တောင်ပေါ်သားFebruary 24, 20151min35814
တကယ်တော့ မိန်းကလေးတစ်ယောက်လက်ကို ကိုင်ဘူး ဆွဲဘူးတာ ဒါ ပထမဆုံးပဲ ၊ စက္ကန့်ပိုင်းလေးပါ ၊ ကျနော် ပြန်လွှတ်ပေးလိုက်တယ် ၊ သူ့အတန်းဖော် မိန်းကလေး၂ ယောက် ၃ ယောက် ရောက်လာပြီး ဘာဖြစ်သေးလဲ ? ဘယ်ထိသွားလဲ မေးရင်း ကားလမ်းတစ်ဘက်ရောက်သွားတယ် ၊ ကျနော်က အနောက်မှာ ကျန်ခဲ့တယ် ၊ သူ လှည့်ကြည့်တော့ ကျနော်က သွားနှင့်ဆိုတဲ့သဘောနဲ့ လက်ပြလိုက်တယ် ၊ သူ ကျောင်းထဲဝင်သွားချိန်မှာ ကျနော်က ကျောင်းရှေ့ စိမ်းကဖီးမှာထိုင်ရင်း သူငယ်ချင်းတွေကို မျှော်ရင်းပေါ့ ၊ (  မြန်မာ့မီးရထားမှာ အလုပ်ဝင်တယ်ကြားပြီး အခုနောက်ပိုင်း အဆက်အသွယ်မရတော့တဲ့ မောင်မောင်အောင် ၊ ရမည်းသင်းမှာ ကျူရှင်ဆရာလုပ်နေတဲ့ လူပျိုကြီး ကိုညွန့်ဝေ ၊ မိတ္ထီလာ […]


တောင်ပေါ်သားFebruary 23, 20151min2328
၁၉၈၃   အင်းစိန်ဂျီတီအိုင်တက်တုန်းကပေါ့ဗျာ ၊ ဝင်ခွင့်ဖြေရတုန်းက ကျောင်း ဦးစားပေး အင်းစိန် ဒုတိယ မန္တလေး ၊  မေဂျာ ဦးစားပေး အမ်ပီ ဒုတိယ အီးပီ ၊ အဲသမှာ ကျောင်းက အင်းစိန် မေဂျာက အီးပီရခဲ့ပါတယ် ၊ ကျောင်းသွားရင်လှည်းတန်းဘူတာကနေ မနက် ရ နာရီ ၅ မိနစ် မြို့ပါတ်နဲ့ ၊ ငယ်ကတည်းက ကျနော့်အဖြစ်ချင်ဆုံးဟာ  ရထားစက်ခေါင်းမောင်း ၊ အခုဖြစ်နေတာနဲ့ တစ်ခြားစီ ၊ အဲ   အဲသလို ရထားနဲ့ကျောင်းသွားတဲ့ကျနော် တစ်နေ့သောအခါမှာ သူနဲ့ စတွေ့ခဲ့ပါတယ် ၊ မနက်ခင်း မြို့ပြင်ထွက်တဲ့ရထားမို့ ရထားက အတော်ချောင်ပါတယ် ၊ သူကကျနော်နဲ့ မျက်နှာချင်းဆိုင် ၊ ပြတင်းပေါက်ကနေအပြင်ကိုငေးနေတဲ့ သူ့မျက်နှာလေးက အလှသား […]


