Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


nicolus agralAugust 18, 20131min64212
“ကျားမြီးဆွဲမိသလို” ဆိုတဲ့ စကားကို ခုအချိန်မှာ နားအလည်ဆုံးပဲ။ “ဒီလိုရက်မျိုးမှာ စာလေးတစ်ပုဒ်လောက် ဖတ်ရရင်ကောင်းမှာပဲ။” ဆိုတဲ့ စာကလေးတစ်ကြောင်းကြောင့် အခုတော့ ဘယ့်နှယ်ရှိစ။ ရပ်လို့ကို မရတော့ဘူး။ ဒီအချိန်ကျမှတော့ လွှတ်လို့လည်း မဖြစ်တော့ဘူး။ ကိုယ့်ပြန်လှည့်ကိုက်တော့မှာ။ အရှုပ်ထဲမှာ အထုတ်အဆွဲမတော်လို့ ကုပ်ဆွဲတော်မူသွားမှ ရေးလက်စစာကလေးတောင် အပြီးသတ်နိုင်ဖွယ်မမြင်။ ဖြစ်သေးပါဘူး။ ရှော့ခ်ရှိတာလေးတွေ ခွေကာပတ်ကာ တိမ်းထားပြီး လွတ်လွတ်ကင်းကင်း အစလေးတွေ ဟိုဘက်ကလှည့်ထုတ်လိုက် သည်ဘက်ကလှည့်ထုတ်လိုက် ထုတ်နေရတယ်။ အောင်းထားတဲ့ အလုံးကြီးတွေကို အဆုံးသတ်ကာနီးမှ အုန်းကနဲပစ်ချပြီး ဝှစ် ဝှစ် ဝှစ် လုပ်ရကောင်းမလား စဉ်းစားနေတယ်။ ပြောထားပါပကော။ ပဲကြီးမနိုင်ပဲ ဖင်ဟင်းစားနေမိပါတယ်လို့။ ၈၈ အရေးအခင်းအကြောင်း သရုပ်ဖော်တဲ့နေရာမှာ ဘယ်လိုပဲ ရှောင်ကာတိမ်းကာ ရေးသားနေစေကာမူ ချန်ထားခဲ့လို့ ဖြစ်ကိုမဖြစ်တဲ့ အကန့်တစ်ကန့် ရှိသေးတယ်။ အဲဒါကတော့ […]


nicolus agralAugust 16, 20131min4072
အစကတည်းက ကိုယ့်ဝမ်းနာကိုယ်သာသိသမို့ ပဲကြီးမနိုင်ပဲ ဖင်ဟင်းမစားဘူးဆိုပြီး ကျောင်းသားနိုင်ငံရေးလောကမှာ ပွဲကြည့်သူသက်သက် အားပေးသူသက်သက်အဖြစ်သာနေခဲ့ပေမယ့် ဇာတ်ခုံပေါ်ကကြတဲ့အခါ ဆရာသမားများရဲ့ မြန်မာ့မူမြန်မာ့ဟန် မြန်မာ့စရိုက်တွေ ပေါ်လာတာတွေကို မသိချင်ယောင်ဆောင်လို့ မရခဲ့ပါဘူး။ ဘာပြောကောင်းမလဲ။ ဝက်ဝက်ကို ကွဲတာပေါ့။ တစ်ခုတည်းရှိတောင် တဝက်စီကွဲတတ်တဲ့ အကျင့်ကို ပြောတာလေ။ သည်လူနဲ့သည်လူ ချိုမိုင်မိုင်ကက ရောင်စုံဘောလုံးဆိုဆို မျက်စိစုံမှိတ်ပြီး ဩဘာကျအောင် အားပေးပါမယ်ဆိုမှ သူတို့ခမျာ အချင်းချင်းထသတ်နေရတာနဲ့ ဘာစကားမှ ဟုတ်ဟုတ်ငြားငြား မပြောမဟောနိုင်ဘူး။ မပြောလည်းနေပါ။ အဲဒါတွေက အနှစ်သာရရှိတာမှ မဟုတ်ပဲနဲ့။ သည်ဘက်နားကဝင် ဟိုဘက်နားကထွက်သွားမှာ။ ပရိသတ်အဆင့်ကလည်း ရှင်ကြီးဂေါတမလာဟောတောင် ကျွတ်တမ်းဝင်မယ့်သူ တစ်ယောက်တလေ မပါဘူး။ ဒါပေမယ့် တကယ့်အနှစ်သာရကိုတော့ အားလုံးရလိုက်ပြီးသား။ ကျောင်းသားတွေအားလုံး ဟိုတုန်းကလို နလပိန်းတုံး မဟုတ်တော့ဘူး။ နိုင်ငံရေး အသိအမြင်တွေ နိုးကြားလာကြပြီ။ သူတို့အားလုံး ဂျစ်တိုက်နေကြတဲ့ […]


