nainaiApril 30, 20111min1202
အရာအားလုံးတိတ်ဆိတ်နေ၏ ။ မျက်လုံးများဖွင့်လိုထားသော် လည်း အမြင်အာရုံတွင် ဘာမှမထင်ဟပ်ခဲ့ ခြေလှမ်းများ၏ဦးတည်ရာအတိုင်း စီးမြောရင်းစိတ်၏ခေါ်ဆောင်ရာသို့လိုက်ပါခဲ့မိ၏ ။ ကောင်လေး….နေကောင်းရဲ့လား………… ကြင်နာစွာဖြင့်နှုတ်ဆက်သော ..သူ့အသံကြောင့်ပတ်ဝန်းကျင်ကိုသတိပြုမိလိုက်သည် ။ ငယ်စဉ်ကတည်းက….အကြိမ်ကြိမ် ရောက်ခဲ့ဘူးသောအရပ် ……. မရောက်တာကြာပေမယ့် ယခုတိုင်မပြောင်းလဲသောနွေးထွေးမှုများဖြင့် နှုတ်ဆက်လာသူ …….. ဟုတ်ကဲ့ ကောင်းပါတယ်ခင်ဗျာ………….. ကျွန်တော်စိတ်ညစ်သောအချိန်တိုင်း ဒီနေရာလေးကို ရောက်ဖြစ်ခဲ့၏ ။ အထီးကျန်ဆန်သည်ဟု ခံစားရတိုင်း ရောက်ဖြစ်ခဲ့၏။ တစ်ချိန်က..ဒီနေရာလေးမှာ ကျွန်တာ်ခံစားရသမျှကိုသူ့ကိုပြောပြနေခဲ့ဘူးသည်။ ကျွန်တော်ပြောသမျှကိုပြုံးပြီးနားထောင်ပေးတတ်သူ ။ ကောင်းသည်ဆိုးသည် မဝေဖန်တတ် ၊စကားနည်းသူတစ်ယောက်ဖြစ်ခဲ့သည်။ အကောင်းဆုံးနားထောင်ပေးခဲ့သူတစ်ယောက်ဖြစ်ခဲ့သည်။ နှစ်အတန်ကြာမှ….. စကားသံအချို့ကို သူ့ထံမှ ကြားခဲ့ရသည်။ သူပြောသောစကားကို နားဖြင့်မကြား နိင် … အသည်းနှလုံး သက်သက်ဖြင့်သာ နားဆင်နိင်သည်။ သူသည်သဘာဝတရားနှင့်အညီ  အသက်ရှင်နေထိုင်တတ်သူ …သူနှင့်ခင်မင်ခွင့်ရပြီးမှသဘာဝတရားကို ပိုပြီးအလေးအနက်ထားမိခဲ့၏ ။ ပိုပြီး နှစ်သက်မြတ်နိူးတတ်လာခဲ့သည်။ […]

nainaiApril 30, 20115min1102
တောအုပ်တစ်ခုလုံးအဝါရောင်သန်း၏။ ထို့အတူ  တောင်တစ်ခုလုံးကိုလည်း အဝါရောင်အဖြစ်မြင်ရ၏။ နွေ၏လေသည် ဥဩငှက်၏အလွမ်းရင့်ရင့်ကဗျာတစ်ပုဒ်ကို ထုပ်ပိုးသယ်ဆောင်ကာ၊ ဟိုမှဒီသို့အလုပ်များလျှက်ရှိ၍နေသည်။ အဝါရောင်ဝတ်ရုံလွှမ်းခြုံထားသော အရွက်ကြီးငယ်အသီးသီးတို့ ၊တစ်ဖြောက်ဖြောက်အသံပေးကာ အလုအယက်ခုန်ဆင်း၍ နွေအား အပြိုင်အဆိုင်အသက်သွင်းလျှက်ရှိသောကြောင့် သစ်တောတစ်ခုလုံးလိုလိုသည် အဝါရောင်ကတ္တီပါစ၏ အဖိုးအခဖြင့် နွေရောင်တောက်ကာ ဟောင်းနွမ်းလှပ လျှက်ရှိနေတော့သည်။ ဤကဲ့သို့ ဟေမဝါတစ်ခုလုံး နွေရင့်ရင့်၏ နုတ်ဆက်ပွဲအတွက် အားတက်သရော လှုပ်ရှားပျော်ရွှင်နေကြချိန်၊ အဝါရောင်လွှမ်းသောရွက်ကြွေများအထဲမှ အနီရောင်မြေကြီးလမ်းအထက်၊ နွေ၏အခင်းအကျင်းများကိုမစားသုံးပဲ၊မရပ်မနားလမ်းလျှောက်လာသော ကောင်လေးတစ်ယောက်၏ပုံစံမှာအစိမ်းရောင်ဆန်လွန်းလှပေသည်။ လူစိမ်း… မှန်ပေ၏ စိမ်းမည်ဆိုလည်းစိမ်းလောက်စရာပင် အကြင်သူသည်…..လူစိမ်း….ဖြစ်၏။ မျက်ဝန်းများကကြင်နာမှုနှင့်ပြည့်နေသယောင်နှင့် နှုတ်ခမ်းများကပြုံးယောင်သန်း၏။ အမူအယာအားဖြင့်နှစ်လိုဖွယ်ရှိသလောက် အသည်းနှလုံးကားအစိမ်းရောင်အတိဖြစ်သည်။ သူ…သည်… အသည်းနှလုံးအစိမ်းနှင့်လူ…… လူစိမ်း…ဖြစ်လေသည်။ အစုံစုံသောအရောင်အသွေးတို့ဖြင့်ကပ်ညိလိမ်းကျံထားသော ပန်းအပွင့်ပွင့်တို့သည် အပြိုင်ပြိုင်အဆိုင်ဆိုင်ဖြင့် ထိုလူစိ်မ်းအား ဧည့်ဝတ်ကတိပြုကြ၏။ ဧည်ဝတ်ကျေသူရောမကျေသူများပါ လတ်ဆတ်စိမ်းလန်းသောအထိအတွေ့ကိုထိုလူထံမှပြန်ရကြသည်။ ရင်းနှီးဖေါ်ရွေသော၊နုနယ်ပျိုမြစ်သည့်တုန့်ပြန်မှုကြောင့်ထိုလူစိမ်းအားနှစ်ချိုက်ကြသည်မှာ ဆန်းလှသည်ဟုဆိုနိုင်မည်မထင်။ ဆန်းလှသည်။ ထိုသူနှင့်ထိတွေ့  မိသမျှနေရာတိုင်း…. သေသောသူများရှင်ကြ၏ ။ ပုန်းသောသူများ […]

nainaiApril 30, 20115min860