တောင်ပေါ်သားFebruary 21, 20151min35717
အခါတစ်ပါး မွေးထားသည့်ခွေး ပေးသည့်အမည်ကား မက်ဒေါနား သနားထိုထို မျက်နှာချိုလှ သခင့်အလိုကျ နေပြသည့်ခွေး ဈေးအပြန်ဆို မနှေးအမြန်ကြို မကျွေးပဲမစား ခွေးဝဲစားသာသာပေမယ့် ရှိခဲ့တဲ့ သူ့စည်းကမ်း အထီးအနမ်းမခံပဲ အပျိုကြီးပဲဖြစ်မယ်ကြံမှ အိမ်ထောင်ကကျ မွေးလာရခွေးကလေး ရ ကောင်တဲ့ဟေး ကံမပေးတဲ့ သူ့ဇာတာ ခွေးလေးတွေခမျာ တဖြုတ်ဖြုတ်သေ ဝေနေတဲ့မျက်ရည်တွေနဲ့   မိခင်ရဲ့  စိတ်ပေါ့ နောက်တော့ ကလေးတွေကုန်တဲ့အဆုံး မပြုံးနိူင်တော့တဲ့လူလို ငူမလိုငိုင်တိုင်တိုင် ထောပတ်မလိုင်အသာထားး ဘာအစားမှ မစားတော့ပဲ ဝမ်းနည်းပူဆွေး ကလေးစိတ်နဲ့ နှင်းကျတဲ့ တစ်မနက်မှာ လောကထဲက သူထွက်သွား မက်ဒေါနားရေ  ့ ့ ့ ့ နှင်းဝေတဲ့ဒီမနက် မင်းမျက်နှာကိုငါတွေး ငြိမ်းအေးကမ႓ာမှာ ရှိစေကွာ ၊


တောင်ပေါ်သားFebruary 18, 20151min36821
ဘဝတွေများစွာကြား ကံတရားက အလှည့်ပေး သမီးလေးရေ ရက်ပေါင်းထောင်ကျော် သမီးမော်ရအောင် အဖေကြိုးစားရ အမိမဲ့သမီးဘဝ အဖေရှိနေရတာပဲ ဒီလိုနဲ့ အနှစ် ၂၀ သမီးအရွယ်ရောက်လာပြီကွယ် သမီးရယ် သမီးမှာ ချစ်သူရှိနေတာ အဖေသိ ပွင့်လင်းလှသည့် သမီးနဲ့အဖေ ရက်လကြာရှည် ပြောကြလေတဲ့ Valentine အဲဒီမှိုင်း မရောက်ခင်မှာ သမီးမျက်နှာမကောင်း ဘာအကြောင်းလည်းမေးတော့ ဖျောတော့တော့မျက်နှာနဲ့ အဖေ့ကိုကွယ့်ဖက်ငို အို . . . . သမီးရယ် ချစ်သူနဲ့ ကွဲခဲ့ပြီဆိုပဲ ဘာဆန်းသလဲသမီးရေ မထိုက်လေသူလို့ယူဆ ဆက်ရဦးမယ့်သမီးဘဝ တွေ့ကြဦးမယ့်အပူတွေ ရှောင်နေမရတဲ့ ဘဝလမ်းမှာ ဒါ အစပါသမီး အရေးကြီးတာက အလုပ်ထဲမှာအဆင်ပြေမှ သမီးလိုချင်တဲ့အောင်မြင်မှုဘဝ ရလာရမှာမို့ ပန်းစည်းနဲ့ချောကလက် ပေးဆက်မယ့်သူကိုအသာထား အဖေ့လက်ရာညစာစားရင်း ပျော်ရွှင်ခြင်းအကြောင်းကိုတွေး ငယ်သေးတဲ့အဖေ့သမီးရေ ခံနိူင်ရည်တွေ ပြည့်စေကွယ် […]


( ခင်ဝမ်း ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့် အမှတ်တရ ) ဂျပန့်ရင်သွေး အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်း (၁၉၉၆ ခု၊ ဇန်နဝါရီထုတ် JAL ဂျပန်လေကြောင်း Agora စာစောင်ပါ ဆောင်းပါးမှ ဘာသာပြန်ဆိုပါသည်။) ယောရှိအိုကာ နိုရိခိသည် ဂျပန်နိုင်ငံ ကောချိနယ၌ မွေးဖွား၍ စစ်တပ်ထဲတွင် ရောက်ရှိပြီးနောက် မန်ချူးပြည် (ယခု တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း) နှင့် မြန်မာပြည်တို့သို့ အပို့ခံရလေသည်။ နေရာအနှံ့အပြားတွင် တိုက်ခိုက်ခဲ့ရပြီး ၁၉၄၅ ခုတိုင်ခဲ့၏။ လွတ်လပ်ရေးအတွက် ဂျပန်နှင့်လက်တွဲခဲ့သော ဗမာ့လွတ်လပ်ရေး တပ်မတော်သည် စစ်ပြီးခေတ်ကိုမျှော်မှန်း၍ အင်္ဂလိပ်စစ်တပ်နှင့် ပူးတွဲကာ မတ်လတွင် ဂျပန်စစ်တပ်ကို စတင်တိုက်ခိုက်လေသည်။ ထိုအချိန်၌ ယောရှိအိုကာသည် ပြည်မြို့အနီး၌ သူ့ထက် အသက်နှစ်နှစ်ကြီး သော ဒေါ်တင်တင် အမည်ရှိသည့် မြန်မာအမျိုးသမီးတဦးနှင့် […]