nicolus agralAugust 15, 20131min85312
အဖြစ်အပျက်တွေဟာ စာထဲမှာ တဆက်တည်းရေးထားပေမယ့် အပြင်မှာ တကယ်ဖြစ်တဲ့အခါကျတော့ ပြတ်တောင်းပြတ်တောင်း အချိန်အပိုင်းအခြားတစ်ခုစီမှာ ဖြစ်တာပါ။ ဒါပေမယ့် အကြောင်းတရားအကျိုးတရားတွေက ဆက်စပ်နေတာမို့ ကာလယန္တရားကို ရစ်တုံကျော်တုံ ပြုလို့ အဆက်အစပ်မိအောင် ဆင်ရတယ်။ အစကတည်းက ဘာစာရွက်စာတမ်း အထောက်အထားမှ မထားပဲ မှတ်ဉာဏ်ထဲကဆွဲထုတ်နေတာမို့ ရောထွေးမှားယွင်းမှုတွေ ပါလာရင် စာဖတ်သူတွေဘက်က ထောက်ပြတဲ့အခါ ပိုပြီး ပြည့်စုံ ရုပ်လုံးကြွလာမယ် ထင်ပါရဲ့။ ကိုယ်မမြင်မသိလိုက်တဲ့ ဖြစ်ရပ်တွေလည်း ဒုနဲ့ဒေးဆိုတော့ အားလုံးပေါင်းမှ ပန်းဝေသီ ဖြစ်လိမ့်မယ် မဟုတ်လား။ ဘုန်းမော်သေဆုံးမှုဖြစ်တဲ့ ပထမဖြစ်ရပ်က မတ်လမှာဖြစ်ခဲ့တာ။ ကျောင်းတွေ ပိတ်ပြီး အကုန်အိမ်ပြန်ခိုင်းလိုက်တယ်။ အဲဒီလထဲမှာပဲ ပင်မတက္ကသိုလ်ထဲမှာလည်း တရားပွဲတွေ စခဲ့တယ်။ စာကြည့်တိုက်နဲ့ အပန်းဖြေရိပ်သာ အကြားက အဓိပတိလမ်းမပေါ်မှာ လူစုလာပြီး အပန်းဖြေဆောင် ခေါင်မိုးမျက်နှာစာလေးပေါ်မှာ တရားတက်ဟောတဲ့သူက ကျောင်းသားအရွယ်တော့ […]


nicolus agralAugust 15, 20131min3202
ကုန်လွန်ခဲ့ပြီးတဲ့ အဖြစ်သနစ်တွေကို ပြန်စဉ်းစားကြည့်တဲ့အခါ ပဋိပက္ခဆိုတာ ကလေးတွေ ဟစ်ဟော့သီချင်းထဲမှာဆိုကြတဲ့ ဘကြီးဖြိုး နဲ့ ဦးနေဝင်း ဆိုတာမျိုး နှစ်ဦးနှစ်ဘက် တစ်ဦးနဲ့တစ်ဦး မကျေနိုင်မချမ်းနိုင် ရန်စောင်တုန့်ပြန်နေကြတာမျိုးသက်သက်တော့ မဟုတ်ပါဘူး။ လူတော်တော်များများ မေ့နေတာက ထိပ်တိုက်ရင်ဆိုင်မိသူ နှစ်ဦးအကြားမှာ ကြားခံပြေလျော့စေသူ (Buffer) များနဲ့၊ တစ်ဘက်ဘက်ကို ပင်းပြီး ထိုးချသူ (Catalyst) များပါ ပါနေပါတယ်။ အဲဒါကတော့ ကျောင်းသားမိဘ၊ ဆရာ ဆရာမများ၊ အုပ်ချုပ်သူများပါ။ ကိုယ့်အိမ်ကကလေးတွေ ကျောင်းမှာ ဘာဖြစ်နေသလဲ မရိပ်မိတဲ့ ကျောင်းသားမိဘဆိုတာ တော်တော် ရှားပါလိမ့်မယ်။ နယ်ကျောင်းသား မဟုတ်သရွေ့တော့ ကိုယ့်သားလေး ကျောင်းသွားရင် အိမ်မှ ပြန်ရောက်ပါ့မလား စိတ်ပူနေရတဲ့ မိဘချည့်ပါပဲ။ အဲသလိုစိတ်ပူရတဲ့မိဘတွေထဲမှာ ကိုယ်ကိုယ်တိုင် အစိုးရအရာရှိ ဝန်ထမ်းပိုင်း လုပ်နေကြရတဲ့သူတွေလည်း ပါတာပေါ့။ မခံနိုင်လွန်းလို့ရှိရင် […]


