ကာရံFebruary 8, 20141min1732
အမှတ်တရဆိုတာ မေ့လွယ်တဲ့အစိတ်အပိုင်းလား အခေါ်ပဲလာ မနှင်ပဲပြေး ဒီကမ္ဘာမြေပေါ်မှာ အကြင်နာရော ကျန်သေးရဲ့လား မမုန်းချင်ပါဘူးလေ အပြုံးလေးတော့ပျောက်ပြီပေါ့ နှစ်ဘက်တီးမှမည်တက်တဲ့အရာထဲမှာ လက်ခုပ်က ထိပ်ဆုံးအလား အချစ်တက်တော့တာ မဟုတ်ပါဘူး မချစ်ငတ်နေသေးတာပါ ကြင်နာသူရေ ရင်မှာအပူမီးတွေ မငြိမ်းသရွှေ့တော့ မေတ္တာစစ်ကို ရှာနေရဦးမှာပေါ့ သံယောဇဉ်လေး မီးစာမကုန်သေးလို့ပါ                                          ကာရံ 8.2.2014


ကာရံFebruary 8, 20141min2072
အကြွေပန်း အကြင်နာ ချစ်စကားလေပြောဖို့အတွက် ရင်မှာအသိတရားလေးတစ်ခု ဖြစ်တည်ပေးပါ လွမ်းခွဲဖို့အကြောင်းကို ထက်ပြီးမတောင်းဆိုပါနဲ့ မင်းမုန်းလိုက်တဲ့နေ့က အပြုံးပန်းလေးတစ်ပွင့် ကြွေလွင့်သွားမှာ စိုးကြောလို့ပါ                                      ကာရံ 8.2.2014   မုသားမဆိုပါနှင့် ပြစ်ပယ်ချင်လို့ အမုန်းတရားပိုလျှင် ချစ်တယ်ဆိုတဲ့စကား နှလုံးသားက မဆိုပါနှင့်လား နုနယ်သေးတဲ့ ပန်းလေးတစ်ပွင့်ကို ဘာကြောင့်များ လှမ်းလင့်လို့ ဆွပ်ခူးချင်ပါလိမ့် အကြင်နာပိုမိလို့ ချစ်စကားလေးကြောင့် မင်းလေး စိတ်ထားမပြောင်းလိုက်ပါနှင့်နော် ငါ့နှလုံးသား အခုမှ အာရုံဦးမို့ပါ ချစ်သူရေ ချစ်ပါတယ်ဆိုတဲ့နှုတ်ဖျားကလေ ကောင်းကင်ထက်က လမင်းတောင် မင်းနှလုံးသားထဲ ဖြာဆင်းနေပါပြီ                                 ကာရံ 8.2.2014


ကာရံFebruary 7, 20141min2464
တိမ်တိုက်ကလေး ရွှေ့နေခဲ့တယ် ကောင်းကင်က မဲမှောင်တုန်း တောင်အကွယ် တစ်နေရာက နေမင်းလည်း ပြေးပုန်းလုလု ငါ့နှလုံးသားလေး မိုးခိုနေတယ် ဘေးမှာ မင်းမရှိခဲ့ဘူးပေါ့ ဒါပေမယ့် တစ်မိုးအောက်မှာတော့ မင်းပုံရိပ်တွေ ဖြာကျနေစဲ ငါနဲ့ ဟိုးအဝေးတစ်နေရာမှာပါ ကာရံ 7.2.2014


