အပယ်ခံ
ပြယ်ရန်လမ်းမရှိ
လွမ်းမိခဲ့ အတိတ်
ရိပ်ကနဲပြေး
ကားလေးရဲ့ အသွင်
လိုချင်သူတွေဝိုင်းလို့ပေါ့
အခုတော့လည်း
မမြဲတဲ့ သင်္ခါရများ
ဖြတ်သန်းသွားပြီးနောက်
အပေါက်အပြဲ သံချေးမည်းနှင့်
တောရိုင်းခြုံ လွမ်း
ဤစခန်းတွင်
နေဝင်မည့်ဘဝ
စောင့်ရသည်မှာ
အပယ်ခံ၏ ဘဝတာ ၊
Post Views: 294
15 comments
Kaung Kin Pyar
December 9, 2014 at 10:48 am
ရေးထားတဲ့စာနဲ့ ပြထားတဲ့ပုံနဲ့ကတော့ ကွက်စတိပဲ အူးမျိုးရေ….။
သံရည်ကျိုစက် မရောက်သေးတဲ့ကား…ဘယ်နားကများ ရှာလာလဲ…
ဒါနဲ့
ဇဂါးမစပ်…
ကဗျာလိုင်းမှာ အမြင်စိတ်လာသလိုပဲ…..
တောင်ပေါ်သား
December 9, 2014 at 12:47 pm
ကဗျာက တိုတိုနဲ့ ခရီးရောက်တယ်လေ ၊
ပုံကတော့ အင်္ဂလန်မှာ အနှစ် ၅ဝ ကျော် ပစ်ထားတဲ့ ကားသချင်္ ို င်းတစ်ခုမှာပေါ့ ၊
Wow
December 9, 2014 at 10:52 am
ဟယ်.. မိဂီ..
နိလိုချင်တဲ့ ဖလာရီဟဲ့ လာကျိအူး
ဖားသက်ပြင်း
December 9, 2014 at 11:01 am
ကျုပ်က F-360 ကို အတော် နှစ်သက်ခဲ့ဖူးသဗျ..
နှစ်အတော်ကြာ ပဲ…
ခုတော့ ပြောင်းလဲသွားဘာဘီ..
ဖလာရီ ကယ်လီဖိုးညား .. ဖစ်တွားဘီ
😀
တောင်ပေါ်သား
December 10, 2014 at 1:18 pm
ဒို့ကတော့ ၄၅ ၊ ၁၇၄ ၊ ၁၈၈ ၊ ၂၂၃ ၊ ၂၂၆
အဲ့ကားတွေပဲ ဖက်တွယ်နေရဆဲပါကွယ် ၊ 🙂
ဖားသက်ပြင်း
December 9, 2014 at 10:58 am
စောနကတင် အဲ့ကဗျာလေး ဖဘ မှာတွေ့လို့ liked ခဲ့ပါကြောင်း ဦးမျိုးရေ
Mr. MarGa
December 9, 2014 at 11:15 am
ပြန်ပြင်ပြီး သုံးကြည့်ချင်မိ
အလင်းဆက်@မောင်သူရ
December 9, 2014 at 11:42 am
ကဗျာစာသားထက်…
ပုံကို ပိုစိတ်ဝင်စားကုန်ကြပြီထင့်…
🙁
aye.kk
December 9, 2014 at 12:45 pm
ရုပ်နာမ်ဓမ္မ သင်္ခါတည့်
ရှုတတ်ကြည့်မြင် ဉာဏ်ဆင်ခြင်ကား
အားလုံးပယ်ခွာ မလွှဲ၍သာ
ထားကာသွားရမည်မှာ အမှန်ပင်တည်း
ကိုယ်နှင့်ပုံနှိုင်း မရိုင်းဟုသာအမှန်မြင်လော့… ။။
ခင်ဇော်
December 9, 2014 at 3:48 pm
ပြောင်ပြောင့် မစ်တာ အနံဒါ
နှစ် ၅ဝ ဆို ကျိုလိုက်ပါ။
တောင်ပေါ်သား
December 9, 2014 at 4:04 pm
နှစ် ၅ဝ ကျော်ပေမယ့်
ပစ်မထားမယ်ဆို ရသေး
ဘော်ဒီဆရာလေးကိုအပ်
ချစ်တတ်ပြန်ရမှာကိုကွယ်
သနားတယ်မရှိ ရက်စက်၏ ၊
ဂျက်စပဲရိုး
December 10, 2014 at 8:04 am
အခု အဲ့ ပုံထဲက အပယ်ခံ ကား တွေ ကို ပြင်သစ် မှာ တွေ့ပြီးတော့ ပေါင် ၁၂ ဘီလီယံ နဲ့ လေလံ ဆွဲမတဲ့…
ဖယ်ရာရီ စပွန်ဆာ ကို အဲ့ဒီထဲက ဖယ်ရာရီ ဝယ်ပေးလိုက်ပါလားဟွင်… း)
လင့်ခ် က ဒီမှာ
ခင်ဇော်
December 10, 2014 at 8:20 am
နာ့ ကို ချောက်ချဖို့များဆို
နာ့ မောင်တွေက အားဂျီး တက်ကြွတယ်ကော။
ဖလားဂျီး ပဲ အရင် ယူထားကြပါဆို။
:k:
ဂျက်စပဲရိုး
December 10, 2014 at 9:19 am
ချေဒနာ ဒွေ ဘာာာာ
ဗင်းတေ့ချ် လေ ဗင်းတေ့ချ်…
အသစ်တွေ ဘယ်လို ကောင်းကောင်း အဟောင်း တလည်လည် ဆိုတဲ့ နိမိတ် 😛
မစုဉာဏ်
December 11, 2014 at 12:47 am
ရှေးဟောင်း အမွေအနှစ်တွေ ပြန်လည်တူးဖော်နေချိန်၊ Antique ကားတွေက ပိုပြီး တန်ဖိုးတက်နေချိန်ဖို ့ နေဝင်ချိန်(အပယ်ခံဘဝ) မဟုတ်ပဲ ရောင်နှီဦးသန်းနေတဲ့ အချိန်လည်း ဖြစ်နိုင်ကြောင်း
🙂