phone_kyawJanuary 10, 20121min45938
တလောက အိတုံက ဦးဆောင်ပြီး ဂေဇတ်စုပေါင်းအလှူ လုပ်မယ်လို ့ပြောတော့ သာဓုခေါ်ရမယ်လို ့ဆိုချင်တယ်။ ပြီးရင် နာရေးကူညီမှူအသင်းကိုလှူမယ်ပေါ့။ အိုင်ဒီယာကောင်းပါတယ်။ ကျနော်လည်း လှူ ပါ့မယ်။ ဒါပေမဲ့ ခက်တာက လှူတဲ့သူတွေကလှူပြီး ပိုက်ဆံတွေကို ဘတ် သွားရင် ဘယ်လိုလုပ်မလဲ။ ယုံကြည်အောင် ထင်သာမြင်သာရှိအောင် ဘယ်လိုလုပ်ထားကြလဲမသိဘူး။ မြန်မာပြည်မှာ ခဏခဏ အလိမ်ခံနေရတာဆိုတော့ လှူတော့လှူချင်တယ် ဒါပေမဲ့ မယုံရဲဘူးဖြစ်နေလို ့ပါ။ ဆိုတော့ လှူတဲ့သူတွေ ယုံကြည်အောင် ဘယ်လိုမျိုးလုပ်ထားကြလဲဆိုတာ ပြောစေချင်တယ်။


phone_kyawJanuary 9, 20121min21516
ဒီနှစ်အတွက် လုပ်ချင်တာတွေ ကျနော့်ခေါင်းထဲမှာ တန်းစီနေတယ်။ အဲဒိအထဲက တစ်ခုလောက်ကို ရင်ဖွင့်ချင်တယ်ဗျာ။ ကျနော်ဪစတျေးလျနိုင်ငံမှာ နေရတာ အတော်လေးကို ငြီးငွေ ့နေပါပြီ။ ဖြစ်နိုင်ရင် ကိုယ့်တိုင်းပြည်ထဲမှာ ပြန်ပြီးနေချင်တယ်။ ခလေးတွေကိုလည်း ဗမာစကားကောင်းကောင်းပေးတက်စေချင်တယ်။ အခုပုံစံက သူတို ့ပြောတဲ့ ဗမာစကားကို ကျနော်နားမလည်ဘူးဖြစ်နေပြီ။ ပြောတော့ ပြောတက်ပါတယ်။ ဒါပေမယ့် မပီဘူး။ ဘိုသံပေါက်နေပြီ။ အခုမှ ခလေးက အသက်က ၇-နှစ်အရွယ်ပဲရှိသေးတယ်။ ကြီးလာရင် ဒိထက်ပိုပြီးဆိုးသွားနိုင်တယ်။ သူတို ့တောင် ဗမာစကားကို မတက်ဘူးဆိုရင် သူတို ့မွေးထားတဲ့သားတွေသမီးတွေဆိုရင် တစ်လုံးမှကို နားလည်မဲ့ပုံမပေါက်တော့ဘူး။  ဒါက ခလေးတွေအတွက်ကို စဉ်းစားမိတဲ့အရာပါ။ ဩစီမှာ အလုပ်သွား။ အလုပ်ပြန်။ နေ ့တဓူဝ စားလိုက်သောက်လိုက်နဲ ့ပျော်ရွှင်စရာမကောင်းတဲ့ဘဝတွေကို ဖြတ်သန်းနေရတယ်။ ဗမာ့ယဉ်ကျေးမှု၊ ဗမာအစားအစာစတဲ့ ဗမာအငွေ့အသက် […]


