Paing LayJanuary 16, 20141min41417
ကျွန်တော် ငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ အ.ထ.က ၂ ကျောင်းကို ဆရာမဆီ လည်လည်သွားရင် ကျွန်တော့်ညီ ဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေမည်ဟု သိရသဖြင့် သွားဖြစ်ခဲ့ပါသည်။   ဖျော်ဖြေမည့် တစ်ခန်းရပ် ပြဇာတ်နာမည်ကား ဆရာကြီး “မင်းသုဝဏ်” ၏ “ဘကြီးအောင် ညာတယ်” စကားပြေကို တင်ဆင်ကပြမည်ဖြစ်သည်။ နောက်ခံပန်းချီကားမရှိ၊ နောက်ခံတီးလုံးမရှိ၊ ဆလိုက်မီး မရှိ။ ရှိတဲ့ ပစ္စည်းများ ဖြင့် ထိထိရောက်ရောက်တင်ဆက်သွားပုံမှာ နှစ်ထောင်းအားရဖွယ်ဖြစ်သည်။   စူး၊ဆောက်၊တူ များကိုကိုင်ပြီး ပါးစပ်တွင် ဆေးတံခဲထားသော လူကြီးတစ်ယောက်က ကြမ်းပြင်ပေါ်တွင် ပန်းပုရုပ်တစ်ခုကို ထုဆစ်နေသည်။ သူ့အမည်က “ဦးအောင်ချာ(ခ) ဘကြီးအောင်”။ ထိုအချိန်တွင် လွယ်အိတ်လွယ်လျက်ဝင်လာသော လူငယ်လေးတစ်ယောက်။ သူက အဓိကသရုပ်ဆောင် “မောင်ဖိုးချစ်”။ အပြန်အလှန်စကားပြောကြသည်။ “ဘကြီးအောင် မင်္ဂလာပါဗျ။” “မင်္ဂလာပါမြေး၊ […]


Paing LayDecember 31, 20131min2224
ကျွန်တော့် အဖေဆုံးတော့ အမွေကိစ္စနှင့် စကားများကြသည်။ အဖေချန်ထားခဲ့တဲ့ မြေကို မောင်နှမများ အညီအမျှခွဲဝေယူရန် ဆုံးဖြတ်ကြရာ ဝေစုမတည့်ရာမှ စကားများကြသည်။ နောက်ဆုံး သိပ်ချစ်ပါသည်ဆိုသည့် မောင်နှမများ တစ်ယောက်နဲ့တစ်ယောက် မခေါ်နိုင်မပြောနိုင်ဖြစ်ကုန်ကြသည်။ သူတို့ ဒီလိုဖြစ်နေတာကိုမြင်မှ ကျွန်တော်ဖတ်ဖူးသည့် ပုံပြင်လေးတစ်ပုဒ်ကို ပြေးမြင်ယောင်မိသည်။ ပုံပြင်လေးက ဒီလိုဗျ။ တောင်ပေါ်ရွာလေးတစ်ရွာမှာပေါ့ဗျာ။ နှစ်စဉ် ဆောင်းရာသီတိုင်းမှာ နှင်းတွေ ထူထပ်လေ့ရှိတယ်။ ဒါပေမယ့် ဒီနှစ်မှာ ခါတိုင်းနှစ်နဲ့မတူဘဲ နှင်းတွေ ထူထပ်စွာ ကျလာပြီး တစ်ရွာလုံးကို ဖုံးလွှမ်းပစ်သည်။ ထိုအခါ ရွာသာများသည် မိမိအိမ်ကိုစွန့်ခွာပြီး တောင်ပေါ်ရှိ ဂူတစ်ဂူထဲသို့ ရှောင်တိမ်းရသည်။ ဂူထဲတွင် ကိုယ်စီမီးဖိုကြရင်း ဖြင့် ပါလာသည့်ရိက္ခာများ ထင်းများဖြင့် မီးဖိုကာ မီးလှုံရင်း စားသောက်ကြသည်။ 3ရက်ခန့် ကြာသည်အထိ နှင်းထုများကလည်း မလျော့နိုင်သေးပေ။ ဒီလိုနှင့် […]