nicolus agralAugust 14, 20131min66413
ကိုယ်တို့ဆီကလူတွေမလည်း မင်းသားများ ရိုက်ရက်ချိတ်သလို ပြက္ခဒိန်တစ်စောင်လုံး လိပ်ပတ်လည်အောင် အထိမ်းအမှတ်တွေ တစ်ခုပြီးတစ်ခု မုဒ်သွင်းနေကြရတာ တော်တော်မောလောက်ရော့မယ်။ ပြည်ထောင်စုနေ့လွန်တာနဲ့ ဟတ်ပီးဗိုလ်ချုပ်ဘတ်ဒေးလုပ်တာ ရက်တောင်မဆိုင်းဘူး။ နောက်နေ့ကျ ဗယ်လင်တိုင်းဖို့အသင့်ပဲ။ ကိုယ်လည်းပဲ တတ်နိုင်သလောက်တော့ ဒယောသောပါး မှီအောင်လိုက်တာပါပဲ။ တခါတခါတော့ အလုပ်များနေတာနဲ့ ဘာတစ်ခုမှ မှတ်မှတ်ရရ မရေးဖြစ်တဲ့အခါ တစ်ခုခုဖတ်ရနိုးနဲ့ စောင့်နေတဲ့သူတွေကို အားနာမိပြန်ပါရော။ အခုဆိုရင် ရှစ်လေးလုံးကို တော်တော်လေးတောင် လွန်သွားပြီမို့ ခုခါမှ မှတ်စုအပုတ်အသိုးကြီး လာတင်နေတယ် ထင်နေပါဦးမယ်။ ဒါပေမယ့် ရေးဖြစ်အောင်တော့ ရေးလိုက်ချင်သေးတာဗျ။ ကိုယ့်အလိုအရဆိုရင်တော့ သည် ရှစ်လေးလုံးကိစ္စဆိုတာ တစ်နှစ်တစ်ခါ မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်မီးများလို ဝှူးကနဲမှုတ် ဟုတ်ကနဲငြိမ်းမသွားစေချင်ပါဘူး။ မပြီးနိုင်မစီးနိုင် မီးထိုင်ရှို့နေရမယ်လို့တော့ မဆိုလိုဘူးပေါ့။ ဒါပေမယ့် အဲဒီဖြစ်ရပ်ကနေ သင်ခန်းစာကလေးများ ရယူနိုင်မယ်ဆိုရင် အရေအတွက် အတိအကျသိဖို့ခက်တဲ့ အသက်ဆုံးရှုံးသွားရှာသူတွေအတွက် […]


