွားနေရင်တော့ မိုးရွာရင် […]

တိုက်ပွဲ တပွဲ ဒီမနက်မှာအကြီးအကျယ်ဖြစ်သွားလို့ ရွာသူ/သားတွေအားလုံး တိုက်ပွဲ သတင်းနဲ့ပါတ်သက်လို့ သိခွင့်ရှိမယ်ထင်လို့သတင်းထူးအနေနဲ့တင်ပြပေးလိုက်တာပါ။ ဒီသတင်းမရေးမှီကလေးမှာ အန်တီဒေါ်မမ ပဒုမ္မာ ရဲ့ သတင်း ကျင့်ဝတ်ဆောင်းပါးလေးကဖတ်မိသွားတော့ သတင်းရေးရမှာ နဲနဲတော့တွန့်သွားတယ်ဗျ။ ဒါကြောင့်သတင်းရေးတဲ့အခါ ဘက်မလိုက်ရေးမူ တဖတ်သူ များ ၏ သိက္ခာကိုမကျဆင်းစေရန် ဓါတ်ပုံ ရုပ်သံများအား စိတ်မကောင်းစွာနဲ့ ပလပ် လိုက်ရပါတယ်။ တိုက်ပွဲ ဖြစ်ပွားရာနေရာဒေသကတော့ ရွှေစတုဂံဒေသတွင် ယနေ့မနက် မြန်မာစံတော်ချိန် ဝ၈:၀ဝ နာရီ တိတအချိန် တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ရွှေစတုဂံဒေသ ကို ရွာသူ/သားများ သိရှိနိုင်ရန်ဗဟုသုတ အနေနှင့်တင်ပြပေးရလျှင် ၁။ဦးရွှေမင်း နိုင်ငံ ၂။ဒေါ်ရွှေမြင့် နိုင်ငံ ၃။ဒေါ်ရွှေတင့် နိုင်ငံ နှင့် ၄။ေါ်ရွှေသန်းမြင့် နိုင်ငံ တို့၏ လေးနိုင်ငံထိစပ်နေသော ဒေသပင်ဖြစ်လေသည်။(လူတော်ဖြစ်လိုလျှင် မှတ်စုစာအုပ်ထဲ ကူး၍မှတ်ပါ။):mrgreen: တိုက်ပွဲဖြစ်သည်ဆိုရာတွင် […]

ခုတလော စိတ်ပြသနာရှိတဲ့ သူတွေ အနားမှာတွေ့တွေ့နေရလို့ နဲနဲ သတိထားမိတယ်ဗျာ။ အကြောင်းအမျိုးမျိုးကြောင့် အကောင်းပကတိစိတ်ကနေ ပြသနာစိတ်ပိုင်ရှင်တွေဘဝကိုရောက်ရောက်သွားရတာတွေ ပိုများတယ်။ ဌက်ဖျားလိုကနေဖြစ်တာထက်ပေါ့ဗျာ။ ရောဂါကနေ ထက် အကြောင်းအမျိုးမျိုးကြောင့် ဆိုတော့ နဲနဲအရေးကြီးလာသလားလို့ထင်မိတယ်။ လက်ရှိကာလအခြေအနေကလဲတွန်းပို့နေတာတွေ ကိုနဲနဲ အာရုံစိုက်ဖို့လိုမယ်ထင်တယ်။ နိုင်ငံခြား တိုးတတ်တဲ့နိုင်ငံတွေမှာလဲ ဒီလိုပြသနာတွေကို ဘယ်လို လုပ်နေကြသလဲ ဆိုတာလဲသိချင်တယ်ဗျာ။ လောလောဆယ်ကျုပ်ဒီစိတ်အုပ်စုထဲတောင်ရောက်နေပြီလားမသိ