ကာရံFebruary 6, 20141min2443
သို့       မေ မေသိပါလေစ     အချစ်ဆိုတဲ့စာသားက နူးညံ့ခြင်းသဘောပါ     အပြစ်မမြင်အောင် မောင့်ရင်ထဲက ချစ်ခြင်းတရားတွေက မေ့ဘဝအတွက် ထာဝရ အမိုးလေးပါ မေသိလေမလား အေးချမ်းတဲ့ဆောင်းတစ်နေ့ပေါ့ မောင်နောက်ကျမိလိ်ု့ မျှော်နေတဲ့ မေ့မျက်နှာလေးကို မောင်ကြိုတွေးရင်း စိတ်မကောင်းဖြစ်ရပါတယ်မေ အချစ်စစ်မှာ မာနတို့ ဂုဏ်ပကာသဏတို့ဆိုတာ တစ်ပါးသူအတွက် အလင်္ကာဖြစ်ချင်ဖြစ်မယ် မောင့်အတွက်တော့ မေကအေးချမ်းတဲ့ စမ်းချောင်းငယ်လေးဆို ရေကန်အလည်က ငါးလေးတစ်ကောင်ဖြစ်တည်နေမယ်ဆိုတာ မေသိရင်လေ မောင့်အချစ်တွေကို မငြင်းပယ်လိုက်ပါနဲ့နော် မေနဲ့ဝေးရမှာ တွေးကြောက်မလို့ပါ                                                           […]


ကာရံFebruary 6, 20141min2959
ကမ်းခြေဟိုအဝေးက အနမ်းခြွေလေသူတစ်ယောက် ပန်းခရေ အတူကောက်ခဲ့ဖူးတယ် အချစ်ကာရံလှလှလေးမှာ ငါအတွေးနယ်ချဲ့ဖူးတယ် သူပေးခဲ့ အကြင်နာတွေနဲ့ အမုန်းမိုးရွာတဲ့ည ငါ့နှလုံးသား စီးဆင်းဖူးတယ် အဲဒီည လမင်းအလင်းမဖြာဘူးလေ ချစ်သူရယ် အပြစ်မယူပါနဲ့နော် တစ်သက်မှာတစ်ယောက်ချစ်သူမို့ ဘဝဆက်ဆက်ဖြစ်တည်ရင်လေ အချစ်သေလို့ဝင်စားမယ့်သူပါ   ကာရံ  6.2.2014   မှတ်ချက်     အရင်ပို့တွေတုန်းက ပိတောက်မိုး နာမည်နဲ့သုံးခဲ့ပါတယ် အခု ကာရံ နာမည်ပြောင်းထားပါတယ်   ကဗျာချစ်သူ သူငယ်ချင်းအပေါင်း ကျေးဇူးတင်တယ်နော်


ကာရံOctober 13, 20131min1570
မေတ္တာလက်နက် လွန်ထက်မြက်သည် ဒေါသမောဟ မာနတွေကြား ကြီးပြင်းကြတဲ့ လူသားတွေဘဝ လွန်သွားပမာ နက်ရှိုင်းသည့်စိတ် မအေးချမ်းသေး ကဲ အမုန်းလက်နက် ဖန်ဆင်းရှင်သို့………… ပန်းဆိုသည်မှာ နူးညံ့သည့်ဟန် မွှေးပျံ့သည့်ရနံ့ သူ့မှာပိုင်လည်း အကြင်နာကင်းတဲ့ မင်းလက်တစ်စုံကြောင့် အညွန့်လည်းကျိုး ပန်းလည်းငြိုးခဲ့ ဘယ်ပုံဘယ်နည်း ကြီးပြင်းတော့မည် ပြောစမ်းပါလှဲ့ ဖန်ဆင်းရှင်သို့ …………….. ကလေးငယ်ဘဝ အတုယူမှား နီးပတ်ဝန်းကျင် သွေးစက်တွေကြောင့် ကြောက်အားရယ်ပို အဖော်မျက်ရည် အိုဘယ်လူသား သင်ဘယ်သွားမည် ဖယောင်းဆိုသည် ပူနေတုန်းသာ ပုံလောင်းသင့်သည် အခုတော့ဘဝ သင့်ကြောင့်ပြောင်းလဲ အမုန်းတစ်မိုးအောက် သူတို့ရောက်ခဲ့လေသလား ဖန်ဆင်းရှင်များ ……………. အပြုံးခွန်အား ပေးသနားလှည့်ပါ အိုလောကကြီး မုန်းမိုးတွေအစား မေတ္တာမိုးစွေ အသံပေးပြီး အားငယ်နေသော လူလားမမြောက် ကလေးသူငယ်အောက် ရွှာဖြိုးခဲ့ရင် အနာဂါတ်လောက အမှောင်ကြားဝယ် အလင်းစက်တစ်ပွင့် […]


