Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ကာရံSeptember 8, 20141min2424
ရင်ထဲသို့ရိုက်ခက်နေသေးသည် အတွေးကလေး ခက်ရေးရေးမို့ ကြယ်လေးများ လင်းလတ်စဲပေါ့ ဝိုးတစ်ဝါးမို့ နိုးမထချင်ခဲ့တာလား ကြင်နာသူကတော့ အနမ်းလေးခြွေရင်း ကြွေသွားတဲ့ ကြယ်လေးကို လိုက်ကောက်မိတယ် နှလုံးသားက အလင်းတန်း ဖြာဆင်းကျလုလု မျက်ဝန်းကဗျာလေးက ကာရန်ကို အစပျိုးလို့ ပန်းကလေးများ နိုးထနေကြတယ် ညမွှေးပန်း ရနံ့လေးက ချစ်သူတို့ရဲ့ အတွေးကို လှုပ်ခက် နိုးနေတယ် ဒါကိုသူသိလေမလား ရောင်ခြည်ပျိုးတော့မယ်ထင်တယ် ငှက်ကျေးတို့ တစ်စာစာအော်ရင်း လေပြေလေး လှုပ်ခက် ဆော့ကစားနေကြတော့မယ် အတွေကလေး နိုးမထခင်လေးမှာ ထိုညလမင်း အလင်းဘာကြောင့်မဖြာသေးပါလိမ့်ပေါ့ ကာရံ ၈ ့၉ ့၂၀၁၄


ကာရံSeptember 5, 20141min1550
ဟိုးအဝေးကတိမ်တိုက်လေးကို မျှော်ငေးရင်းတွေးမိတယ် ပြောင်းလဲခြင်းအကြောင်းတရားကံက ငါ့အတွက် ခါးသီးစရာနေ့ရက်များလား နွေနေပူမှာ ငါတစ်ယောက်ထဲရပ်တည်ရင်း အသံကုန်အော်ဟစ်မိတယ် နာကျည်းစရာများ ငါ့အတွက်ဆုလာဒ်လားလေ   အချိန်ဆိုတာ တိမ်တိုက်လိုပဲ တစ်ရွှေ့ရွှေ့နဲ့ ဖြတ်သန်းရင်း တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးခဲ့ပြန်တယ် ငါ့ဘဝကတော့ မရေမရာ အတွေးများနဲ့ ရွှေ့ွှလျှားနေရင်းပေါ့   သခင်ရယ် အပြစ်ရှိလို့မုန်းလိုက်တာလား အချစ်ဆိုတာ မသိလိုက်သေးခင် ငါ့အတွက် ရင်နစ်စရာ အတိတ်ဇာတ်လမ်း ဖန်လေခဲ့သလားလေ ဇာတ်သိမ်းလေး လှချင်ပါသေးတယ် ဒါပေမယ့် ဇာတ်ဆရာ အလိုကျမို့ ငါဘာများ ဇောတကတက်စရာ ကျန်ခဲ့တော့မလဲပေါ့   အလွမ်း အဆွေး မကင်းတဲ့ ချစ်ခြင်းတွေက လှည့်ကွက်ဆိုရင် ငါလေ ကစားဝိုင်းကထဲက ပြေးထွက်ပေးပါ့မယ် ရင်မှာ အဖြူသက်သက်မို့ မင်းလေး နားလည်တဲ့တစ်နေ့ နောာင်တတွေ မရပါစေနဲ့လို့ ုဆုတောင်းရင်းပါ   […]


ကာရံAugust 26, 20141min3646
ဒဏ်ရာဒဏ်ချက်တွေနဲ့ အဖန်တစ်ရာ ရိုက်ခက်နေစဲ ကောင်းကင်ထက်က နေမင်းလည်း အမှောင်ထုကို လွန်ဆန်ရင်း မာနတွေတစ်ဖွဲဖွဲပေါ့ ကမ်းမမြင်တဲ့ လမ်းတစ်ဘက်မှာ မှန်းရခက်တဲ့ မေတ္တာမျိုးမို့ ချစ်ခြင်းစကားကို ဘယ်လိုနားလည်ရပါ့မလဲလေ ရိုးသားခြင်းအက္ခရာက တို့နှစ်ယောက်အတွက် နှောင်ကြိုးဆိုရင် ခိုင်မြဲခြင်းအရာတွေက သစ္စာဆိုခြင်းလား အတွေးကလေးထဲမှာ ကြည်နူးခြင်းများ တိုးဝှေ့နေကြတယ် တစ်သက်မခွဲဖို့ အမြဲတွေးနေဖူးတယ် လွမ်းသည်သို့သော် အနားမှာ မင်းမရှိ ချစ်သည် သို့သော် ရင်ခွင်မဲ့ညမို့ ကောင်းကင်ထက်မှာ ဆီးနှင်းများ သက်ဆင်းလာကြပြီပေါ့ မခေါ်ပဲလာခြင်းထက် မနှင်ပဲ ပြေးခြင်းက နားလည်ရခက်သော ပုစ္စာတစ်ပုဒ်ဆိုလျှင် အဖြေခက်လှပါသည် အလွမ်းတွေလက်ချိုးရေရင်း သောကလေပြေအကြားက မောင်လေပြောပြချင်ပါဘိ အချစ်ဆိုသည်မှာ မချိုသော အခါးလေလားလို့ ကာရံ ၂၆ ့၈ ့၂၀၁၄