nicolus agralAugust 7, 20131min45210
သူငယ်ချင်းတစ်ယောက် ဘွဲ့လွန်ဝင်ခွင့်ဖြေတော့ “ဒီနှစ် ဆိုကရေးတီးမှာ ပြိုင်နေတာ ဘာဇာတ်တော်လဲ။” လို့ အမေးခံရတယ်။ မာစတာလိုချင်တဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ တိုင်းပြည်ရဲ့ မျက်မှောက်ရေးရာ အဖြာဖြာကို ဂလောက်တော့ တီးမိခေါက်မိ ရှိသင့်တာပေါ့။ တို့သယ်ရင်းကြီးကလည်း အဲ့လောက်တော့ မပိန်းပါဘူး။ ဆရာဝန်ပါဆိုမှ ဗိုလ်ချုပ်ကို လုပ်ကြံတာ နဂါးဒေါ်ဦးပါ လို့ ဖြေမယ့်အစားမျိုးလား။ “ရာမဇာတ်တော်ကြီးပါ ခင်ဗျာ။” လို့ မဆိုင်းမတွ ဖြေလိုက်နိုင်သားပဲ။ မောင်မင်း လူကလေး။ ငယ်ပါသေးတယ်။ ကိုယ့်ဆရာကြီးတွေ ဆက်တိုက်ဆင်လာတဲ့ နောက်သိုင်းကွက်အစမှာ ကျွမ်းထိုးနောက်ပြန် တပ်လန်လာခဲ့တယ်။ “အေး ဟုတ်ပြီ။ ရာမာယနဇာတ်တော်ကြီးကနေ မင်းအတွက် ဘာတွေ သင်ခန်းစာရသလဲ။ နည်းနည်းရှင်းပြစမ်းပါဦး။” တဲ့။ အဲဒီမေးခွန်းကို ကြားမိတဲ့အချိန်မှာတော့ ကိုယ့်ပါးစပ်ကတော့ တစ်ခွန်းပဲ ထွက်တယ်။ ရာမဇာတ်တော်က ပြောချင်တာ “အိမ်ကမိန်းမကို ဘယ်တော့မှ […]


nicolus agralJuly 23, 20131min3654
ဦးရာဇတ် နဲ့ ရဲဘော်မောင်ထွေးကို မြန်မာမဟုတ်ဘူး။ အလေးမပြုနိုင်ဘူး ပြောတဲ့သူတွေကို ဘယ်လိုနားလည်ရမှန်း မသိတော့ပါဘူး။ သူတို့တတွေကရော မြန်မာမှ ဟုတ်ပါ့မလား။ မြန်မာဆိုတာ ဘာကြီးပါလိမ့်။ ဦးနုတောင်မှ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်သွားလို့ မရခဲ့ဘူးလေ။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုဆိုတာ နိုင်ငံသားနဲ့ ရောထွေးပစ်လို့မှ မရပဲ။ မြန်မာလို့ ပြောလိုက်ရင် သူ့ဘာသူ ဘာဘာသာကိုးကွယ်ကိုးကွယ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံပါ အကျုံးဝင်တယ်။ မြန်မာနိုင်ငံသား မိဘနှစ်ပါးက မွေးဖွားလာခဲ့သူအားလုံး မြန်မာနိုင်ငံသား ဖြစ်ခွင့်ရှိတယ်။ တိုင်းရင်းသားအားလုံး ဘယ်တိုင်းရင်းသားမဆို လူမျိုးအနေနဲ့သာ ကွဲပြားစွာ ရပ်တည်လို့ရတယ်။ နိုင်ငံသားကတော့ မြန်မာနိုင်ငံသားသာ ဖြစ်တယ်။ ဒီ့ထက်ရှင်းတာလည်း မရှိဘူး။ ဒီလောက်သပွတ်အူလိုက်ပြီး ရှင်းလို့ မဆုံးတဲ့ ကိစ္စလည်း မရှိဘူး။ ဘာလို့ဆိုတော့ အမှန်အမှား မသုံးသပ်၊ […]