ကာရံOctober 13, 20131min2125
မြစ်၏မာယာ လှည့်ဖျားသည့်သဘော ကွေ့ကောက်ဆန်တက် လှည့်ဖျားမှုပေါ် သာယာသည့်စိတ် အေးချမ်းမှုသည် ခဏတာသဘော သက်ရောက်သော်လည်း သူ၏မာယာ တုနှိုင်းမမှီ ပင်ကိုစိတ်က နက်လှသည်…….. မာယာတစ်သိန်း မိန်းမလှကြွယ် အမုန်းသခင် တိုးချင်ပါလည်း အချစ်လှည့်ဖျား မှော်ကစားလင့် ငါတို့အသည်း ကျောက်သားသို့သွင် မင်းဖန်ဆင်းသမျှ ယိုင်မသွားဘူး သိစေချင်သည် မာယာသဘော မေတ္တနှောလည်း အချစ်စစ်မည် အေးချမ်းသည့်သွင် အမုန်းကိုပယ် အကြင်နာပြု ရင်မှာထုစစ် ငါတို့လက်သည် ပန်းပျိုးသည်သို့ …………                                     ပိတောက်မိုး


ကာရံOctober 12, 20131min2495
တစ်ခါတစ်ရံ လူတစ်ယောက်ကို သတိရတယ်ဆိုသော စိတ်ကလေးက အတော်လေးကို ပင်ပန်းစေသောအရာလေးပါ အတူနေလာတာကြာတော့သံယောဇဉ်တွေဖြစ်တည်လာတယ် ခိုင်မာလာတော့လဲ တစ်ယောက်ကိုတစ်ယောက်မေ့မရအောင်ဖြစ်တည်နေတာပေါ့ အနေဝေးကွာလာတာနဲ့အမျှ လွမ်းသည်ဆိုသော ဒဏ်ရာလေးတွေ ကိန်းအောင်နေပါပြီ အချစ်နဲ့စ မေတ္တာအလယ် အလွမ်းနဲ့ မဆုံးပါရစေသား နွေဦးလေပြေ ရွှက်ကြွေသည့်သဘော မျက်ရည်မိုးဆွေ ပြိုကျလုလု ကြင်သူဘယ်အဝေး မျှော်ငေးလို့လွမ်း တမ်းတမိသူ ချစ်သူမောင်သည် တစ်ယောက်ဘဲချစ် သံယောဇဉ်၏ မြစ်ဖျားခံရာ ခံစားစိတ်လေး အနေဝေးလဲ မင်းရဲ့ရင်မှာ အစဉ်သာ လင်းမယ့် လမင်းပမာ…………..                                              ပိတောက်မိုး