ကာရံAugust 23, 20141min1440
ရှေးရာဇဝင်မှတ်တမ်းက အချစ်ကြီးသူတစ်ချို့ ဘဝကိုစတေးဖူးကြတယ် နွယ်ဆိုတာ ရစ်ပတ်သူတဲ့ အပြစ်မဲ့တဲ့ ချစ်ခြင်းစကားကို အရောင်တွေပြောင်းလဲကြဖူးသေးတယ် အချစ်ကြောင့် မုန်းကြတယ် အချစ်ကြောင့် အလွမ်းတွေ အစပျိုးကြတယ် အချစ်ကြောင့်ပဲ နှလုံးသားတွေ နာကျည်းကြပြန်သေးတယ် မေတ္တာစစ်ရင်လေ သစ္စာဆိုတဲ့စကားက ရင်မှာ တည်ကိန်းဖြစ်ရင် အကြွင်းတစ်နေရာကမင်းက ထာဝရဖြစ်မှာပါ အရောင်းအဝယ် အပြုသင့်တဲ့ ချစ်ခြင်းကဗျာလေးကို မင်း တန်ဖိုးထားတက်ရင်လေ သံယောဇဉ်ကြိုးလေး ရစ်ပတ်နေသူမို့ ရာဇဝင်ထဲကသူကလေ ကာရံ ၂၃ ့၈ ့၂၀၁၄


ကာရံAugust 23, 20141min1901
ကြမ်းတမ်းတဲ့ ဘဝခရီးကြမ်းမှာ မင်းလေးမောဟိုက်နေရောပေါ့ ငါကမ်းလင့်ချင်ပါတယ် အားအင်တစ်ချို့ လောဘ လှေကားထစ် ကိုတက်မလှမ်းချင်ပါနဲ့ နွေးထွေးတဲ့ အကြင်နာလက်ကလေး ကြိုဆိုနေကြတယ် ပန်းကလေးရယ် မနွမ်းလိုက်ပါနဲ့နော် ငါလေဘေးမှာ စမ်းချောင်းလေးအဖြစ် ရပ်တည်ပေးချင်သေးတယ် အတ္တတွေ အရိပ်ဆိုးနဲ့ လမ်းမထက်မှာ ဖြန့်ကျဲနေကြတယ် မေတ္တာအတိမ်အနက်ကို လက်ချိုးမရေချင်ပါနဲ့ စိတ်ထဲမှာ အမြတ်ဒေါသဆိုးတွေ အတိုးနဲ့ ကျန်ရစ်နေလိမ့်မယ်လေ သူငယ်ချင်း သံသရာခရီးကြမ်းမှာ မင်းလမ်းတစ်ဝက်က ဖြတ်မပြန်ချင်စမ်းပါနဲ့ လင်းလက်ကြယ်လေး အမြဲမသာပေမယ့် ပန်းတိုင်းမရောက်မချင်း ဆက်လျှောက်စေချင်တယ် ဒေါသကိုအရောင်မဆိုးပါနဲ့ကွာ လိုတိုင်းတမရပေမယ့် ငိုတိုင်းပြီးမသွားတဲ့ ချိန်နာရီ စက္ကန့်တိုင်းမှာ နာကျည်းချက်များ အနိုင်ကြဲနေကြလိမ့်လေ သူငယ်ချင်းဆက်ရမယ့် ခရီးလမ်း မပြီးဆုံးသရွှေ့တော့ ဘဝအမောတွေကို လှောင်ပြုံးလေးနဲ့ရယ်လိုက်ပါ တစ်နေ့ အနိုင်ရမယ့် ပန်းတိုင်က လက်တစ်ကမ်းမှာ ရှိပါတယ် ကာရံ ၂၃ ့၈ ့၂၀၁၄


