Ordinary ManSeptember 26, 20111min1037
လူသားသန်းပေါင်း ၇၀၀ဝ နီးနေပြီတဲ့။ နိုင်ငံ အချင်းချင်းယူဆတွေးခေါ်မှု တူညီလိုု့ မရနိုူင်ဘူး။ ဘာဖြစ်လို့လဲ။ ဖြတ်သန်းရတဲ့ ပတ်ဝန်းကျင်ချင်းကမတူ။ စနစ်ချင်းကကွဲပြား။ ဒါဆိုရင် နိုင်ငံထဲမှာရှိကြတဲ့ မြို့တွေရော မတူနိုင်ဘူး။ ဒါဆိုရင် မြို့တွေထဲမှာရှိတဲ့ အိမ်ထောင်စုတွေရော အယူအဆ မတူညီနိုင်ကြဘူး။ အိမ်ထောင်စုတွေမှာရှိတဲ့ အိမ်ထောင်စုဝင်တွေရော မတူညီနိုင်ကြဘူး။ ဒါကသဘာဝဘဲ။ သိပ်ချစ်လှပါတယ်ဆိုတဲ့ ချစ်သူတွေ လင်မယားတွေ ဘယ်သူဆိုဘယ်သူမှ မတူညီနိုင်ဘူး။ ကုန်ကုန်ပြောကြစို့။ ကိုယ့်အယူအဆတောင် တစ်ချိန်နဲ့ တစ်ချိန်နဲ့ မတူနိုင်သေးတာ ဆိုရင် လောကမှာ ကိုယ်နဲ့မတူသူတွေက အားလုံးလို့ဘဲဆိုကြပါစို့။ ဒါဆိုအားလုံး ရန်သူတွေ ဖြစ်ရတော့မှာလား။ လူတွေကလည်းအဲဒီလိုပဲသဘောထားကြတာပဲ။ ဒါပေမယ့် မပေါင်းလို့လဲ မရတာဆိုတော့ ဒီထဲကပဲ ကိုယ်နဲ့နည်းနည်းတူတယ် ထင်ရတဲ့သူနဲ့ပေါင်း လုံးဝပေါင်းမရတော့ ခွာပြဲ နောက်တစ်ယောက် ပေါင်းလို့ရတန်ကောင်းရဲ့ဆိုပြီး စိုးရိမ်စိတ်နဲ့ပေါင်း လုံးဝပေါင်းမရပြန်တော့ကွဲပြန်။ ဒီလိုနဲ့ပဲလူတွေက […]


Ordinary ManSeptember 26, 20111min1479
ကျနော်တို့က အပြစ်သားမဟုတ်ဘူး လူသား။ ဒါပေမယ့် အပြစ်တွေတော့ အဲဒီလူသားတွေတိုင်းဆီမှာ ရှိကြတယ်။ မွေးဖွားလာစဉ်က ဖြူစင်တဲ့လူသားလေးတစ်ယောက်အဖြစ် မွေးဖွားခဲ့ကြတာပါ။ တစတစ ကြီးပြင်းလာကြတဲ့အခါကြမှ အခြေနေ အရပ်ရပ်ကြောင့် ဖြူစင်တဲ့လူသားအပေါ်မှာ အပြစ်တွေက ဆိုးဆေးအဖြစ် လာရောက်ကပ်ငြိခဲ့ကြရတယ်။ အဲဒီ အပြစ်တွေကို ဆေးကြောလိုက်မယ်ဆိုရင် အဖြူထည်သက်သက်လူသားကျန်နေခဲ့မှာပါ။ ဒီတော့ ဆိုးဆေးဖြစ်တဲ့ အပြစ်တွေကို ကျနော်တို့ ချွတ်ပစ်နိုင်ရမယ်။ ကိုယ့်မှာဖြစ်နေတဲ့အပြစ်တွေကို လူတွေကမသိကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ အပြစ်က ချိုတယ်။ ချိုလို့စားလိုက်တဲ့အခါကြမှ အဖြစ်တွေကဆိုးတာ။ အဖြစ်ဆိုးတာက အပြစ်မဟုတ်ဘူး။ အပြစ်ကျူးလွန်မိလို့ မချိုဘူးဆိုရင် ဒီအပြစ်ကလွန်မြောက်ဖို့ အစပဲ။ အပြစ်တွေကို ဆေးလျှော်ဖို့အတွက် အပြစ်ကို သိမှဖြစ်မယ်။ ဥပမာ- ကျနော်တို့ ကွန်ပျူတာတွေမှာ မလိုအပ်တဲ့ဖိုင်တွေကြောင့် ကွန်ပျူတာ လေးနေခဲ့ရင် အဲဒီဖိုင်တွေကို ကျနော်တို့က ဖြုတ်ပစ်ရမယ်။ ဖြုတ်ပစ်ဖို့အတွက်ဆိုရင် အဲဒီဖိုင်တွေကို […]