ကာရံSeptember 1, 20131min1621
ကြည့်စမ်းပါဦး စိမ်းလန်းနေတဲ့မြက်ခင်းပြင်မှာ ဝဲပျံနေတဲ့လိပ်ပြာငယ်လေးတွေ ဘယ်လောက်များကြည်နူးဖို့ကောင်းလိုက်ပါဘိ အလွမ်းဆိုတာသူတို့မသိ အဆွေးဆိုတာသူတို့နားမလည် အပူအပင်ကင်းဝေးနေလိုက်ကြတာ တစ်ခါတစ်လေတော့လဲအားကျမိတယ်ချစ်ရယ် အခုတော့အလင်းမဖြာနိုင်တော့တဲ့ လမိုက်ညနွေအလည်မှာ တစ်ယောက်ထဲလျှောက်လှမ်းနေရတာ အကျည်းတဲ့ပတ်ဝန်းကျင်လေးကိုသနားမိခဲ့တယ်ကွယ် လူသားတွေဘဝမို့ ခံစားချက်တွေရင်မှာစု ပြုသမျှခံနေရတဲ့ သံသရာမြစ်ကြောမှာ မျှောချင်တိုင်းမျှောနေခဲ့ရတယ် ကြိုးစားသမ၊ျှတွေအခုတော့ နေအကွယ် အနောက်ရပ်ကနေ မှေးတင်လို့သူငေးနေမလား တစ်ချက်ချက်နဲ့လှောင်တက်တဲ့ နာရီလက်တံလေးကိုမုန်းမိတယ် ငါ့အတွက်သူတို့အပြုံးလေးတွေသယ်ဆောင်မပေးလို့ပေါ့ ငါ့ရဲ့နံဘေးမှာလဲအချစ်မရှိတော့ပါဘူးလေ သံဇဉ်တွေးသွားလေးတွေကအဖော်ပြုတက်နေပါပြီ အခန်းကျဉ်းလေးထဲမှာ ငါ့တစ်ယောက်ထဲလွမ်းတက်နေပါပြီ နံရံထက်မှာဝဲပျံနေတက်တဲ့ လိပ်ပြာလေးတွေတောင် အခုတော့အလည်တစ်ခေါက်ရောက်မလာတော့ပါဘူး အချစ်မရှိတော့တဲ့  ဒီအခန်းလဲ အိုဟောင်းသည့်အသွင်ကိုဆောင်နေပြီလား ချစ်သူရေ မင်းမြင်နိုင်မလား သိပ်ချစ်တာကို မင်းသိရင်လေ အဝေးတစ်နေရာကနေ အပြေးသာလှမ်းလာခဲ့ပါနော် ကြယ်လေးတွေမြေမှာခ ကြွေကျသွားတဲ့အချစ်တွေသည် ငွေလမင်း အလင်းရယ်မဖြာတော့ပြီမို့ ငါဆွေးတာလူတွေမသိခဲ့ပြီ ပျံဝဲတဲ့ လိပ်ပြာငယ်တစ်ချို့ ပန်းဝတ်မှုန် သူနံဘေးမှာ ရစ်ဝဲစွာ ခိုနားရင်း ပြိုကျသွားတဲ့ ငါ့နှလုံးသားတို့သည် ရင်ကွဲကာ ကျန်နေရစ်ပြီမို့ […]


ကာရံSeptember 1, 20131min1801
မိုးတွတဖွဲဖွဲကျလာပြီနော် ချစ်ရဲ့နံဘေးမှာ အဖော်အဖြစ်ရပ်တည်ပေးမယ့်မောင့်ကို လွမ်းမိတယ်လေ တစ်ချိန်တုန်းကပေါ့ အအေးမိမှာစိုးလို့ မိုးပေးခဲ့တဲ့ မောင့်ရဲ့ ထီးရိပ်အောက်မှာ နှစ်ယောက်တူတူလျှောက်ခဲ့ဖူးတဲ့လမ်းလည်း အလွမ်းကြောင့် စိုစွတ်ကုန်ပြီပေါ့ အထီးကျန်တဲ့ရက်တွေကို ချစ်လေတစ်ယောက်ထဲလျှောက်လှမ်းနေရဆဲပါ မောင်သိနိုင်မလား မောင်မြင်နိုင်မလား မိုးနဲ့အတူ ခြွေချလိုက်တဲ့မျက်ရည်စက်တွေကိုလေ မောင်အခုဘာများလုပ်နေမလဲ ချစ်ကိုတွေးနေမလား ချစ်နဲ့နီးစပ်ဖို့ကြိုးစားနေတဲ့မောင်ကို ချစ်လေသစ္စာရှိရှိနဲ့ နေ့ရက်တွေကို ကြိုးစားဖြတ်သန်းနေရတယ်မောင်ရယ် တစ်ပါးသူတွေတွဲသွားတာကိုမြင်တိုင်း ချစ်လွမ်းရတယ်မောင် သူတို့တွေချစ်ကြည်နူးတာကိုမြင်တိုင်း လွမ်းရတယ်မောင် သိပ်ချစ်ပါတယ်ဆိုတဲ့စားသားလှလှလေးတွေကိုအမြဲပြောတက်တဲ့ မောင့်ရဲ့နှုတ်ခမ်းလေးကိုချစ်တမ်းတနေမိပြီမောင် အကြင်နာပေးခဲ့ဖူးတဲ့ခုံတန်းလေးကိုလေးကို မှန်းစမိပြီမောင် အခုတော့ချစ်တစ်ယောက်ထဲ အထီးကျန်နေတာကို ဘယ်သူသိမှာလဲလေ ဘယ်သူတွေကရော ကိုယ်ချင်းတာတက်မှာလဲလေ နီးရက်ကိုလက်ချိုးရေ တစ်ရွှေ့ရွှေ့နဲ့လည်ပတ်နေတဲ့ နာရီလက်တံလေးကို အမြဲငေးမိတယ် တစ်ခါတစ်လေ အရမ်းကိုမုန်းမိတယ်မောင် ဘာကြောင့်များ သိပ်ကြာနေရတာလဲလို့ပေါ့ ဆုံတဲ့တုန်းကလဲ ဒီအချိန်ဘဲ ခွဲခွာလို့ဝေးကွာသွားတာလဲ ဒီအချိန်ဘဲလေ သိပ်ချစ်တယ်မောင် ရင်တွေကွဲမတက်လွမ်းရတယ် တစ်ယောက်ထဲ အမြဲလိုလိုစိတ်တိုနေခဲ့မိတယ် အလိုမကျလဲဖြစ်မိတယ် ကံကြမ္မာက […]