phone_kyawJanuary 5, 20121min590
1/4/12     သုံးယောက်လုံးက အသက်လည်း မတိမ်းမယိမ်း။ အလုပ်အတွေ ့အကြုံလည်း အတူတူ။ ပြီးတော့ ရာထူးချင်းလည်း တူတယ်။ ပညာအရည်အချင်းကလည်း သိပ်ပြီးမကွာဘူး။ တနေ ့မှာ သူတို ့သုံးယောက်ခရီးထွက်ကြတယ်။ မဲ့ဆောက်၊ ဘန်ကောက်၊ ချင်းမိုင်ကနေတဆင့် စံခလပူရီ (ဘုရားသုံးဆူအနီး) ကိုရောက်လာကြလေတယ်။ သူတို ့လာရင် ထုံးစံအတိုင်း ခေါင်းစဉ်ကတော့ နိုင်ငံရေးပေါ့။ ဘာနိုင်ငံရေးလဲလို ့မေးရင် နိုင်ငံရေးလို ့ပဲ မှတ်ပါ။ စံခလပူရီဆိုတာက မွန်ပြည်သစ်ပါတီဌာနချုပ်ဖြစ်တယ်လို ့ပြောလို ့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ မွန်ပြည်သစ်ပါတီက ခေါင်းဆောင်တွေရဲ  ့နေအိမ်တွေ မိသားစုဝင်တွေအများအပြားနေလို ့ပါ။ ရေချောင်းဖျား ဌာနချုပ်ကိုတော့ တရားဝင်ဌာနချုပ်လို ့ခေါ်ပြီး စံခလပူရီကိုတော့ တရားမဝင်ဌာနချုပ်လို ့ခေါ်လို ့ရမလားပဲ။ သူတို ့လာတဲ့ရည်ရွယ်ချက်က မွန်ပြည်သည်ပါတီက […]


phone_kyawJanuary 1, 20121min16513
လူလိမ်တွေပေါတဲ့ ဒို ့တိုင်းပြည် သူခိုးတွေပေါတဲ့ ဒို ့တိုင်းပြည် နိုင်ငံရေးနားမလည်တဲ့ သူတွေက လွှတ်တော်အမတ်ဖြစ်တဲ့ ဒို ့တိုင်းပြည် ဆရာဝန်တွေက ဂျာနယ်လစ်တွေဖြစ်တဲ့ ဒို ့တိုင်းပြည် စာရေးဆရာတွေက နိုင်ငံရေးသမားဖြစ်တဲ့ ဒို ့တိုင်းပြည် သူပုန်တွေက အန်ဂျီအိုတွေဖြစ်တဲ့ ဒို ့တိုင်းပြည် စစ်သားတွေက နိုင်ငံရေးသမားတွေဖြစ်တဲ့ ဒို ့တိုင်းပြည် ကျောင်းသားတွေက အကျဉ်းသားတွေဖြစ်တဲ့ ဒို ့တိုင်းပြည် ဘုန်းကြီးတွေက ဘလောဂ်ဂါတွေဖြစ်တဲ့ ဒို ့တိုင်းပြည် ရုပ်ရှင်သရုပ်ဆောင်တွေက လူမှုရေးလုပ်သူတွေဖြစ်တဲ့ ဒို ့တိုင်းပြည် ဒီမိုကရေစီခေါင်းဆောင်ကြီးတွေက တရားဟောဆရာတွေဖြစ်တဲ့ ဒို ့တိုင်းပြည် ဒို ့တိုင်းပြည် ဒို ့တိုင်းပြည် တလွဲတွေဖြစ်နေတဲ့ ဒို ့တိုင်းပြည် ဒီမိုကရေစီလည်း တလွဲရတဲ့ ဒို ့တိုင်းပြည်။ ကဗျာမဟုတ်ပါ။ […]


