moonpoemJune 24, 20111min2375
(ကြိုက်လို ့Shareပြီး ပို့စ်လုပ်တာပါ။ တင်ထားပြီးသား ရှိသလားတော့ မသိဘူးပေါ့နော် တူနေခဲ့ရင် ခွင့်လွှတ်ပါ) သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ် ဘဲ ကောက်တွေ့ခဲ့ ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်း အချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်း တွေ ဖြစ်လာခဲ့ တယ်။ လူချင်းမမြင်ဖူးဘဲ ဖုန်းနဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့ သူငယ်ချင်းတွေလည်း ရှိတယ်။ လူချင်း မြင်ဖူးပြီး အရမ်းကောင်းတဲ့ သူငယ်ချင်း တွေ ဖြစ်ခဲ့ကြတာလဲ ရှိတယ်။ အိမ်မှား ဝင်ပြီး ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ရှိသလို မတော်တဆ တိုက်မိပြီး ခင်ခဲ့ ကြတဲ့ သူငယ်ချင်း တွေလည်း ရှိတယ်။ ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ သူငယ်ချင်းတွေက ကျောင်းပြီးတော့ ရေကြည်ရာ […]


moonpoemJune 5, 20111min65341
ယနေ ့မနက် တနင်္ဂနွေဖြစ်သည့်အားလျော်စွာ ကျွန်မ အားရပါးရ အိပ်လိုက်သည်မှာ ၁ဝနာရီထိုးမှနိုးသည်။ မန်ဘာတွေ ့ဆုံပွဲချိန်းထားသည့်အချိန်သည် ၁၁နာရီဖြစ်သည်ကို လည်း သတိရမိသည်။ တွေ ့ဆုံရန်နှိုးဆော်ထားသူက ကိုယ်ဖြစ်ပြီး နောက်ကျနေပါက မန်ဘာသူငယ်ချင်းများ ဆူမှာ ဆဲမှာ ကြောက်သည့်အတွက် မြန်မြန်ရေချိုးကာ တော်ဝင်စင်တာသို ့သွားသည်။ တော်ဝင်စင်တာအောက်ထပ်တွင် A4 စာရွက်ကိုင်ထားသူများတွေ ့သော်လည်း သူတို ့က အဖြူရောင်အကျင်္ ီဖြင့် မဟုတ်ကြ ။ ထို ့အပြင်ချိန်းထားသည်မှာကလည်း တော်ဝင်စင်တာ အောက်ထပ်တွင် မဟုတ်။ ပထမထပ်ရှိ မောနင်းစတားဖြစ်သည့်အတွက် သူတို ့မဟုတ်ဟု ထင်သည်။ ထို ့ကြောင့် အပေါ်ထပ်သို ့ပင်တက်သွားလိုက်သည်။ အပေါ်ထပ်တွင် အကျီင်္ အဖြူရောင် ဝတ်ထားပြီး ထိုင်နေသည့် စုံတွဲတွေ ကို တွေ […]


moonpoemJune 1, 20111min46225
အမျိုးသမီးများအတွက် ဆွဲဆောင်နိုင်စွမ်းရှိသူများသည် ပျော် ရွှင်ရယ်မောနေတတ်သော အမျိုးသားများ ထက် တည်ငြိမ်အေးဆေးစွာရှိသောအမျိုး သားများဖြစ်သည်ဟု သုတေသီတို့ကပြော ကြားခဲ့ကြသည်။ ထို ့အရာနှင့် ဆန် ့ကျင်ဘက် အမျိုးသား များအတွက်မှာမူ ဆွဲဆောင်မှုရှိသူအမျိုးသမီး များမှာ ပျော်ပျော်ရွှင်ရွှင်နေတတ်သည့်အမျိုး သမီးများဖြစ်ကြောင်း သိရသည်ဟူသောသတင်းကို ရန်ကုန်တိုင်းမ်(ဖလားဝါးနယူးဂျာနယ်)တွင်ဖတ်လိုက်ရသည်။ လူသားတိုင်းတွင် လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိသည်ဟူသော အဆိုနှင့်အညီ ကျွန်မလည်း ကိုယ့်သဘောနှင့်ကိုယ် ခပ်တည်တည်ဖြင့်ပင် သဘောထားကွဲလွဲလိုက်ပါသည်။ သင်သည် ယောက်ျားလေးတစ်ဦးဖြစ်ခဲ့ပါပြီဆိုပါတော့ ပတ်ဝန်းကျင်က ဖြစ်စေ မိဘကသဘောတူသော (သို့မဟုတ်) သဘောကျသော မိန်းကလေးများကို တွေ ့ဘူးပါသလား။ သူတို ့သည် သူတို ့သဘောကျသော မိန်းကလေးနှင့် ပတ်သတ်ပြီး ချီးမွမ်းခန် းဖွင့်သည့်အခါ အဲဒီကောင်မလေးပေါ့ အနေအထို်င် သိပ်ယဉ်ကျေးတာ တော်တော်သိမ်မွေ ့တာ မိဘအပေါ်လည်းသိတတ်လိုက်တာ လိမ္မာလိုက်တာ […]