nicolus agralJuly 19, 20131min6256
ဗိုလ်ချုပ်တို့ကျဆုံးပြီးနောက်သုံးရက် ( ၂၂ ဇူလိုင် ၁၉၄ရ ) မှာ ပြောကြားတဲ့ သခင်နုရဲ့ အသံလွှင့်မိန့်ခွန်းထဲက အာဇာနည်ကြီးများ အပေါ် သဘောထား အမြင်များဖြစ်ပါတယ်။ သခင်နုတစ်ယောက်တည်း ပြောပေမယ့် အဲဒီအချိန်က ဖဆပလ ခေါင်းဆောင်ကြီးများရဲ့ သဘောထားများအမြင်များလည်းဖြစ်ပါတယ်။ ၁။ ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်ချုပ်အကြောင်းဆိုလျှင် တတိုင်းတပြည်လုံး ကောင်းကောင်းသိတာပဲ။ ကျွန်တော်ထပ်ပြီး ဖေါ်ပြနေစရာ မလိုသလောက်ပါပဲ။ ဒါပေမဲ့နဲနဲတော့ ကျွန်တော်ပြောချင်သေးတယ်။ ဗိုလ်ချုပ်ရဲ့ဖြူစင်တဲ့စေတနာ၊ တည်ကြည်တဲ့ သမာဓိတွေကို အားကိုးနဲ့ ကျွန်တော်တို့ရဲ့ တသက်မှာဖြင့် တခါမှမကြုံဘူးအောင် တတိုင်းတပြည်လုံးဟာ ထူးထူးကဲကဲကြီးစည်းလုံးညီညွတ်လာပါတယ်။ ရှမ်း၊ ချင်း၊ ကချင်အစရှိတဲ့ တောင်ပေါ်သားများ ဆိုလျှင်လည်း အခြားအရှိန်တွေနဲ့ ဗိုလ်ချုပ်ရဲ့အရှိန်ကြောင့် ဗမာတွေနဲ့ ပိုမိုရင်းနှီး စည်းလုံးလာခဲ့ကြပါတယ်။ ကရင်တွေဆိုလျှင်လဲ ဗိုလ်ချုပ်ကိုပုဂ္ဂိုလ်စွဲနဲ့ ကြည်ညိုယုံကြည်တာက အစပြုပြီး ဗမာတွေနဲ့ ပိုမိုရင်းနှီးသွေးစည်းခဲ့ကြပါတယ်။ […]


nicolus agralJuly 13, 20131min100543
ခေတ်ကာလ လူသားများဟာ တီထွင်ဖန်တီးမှုများစွာနဲ့ ခေတ်မီတိုးတက်တဲ့ နည်းပညာအရိပ်အောက်မှာ ဘာမဆို အဆင်ပြေလွယ်ကူသက်သာနေတာတော့ မှန်ပါရဲ့။ တွေးတောဆင်ခြင် သုံးသပ်မှုပိုင်းမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ဝ တုန်းက လူသားတွေကို မမှီလောက်ဘူးလို့ တွေးမိပါတယ်။ လူ့သမိုင်းတလျှောက်မှာ အဲသည်အချိန်ကလောက် အသိဉာဏ် အတွေးအခေါ်တွေ ကွန့်မြူးဝေဆာနိုင်တဲ့ ခေတ်တစ်ခေတ် ထပ်ပေါ်မလာတော့ဘူး။ အဲသည်တုန်းကဆို တရုတ်ပြည်မှာ ကွန်ဖြူးရှပ်စ်ကြီး ရှိတယ်။ ခုချိန်ထိ သူ့အယူအဆတွေကို တူတူတန်တန် အငြင်းပွားချေပနိုင်တဲ့သူ မရှိသေးဘူး။ ကိုယ်တို့ မဇ္ဇိမအရပ်မှာဆို ဂေါတမဗုဒ္ဓပွင့်ခဲ့တယ်။ ဥရောပတိုက်တလွှားမှာလည်း တွေးခေါ်ပညာရှင်တွေ အမြောက်အများ ပေါ်ထွက်ခဲ့တယ်။ အလုပ်မလုပ်ပဲ မုတ်ဆိတ်ကြီးပွတ်ပြီး ငုတ်တုတ်ထိုင်နေရင် သမီးနဲ့အတင်းခေါ်ပေးစားခံရတယ်ဆိုတာ အဲသည်ခေတ်က ဖြစ်လိမ့်မယ်။ ရန်ကုန်တက္ကသိုလ်မှာ ဒဿနိကဗေဒလို့ခေါ်တဲ့ ဖီလော်ဆော်ဖီပညာရပ်က သင်ရိုးညွှန်းတမ်းထဲမှာပါတဲ့ တွေးခေါ်ပညာရှင်တွေဟာ ၂ဝ ရာစုက လူသားတွေထက် ဘီစီ […]