ငယ်ငယ်က သစ်ပင်ပေါ်မှပုတ်သင်ညို ကိုမြင်လျှင် ကျနော်တို့’ပုတ်သင်ညိုအပျိုလိခြျင်ခေါင်းညိမ့်’ ဟူ၍အော်လေ့ရှိသည်။ကလေးအရွယ်နှင့်အော်သင့်သလား မအော်သင့်သလားမစဉ်းစားမိတတ်။ဒါပေသိ ဒီလိုအော်လျှင် ပုတ်သင်ညိုကခေါင်းညိမ့်သည်။ နဲနဲကြီးလာမှ သူ့ကိုအော်အော် မအော်အော် သူ့အမူအကျင့်အရခေါင်းညိမ့်တတ်နေခြင်းကိုသိလာ ရသည်။ သဘာဝ ပင်ဖြစ်သည်။ နောက်ပုတ်သင်ညိုတို့ကိုကြည့်လျှင် အမြဲတမ်း ကြေးခွံအရောင်တမျိုးတည်း မရှိတတ်။ သူနေထိုင်ရာဒေသ အရပ်ကိုလိုက်၍အရောင်ပြောင်းသည်။ ဒါမှသူ့ကိုစားဖို့ချောင်းနေသော ဌက်များ ရန်သူများအားပတ်ဝန်ကျင် မြင်ကွင်းနှင့်တရောင်တည်းဖြစ်သောသူ့ကိုမြင်ဖို့မလွယ်သလို သူ၏သားကောင်များကအနီးသို့ရောက်သည့်တိုင် သတိမထားနိုင်ပဲ အလွယ်တကူဖမ်းယူစားသောက်နိုင်ပေမည်မဟုတ်ပါလား။ ဒါပုတ်သင်ညိုကိုသဘာဝတရားကပေးသော လက်ဆောင်မွန်တခုပင် ဖြစ်ပေတော့သည်။ အရောင်ပြောင်းလဲ နေထိုင်မူ့ နှင့်ပါတ်သတ်၍ ကျနော် တို့ကမူ အလွန်ကျွမ်းကျင်ကြသည်။ တခါတလေမသိသော်လည်း သိသည်ဟု ပြောင်းလဲချင်သည်။ မလုပ်ချင်သော်လည်း ဟုတ်ကဲ့ စိတ်ချ လုပ်ပေးမယ် ဆိုပြီးသူတပါးကိုကူညီတတ်သူအသွင်ပြောင်းလဲတတ်သည်။ အင်မတန်စိတ်ဆိုး နေပါလျက် မဆိုးတတ်ပါဘူးဟု သည်းခံတတ်သူအသွင်ပြောင်းတတ်ကြသည်။ ဒီလိုနဲ့ လူမူရေးစီးပွားရေးနိုင်ငံရေး တို့၌လည်း အရောင်အမျိုးမျိုးပြောင်လျက် သားကောင်းရရှိရေး ရန်သူလက်မှလွတ်မြောက်ရေးတို့ကို […]

ရွာသူ/ရွာသား အပေါင်း မင်္ဂလာအပေါင်းနဲ့ ခညောင်း ကြပါစေဗျာ။ ဘာရယ်မဟုတ်ပါဘူး ဗျာ။ ခဗျာတို့ ကျုပ်အပေါ် စိတ် မပြေတာများ ရှိရင် စိတ်ပြေလက်ပျောက် ဖြစ်ရလေအောင် လုပ်နိုင်ဖို့ ပိုစ်တင်ပေးတာပါ။ ဇာတ်ကားတွေထဲကလို ပင်လယ်ကိုမျက်နှာမူပြီး အသကုန်အော်ပစ်လိုက်ာတမျိုးပေါ့။ နှစ်သက်သလို ကျုပ်ကိုအော်နိုင်ပါတယ်။ ကျုပ်ဗွေမယူပါဘူးဗျ။ ခဗျားတို့စိတ်ကြည်လင်နေမှ ကျုပ်လဲ ခင်ဗျားတို့ ပိုစ့်ကောင်းကောင်းကို ဖတ်ခွင့်ရမှာမို့လား။ လာပါမကျေနပ်သမျှ (ရှိရင်) ဖေါက်ခွဲ ပစ်လိုက်စမ်းပါ။အားမနာပါနဲ့။ ကျုပ် ရဲရဲ ဖိတ်ခေါ်ပါရစေ။ (ပြန်မဖောက်ခွဲပါဘူး စိတ်ချ)