moonpoemJune 1, 20111min61326
တွေ ့ဆုံပွဲ ရက်နီး နေပြီဖြစ်သည့်အတွက်ကြောင့် မမေ့လျော့စေရန် အောက်ပါအတိုင်းထပ်မံ အသိပေးလိုက်ပါသည်။ အချိန် …11နာရီ နေရာ …တော်ဝင်စင်တာပထမထပ်ရှိ Morning Starလက်ဘက်ရည်ဆိုင် ဝတ်ဆင်ရမည့် အဝတ်အစား ….အဖြူရောင်အကျင်္ီ ကိုင်ဆောင်လာရမည့်အမှတ်အသား …..A4စာရွက် MG မှဟုသိသာစေရန်အတွက် ထိုင်နေသော စားပွဲခုံပေါ်တွင် A4စာရွက်လိပ်တင်ထားပါမည်


moonpoemMay 27, 20111min37515
မြန်မာစာတွင် လေ့လာရခက်ခဲနေသော စကားအသုံးအနှူန်းများနှင့်ပတ်သတ်ပြီး အောက်ပါအတိုင်း လွယ်ကူရှင်းလင်းစေရန် ဗရုတ်သုက္ခဖြင့်ဖြေကြားပေးထားပါသည်။ ၁။သနပ်ခါးဘဲကျားလိမ်းသည် သနပ်ခါးကို မိမိ၏ချစ်သူ(ဘဲ) ခေါ်(ကျား) ကလိမ်းပေးခြင်းကိုဆိုလိုတာဖြစ်သည်။ ၂။အချိန်တန်တော့ နွားပိန်ကန် နွားပိန်ဆိုကတည်းက နို့ထွက်နည်းသော နွားမဖြစ်၏။ ထိုနွားပိ်န်သည် နွားဝဖြစ်မလာသေးခင်(အချိန်မတန်ခင်) သွားပြီး နို့ညှစ်သည့်အတွက် နွားစိတ်ဆိုးပြီး ကန်သောကြောင့် အချိန်တန် နွားပိန်ကန်ဟု ခေါ်၏။ ၃။ မီးစင်ကြည့်ကမည် မြန်မာနိုင်ငံသည်မကြာခဏဆိုသလို မီးပျက်တတ်သောနိုင်ငံဖြစ်၏။ ထို့အတွက်ကြောင့် အဆိုအကဝါသနာပါသောသူများသည် မီးပျက်သောအခါ အိမ်တွင်ကာရာအိုကေဆိုပြီး ကဖို့ရန်အတွက်မဖြစ်နိုင်သောကြောင့် မီးစင်ကိုကြည့်ပြီးကမည်ဟုဆိုလိုခြင်းဖြစ်သည်။ ၄။ လှတာမက်ရင်ညစာခက်မည်။ ထိုစကားပုံမှာ သစ္စာမရှိသော အိမ်ထောင်ရှင်အမျိုးသားများအတွက်ဆိုလိုခြင်းဖြစ်၏။ မိမိဇနီး၏ကွယ်ရာတွင်လှသော နုသော စမောလ်လေးများကို ခင်တွယ်မိသည့်အတွက် ဇနီးဖြစ်သူက မိသွားသောအခါအငတ်ထားသည့်အတွက်ကြောင့် ညစာခက်ခြင်းကို ပြောခြင်းဖြစ်ပါသည်။ ၅။ တစ်ချုံကွယ်တစ်မယ်မေ့ ထိုစကားပုံသည် အိ်မ်သာတက်ရခက်သူများကို ပြောလိုခြင်းဖြစ်သည်။ ဝမ်းချုပ်သူများ အထိုင်များသူတို့ […]