phone_kyawDecember 30, 20111min1015
Occupational Health and Safety ကိုဘာသာမပြန်ပဲ ဒီအတိုင်းပဲ ဖတ်ကြည့်ပါ။ ဒီပညာရပ်ကို မြန်မာနိုင်ငံမှာ သင်ကြားနေတာမရှိပါဘူး။ ဒီလိုဘာသာရပ်ဟာ ယနေ ့ခေတ်ကာလမှာ အထူးပဲ အရေးကြီးတယ်။ လုပ်ငန်းခွင်တိုင်းမှာ စက်ရုံအလုပ်ရုံတိုင်းမှာ ဒီဘာသာရပ်နဲ ့သက်ဆိုင်တဲ့ဌာနရှိရတယ်။ ရှိမှလည်း လုပ်ငန်းရှင်နဲ ့အလုပ်သမားတွေနှစ်ဘက်လုံး အကျိုးခံစားခွင့်ရှိနိုင်မယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာ ဒီလိုအလုပ်နဲ ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့လူတွေအများအပြားရှိတယ်။ လစာလည်းအတော်ကောင်းတဲ့အလုပ်တစ်ခုပါ။ ဩစတျေးလျနိုင်ငံမှာ ဒီဘာသာရပ်နဲ ့ဘွဲ ့ရပြီး အတွေ ့အကြုံလေးငါးနှစ်လောက်ရှိတဲ့သူတစ်ဦးရဲ  ့လစာဟာ တနှစ်ကို ဒေါ်လာသိန်းချီရှိပါတယ်။ နိုင်ငံတိုင်းမှာ Ministry For Work Safe ဆိုတဲ့ ဝန်ကြီးဌာနရှိပါတယ်။ နိုင်ငံအများစုကို ပြောတာပါ။ တချို ့သော ဆင်းရဲတဲ့နိုင်တွေမှာတော့မရှိပါဘူး။ ဒီထဲမှာ ကျနော်တို ့တိုင်းပြည်ပါတယ်လို ့ပြောနိုင်ပြီ။ တာမွေမှာ ဖြစ်ပွားတဲ့ မီးလောင်ပေါက်ကွဲမှု […]


phone_kyawDecember 29, 20111min23616
နေ ့တွေအကြောင်းကို တွေးနေမိတယ်။ အထိမ်းအမှတ်နေ ့တွေအကြောင်းပါ။ ဥပမာ လွတ်လပ်ရေးနေ ့၊ အာဇာနည်နေ ့၊ အမျိုးသားနေ ့ စတဲ့နေ ့ကြီးမြတ်ကြီးတွေကို ဘယ်သူတွေက သတ်မှတ်တာလဲ။ ဘာ့ကြောင့်သတ်မှတ်တာလဲဆိုတဲ့ အကြောင်းကို တွေးမိတယ်။ ဒီအထဲကနေ အာဇာနည်နေ ့အကြောင်းနဲ ့ပက်သက်ပြီး တွေးမိတာကို ရှယ်ပေးချင်တယ်။ သဘောမတူမဲ့သူများမယ်လို ့ယူဆတယ်။ ကျနော့်အမြင်က အာဇာနည်နေ ့ဆိုတာ တိုင်းပြည်မှာမရှိသင့်ဘူးလို ့ယူဆတယ်။ ဘာ့ကြောင့်လဲဆိုတော့ တခြားသူတွေအတွက် မတရားလို ့ပါ။  အာဇာနည်နေ ့ဟာ ဗိုလ်ချုပ်အောင်ဆန်းတို ့ဝန်ကြီးအဖွဲ ့လုပ်ကြံခံရလို ့သေသွားတဲ့နေ ့ကို ခေါ်တာပါ။ တကယ်လို ့သူတို ့မသေခဲ့ရင်လည်း အာဇာနည်နေ ့ရှိမှာမဟုတ်ဘူး။ အာဇာနည်နေ ့မှာ အာဇာနည်သူရဲကောင်းတွေဖြစ်နေတဲ့ လူတွေက လက်ချိုးရေလို ့တောင်ရတယ်။ […]