တခါတုန်းက ဟိုးမြန်မာပြည်၏အထက်ပိုင်း မြို့ကြီးနှစ်မြို့ကိုဆက်သွယ်ထားသော ဟိုင်းဝေး ခေါ် အဝေးပြေးလမ်းမကြီး ၏ အနီးတွင်ရွာကြီး တရွာရှိလေသည်။ အနှီးထိုရွာကြီးတွင် ဦးဝတုတ်ဆိုသူ ရွာသားကြီးတယောက်ရှိလေ၏။တဖန်အနှီးရွာသားကြီး ဦးဝတုတ်၌ မောင်ခင်လတ်ဆိုသော သားတစ်ဦးရှိလေသည်။ (ဤသိုဆိုရသော် မန်းကဇာတ်ထဲမှ မဟုတ်ကြောင်းထင်ရှားလေသည်။) ဆိုရသော်အနှီးဦးဝတုတ်သည် စိုက်ပျိုးရေးတွင်ဆိတ်ဝင်စား၍ (အရင်းပြုတ်၍) ဝါဿနာပါသောစားသောက်ဆိုင်ကိုရှိသမျှသောမြေယာများကို အရင်းပြု၍ အထက်တွင်ဆိုခဲ့သော အဝေးပြေးလမ်းမကြီးနှင့်မနီးမဝေးတွင်ဆိုင်ကို ဆောက်လုပ်လျက် မိမိတတ်ကျွမ်းသော အစားအစား(ရိုးရာအစားအစာ) များကိုမိမိကိုယ်တိုင်သာမက ရွာရှိ အလုပ်အကိုင်မရှိသောလူငယ် ကျား+မ များခေါ်ယူကာဖွင့်လှစ်ရောင်းချလေသည်။ ဆိုင် သို့လာရောက်စားသောက်သူများအလွယ်တကူလာရောက်စားသောက် နိုင်ရန် နှင့်မိမိဆိုင်ရောင်းကောင်းရန်မိမိတတ်သမျှ စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိသမျှဖြင့် အားထုတ်၏။ အဝေးပြေးကားလမ်း၏ခပ်လှမ်းလှမ်းအတွင်းပိုင်ဆိုတော့ ကားဆရာများမသိလိုက်ဘဲကျော်မသွားစေရန် အသွားအပြန်လမ်းဘေး ဆိုင်နှင့် တမိုင်သာသာလောက်ကပင် ဦးဝတုတ် ဆိုင်သို့ ဆိုသည့်လမ်းညွှန်ဆိုင်ဘုတ်ကို ထောင်၏။တဖန်နှစ်ဖာလုံခန့်ဆက်သွားလျှင်အလားတူ ဆိုင်ဘုတ်မျိုးကိုထပ်ထောင်၏။ ဤသို့နှင့်လမ်းညွှန်ဆိုင်းဘုတ်များသည် ဦးဝတုတ်၏ဆိုင်ဘက်သို့ကွေ့ဝင်သည်ထိ ထောင်ထားသောကြောင့် တွေ့မြင်ရသောကားဆရာများသတိပြုမိ၍ဆိုင်သစ်ကိုတော့ စမ်းစားကြည့်မယ် […]

1+1=2 ဟုတ်ပါတယ် အဖြေက2ရပါတယ်။ အငယ်ကောင်ဆီ သေချာအောင်ဖုန်းဆက်မေး ပြီးပါပြီး။ ဒယ်ဒီကလဲ ဒါတောင်မသိဘူးလား တူး လေ တူး ဆိုပြီး ဟီးးးးးးးးးးးးး ဒီမနက်လော့အင်ဝင်တော့ တခါ ကွန်မန်းပေးတဲ့ အခါတိုင်းတခါစီ ပေါင်းနေရတာ ဒီလူကြီးကြောင့်တော့ဟုတ်ပါဘူးနော့် ဟီးး