moonpoemMay 26, 20111min69265
ရှူံးနိမ့်မှူများနှင့်လူက ပိုစ့်တင်လိုက်သည်ကိုဖတ်လိုက်မိသည်။ ရန်ကုန်မြို ့တွင်နေထိုင်နေကြသော မန ္တလေးဂေဇက်က သူငယ်ချင်းတွေ ဆုံစည်းရန်ဆိုသော အကြောင်းအရာဖြစ်ပါသည်။ သို့သော်ယခုချိန်ထိ ဘယ်အချိန်၊ဘယ်နေရာဆိုတာ မသိရသေးပါ။ သူစီစဉ်နေသလား ဘာလားလဲအခုချိန်ထိ မသိရသေးပါ။ ရန်ကုန်တွင် သူငယ်ချင်းနည်းပါးသော ကျွန်မကတော့ ရေးဖော်ရေးဖက်သူငယ်ချင်းများ၊ စာရေးခြင်းကို စိတ်ပါဝင်စားသော ဝါသနာချင်းတူသော သူငယ်ချင်းများနှင့် တွေ ့ရန်ပျော်ရွှင်လို့နေပါသည်။ ဒီအတွက်ကြောင့် တွေ ့ဆုံမည့်နေ့နှင့် နေရာကို ကိုယ့်သဘောနှင့်ကိုယ် ခပ်တည်တည်ဖြင့် အောက်ပါအတိုင်း သတ်မှတ်လိုက်ပါသည်။ အဆင်ပြေမှုရှိမရှိ၊ နေရာသဘောကျနှစ်ခြိုက်ခြင်းရှိ မရှိဆုံးဖြတ်စေလိုပါသည်။ အဆင်ပြေပါက လာရောက်မည့် သူစာရင်းကိုလည်း သိရှိလိုပါသည်။ ထိုနေ ့တွင် အားလုံးပျော်ပျော်ပါးပါး မိတ်ဆုံစားပြီးလျှင် ဇီဝိတဒါနသံဃာ့ဆေးရုံသို ့တတ်နိုင်သလောက်လှူဒါန်းကြမည်ဟုလည်း ရည်ရွယ်ထားပါသည်။ တွေ ့ဆုံမည့်နေ ့ = ၅.၆.၂၀၁၁(တနင်္ဂနွေ) ပိုက်ဆံမကုန်နိုင်သေးသည့် လဆန်းပိုင်းကိုရွေးထားပါသည် တွေ […]


moonpoemMay 26, 20111min1652
ဧည့်လမ်းညွှန်များ တာဝန်ထမ်းဆောင်ချိန်အတွင်း တူညီဝတ်စုံ များ ဝတ်ဆင်ရတော့မည်ဖြစ်ကြောင်း မြန်မာ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူးဦးလှဌေးက ပြောကြား သည်ဆိုသော သတင်းကို http://yangonmedia.com/news/news_detail.asp?nid=4073 အဆိုပါလင့်ခ် တွင် ဖတ်ရှူလိုက်ရပါသည်။ ကျွန်မတွေ ့မြင်ရသလောက်တော့ ဧည့်လမ်းညွှန်များသည် ယခင်ကတည်းက အမျိုးသားဆိုလျှင် စတစ်ကော်လာအင်္ကျီနှင့်ပုဆိုး၊ အမျိုးသမီးဆိုလျှင် မြန်မာအကျင်္ီနှင့် လုံချည်ကိုသာ ဝတ်ဆင်သူများဖြစ်ကြပါသည်။ တခြားသူများတော့ မပြောတတ်ပါ ဘောင်းဘီနှင့် ဂိုက်လိုက်သည် ဆိုတာကို တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းစသော အချိန်တွင်သာ မြင်ဘူးပါသည်။ သူ ့ဟာနဲ ့သူ အမြင်မရိုင်းသော ဝတ်စုံများဖြင့် တိုးလိုက်နေသော ဧည့်လမ်းညွှန်များကို ဘာကြောင့်များ တူညီဝတ်စုံ သတ်မှတ်ပေးရသလဲဟု တွေးမိပါသည်။ ဂိုက်လိုင်စင်သက်တမ်းကုန်ပြီး လဲသောအချိန်တွင် ယူနီဖောင်းတွေရောင်းမည်လား မပြောတတ်ပါ။ မဝယ်မနေရ လုပ်မည်ဆိုလျှင်တော့ သေချာသည်မှာ တစ်စုံတစ်ခုသောအပ်ချုပ်ဆိုင်သည် အရောင်းအဝယ်ကောင်းလာပါလိမ့်မည်။


moonpoemMay 26, 20111min2479
သင့်ဘဝမှာ သင်ဘယ်လောက်ထိချမ်းသာ ချင်ပါသလဲ။ လွန်ခဲ့သော တစ်ပတ်က ကျွန်မ၏ မိတ်ဆွေတစ်ယောက်က ထိုမေးခွန်းကို မေးသော အခါ ကျွန်မကတော့ ခြံဝင်းလေးနဲ ့အိမ်တစ်လုံး၊ကားတစ်စီး၊ သိန်းတစ်ထောင်လောက်ရှိနေရင် ကျေနပ်ပါပြီ ဘဝမှာ အပူအပင်မများလိုပါဟု ဖြေခဲ့ပါသည်။ သူက ကျွန်မ၏ အဖြေကို သဘောကျပုံ မပေါ်ပါ။ ဘာကြောင့်လဲဟု ကျွန်မမေးတော ့သူက ဥပမာ တစ်ခုနှင့် ဖြေခဲ့ပါသည်။ ကျွန်မတို ့တွေစာမေးပွဲတွင် အမှတ်၁၀ဝရလိုသည့် စိတ်နှင့် စာကျက်ခဲ့ရင် အမှတ်၁၀ဝ အပြည့်ရသည့် အခြေအနေထက် အမှတ်၉၀ဝန်းကျင်လောက်သာ ရတတ်သည်က များလေသည်။ ၇ဝလောက်ရရင် ကျေနပ်ပါပြီ ဆိုလျှင်တော့ ၆ဝ ဝန်းကျင် အောင်ရင်ကျေနပ်ပါပြီဆိုလို ့ကတော့ တစ်ခါတစ်ရံ တွင် စာမေးပွဲ ကျသည်အထိဖြစ်တတ်ပါသည်တဲ့။ သူပြောတာမှန်ပါသည်။ ဒူးလောက်တင်မှရင်လောက်ကျသည်ဆိုတာကို ပြောနေတာဟု ကျွန်မနားလည်မိပါသည်။ […]


moonpoemMay 25, 20111min71933
ကျွန်မနေထိုင်သော ၂၈လမ်း(အပေါ်ဘလောက်)နှင့် ၂ရလမ်းနောက်ဖေးလမ်းကြားတွင် စည်းကမ်းမဲ့အမှိုက်ပစ်သူများကြောင့် ညစ်ပတ်နေစော်လျက်ရှိနေပါသည်။ ကြွက်များကလည်း ထိုအမှိုက်ပုံကြီး၏ ကောင်းစားမှူဖြင့် ထွားကျိုင်းသန်မာနေကြပုံများ ကြောင်ပေါက်စတစ်ကောင်ပမာပါပေ။ မြေညီထပ်နေသူများကတော့ အမှိုက်သိမ်းခေါင်းလောင်းသံကြားရင် အပြင်ထွက်ပစ်ကြပေမယ့် အပေါ် ထပ်နေသူများကတော့ စည်းကမ်းမရှိအမှိုက်ပစ်ကြ၏။ စိတ်ပျက်ဖို ့ကောင်းလေသည်။ သို ့သော်တစ်နေ ့ကတော့ စီမံချက်ရှိသည်ဟုဆိုကာ ရပ်ကွက်လူကြီးများမှစည်ပင်သာယာဝန်ထမ်းများကို ခေါ်လာကာ အမှိုက်ရှင်းခိုင်း၏။ နောက်နေ့တွင်တော့ စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို စောင့်ဖမ်းမည်ဟုဆိုကာ နောက်ဖေးလမ်းကြားရှိသန့်ရှင်း သော နေရာတစ်နေရာတွင် ထိုင်ကာ စောင့်ကြည့်နေကြပြန်သည်။ စောင့်ကြည့်ပြီး သိပ်မကြာခင် ပထမထပ်မှ အမှိုက်ပစ်ချ၏ ။ မိသွားသောကြောင့် အမှိုက်ပစ်သောသူကို လော်စပီကာ နှင့် အော်ကာ လမ်းကြားထဲဆင်းလာဖို ့ပြောသည်။ အမှိုက်ပစ်သူဆင်းလာသောအခါ စည်းကမ်းမဲ့အမှိုက်ပစ်သောကြောင့် ဒဏ်ငွေ၅၀၀၀ဝကို ရပ်ကွက်ရုံးတွင်ဆောင်ရမည်ဟု ပြောသည်။ ထုံးစံအတိုင်းပဲပေါ့ ရပ်ကွက်ရုံးကို မသွားချင်ရင်လည်း ရသော […]


