zaw winJuly 29, 20121min2494
အသင်ရထားကြီး သင်ဖြတ်သွားသော် ငယ်စဉ်ကလေးဘဝ ဘာကြောင့်ရယ်မသိ ငါတို့ပျော်၏ အသင်ရထားကြီး ငါကြီးလာသော် ပညာရှာမှီး မြို့သို့သွားရန် သင့်ကိုစီး၏ အသင်ရထားကြီး ငါအရွယ်ရောက်သော် ပညာတတ်မြောက် လုပ်ငန်းရောက်၍ မြန်ပြည်တလွှား သင်သွားလိုရာ သွားနိုင်စေရန် ငါ့ပညာဖြင့် လမ်းဖောက်-တံတားဆောက် လုပ်ဆောင်ခြင်းဖြင့် သင်လည်းပျော်ရွှင် ပြည်သူအများ ဝမ်းမြောက်ပါစေသတည်း။ မင်းသုတ 10:25 AM 13.2.2012


zaw winJuly 24, 20121min2393
လောကဓမ္မတာကြုံတွေ့လာရ တချိန်တည်းမှာ ကိုယ့်ရည်မှန်းချက်အောင်မြင်ရေးအတွက် ကြိုးပမ်းနေကြ အောင်မြင်မှုအတွက် ပြုံးပျော်နေကြ ဆုံးရှုံးမှုအတွက် စိတ်ဓာတ်ကျလျက် တစ်လုပ်စားဖို့ အသပြာငွေရှာခက်လျက် ဘဝလည်းဆုံး တန်ဖိုးရှုံးပေမဲ့ ပြေလည်တဲ့အခြေအနေများမှာ ငွေဟာ ရေလို လေလို ပေါများပါ၏။ မင်းသုတ 10း25AM 13.2.2012


zaw winJuly 17, 20121min3319
– ငယ်စဉ်ခါက မိဘများကကျွေးမွေးပြုစု မြေတောင်မြှောက်ခဲ့ အရွယ်ရောက်လာ ကြင်ယာစုံတော့ သားသမီးတွေရလာပြန်ခဲ့ မိဘများက ကိုယ့်သားသမီး မြေးမြစ်များပေါ် သံယောဇဉ် ပူပင်ထားလျက်ရှိနေတုန်း – အိုမင်းလာပြန် မရှာဖွေနိုင် ကိုယ့်မှာလုပ်ကျွေး ကျေးဇူးဆပ်ဖို့လိုလာ မေ့လျော့ကာ ကိုယ့်သိုက်မြုံတွင်းကျင်လည်နေလျက် – ဘဝဆုံးလေပြီးမှ ကိုယ့်အလှည့်ကြုံလာ အော်-မိဘကျေးဇူး နေ့ခြားသိလာ “ရေစီးသာရှိ ရေဆန်မရှိပါ” ပြောစကား နောင်မှသိလာ ချိန်ခါမှီစောင့်ရှောက်ကြပါ။ မင်းသုတ 10:25 AM 13.2.2012


zaw winJuly 5, 20121min2444
ငါ့ဘေးနားကလူတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားကြပြီ ငါရော ဘယ်နေ့ပျောက်မှာလဲ သူတို့တွေ ဘာတွေယူသွားကြသလဲ ကုသိုလ်တွေလား အကုသိုလ်တွေလား ဘယ်ကိုရောက်သွားကြမှာလဲ ငါရော ဘာတွေယူသွားရမလဲ ဒါန သီလ ဘာဝနာ ဒါတွေယူသွားရင်ကောင်းမယ် မင်းသုတ 13:25 5.7.2012


zaw winJuly 1, 20121min3878
အဘိုးရဲ့မြေး အဖေရဲ့သမီး မျိုးရိုးဂုဏ်ရောင်စောင့်ထိန်းခဲ့တဲ့သမီး တိုင်းပြည်အတွက် တစ်မျိုးသားလုံးအတွက် ကိုယ်ကျိုးစွန့်ခဲ့တယ် အသက်စွန့်ခဲ့တယ် ကိုယ့်ရဲ့ပညာ ကိုယ့်ရဲ့စည်းစိမ်တွေ့နဲ့ နိုင်ငံရပ်ခြားမှာ မိသားစုနဲ့ ဇိမ်ရှိရှိနေနိုင်ပေမဲ့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေ ဆင်းရဲဒုက္ခရောက်နေတော့ သူ့မှာမနေနိုင် တားနေတဲ့ကြားက နှောင့်ယှက်ရန်ရှိနေတဲ့ကြားက အနှစ်(20)ကျော် အနုနည်းနဲ့အောင်မြင်ရန် ကြိုးစားခဲ့တယ် ခုတော့ သားရွှေအိုးထမ်းလာတာမြင်ခဲ့ရပြီ တစ်ကမာ္ဘလုံးက ဂုဏ်ပြုခဲ့တဲ့ ဆုပေါင်းများစွာ တိုင်းပြည်ရဲ့ဂုဏ်ဆောင်ခဲ့ပြီ ယနေ့လူငယ်များ သတိထားလော့ အတုယူကြလော့ အာဂသမီးလို တိုင်းပြည်ဂုဏ်ရောင်ထွန်းပြောင်စေဖို့ သင်တို့အားလုံး ကြိုးစားကြလော့ မင်းသုတ 10:15 AM 1.7.2012


zaw winJune 14, 20121min2632
နုနုရွရွလက်ကလေးကိုကိုင်ကာ မောင့်မှာမရဲဝံ့ပါ အခြေအနေမပေးတော့ အနေဝေးရမှာ မောင်ကြိုးစားရဦးမှာ မကြာခင် မောင်ပြန်လာခဲ့မှာ အချစ်ကလေး စောင့်မျှော်နေရစ်ပါ မင်းသုတ 8:35 AM 12.6.2012