nicolus agralMay 24, 20131min5418
ဝမရှိပဲ ဝိလုပ်လို့ မရဘူးဆိုတာတော့ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဝတွေချည့်သက်သက် ဝိ လုပ်ကြမလို့ ဝိဝါဒ မကွဲပြားရအောင် ဝပြည်နယ်ထောင်ပေးပါဆိုတာကတော့ ဝီလိုဝီလိုတွေ ဖြစ်ကုန်မှာစိုးလို့ ဝင်ပါရဦးတော့မှာပဲ။ တကယ်တော့ ဒီအကွက်ကြီးက ဆင်ဖဲကြီးလို့ ထင်ပါတယ်။ ဒီအသံတွေထွက်လာစေချင်လို့ ဟ ထားပေးတာ မဟုတ်ဘူးလား။ ပအို့ဝ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးတယ်။ ကိုးကန့်တွေကိုလည်း အထူးဒေသနဲ့ အုပ်ချုပ်ခွင့်ပေးတယ်။ ဒီလိုသာ တစ်စစီဖဲ့ချွေပေးရရင် ဓနု၊ ပလောင်၊ အင်းသား၊ အခါ၊ ဘယ်ဟာမှ ချန်ထားလို့ ရမှာ မဟုတ်ဘူး။ မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံက စာရင်းအရကို ၁၃၅ မျိုး ရှိသတဲ့။ ၁၃၅ စိတ် စိတ်လို့မရတာ လူတိုင်းသိပါတယ်။ ဘယ်တုန်းကမှ အမည်ပေါက် စာရင်းဝင် မဟုတ်ခဲ့တဲ့ ဘင်္ဂါလီတွေကမှ ရိုဟင်ဂျာနံမယ်တပ်ပြီး […]


nicolus agralMay 12, 20131min2931
“အနောက်တောင်ဆီက ရွာမလိုဟန်ပြင် မိုးသက်လေနှင့် မုန်တိုင်းပင့်လျှင်စစ်မျက်နှာဖွင့် တိမ်ခိုးဝင့်ကာနှင် မှိုင်းမှိုင်းရိပ်ရောင် စွန်တောင်ဆင် ပြိုမှာလေလားမိုးရဲ့ငြှိုးအောင်ခုပင် အမ္ဗုန်မောင် ဖန်အားလေတဲ့အင်။” တဲ့။ ခါတိုင်းလည်းနားထောင်နေကျ သီချင်းကလေးပါပဲ။ ဒါပေမယ့် ဒီနေ့တော့ ကိုစောညိမ်း သီချင်းလောက် ဟတ်ထိတာကိုမရှိတော့ဘူး။ အနောက်တောင် မုတ်သုန်လေကြီးက အားကောင်းနေလို့ ဆိုင်ကလုန်း မုန်တိုင်းကြီးအဖြစ်ဘင်္ဂလားပင်လယ်အော်ထဲကို ဝင်လာပြီဆိုပဲ။ ဧရာမကြီး ဆင်လောက်ကြီးတာတောင် မကဘူး။ နံမယ့်ကိုကမဟာဆင်တဲ့။ ဖေ့စ်ဘုတ်ပေါ်က မဟာကြောင်လောက်တော့ သနားတယ်။ ဘင်္ဂလားကို မုတ်သုန်ဝင်တာလောက်ကတော့အဆန်း မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ဒီလိုအချိန်ဆို ဝင်နေကျမို့ အညာမှာ ကလေးတွေဆိုတဲ့သီချင်းလေးတောင် မှတ်မိသေး။ “လေတွေမိုးတွေ လာပါလို့ ကဆုန်လပြည့်ကျော်။ လူပျိုလေးတွေလာပြန်တော့ ခုံဖိနပ်နဲ့ဆော်။” တဲ့။ အိမ်မြောက်ဘက်က မန်ကျည်းပင်ကြီးတွေ သီးမှည့်ကြွေတဲ့လေဦးမိုးဦးလည်း ဖြစ်တယ်။ ထွေးညိုကလေး မတ်တတ်ပေါက်ရင်း သစ်ကိုင်းပိတာလည်း ဒီအချိန်ပဲ။တပေါင်းတန်ခူး မိုးသားကြူးတုန်းကလာတဲ့ […]