ဒါပေသိပိုစ်ပျောက်တာကတော့ နှမျောသဗျာ ကျနော်တို့ ပို့စ်တပုဒ်တင်ဖို့ မလွယ်ဘူးဗျ ဖုန်းနဲ့ မနဲရိုက်ပြီး တင်ရတာ ပြီးတော့ ပို့တပုဒ်တင်ဖိုကိုးကားစာအုပ်တွေ ဖတ်ပြီးကိုးကားရတာ လွယ်တာမှတ်လို့ ဟီးး အမယ်ကိုးကားစာအုပ်စာရင်းညွှန်းလိုက်ရင် ပို့စ်ထက်တောင်ရှည်အုံးမှာ ဟီးးးး ကျနော့်ပိုစ်ကလွဲလို့ ကျန်တဲ့ ပျောက်သွားတဲ့ ပိုစ်တွေက်နှမျောလို့ပါ။ တချို့ ပိုစ်ထက် ကွန်မန်းတွေကပိုပြီးကောင်းတယ် ပြန်ပေါ်စေချင်တယ်ဗျာ။ ကျနော်က ဒါမျိုးခုမှကြုံဘူးတာဆိုတော့ ရှင်းပြစေချင်ပါတယ်။ ရှင်းပြပေးရင်ကျေးဇူးပါ။ နောက်ပြီး ကျနော့်နွားလှည်းလေးလဲပျောက်နေတယ်။ 1+1=2

အမေစု ကနိုင်ငံတော်သမ္မဖြစ်ချင်ကြောင်း ဒုတိယအကြိမ်ထုတ်ဖော်ပြောကြားအပြီး ရက်ပိုင်းအတွင်းမှာ အားကျမခံ နောက်ထပ် တဦးကလည်းသမ္မတလုပ်ချင်ကြောင်းပြော ကြားလိုက်ပါတယ်။ ဒီလိုမြန်မာနိုင်ငံအတွက် အလုပ်လုပ်ပေး ချင်သူတွေရှိနေခြင်းဟာလဲမင်္ဂလာတပါးပါပဲ။ နောက်ထပ် နိုင်ငံအတွက်အလုပ်လုပ်ပေး ချင်လို့ သမ္မတ ဖြစ်ချင်ပါတယ် ဆိုမဲ့သူ ပေါ်ထွက်နိုင် မပေါ်ထွက်နိုင် လောင်းကြေး ဖွင့်လိုက်ပါပြီ။ မပေါ်တဲ့ဘက်က ၁ဝလေး နဲ့ ပေါ်တဲ့ဘက်က ၁ လေးပါ။ ဟဲဟဲတခါတလေ အပျော်ပေါ့ ။

ရုံပိတ်ရက်လေးမို့နားနားနေနေအိမ်ထဲမှာပဲဒီဗီဒီလေးနှင့်အပမ်းဖြေနေရသည်။ မီးကလဲလာနေတာပျက်ဖို့မေ့လျော့နေသည်လားမသိ။အကြီးကောင်နဲ့စပိုက်တာမန်း ကြည့်နေသည်။ကြည့်ပြီးသားပေမဲ့အဖန်တလဲလဲကြည့်ရလောက်အောင်ကြိုက်လို့ လည်းကြည့်မိသည်။အငယ်ကောင်က သူတို့အခေါ် ဒိုတာလားဘာလားမသိခုတ်နေသည်။ လယ်ဗယ်တတ်သွားတိုင်ထထအော်သည်။ဒီလိုနဲ့ဇာတ်ရှိန်အပြိုင်တတ်နေတုန်းလေတချက်ဝှေ့ သည်။လေတချက်အဝှေ့မှာပျက်ဖို့မေ့နေဟန်တူသောမဟာမီးကသတိတရားဝင်၍ပျက်ပါလေတော့ သည်။သားအဖတွေတော်တော်စိတ်ပျက်စွာအသံမျိုးစုံထွက်လာသည်။အိမ်ရှင်မကြီး ကတော့’ဝမ်းသာလိုက်တာမီးတာခမတတ် နားညီးသက်သာတယ်’ ဟုထအော်သည်။ မည်သူမှစောဒကတတ်ရန်စိတ်ပင်မကူးကြ။အကြီးကောင်ကတော့လေတိုက်လို့မီပျက်ခြင်း ဖြစ်မည်ဟုယူဆပုံရသည်။’အဖေဘာလို့လေတိုက်ရတာလဲ’ဟုမေးသည်။ တဆက်တည်း ‘ရာသီဥတုတွေကဘာလို့အချိန်မှန်မှန်ပြောင်းလဲနေရတာလဲ’ဟုမေးပြန်သည်။’သိချင်လား’ ‘သိချင်ရင်ဆံပင်ဖြူနုတ် ပြောပြမယ်’သားကြီးမျက်နှာအီလည်လည်ဖြစ်သွားသည်။မေးမိတာ အမှားဟုယူဆပုံထင်သည်။’တကယ်တော့ရာသီဥတုဆိုတာ စင်္ကြာဝဋ္ဌာ နဲ့လဲပတ်သတ်တယ်ကွ’ အကြီးကောင်သာမကအငယ်ကောင်ရောအနားရှိတူတွေပါစိတ်ဝင်စားသွားကြသည်။ ဒိုတာမခုတ်ရလည်းအပျင်းပြေစကားနားထောင်ရတော့မည်ဟုထင်ကာ’နုတ်ပေးမယ်ပြောပြ’ ဆိုကာဇာကနာတချောင်းဆီဆွဲကာအနားသို့ရောက်လာကြလေတော့သည်။ ‘ဒါဆိုလည်းအပြင်မှာသွားမယ်ကွာလင်းလင်းကျင်းကျင်းနဲ့’ ဆိုပြီးအပြင်ဘက်ထွက်ကာ သူတို့ကဆံပင်ဖြူနုတ် ကိုယ်ကစကားပြောနှင့်ဟန်ကြ နေလေသည်။ ရာသီဥတုဆိုတာကြီးကိုအဓိကဖြစ်စေတာကဘာလည်းဆိုတော့နေမင်း ကြီးကြောင့်ပေါ့။နေမင်းဆိုတာကလည်းစင်္ကြာဝဋ္ဌာကြီးရဲ့အစိတ်အပိုင်းတခုပဲ။ဒီစင်္ကြာဝဋ္ဌာ မှာနေအဖွဲ့အစည်းဆိုတာတွေအများကြီးရှိတယ်လို့ယူဆကြတယ်။ခုသားတို့မြင်နေရတဲ့နေ ကအဖေတိုှုနေထိုင်တဲ့ကမ္ဘာဂြိုလ်ကြီးကိုသူရဲ့ပါဝါနဲ့လှမ်းဆွဲတယ်။ကမ္ဘာကလည်းသူထက်ပါဝါ ကြီးတဲ့နေမင်းဆွဲတာကိုမလွန်ဆန်နိုင်ဘူး။ဒါပေမဲ့စွမ်းအားရှိသလောက်ရုန်းထွက်တယ်။ ဆွဲတယ် ရုန်းတယ် ။ အဲဒီလိုကနေကမ္ဘာကနေဆီကိုမရောက်ပဲအကွာအဝေးတခုထိ ကိုရောက်သွားတယ်။ဆွဲတယ်ရုန်းတယ်ကနေ လူပ်ရှားမူ့တခုနဲ့တန့်နေရတယ်။ဒါပေမဲ့ လဟာနယ်ဆိုတော့ဒီးအတိုင်းမတန့်ပဲနေကိုကမ႓္ဘာကပတ်သလိုဖြစ်သွားတယ်။ ဒါကအလိုအလျောက် ကမ္ဘာကနေကိုပတ်နေတာမဟုတ်ဘူးဆိုတာသိစေချင်လို့ပြောတာနော်။သက်ရောက်မူ့ တခုဆီတိုင်ကနေတန်ပြန်သက်ရောက်မူ့သဘောတရားတခုပေါ့ကွာ။ အဲနေဆိုတာကလည်း အလွန်ပုူပြင်းစွာတောက်လောင်နေတဲ့အမျိုးအမည်တိတိကျကျမသိနိုင်တဲ့အရာကြီးပေါ့ကွာ။ ကမ္ဘာကြီးဆိုတာကလည်းမိမိမှာရှိတဲ့ကိုယ်ပိုင်ဆွဲအားတွေနဲ့အနားမှာရှိတဲ့အရာတွေကိုစင်္ကြာဝ ထဲကနေပြန်ဆွဲတယ်။အဲဒီမှာညအချိန်မင်းတို့မြင်နေရတဲ့လကိုရတယ်။ဒါပေမဲ့ခုနကနေနဲ့ကမ္ဘာ လိုမဟုတ်ပြန်ဘူး။လကပါဝါကနည်းတယ်။ကံကောင်းတာကကမ္ဘာကအနားထိဆွဲနိုင်တဲ့ပါဝါမရှိပြန်ဘူး။ နေကိုတုန့်ပြန်ရ လကိုလည်းဆွဲရ။ပါဝါကခွဲသုံးနေရတာကိုး။ကမ္ဘာကနေကိုပတ်တဲ့အရှိန်ရဲ့သက်ရောက် မူ့ကြောင့်အဟုန်တခုဖြစ်လာပြီးလက ကမ္ဘာကိုပြန်ပတ်သလိုဖြစ်ပြီး လက ကမ္ဘာကိုပတ်တယ်။ […]

ခုလပိုင်းအတွင်းမန်းစည်ပင်ကလမ်းတွေချဲ့မြောင်းတွေချဲ့ပန်းပင်တွေစိုက်နဲ့ ကျနော်တို့မန်းကတော့မကြာမှီလှပဝေဆာသွားကောင်းလာကောင်းဖြစ်တော့ မယ်ထင်ပါရဲ့။ လူအင်အားစက်အင်အားပစ္စည်းအစုံနဲ့အားချင်းလုပ်နေကြတယ်ခင်ဗျ။ ဝမ်းသာစရာပဲဗျိုးးးး။ စီးကိန်း ရှိလို့လုပ်တာပါကွာလို့တော့မပြောနဲ့။ သူ့တို့သူတို့ ဘာပဲစီးကိန်း ရှိရှိ ကျနော်ကတော့ ဟီးးးးးး

ညကကျနော်၁ဝတန်းအောင်စာရင်းကို moemyanmar.net မှာတင်မယ်လို့ mrtv4မှာကြေငြာတော့ အဟုတ်မှတ်ပြီးထိုင်စောင့်တာ။မရဘူးဗျ။ဒါနဲ့ကြုံတုန်း ရွာထဲဝင်ပြီးကျနော်နဲ့ပါတ်သတ်တဲ့စာတွေ ပြန်ဖတ်တယ်ဗျ။စာပြန်ချင်ပေမဲ့commentပေးလို့မပေါ်ဘူးဖြစ်တာအကြိမ်ကြိမ်။ညကတော့ပြန်စာမရေး ဖြစ်ပါဘူး။ post တင်ဖြစ်တာလဲcomment ရေးမရလို့ စမ်းပြီး copy/paste လုပ်ကြည့်တယ်။ရတယ်။နှစ်ခါလောက်စမ်းပြီးတင်တယ်။ရတာနဲ့ပြန်စာယောင်ယောင်ပို့စ်ယောင်ယောင်တင်ရတယ်။နာလည်ပေးကြပါလို့။ဒါလဲမြန်မာ့ကော်နရှင်ဘဝကိုဖတ်နေတာပဲမဟုတ်လားဗျာ။ ဒီနေ့ကတော့commentရေးမရမဲ့အတူတူပို့စ်တင်ကြည့်မလားလို့ပါ။ ဆာမူရိုင်းဓါချက် **************** ဂျပန်ပြည်တွင်းမှာဖြစ်သည်။ဆာမူရိုင်းများစတင်လှုပ်ရှားထင်ပေါ်လာစအချိန်လည်းဖြစ်သည်။ လူတွေကလည်းဆာမူရိုင်းများ၏ဓါးစွမ်းကိုကြာဖူးကာစမြင်ဖူးသူအလွန်ရှားသောခေတ်လည်းဖြစ်သည်။ မြို့လယ်ရှိစားသောက်ဆိုင်သို့ဆာမူရိုင်းသုံးယောက်ဝင်လာသည်။ဆိုင်၏အလယ်ရှိစာပဲးွခုံ၌နေရာယူသည်။ စာသောက်ဖွယ်ရာများမှာစားသည်။ဆိုင်အတွင်းအခြားစားပွဲမှလူများမသိမသာစောင့်ကြည့်နေသည်။ ထိုစဉ် ဆာမူရိုင်းများ၏စားပွဲပေါ်သို့ယင်ကောင်တကောင်ပျံဝဲကာအနှောင့်အယှက်ပေးသလိုဖြစ်နေ၏။ သုံးယောက်အနက်ခပ်ပုပုဆာမူရိုင်းကဓါးကိုထုတ်ကာလျပ်တပျက်ခုတ်လိုက်၏။လူအများကယင်ကောင်ကိုနှစ်ပိုင်းပြတ်လျက်စာပွဲပေါ်သို့ကျလာသည်ကိုတွေ့လိုက်ရ၏။ “အိုး ဒါကြောင့်ဆာမူရိင်းတွေဓါးခုတ်ကွုမ်းတယ်လို့ပြောတာကိုး” လူများချီးမွမ်း၍မပြီးသေးနောက်ထပ်ယင်ကောင်တကောင်ပျံဝဲလာပြန်သည်။ အရပ်ရှည်ရှည်ဆာမူရိုင်းကစိတ်ရှုပ်ဟန်အမူအရာနှင့်ဓါးကိုထုတ်၍ခုတ်လိုက်ပြန်သည်။ ယင်ကောင်စာပွဲပေါ်သို လေးပိုင်းပြတ်၍ကျလာသည်။ ဘေးမှလူများလက်ခုတ်မတီးဘဲမနေနိုင်တော့။ဝိုင်ဝန်ချီးကျူးကြသည်။ တဖန်ဆက်၍စားသောက်နေကြစဉ်နောက်ထပ်ယင်ကောင်ပျံဝဲလာပြန်၏။ ဘေးလူများလည်းတတိယဆာမူရိုင်း၏ဓါးချက်ကိုမြင်ရတော့မည်ဟုတွးနေကြ၏။ ရုတ်တရက်တတိယဆာမူရိုင်း၏လက်ကဓါးရိုးပေါ်သို့ရောက်သွား၏။ ဘေးလူများသတိထား၍သေသေချာချာကြည့်ပါသော်လည်းဓါးကိုထုတ်ခြင်း သွင်းခြင်းမှတပါး ယင်ကောင်ကိုခုတ်ခြင်းမတွေ့လိုက်ရပေ။ တဖန်ယင်ကောင်ကိုကြည့်တော့ပျံမြဲအတိုင်းပျံနေသည်ကိုတွေ့ရလေသည်။ လူများထံမှစိတ်ပျက်ဟန် အထင်သေးဟန်များမျက်နှာပေါ်မြင်ရ၏။ ဒါပေမဲ့ တတိယဆာမူရိုင်းပြောလိုက်သောစကားတခွန်းကြောင့်လူများ မှင်သက်ငြိမ်ကျသွားလေသည်။ “ဒီကောင်ဆက်ပျံနိုင်ပေမဲ့ ရှေ့လျောက်မျိုးမပွားနိုင်တော့ဘူး” လေခွုန်သံ **********; အထက်ပါဆာမူရိုင်းများအဖြစ်အပျက်ဖြစ်ပြီးရာစုနှစ်အတော်ကြာ မြန်မာပြည်တွင်အလားတူဖြစ်ရပ်မျိုး ဖြစ်ပျက်ခဲ့လေသည်။ မြန်မာပြည်၌သူရဲကောင်းသုံးယောက်ပေါ်ထွက်လာသည်။လူအများကသူတို၏အစွမ်းအစကိုမြင်နိုင်ဖို့ အခါကောင်းကိုစောင်နေသည်။ တရက်ကွင်းပြင်ကြီးတွင်လူတစုနှင့်တိုက်ခိုက်ရန်အကြောင်းဖန်လာ၏။အများနှင့်သုံးယောက်မို့ဒီတခါ နှင့်ပွဲသိမ်းပြီဟုလူများကထင်ကြေပေးကာလာကြည့်ကြ၏။ တိုက်ပွဲကာစလေပြီ။လူအုပ်စုမှအသာညိုသူများရှေ့သို့ထွက်လာ၏။ […]