Paing LayDecember 28, 20131min2695
ဒီတစ်ခါ ကျွန်တော် တွေ့ခဲ့တဲ့ broken တစ်ခုက မက်ဇူကာဘတ် တီထွင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့Facebook လို့ခေါ်တဲ့ Social Network ပေါ့ဗျာ။ ဆိုလိုရင်းကို အစချီရမယ်ဆိုရင်ဖြင့် ကမာ္ဘ့ အရှေ့အလယ်ပိုင်းဒေသတွေဖြစ်တဲ့ အီရန်၊အီရတ် နဲ့ အာဖဂန်နစ္စတန်တို့လည်း Twitter ဆိုတဲ့ Social Network ကို လက်နက်သဖွယ်အသုံးချပြီး ဝါဒဖြန့်နေကြသလို။ ကျွန်တော်တို့ နိုင်ငံလည်း Facebook ကို ကောင်းကောင်းကြီး ထိုနည်း လည်းကောင်း လုပ်နေတာကို ဒီက သဂျီးခိုင်အပါအဝင် အူးအူး ဒေါ်ဒေါ် နောင်တော် အမတော်များ အားလုံးလဲ သိပြီးဖြစ်မှာပါ။ အကို ဂျော်နီ ဒီးယား ရဲ့ ပို့စ်မှာ ပြောခဲ့သလိုပေါ့ ဖ.ဆ.ပ.လ သုံးခြမ်းကွဲတယ်ပေါ့ဗျာ။ ကျွန်တော့်ရဲ့ friends list ထဲမှာလည်း ကြားလူ(ထူးတယ်ထင်တိုင်း […]


Paing LayDecember 14, 20131min3017
တစ်နေ့သ၌….. အိမ်ရှေ့က ပက်လက်ကုလားထိုင်ပေါ်မှာ ကျွန်တော်စာဖတ်နေ၏။ စာအုပ်က မိုးကုတ်ဆရာတော် ၏ တရားစာအုပ်ငယ်ပါ။ မိုးကုတ်ဆရာတော်ဘုရားကြီးကလည်း အဟောလည်းကောင်းသည်။ လိုရင်းနှင့် ထိရောက်အောင် အောင်ဟောပြောနိုင်သည်။ စာအုပ်နာမည်က “သင်္ချိုုင်း (၃၁)ခု သင်ကြိုက်ရာရွှေး” တဲ့။ စာဖတ်နေရင်း….. အိမ်ရှေ့ကို လူတစ်ယောက် ဖြတ်လျှောက်သွားသည်။ သူက ကျွန်တော်၏ သူငယ်ချင်းဟောင်း။ ကျွန်တော်တို့ အရပ်ထဲတွင် မနေပါ။ အောင်ပင်လယ်တွင်နေသည်။ သူ့ကိုမြင်တော့ ရင်ထဲတွင် ဒေါသတွေ ထွက်လာရသည်။ အကြောင်းက ဟိုးလွန်ခဲ့သော (၅)နှစ်ခန့်က သူသည် ကျွန်တော့်ထဲမှ ပိုက်ဆံချေးဖူးသည်။ လိုရင်းပြောရလျှင် သူက ချဲဒိုင်။ ပေါက်ဂဏန်းတစ်ခုအတွက် ပေးလျော်မှု အကြီးကြီးကြုံလေသည်။ ထိုကိစ္စအတွက် သူ့မှာ ရှိသမျှ ပစ္စည်းအားလုံး ဆုံးရှုံးရသည်။ ထိုမျှနှင့်ပင်မပြီးသေး အကြွေးတွေ ပတ်လည်ဝိုင်းသွား၏။ ကိုယ့်သူငယ်ချင်း၏ ဒုက္ခကို မကြည့်ရက်သောကြောင့် […]