moonpoemMay 24, 20111min1700
ကျွန်မသူငယ်ချင်း၏ မွေးနေ့တွင်သူငယ်ချင်းကကျွန်မတို့ ကို ဟမ်ဘာဂါနှင့် လိမ္မော်ရည်ဖြင့်ဧည့်ခံပါသည်။ ကျွန်မကလည်း သူ၏အကြိုက်ဆုံးသော ရေမွှေးတစ်ပုလင်းကို လက်ဆောင်ပေးပါသည်။ ကျွန်မတို ့သူငယ်ချင်းတွေရောက်တတ်ရာရာပြောနေရာမှ လေးနက်သော အကြောင်းအရာတစ်ခုဆီသို ့ဦးတည် သွားကြသည်။ ထိုအကြောင်းအရာကတော့ ရေမွှေးကိုလက်ခံရရှိသော သူငယ်ချင်းက ကျွန်မကို ကျေးဇူးတင်ကြောင်းပြောရင်းက ရေမွှေးဆိုတာမသုံးလည်းဖြစ်တဲ့ အရာတစ်ခုပဲ မဟုတ်လား အနံ ့သိ်ပ်ကောင်းလွန်းလို ့ ဒေါ်လာ သောင်းချီပေးရတဲ့ ရေမွှေးတွေဘယ်လောက်ပဲရှိရှိ အလကားရှူနေရတဲ့ လေဆိုတာ ငါတို့အတွက် အကောင်းဆုံးပဲမဟုတ်လားတဲ့လေ။ သူပြောလိုက်သော စကားက ဘာမှမဟုတ်ဆိုသော်ငြားလည်းကျွန်မအတွက်တော့ အတွေးတွေအများကြီး ပွားစေခဲ့ပါတယ်။ ဟုတ်ပါရဲ ့နော် ဈေးကြီးပေးပြီး ရေမွှေးအနံ ့ဘယ်လောက်ပဲ ကောင်းပါတယ်ပြောပြော အောက်ဆီဂျင်ပြတ်လို ့သေတာသာရှိတယ် ရေမွှေးမသုံးလိုက်ရလို ့သေတယ်ဆိုတာရှိမှမရှိပဲနဲ ့။ ဒီလိုနှင့် ကျွန်မဆက်တွေးမိသွားသည် ကျွန်မအခု သောက်နေတဲ ့လိမ္မော်ရည်သည် ၅၀ဝ […]

TGIL-3831-600x450.jpg

moonpoemMay 24, 20111min37315
မန္တလေးပြန်တုန်းက ဂေါဝိန်ဆိပ်ကိုသွားရင်း အမှတ်တရ ဓာတ်ပုံလေးရိုက်ခဲ့တာကို မျှဝေပေးလိုက်ပါတယ်။ မြစ်ကြီးရယ် တောင်စွယ် နေဝင်ခံနီးအလှလေးရယ်ဆိုတော့ လှတယ်လို့တော့ထင်တာပါပဲ။ ကမ်းပေါ်မှာတော့ ထုံးစံအတိုင်းအမှိူက်ကတော့ နည်းနည်းတော့ ရှိနေပါတယ်။ မြန်မာမျက်စိနဲ ့ခွင့်လွှတ်ပြီး ကြည့်ပေးကြပါနော်။