Ordinary ManSeptember 24, 20111min672
လူဆိုတာတစ်ကိုယ်တော်အားနဲ့ဆိုရင် ဘယ်သတ္တဝါနဲ့ယှဉ်ယှဉ်အားအနည်းဆုံးပဲ။ ဒါကြောင့်လူဟာ အုပ်စုဖွဲ့ပြီးနေလာကြရတာ။ အုပ်စုဖွဲ့မှ လူကအားရှိတာ ၊ တစ်ဦးစွမ်းဆောင်နိုင်တာကို တစ်ဦးက မစွမ်းဆောင်တော့ ကိုယ်စွမ်းနိုင်တာနဲ့ လဲလှယ်ပြီး သုံးစွဲကြရတယ်။ စားစရာ လုပ်တတ်သူက ဝတ်ဖို့မလုပ်တတ်သလို ဝတ်ဖို့လုပ်တတ်သူက နေဖို့အတွက် မလုပ်တတ်ပြန်ဘူး။ ဒါကြောင့် အဖွဲ့မရှိဘဲ လူကသီးခြားမရပ်တည်နိုင်ဘူး။ ဘယ်အချိန်ကတည်းကလူတွေ အုပ်စုဖွဲ့ နေလာကြသလဲ။ သမိုင်းမတင်မှီ ရှေးနှစ်ပေါင်း များစွာကတည်းက လူဟာအုပ်စုဖွဲ့ပြီးနေလာကြရတယ်။ နောက်ပြီးလူဟာ ခံစားချက်လည်းရှိတယ်။ ဒါကြောင့်ပဲ အတူနေသူ လူသားတွေအပေါ် မှာ ဆိုးဆိုးဆာဆာတွေကို ကျူးလွန်နေကြတယ် ကိုယ့်ခံစားချက်ကောင်းဖို့အတွက် သူတစ်ပါးရဲ့ ခံစားချက်ဆိုးဆိုးတွေနဲ့လဲယူနေကြတယ်။ အားနည်းသူက အရှုံးပေးပြီး နိုင်သူတွေကရှုံးသူဆီက အဆီအနှစ်ကို ဝါးမျိုစားသုံးတယ်။ ဒီလိုတွေကြောင့် အုပ်စုဖွဲ့မှ နေလို့ရတဲ့လူ့အဖွဲ့အစည်းကြီးဟာ ပဋိပက္ခတွေနဲ့ နေလာလိုက်ကြတာ ဘယ်အချိ်န်ထိလဲဆိုတော့ အခုလက်ရှိအချိန်ထိဆိုကြပါစို့။ ဒီပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ ဆိုပြီး […]


Ordinary ManSeptember 23, 20111min1287
ချိုးငှက်တကောင် အတောင်မစုံမီ အကောင်ပုံ မပီ ဝီကနဲ ပြုတဲ့ ရန်သံကြားတော့ ဥပဲ့ နံရံကြားက အတောင်ကားယားနဲ့ ပြေးလွားဖို့ပြင် ဝန်းကျင်အကူ အယူနည်းသတဲ့ လူသားတစ်ယောက် လူအပီ ဖြစ်မြောက်ဖို့ ကျောထောက်နောက်ခံ ဝန်းကျင်အရန် အင်မတန်လိုအပ်တယ်။ ပတ်ဝန်းကျင်ပျက်စီးမှု အငတ်ဘေးဆိုက်ရောက်မှု ကျန်းမာရေးချို့ယွင်းမှု…စတဲ့ လူ့ပြဿနာအားလုံး လူတွေပေါင်းရုံးပြီးဖြေရှင်းမှ ပြေလင်းကြရတယ်လေ။ သို့ပင်ဖြစ်လျက် ဘာ့အတွက်ကြောင့် တစ်ယောက်ကိုတစ်ယောက် မှောက်မှောက်မှားမှား အားနဲ့ တိုက်ချင်နေရတာလဲ။ ခေါင်းပုံဖြတ်မှု နိုင့်ထက်ကလူပြုမှု လူအချင်းချင်းဒူးထောက်အညံ့ခံမှု မျက်နှာချိုသွေးမှု လူ့ဝန်းကျင်ကထွက်ပြေးမှု လူကိုလျစ်လျူရှု မှိုင်တွေငေးမောမှု အဲဒီ….. ပြု.ပြု…ပြု.ပြု သမျှတွေရဲ့အကျိုး ဘယ်အထိဆိုးမလဲ မလွဲသရွေ့တော့ မြစ်ကွေ့မှာချာလည်မူးပြီး ရူးကြပြီပေါ့ ဒါတွေအားလုံး ငြိမ်းအေးခြင်းအဆုံးသို့ရောက် တစ်ယောက်ကိုတစ်ယောက် ညီအစ်ကို လောက်မက အားရပါးရ ချစ်ကြဖို့ မရမက ရှာနေတဲ့ တစ်ခုတည်းသော […]