nicolus agralApril 28, 20131min6169
Fight ဂျာနယ်အယ်ဒီတာကြီး ဦးဖွသည် ချောင်းဆိုးသဖြင့် ဓာတ်မှန်ရိုက်ရာမှ အဆုတ်တွင် အလုံးသေးသေးလေး တစ်လုံးတွေ့သဖြင့်ကင်ဆာအထူးကုဆရာဝန်တစ်ဦး၏ ဆေးခန်းသို့ရောက်လာလေသည်။ “လာဗျာ။ဦးဖွ.. ထိုင်ပါ။လူကိုတော့ မမြင်ဖူးသေးဘူး။နာမည်ကတော့ ကြားဖူးနေတာကြာပါပြီ။”ဟု ကင်ဆာဆရာဝန် က ကြိုဆို လေ၏။ရောဂါရာဇဝင်ကိုမေးမြန်း နှင့်ဓာတ်မှန်နှင့် လိုအပ်သည်များကို ကြည့်ရှူစစ်ဆေးပြီးသည့်အခါ ဆရာဝန်က ဦးဖွကိုပြောလေသည်။ “ကဲ..ဦးဖွ။ရင်ဘတ်ထဲက အကျိတ်လေးကိုတော့ ကင်ဆာလို့ထင်တယ်။ ကင်ဆာလို့ ကျွန်တော်မပြောသေးဘူးနော် ဦးဖွ။အသားစယူဖို့လိုတယ်။ ကွန်ပြူတာဓာတ်မှန် ရိုက်ဖို့လိုတယ်။ ကျွန်တော့်အတွေ့အကြုံအရ ကင်ဆာထင်ပေမယ့် နောက်ကင်ဆာမဟုတ်ဖူး အဖြေထွက်လာရင် ကျွန်တော့်နာမည်ကြီး ဂျာနယ်ထဲပါလာဦးမယ်။ ကင်ဆာလို့ ညာကုတဲ့ ကင်ဆာ ဆရာဝန်ဆိုပြီး။ ဒီတော့ ခင်ဗျား အသားစယူဖို့ ဓာတ်မှန်ဆရာဝန်တစ်ယောက်ဆီလွှဲလိုက်မယ်။ သူက ကွန်ပြူတာဓာတ်မှန် အကူအညီနဲ့ ခင်ဗျားရင်ဘတ်ထဲက အကျိတ်ကို အပ်ကလေးနဲ့ စုပ်ပြီး အသားစယူပေးလိမ့်မယ်။” ဟုပြောဆိုလျက် လွှတ်လိုက်လေသည်။ ဦးဖွသည် […]


nicolus agralApril 20, 20131min78725
***မွတ်စလင်နှင့် လက်ထပ်ခွင့် မပြုသောနိုင်ငံ (သို့မဟုတ်) ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသောနိုင်ငံ (သို့မဟုတ်) စင်ကာပူ*** ‘ဒီနှစ်တန်ခူးအတာကူးပြီးလို့ နှစ်သစ်ရောက်ရင် ဒို့တိုုင်းပြည်ကြီး တိုးတက်တော့မယ်’ လို့ ဆရာတော်ကြီးတစ်ပါး မိန့်ကြားထားတာကြောင့် နှစ်သစ်ကို မျှော်လင့်ချက်အသစ်တွေနဲ့ ယုံကြည်စွာ စောင့်မျှော်နေမိပါတယ်။ နှစ်ဟောင်းကုန်ခါနီး မှာတော့ မိတ္ထီလာအရေးအခင်းက စခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်းနဲ့ ပဲခူးတစ်ဝိုက်က အရေးအခင်းတွေကြောင့် ကမ္ဘာ့အလယ်မှာ ကဲ့ရဲ့စရာ အဖြစ်မျိုးတွေတော့ ကြုံခဲ့ရတာပေါ့ဗျာ။ ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်းကြဖို့ ဝိုင်းဝန်းတိုက်တွန်းကြတာကြောင့် ”တကယ်ပဲ လက်ရှိဥပဒေတွေအတိုင်းဖြေရှင်းရင် လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စတွေအားလုံးပြေလည်သွားမလား၊ လက်ရှိဥပဒေတွေက ကိုယ့်တိုင်းရင်းသူတွေကို တကယ်ပဲ ထိထိရောက်ရောက်ကာကွယ် နိုင်သလား၊ မွတ်တွေရဲ့ လူမျိုတိုက်စစ်ကြီးကို ကာကွယ်နိုင်ရဲ့လား” လို့ စဉ်းစားမိပါတယ်။ တကယ်လို့ လူမျိုတိုက်စစ်ကြီးကို မကာကွယ်နိုင်ဘူးဆိုရင်တော့ လိုအပ်တဲ့ ဥပဒေအသစ်တွေကို အခြေခံဥပဒေတွေပြင်ဆင်ရေးဆွဲခြင်း နှင့် […]