moonpoemMay 16, 20111min2475
မိတ်ဟောင်းဆွေဟောင်းတွေ တွေ ့ကြလျှင် အချင်းချင်းဖက်လှဲတကင်းဖြင့် မေးကြမြန်းကြ၊ ပြောကြဆိုကြ အားရပါးရ ရယ်မောကြ အတိတ်ကငယ်ကျိုးငယ်နာတွေ ဖော်ကြဖြင့် ပျော်စရာကောင်းလှသည့်မြင်ကွင်းမျိုးကို တီဗွီဇာတ်လမ်းထဲတွင်ရော အပြင်မှာပါ ကျွန်မ မကြာခဏဆိုသလို တွေ ့မြင်ဖူူးပါသည်။ သို ့သော်ကျွန်မအတွက်တော့ တချို ့သော သူငယ်ချင်းများနှင့်သာ ထိုသို ့ခံစားမှုမျိုးရှိပေမယ့် တချို ့သော သူငယ်ချင်းများနှင့်တော့ အေးစက်သလိုမျိုး ခံစားရသည်။ တခါတရံ ကိုယ်က အားရပါးရနှင့် ခေါ်ပြောနှုတ်ဆက်လိုက်ပေမယ့် သူ့ဘက်က မခေါ်ချင်တာမျိုး၊ တခါတရံတော့လည်း စကားတစ်ခွန်းနှစ်ခွန်းပြောပြီးသည်နှင့် သူနှင့်ကိုယ်နှင့်ကြား အရင်ကလို မဟုတ်တော့ဘဲ တစုံတခုခြားသွားသလို ဖြစ်သွားသော ခံစားမှုမျိုး၊ တခါတရံကျပြန်တော့လည်း တစ်ဘက်ကအရမ်းကိုကြွားသလိုဖြစ်ပြီးကိုယ့်ကို နှိမ်သလိုပြောလာပြန်လျှင်လည်း အနှိမ်ခံရသည့်စိတ်ဖြင့် မခံချင်ဖြစ်လာတာမျို းအမျိုးမျိုးအထွေထွေပါပဲ။ သို့အတွက်ကြောင့်လားမသိ တကယ်ကိုဘယ်အချိန်မှာပဲခေါ်ခေါ် အမြဲတမ်းဖော်ဖော်ရွေရွေနှင့် ဆက်ဆံတတ်သော သူငယ်ချင်းတချို ့ကိုတော့ […]


moonpoemMay 10, 20111min34511
သတင်းစာထဲတွင် စာရေးဆရာ မောင်ဆုရှင် ရေးသော သတင်းတစ်ပုဒ်ကိုဖတ်လိုက်ရသည်။ စိတ်ဝင်စားဖို့ကောင်းပါသည်။ စိတ်ပန်းလူနွမ်းရောဂါဟု ခေါင်းစဉ်တပ်ထားသည်။ ယခုလည်း ထိုဆောင်းပါးကိုဖတ်ပြီး တွေးမိတာတွေကို ရေးလိုက်ရခြင်းဖြစ်၏။ ကျွန်မတို့ အဘိုးအဘွားခေတ်တုံးကတော့ အိမ်ထောင်ဦးစီးတစ်ယောက်ပဲ ဝင်ငွေရှာလည်း တစ်အိမ်လုံးထို်င်သုံးနို်င်ခဲ့ပေမယ့် ယခုခေတ်တွင်တော့ အိမ်ရှိလူကုန် အကုန်ထွက်ပြီး ငွေရှာရလေသည်။ သို့အတွက်ကြောင့် ကိုယ့်ဟာကိုယ်အလုပ်ထဲတွင် မည်မျှပင် ပင်ပန်းခဲ့ရသည် ဖြစ်စေ အိမ်ရောက်သောအခါ တွင်လည်း ယခင်ခေတ်ကကဲ့သို ့ အမောပြေ ရေခပ်တိုက်မည့်သူ ထမင်းစားပွဲ ရှေ ့ရောက် ခူးခပ်ကျွေးမည့်သူကို ရှာ နေလို ့မဖြစ်။ အားလုံးလည်း အလုပ်ပင်ပန်းနေသည်သာဖြစ်သည့် အတွက် အိမ်ရောက်ရင်လည်း စောစော ပြန်ရောက်သည့်သူက မိဘများအတွက် ဦးချ ပန်းကန်ဖယ်ထားပြီး မည်သူ့ကိုမှ မစောင့်နိုင်ဘဲ ကိုယ့်ဖာသာစားရသည်က များ၏။ (မိသားစုတစ်စုချင်း အပေါ်မူတည်ပြီး ပြောင်းလဲမှုလည်း […]