တောင်ပေါ်သားDecember 17, 20141min32610
   ကျနော့်ဇာတိ ပီဘိစိမ်းလန်း ငြိမ်းချမ်းခဲ့တာ ဘာမှမကြာပဲ ပေါက်ကွဲသံလွှမ်း ကျည်ဆံလမ်းမှာ ဝမ်းရေးကခက် အအိပ်ပျက်၍ အိုးရွှေ့ အိမ်ခွာ  ကျိန်စာကသင့် ထောက်ချင့်မှုကင်း လူချင်းတူငြား ဘဝခြားကြ  ကြားကလူထု ဒုက္ခစုကျ ပြေးရမနား စားစရာထက် နေရာခက်ခါ သက်မညှာနိူင် လက်နက်ကိုင်များ နိူင်စားရာအောက် ကျရောက်ပြည်သူ မည်သူလာ၍ ကူမည်နည်း ။


တောင်ပေါ်သားDecember 12, 20141min33811
မြောက်လေအပြန် ဟေမန်လို့ခေါ် ကျနော်မျှော်နေသော်လည်း ပေါ်ပဲမလာနိုင် ဖြာယိုင်ကျလာတဲ့နေခြည် လေသည်ရယ် စိမ့်လို့မအေး ဟိုး အဝေးဝေးကနှင်း ဘယ်အကြောင်းရင်းကြောင့်ပျောက်ကွယ် ရောက်တယ်ရယ်မရှိ ဖောက်လွဲသည်ကွယ့်ဖောက်ပြန် ရောက်နေ၏ ဤကံ မြောက်လေမပြန်မှတော့ လက်လျှော့ရ ငါ့မျှော်ခြင်း ဖော်သင်းမဲ့ အထီးကျန် ကီးမမှန်တဲ့ ဒီဘဝ ဤမျှလေလား ဆောင်းဟေမန် ။


တောင်ပေါ်သားDecember 11, 20141min42118
ဒီလို နှုတ်ခမ်းလေးကိုက် စူပြလိုက်ရုံနဲ့ ရှိတဲ့ နှလုံးသားက တုန်ခါ ယုံပါလို့ ဟစ်ကြွေးရင်း အချစ်တေးသီချင်းတွေကြား ပျော်ပါးလို့ နေဘူးသပေါ့ ၊ အခုတော့ သမုကျော့ရေ ပျော့ခွေလို့ ယိုင်နွမ်း မခိုင်ပန်းကိုမှ လှမ်းမိသူ အလွမ်း၏ အပူကြား သူယူသွားတဲ့ ငါ့နှလုံးသား အပြုံ းများကွယ်ပျောက် အမုန်းတရားအောက်မှာ ဆယ်သက်တာ ၊


အပယ်ခံ ပြယ်ရန်လမ်းမရှိ လွမ်းမိခဲ့ အတိတ် ရိပ်ကနဲပြေး ကားလေးရဲ့  အသွင် လိုချင်သူတွေဝိုင်းလို့ပေါ့ အခုတော့လည်း မမြဲတဲ့ သင်္ခါရများ ဖြတ်သန်းသွားပြီးနောက် အပေါက်အပြဲ သံချေးမည်းနှင့် တောရိုင်းခြုံ လွမ်း ဤစခန်းတွင် နေဝင်မည့်ဘဝ စောင့်ရသည်မှာ အပယ်ခံ၏ ဘဝတာ ၊