ကာရံAugust 11, 20131min2742
ထက်ကောင်းကင်ညိုပြာမှိုင်း တိမ်တိုက်တစ်တွေ ဘယ်နားခိုလို့ နေညိုညို အနောက်ရပ်ကွယ် ရော်ရမ်းတော့မယ် ချစ်သူရယ်…………….. ပင်လယ်ပြာ လှိုင်းမထန်တော့ပေဘူး ရွွှက်လွင့်တဲ့ လှေငယ်လေးတွေတောင် လေလာရာသူလေယိမ်းလို့ ပြန်လှည့်တော့မယ် ချစ်သူရယ်…………….. ကြင်ဖော်ကွဲဌက်လေးတွေပူဆွေးရော့မယ်ထင်ပ လွမ်းဥဩ အသံပေးလို့ ခါနွေဦး လေပွေရူးပေမို့ ရော်ရွက်ကယ်မြေမှာကြွေ လွမ်းမျက်ရည်တစ်နေရာအကွယ်မှာ ပူဆွေးလေရော့သလား ချစ်သူရယ်……………. အခြေအနေမပေးလို့ ဝေးရတဲ့ဒီဘဝမှာ ဆွေးမျက်ရည်မကျစေချင်ပါဘူး ခါနွေဦးမကုန်သေးခင်မှာ ရောက်လှမ်းချင်ပါသေးတယ် ချစ်သူရယ်…………. ဘဝပေးအခြေမလှလေတော့လည်း အချစ်ဆိုတဲ့စာသားလေးအောက်မှာ ငါလှအောင်ရေးတက်ဖို့ ကြိုစားနေပါတယ် ချစ်သူရယ်………… မေတ္တာကိုရင်မှာစု အကြင်နာပေးဖူးတဲ့ ခါနွေဦး ခုံတန်းလေးအနားမှာ မင်းနဲ့ငါ ရပ်တည်ချင်ပါသေးတယ်ချစ်သူရယ်………. တစ်မိုးအောက်နှစ်ယောက်သားဆုံတွေဖို့ ချစ်ခြင်းတွေဖန်ဆင်းထားတဲ့ လှေငယ်လေးနှင့်အတူ မေတ္တာကိုရွက်လွှင့်ကာ မင်းလေးရဲ့အပါး နားခိုနိုင်ဖို့ ငါလေကြိုးစားနေတယ်ဆိုတာ ချစ်သူသိရင်လေ အပြစ်မယူမိပါလေနဲ့နော်………….                       ပိတောက်မိုး