ကာရံAugust 22, 20141min2886
အတိတ်အိပ်မက်ကလေးထဲက အရိပ်ကလေးရေ မင်းလေး ဘယ်ဆီသို့ အဝေးရပ်မှာ ရှိနေရပါလိမ့် အလွမ်းပုံရိပ်ထက်က အနမ်းတစ်စုံလေး ငါအမှတ်တရ တမ်းတနေဆဲပါ မင်းလေးကတော့ အရိပ်ကလေးတဲ့လား တစ်သက်မဝေးဖို့ ငါအမြဲတွေးနေဖူးတယ် လက်တွေခိုင်မြဲဖို့ မယိုင်လဲတဲ့ မေတ္တာလေးက အားအင်အသစ်မွေးဖွားပေမယ့် မင်းလေးက အရိပ်ကလေးပါပဲလား လေပေါ်တည်ဆောက်တဲ့အိမ်ကလေး အချစ်တွေအပြည့်နဲ့ သံယောဇဉ်အကာအရံကြားမှာ မင်းနဲ့ငါ နှစ်ယောက်ထဲပါ လွမ်းလက်စကဗျာတစ်ပုဒ် အမုန်းတွေရိုက်ချိုးရင်း ကာရန်ပျိုးနေဆဲမို့ တို့တစ်တွေ မျက်ရည်စက်တွေက မအေးမြစေတာတော့ အမှန်ပေါ့ တစ်ဘက်ကမ္ဘာအဝေးမှာ သောကသူဌေးသယ် ဘဝမို့ မောဟကင်းတဲ့လမ်းလေးကို မျှော်ငေးရင်း တမ်းတမိပါတယ် အရိပ်ကလေးရယ် ကာရံ ၂၂ ့၈ ့၂၀၁၄


ကာရံAugust 17, 20141min2585
ထက်ကောင်းကင်မှာ အရိပ်ဆိုးတို့ ကြီးစိုးနေကြတယ် အခိုးအငွေ့တန်းလေးပေါ့ တစ်ရွှေ့ရွှေ့နဲ့ တိမ်တိုက်ထက်မှာနေရာယူနေတယ် အပြုံးအရယ် ကင်းမဲ့လို့ အသက်မဲ့နေတဲ့ ငါ့၏စိတ် အတွေးတစ်စ ခြေချပြီလေ ဟိုအဝေးသူ လူတစ်ချို့ မျက်ရည်စတွေ စို့နေကြတယ် လက်ပြကာနှုတ်ဆက်သူလည်း အမုန်းတွေကင်းမဲ့လို့ ငါလေ လွှင့်မျောရင်း ကြည့်ခဲ့ဖူးတယ် ခွဲခွာခြင်းတစ်ခြားတစ်ဘက်မှာ အားငယ်စိတ်တွေနဲ့ ရှင်သန်နေကြတယ် အလင်းရယ် ဖျော့တော့တော့ရယ်ပါ ခုတော့ ခုတော့လေ ကြေကွဲခြင်းလမ်းမထက်မှာ အက္ခရာစာသား သယ်ဆောင်ရင်း ဟန်တောင်ခြင်းကင်းတဲ့ မီးခိုးလေးကတော့ ငါ့ကို အကြို ထောက် စောင့်နေပြီပေါ့လေ ကာရံ ၁ရ ့၈ ့၂၀၁၄


ကာရံAugust 17, 20141min2193
အလင်းမဲ့ည မလင်းတက်တဲ့ငါ့ဘဝ တမာစားလို့ ခါးနေရော့သလား စိတ်အရောင် ခြယ်ကာသ လမင်းကင့်မဲ့ ထိုညလေးမှာ ညမွှေးပန်း အလည်မလာခဲ့ပါဘူးလေ အတွေးစိတ်ကလေး ရူးနေဖူးတယ် အထူးအထွေ မရှိတဲ့ ငါ့ဘဝက မေတ္တာလည် ငတ်နေဖူးပြန်သေးတယ် နေလောင်ပန်းဘဝမို့ ရေစဉ်ပတ်ဖြန်းပေရင်လေ ငါလေ အငမ်းမရ ဖြစ်နေခဲ့ဖူးတယ် ဘဝ ဘဝ ဘဝဆိုတာ ချိုတစ်ခါ ခါးတစ်လှည့်မို့ အမှားမကင်းတဲ့လောက အလည်မှာ ငါ့သောက ခြေရာ ထက်နေဦးမှာပေါ့လေ ကာရံ ၁ရ ့၈ ့၂၀၁၄