zaw winApril 27, 20121min2091
မင်းရဲ့အားပေးမှုကြောင့် မုန်တိုင်းကြားက ပင်လယ်ထဲဖြတ်ကျော်နိုင်ခဲ့ မင်းရဲ့ခိုင်မာတဲ့ယုံကြည်မှုကြောင့် ငါ့မှာခွန်အားတွေဖြစ်လာခဲ့ မင်းရဲ့အားပေးမှုကြောင့် ငါ့မှာစွမ်းအားတွေဖြစ်လာခဲ့ မင်းရဲ့အားပေးမှုကြောင့် တောင်ထိပ်ပေါ် ငါရပ်တည်နိုင်ခဲ့။ မင်းသုတ 28-10-2010


zaw winApril 24, 20121min2352
၁၃၆၉ ခု နှစ်ဆန်းတစ်ရက်နေ့ အင်္ဂါမှာပိတောက်ပွင့် ဒေါ်စုအောင်ပွဲဆင့် တံခွန်ထိပ်က အောင်လံထူ ပြည်သူ့စံနမူ နိုင်ငံသစ်ထူ မြန်မာပြည်သူ ကမာ္ဘ ့ထိပ်ရောက် နေရာယူ။ မင်းသုတ 18း00 PM 17.4.2007


zaw winApril 9, 20121min2081
ဒို့တတွေဟာ တသွေးတည်းမို့ အရောင်တွေမကွဲပြားပါ နှစ် ၆ဝကျော် အချင်းချင်းဖြစ်ကြ အခြေအနေ အယူအဆကြောင့်ပါ တူတာတွေကို ပေါင်းစည်းလို့ မတူတာတွေ ဖြေးဖြေးညှိပါ မျိုးဆက်သစ်တွေ ကောင်းစားဖို့ ဒို့တတွေ အနစ်နာခံကြမှာ ဒို့နိုင်ငံ စံပြဖြစ်ဖို့ ကမ္ဘာ့အလယ် လက်တွေ့ပြပါ တချောင်းချင်းပေါင်းစည်းလို့ လက်သီးဆုပ်ခါ တသွေးတည်းပါ။ မင်းသုတ 8:30 AM 7.4.2012


zaw winApril 5, 20121min4029
အဖေတို့ အမေတို့ရယ် သားတို့ သမီးတို့ နေရာစုံမှာကြိုးစားခဲ့ပါတယ် လောကကြီးက မတရားပါကွယ် မင်းတော်နေသလား ဘေးဖယ်ထား ငါ့လူကိုထား မင်းကြိုးစားနေသလား နှိမ်လို့ထား ကြီးပွားချင်သလား တိုင်းတပါးမှာ ကျွန်ခံသွား ကယ်သူဝေးလို့ ဘဝပျက်သွား။ မင်းသုတ 21:00 PM 2.4.2012


zaw winApril 2, 20121min3015
ညအမှောင်ဟာ မဟူရာလို မဲနက်စွာရှိပါ့ ကြယ်လေးတွေရယ် အမှန်တကယ်မစွမ်းနိုင်ကြ လမ်းပြမဲ့ကြယ်တံခွန်ဟာ အာကာတခွင်ထွန်းလင်းတောက်ပ။     မင်းသုတ 19:00 PM 2.4.2012


zaw winMarch 9, 20121min3331
အောက်ဆိုဒ်ဒါ အန်ကယ်ကိုကိုကြီး ဌာနတစ်ခုမှာ အရာရှိကြီး အန်ကယ်ကိုကိုကြီး အောက်ဆိုဒ်ဝင်ငွေ သိပ်ကောင်းပြီး လက်တွဲလာတဲ့ မယားကြီး အိမ်မှာတညည်းညည်း မာဆတ် – ကာရာအိုကေမှာ ပျော်ရွှင်ပြီး သမီးအရွယ်ကောင်မလေးတွေနဲ့ စပ်ဖြီးဖြီး မင်းကိုမင်းတော့ သိပ်အထင်ကြီး အောက်ဆိုဒ်ဒါ အန်ကယ်ကိုကိုကြီး။   မင်းသုတ 12:00 PM 5.2.2012   ချိန်ခွင် အိုချိန်ခွင်လေးရယ် ဘက်မလိုက်ပါနဲ့ကွယ် မင်းအလေးသာခဲ့ရင် တဖက်သားမှာ နစ်နာတယ် တစ်ယောက်သောသူကို မတော်လောဘ အားပေးရာရောက်ပါတယ်။ မင်းသုတ 0:30 AM 6.2.2012   လူကြီး ငါဟာ အသက်ကြီးသလား ဂုဏ်ကြီးသလား ပညာကြီးသလား ကိုယ့်ဘာသာကိုယ် မေးကြည့်လိုက်တယ် ဘာကိုကြီးတဲ့ လူကြီးလဲ တရား-မတရား မှန်ကန်ဆုံးဖြတ် ရိုးသားဖြောင့်မတ် လူကြီးလား။   မင်းသုတ […]


zaw winFebruary 18, 20121min6668
</pပိတောက်ရွက်ကြွေ နှမအခက်ပွေ မောင်မှာထွေးပိုက်လို့လေ အန္တရာယ်တွေ ရန်စွယ်တွေ မောင်ရှင်းပစ်မလေ ပန်းခင်းတဲ့လမ်း မင်းလျှောက်တော့လေ မင်းသုတ 9း30 AM 18.2.2012