ကာရံAugust 11, 20131min2002
အမှားပါရင်နားလည်ခွင့်လွှတ်စေချင်ပါတယ် အပြစ်သဘောဆောင်ခြင်းမဟုတ်ပါဘူး  အပြုသဘောသက်သက်ပါ လောကအလည်မှာ သောကတွေနဲ့ ရှင်သန်နေရတဲ့ လူသားတွေဘဝတွေကို ခံစားချက်လေးတစ်ခုဖြစ်ပေါ်လာလို့ ရေးသားခြင်းပါ လူ့ကမ္ဘာလူဖြစ်ရတာ ရှုံးနှိမ့်ခြင်းတွေလား မာနတွေအပြိုင်ကြဲ ဒေါသကိုစစ်ခင်းနေခြင်းက အောင်နိုင်ခြင်းတဲ့လား မေတ္တာဆိုတာ ဆော့ကစားရာလက်နက်အဖြစ်ဖန်ဆင်းခြင်းများလား ကြည့်စမ်းပါဦးကွာ တစ်ဖက်မှာငြိမ်းအေးသလောက် ပူလှောင်ခြင်းကို ဘာကြောင့်များယူဆောင်နေရသလဲလေ မတွေးမိဘူးလား ဘေးဖြစ်စေမယ့်ဒုက္ခတွေဆိုတာ လောဘတွေ မောဟတွေ မာန်မာနတွေအပြိုင်ကြဲနေကြတဲ့ လူ့သားတွေက အေးချမ်းခြင်းတဲ့လားကွယ် စစ်လက်နက်တွေရဲ့အောက်မှာ ကြီးပြင်းလာကြမယ့် ကလေးသူငယ်လေးတွေရဲ့စိတ်ဓါတ်ကို မင်းတို့ပုံသွင်းစေခိုင်းခြင်းလားကွယ် အေးချမ်းခြင်းဆိုတာ နှလုံးသားနဲ့ကြည့်ပါ အနီးအနားမှာ နားခိုနေမယ်ဆိုတာ အခုတော့ ထမင်းတစ်လုပ်စားဖို့ထက် မင်းတို့သွေးစာနေတဲ့လက်များက ဟင်းအဖြစ်ဖန်တီးနေပြီလား မိဘခေါ်စရာမရှိ အဖော်ဆိုတာလွန်စွာဝေး ပူလှောင်ခြင်းတွေ ပေးနေပြီပေါ့နော် ကိုယ်ချင်းစာတရား စာနာတက်တဲ့တစ်နေ့ မင်းလည်းလောကအလည်မှာ ရှိပါစေလို့ သူတို့လေးတွေဆုတောင်းပေးနေမယ်ဆိုရင်…………… ပိတောက်မိုး


ကာရံAugust 9, 20131min2323
ဘာကြောင့်များ အခါနှောင်းခဲ့လေရော့သလဲကွယ် ငါတို့ကြိုးစားခဲ့တာ ရိုးသားတဲ့စိတ်နဲ့ပါကွာ အခုတော့ မတိုးပွားသေးတဲ့ စိတ်ဓါတ်တွေက တိုင်းပြည်ကို ဒုကွများပေးဝေခဲ့လေရော့သလား သူငယ်ချင်း မြေနိမ့်ရာလှံစိုက်တက်တဲ့ စိတ်ရိုင်းတွေက ယနေ့ထိတိုင် မကုန်သေးပါလားလေ ခေတ်ကိုက ပြောင်းနေတာမဟုတ်ပါဘူး စိတ်ဓါတ်ကိုက အိုဟောင်းတဲ့ တစ်နေရာမှာ ခိုအောင်နေသေးလို့ပါ… မိုးစက်မိုးပေါက်လေးတွေများလာရင် အင်း အိုင် စမ်းချောင်းဖြစ်ပါတယ်သူငယ်ချင်း မင်းတို့ရဲ့ စာနာစိတ်လေးတွေ နည်းနည်းစီစုပေါင်းတက်ရင်လေ ငါတို့ တိုင်းပြည်လေးလဲ တစ်နေ့တိုးပွားမယ်ဆိုတာ……….                                                                               ပိတောက်မိုး