ဒီဇင်ဘာ ဒီဇင်ဘာ မရီ(ရယ်)ချင်ပါနဲ့ဗျာ ယာဉ်အမီမလာခဲ့လို့ ဟောဒီရင်မှာဆို့ နှင်းတို့က ဝေးနေတုန်း အမုန်းလေပြင်းကချွေ သေလုမတတ်ခံစား အမှန်တရားကပြောင်းပြန် နှောင်းကံက ဒီဘက်မရှိ တစ်ချက်တောင် မကြည့်တဲ့မင်း ပစ်ခွင်းခဲ့ ဥပေက္ခာမြား စုပစ်ခဲ့လေသလား ဘာသားနဲ့ထုတာမှတ်လို့ ဝေဝါးညို့ တဲ့ ဟိုအဝေး ခပ်ရေးရေး လမ်းကလေးမှာ လွမ်းးအဆွေးရယ် နင် နဲ့ ငါ ၊


နှုတ် နှုတ်ဖျားစကားတွေကြား အယောင်ယောင်အမှားမှားနဲ့ ကျွံသွားခဲ့တဲ့ခြေလှမ်းများ ဝေဝါးခြင်းတွေဘက် ၊ ဆက် ဆက်မရတော့တဲ့ကြို း၂ စ ဘယ်ဘက်ကသာမလဲ ? သဲကွဲစွာမသိ ငြိနေခဲ့ ဒီတစ်သက် ၊ ထွက် ထွက်တော်မူဒီနန်းမှ နောက်တော်ပါးက မပါသော်လည်း အားခဲလို့ ရှေ့ ကိုတိုး အဆိုးတွေက လိုက်လျက်သာ ၊ ခွာ ခွာခဲ့ရ ကိုယ့်စခန်းမြေ လွမ်းနေသူူများ ရှိလေမလား စဉ်းစားဖို့ အခါမသင့် လာလင့်ချိန်ရယ် ဘယ်မတူူူ ၊ သူ သူ ဆိုတဲ့ နာမ်စားတစ်ခု ပြု သွားသမျှ အရာတွေမှာ အမှန်ဆိုတာ နည်းပါး လွဲမှားစွာဖြင့် သွားနှင့်ပြီ ။


တောင်ပေါ်သားNovember 26, 20141min2717
ဆရာ  ဒီမှာခွက် ၁ ပက် ၂ ပက် စကားဖောင်လျက် ၃ ပက် ၄ ပက် ရေချိန်တက်၍ ဖုတ်ဖက်ခါထ အိမ်ပေါ်ကြွခါ ရှိရာစားမှု သက်တမ်းနု ၊ ထိုသို့ပြု ချိန် စိတ်ကငြိမ်သက် မကျေနပ်ချက်လည်း နည်းပါးလှခဲ့ ကောင်းပါရဲ့ ထိုမှတစ်လီ အဆင့်သည်ကျော် မမျှော်ထားပဲ စိတ်ထဲစွဲ၍ ဘယ်ရွေ့ခါက  ရှိကြသည်မသိ ပီဘိဒေါသ ထွက်လာကြပြီ ဤသို့သောအခါ စိတ်ထိန်းနိူင်သေး သိစိတ်လေးက ကိုယ်နှင့်မကွာ ၊ ထိုုသို့ကြိမ်ဖန် ဖြစ်ပြန်များနောက် မသိစိတ်ရောက်လာ မကျေသာမှန်သမျှ ကြေးမုံပြသို့ ပြတ်ပြတ်ထင်ထင် ငါမြင်လာရ မသိစိတ်မှခံစားမှု မည်သို့စုလည်း မသိပါပဲနှင့် တွက်ချင့်မစွမ်းသာ ဤလမ်းမဟာတွင်း စီးချင်းကိုယ်စီ အပီထိုးကြိတ် မသိစိတ်နှင့်  သိစိတ်တိုုက်ပွဲ ဆင်နွဲပြီးအဆုံး ရှုံးရသူမှာ မည်သူနည်း […]