ကာရံJuly 3, 20141min2783
 သံသယအတွေးနဲ့ ချိန်နာရီကြား ဖြတ်သန်းဖူးတယ် အမှန်တရားမဲ့မို့ ခံစားရတာ လူသားတိုင်းပါ အကြောင်းရယ်မတူလို့ လောကကမ္ဘာကြီးက ဗျောင်းဆန်ကုန်ပြီလား တစ်ခါတစ်ရံမှာ လူသားတိုင်း အေးချမ်းခြင်းကို တန်ဖိုးထား လိုလားသူတွေပါ ဘယ်သူကရော ငိုချင်ပါ့မလဲလေ ရာသီတွေ တစ်ရွှေ့ရွှေ့ဖြတ်သန်းစဲမို့ ငါလည်းတစ်နေ့ ရောက်ရမယ့်လမ်းမှာ အခက်အခဲကြမ်းကြီးကို ဖြတ်သန်းနေရသေးတယ် အတ္တတွေ ရေပန်းစားနေပြီလား မာနတွေ ထွေခင်းကစားနေရော့သလား ကလေးသူငယ်တွေရဲ့အတွေးမှာ တစ်ယောက်ထဲရပ်တည်ဖို့ ရိုက်သွင်းနေရော့သလားလေ အချိန်ဆိုတာ ရပ်တန့်မနေသရွှေ့တော့ ခါးသောမျက်ရည်စက်များ တစ်သွင်သွင် စီးဆင်းနေရဦးမယ်ပေါ့ ကာရံ 3.7.2014


ကာရံJune 11, 20141min3356
လွန်​ခဲ့​ခြေပြီ​ပေါ့ ဒွန်​တွဲတဲ့ ​မေတ္တာရိပ်​​အောက်​မှာ ခိုနားဖို့ကြိုးစားရင်​း ​သောကကိုရင်​မှာပိုက်​ အမိုက်​​ဒေါသ မစွန်​့ခွာမိ​လေ​တော့ ရင်​နာစရာ အဖြစ်​များ အမြစ်​ပွားသလို ငါ​လေကြီးထွားလို့​နေပါပြီ​လေ မချစ်​လို့စွန်​့သွားတဲ့ သံ​ယောဇဉ်​​တောင်​မှ လှည်​့​တောင်​မကြည်​့​တော့ဘူး​ပေါ့ ရှိပါ​စေ​တော့ ဖြစ်​သမျှအ​ကြောင်​းအရာ​တွေက ​နှောင်​းအတိတ်​က ဇာတ်​​ကြောင်​း​တွေပါ ဤဝဠ်​​ကြွေး ​ပြေပါ​စေ​တော့​လေ မြတ်​ဘုရားမှာ အကျွန်​ဆု​တောင်​းရင်​း ​နောင်​ဘဝဆိုတာ တစ်​ပတ်​လည်​​သေးရင်​ ငါ​လျှောက်​​သောခရီးကြမ်​း ​ကျောခင်​းလမ်​း မဖြစ်​ပါရ​စေသား ကာရံ{11.4.2014}​​