Paing LayDecember 5, 20131min3209
မနက်စောစာ အိမ်အပြန် လမ်းတွင် လက်ဆော့ထားခြင်း 😀 ညနေ အလုပ်သိမ်းတော့ မောမော နဲ့ ဂစ်တာ တစ်လက်ဆွဲပြီး ဒီသီချင်းတွေ ထိုင်ဟဲတယ်။ 😀 မနက်စာ ဆွဲပြီးတော့ စာအုပ်ဆိုင် ဝင်မွှေရင်း ဒီစာအုပ်လေး ရခဲ့တယ်။ ရွာသူား တွေလည်း ဖတ်ပြီးပြီထင်ပါတယ်။ 🙂 အောက်နှစ်ပုံက ဘယ်လိုဖြစ်သွားလဲမသိဘူး ဗျို့  အချိန်လွဲသွားတယ်ဂျာ။


Paing LayDecember 4, 20131min37412
တစ်နေ့ဆီတုန်းက “ပျော်ဘွယ်” ဘက်ကို စာပေဟောပြောပွဲ သွားဖြစ်ခဲ့သည်။ ကိုယ့်ကားနဲ့ကိုယ် သွားခဲ့သည်။ ကျွန်တော့်ကားပေါ်မှာ စာရေးဆရာ ဇော်ခိုင်ဦး၊ ဒဿနိက စာရေးဆရာ နန္ဒာထွန်းရွှေ၊ ပန်းချီဆရာ အောင်သန်းညိုတို့ပါသည်။ နေကလည်း ပူဆိုတော့  ကားမောင်းရင်းနဲ့ ရန်ကုန်-မန္တလေး လမ်းဘေးနားက ကုက္ကိုရိပ်မှာ နားလိုက်ကြသည်။ အနားယူရင်း စားပြောဖြစ်ကြသည်။ ပြောတဲ့ စကားတွေထဲမှာ သစ်ပင်နဲ့ တူတဲ့ လူတွေအကြောင်းပါလာသည်။ ကျွန်တော်က အတွေးသမားဆိုတော့ ဒီလိုပြောမိသည်။ “လူ (၂)မျိုး ရှိတယ်ဗျ။ လူနဲ့ တူတဲ့ လူရယ်၊ သစ်ပင်နဲ့ တူတဲ့လူရယ်” ဇော်ခိုင်ဦးက မေးသည်။ “ရှင်းပြစမ်းပါဦး။ သစ်ပင်နဲ့ တူတဲ့ လူဆိုတာ ဘယ်လိုမျိုးလဲ” “ဒီလိုဗျ၊ သစ်ပင်နဲ့တွေကို ကျွန်တော်တို့ မြင်ဖူးကြတယ်။ သစ်ပင်တွေမှာ ကြီးထွားခြင်းရှိတယ်။ ရှင်သန်ခြင်းရှိတယ်။ လူတွေမှာလည်း […]


Paing LayDecember 3, 20131min57535
ကျွန်တော့် နာမည်က ပိုင်လေးလို့ ခေါ်ပါတယ်ဗျာ။ (Introduce myself)   အခု ကျွန်တော်ရေးမှာက ဆရာ ဦးဘုန်း(ဓာတု)[mdy] ရဲ့ Singapore လူမျိုးတွေရဲ့ စင်းင်္ဂလိပ်ဆိုတဲ့ broken English အကြောင်းပါ။ ဆရာဦးဘုန်းက စလုံးရောက်တုန်းက သူ သွားရင်းလာရင်း အဲဒီမှာ သူ့ရဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့တော့ အဲဒီမှာ အခြေကျနေတဲ့ သူ့ ဘော်ဒါနဲ့ ဆုံရင်း စကားလက်ဆုံကျဖြစ်တယ်ပေါ့ဗျာ။ ပြောရင်းနဲ့ သူ့သားသမီးတွေနဲ့ မိတ်ဆက်တဲ့ အချိန်မှာ သူ့သားသမီးတွေ အကုန်လုံး အင်္ဂလိပ်နာမည်တွေ ချည်းပဲ။ ဆရာ ဦးဘုန်းကတော့ ဝမ်းသားလို့ပေါ့။ အဲဒီမှာ သူ့ သူငယ်ချင်းကပြောတယ်။ “မင်းကသာ ဝမ်းသာနေတာ ငါကတော့ လုံးဝ စိတ်မချမ်းသာဘူးတဲ့” အဲဒီမှာ ဆရာ ဦးဘုန်းက ကြောင်သွားတယ်။ […]