ကာရံJune 11, 20141min2704
မြက်​ခင်​းစိမ်​းစိမ်​း လွမ်​း​တေး​ရေးရင်​း ​မျှော်​​ငေးမိတယ်​ ကာရန်​အစပျိုးလို့ ငါ့နံ​ဘေးမှာ သူခိုနားခဲ့ဖူးတယ်​ ​ကြေကွဲခြင်​းဆိုတာ မသိလိုက်​​သေးခင်​ နှလုံးသားက နွမ်​း​နေဖူးတယ်​ ပန်​းက​လေးတစ်​ပွင်​့ရယ်​ပါ အနမ်​း​လေးမ​ပေးလိုက်​​သေးခင်​ ရနံ့​လေး ပျက်​​ကြွေ​နေပြီလား မျက်​ရည်​ဆိုတာ အချစ်​ကြီးသူအဖို့​တော့ သံဇဉ်​​လေးတစ်​ပုဒ်​ပါ သူရင်​နစ်​စွာ ငို​ကြွေး​နေပါပြီ​လေ ဆူးမရှိပါဘူး သူ့အနားမှာ​တော့ လိပ်​ပြာ​လေးများ ဝဲပျံ​နေတုန်​းပါ တိမ်​က​လေးများ ဟိုဒီ​ပြေးလွှားရင်​း ဘယ်​အရပ်​မှာ ခိုနားမည်​နည်​း ဒီည လမင်​းအလည်​မလာဘူး​နော်​ အဘယ်​မှာ သူပုန်​းခိုမည်​နည်​း ကြယ်​ပွင်​့​လေး ​ကြွေကျလာတယ်​ ငါ့အနား​တော့ မဟုတ်​ပါဘူး ရနံ့လည်​းပျယ်​ ပန်​းက​လေးရယ်​ နံနက်​ခင်​း မနိုးထ​သေးခင်​မှာပဲ သူ သူ​လေ ငါ့​ဘေးကစွန်​့ခွာ​ချေပြီ​ပေါ့ ရှာလည်​းမ​တွေ့ ကြာလည်​းမ​မေ့တာထက်​ ငါလည်​းတစ်​​နေ့ လိုက်​လာခဲ့မယ်​ဆိုရင်​​လေ သူ သူ သူက မနမ်​းထိုက်​တဲ့ပန်​း မနမ်​းထိုက်​တဲ့ပန်​းလို့ ဘယ်​သူဆို​နေမလဲကွယ်​ ကာရံ{11.4.2014}​​


ကာရံJune 10, 20141min3397
အလွမ်​း​တေးတစ်​ပုဒ်​ ဂန္တဝင်​​ဆောင်​တဲ့ မာလာ​ဆောင်​​ရှေ့ ဖြတ်​​လျှောက်​ဖူးတယ်​ သစ်​ပုတ်​ပင်​ အိုကာ​ဟောင်​းလည်​း ချစ်​သူတို့မှတ်​တမ်​း ​ရေးထိုးဖူးတယ်​ လွယ်​အိပ်​​လေးအသာလွယ်​ သူနဲ့တွဲ​လျှောက်​ရင်​း ​ကျောင်​း​တော်​ကြီးဝင်​း ​ပျော်​ဖူး​သေးတယ်​ ခု​တော့ မာလာ​ဆောင်​လည်​း ​ပြောင်​းလဲပြီမို့ သူလည်​းအ​ဝေး​ရောက်​ခဲ့ပါပြီ တစ်​ပင်​တည်​း အထီးကျန်တဲ့ အပင်​အိုလည်​း အရွက်​​ကြွေ အရိုးပြိုင်​းမို့ မင်​းနဲ့ငါ ချစ်​သက်​​သေ ဒီ​နေရာ​လေးမှာ အထီးကျန်​ ​ငေး​မောရင်​း မာလာ​ဆောင်​လည်​း လွမ်​းလို့​နေပါပြီ ကာရံ{10.6.2014}


ကာရံJune 9, 20141min2472
အားငယ်​စိတ်​နဲ့ရှင်​သန်​​နေမိတယ်​ ဘဝမှာ ဘာမှမရှိ​တော့ဘူး​လေ နားလည်​မှုဆိုတာ ငါ့အတွက်​​တော့ပျားရည်​စက်​ပါ ပထမဆုံးချစ်​ခဲ့မိတယ်​ အပြုံးများ​မ​ဝေလိုက်​​သေးခင်​ အမုန်​းတရားခါးသက်​မိတယ်​ မင်​းက​တော့ စွန်​့ခါပြစ်​ပြီ​ပေါ့ တစ်​​ယောက်​​သောသူကို ထာဝရလို့ သတ်​​မှတ်​ဖူးတယ်​ ခု​တော့ ခု​တော့​လေ နာကျည်​းချက်​​တွေမုန်​တိုင်​းအလား ရက်​စက်​တယ်​လို့မ​ပြောရက်​ပါဘူး​လေ အချစ်​ကငါ့အတွက်​​တော့ စွန်​့လွှတ်​ခြင်​းလား ဟိုးအ​ဝေးမှာ​လေတံခွန်​​လေး ​ပျော်​မြူး​နေ​သေးတယ်​ ​လျှော့ကြိုးကုန်​ခဲ့ပါပြီ​လေ ဒုတိယနှလုံးသားနဲ့ ဆက်​ရှင်​သန်​​နေသူမို့ ကံတရားရယ်​ ဆက်​ရန်​ရှိ​သေးရင်​ အကြင်​နာရနံ့​လေး ရင်​မှာစွန်​းထင်​ကျန်​ပါ​စေ  ကာရံ{9.6.2014}​