phone_kyawDecember 27, 20111min1387
နှစ်ဟောင်းကုန်လို ့နှစ်သစ်ဖြစ်တဲ့ ၂၀၁၂-ကိုရောက်လာပြီဖြစ်တဲ့အတွက် ဆုတောင်းစာ၊ ချီးမွှမ်းစာအနေနဲ ့ ဒီစာကို ရေးပါတယ်။ ရင်ထဲကလာတဲ့ စကားလုံးတွေဖြစ်ကြောင်း ကြိုတင်ပြောပါရစေ။ ကျနော်က နိုင်ငံရေးပါရဂူမဟုတ်ပါ။ ဒါ့ကြောင့် လိုတာကိုဖြည့်ပြီးဖတ်ပါ။ ပိုတာကို ဖယ်ပြီးဖတ်ပါလို ့ ပထမဆုံးမေတ္တာရပ်ခံချင်တယ်။ အရမ်းကို အံ့ဩစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။ ဘယ်နို်င်ငံမှ မရှိတဲ့ စေ့စပ်ညှိနှိုင်းရေးမှုးတစ်ဦး မြန်မာပြည်မှာရှိခဲ့ပြီ။ သူကတော့ ရထားဝန်ကြီး ဦးအောင်မင်း။ ရထားဝန်ကြီးရဲ  ့အလုပ်က မြန်မာနိုင်ငံတွင်းမှာ ရထားတွေခေတ်မှီအောင်၊ အဆင့်အတန်းမြင့်အောင်လုပ်ရမယ်။ ပြည်သူတွေအဆင်ပြေချော့မွေ ့စွာခရီးသွားလာနိုင်အောင် စီမံဆောင်ရွက်ရမယ်။ ရထားလမ်းတွေ တိုးချဲ  ့တာ၊ မွန်းမံတာကို မျက်ခြေမပြတ်လုပ်ရမဲ့အလုပ်က ရထားဝန်ကြီးရဲ  ့အလုပ်ဖြစ်တယ်။ ဒါက နိုင်ငံတကာက ရထားဝန်ကြီးတွေ လုပ်ရတဲ့အလုပ်။ သို ့သော် သူများနိုင်ငံနဲ ့မတူ ၊ တမှုထူးခြားစွာ မြန်မာနိုင်ငံက […]


phone_kyawDecember 27, 20111min642
ကျနော့်အလုပ်အကြောင်း ၁ နဲ ့ ၂ ကို မသိသေးတဲ့ငတုံးများစိတ်ဝင်စားတယ်ဆိုရင် www.phonekyaw.blogspot.com ကိုသွားပါ။ ဟစ်တိုင်မှာလည်း ဖတ်နိုင်တယ်။ ကြွားတယ်လို ့တော့မထင်နဲ ့။ တစ်လုံးဂျိုင့်ကွန်းမန် ့တွေမလိုချင်သလို ပေါချောင်ကောင်းအာချောင်တာလည်း မလိုချင်ဘူး။ ကြိုပြောထားတယ်နော်။ အလုပ်သမားချင်းတူတာတောင် အခွင့်အလမ်း နဲ ့ ခံစားခွင့်မတူဘူး။ ဩစတျေးလျက မိုင်းအလုပ်သမားတစ်ယောက်အနေနဲ ့ဘာတွေခံစားခွင့်ရလဲဆိုတာကို မသိတဲ့သူတွေအတွက်သိအောင် ဒီစာကိုရေးပါတယ်။ သူတို ့ရဲ ့အတုကို ယူနိုင်အောင်လို ့ပါ။ မြန်မာနိုင်ငံက အလုပ်သမားတိုင်း အလုပ်ရှင်တိုင်း စဉ်းစားဖို ့အတွက် အဓိက ရည်ရွယ်ပါတယ်။ အခွင့်အရေးကောင်းကောင်းလိုချင်ရင် တောင်းယူလို ့မရရင် တိုက်ပြီးယူရတယ်။ တိုက်ယူတယ်ဆိုတာ အကြမ်းဖတ်တဲ့နည်းကို သုံးပြီးတိုက်ယူတာကို ဆိုလိုခြင်းမဟုတ်ပါ။ ဩစတျေးလျတွေရဲ ့ထုံးစံက သူတို ့လစာဘယ်လောက်ရလဲဆိုတာကို လျှို ့ဝှက်ထားလေ့ရှိတယ်။ […]


phone_kyawDecember 25, 20111min1818
ကျနော်တို ့နိုင်င်ငံက အယ်ဒီတာတွေ အချောင်သမားတွေများနေပြီလို ့ကျနော်ပြောချင်တယ်။ ဘာ့ကြောင့် ဒီစကားကို ကျနော်ပြောရလဲဆိုတော့ မခံနိုင်တော့လို ့ပါ။ အားလုံးသိတဲ့အတိုင်း ကျနော်ဟာ စာရေးကျွမ်းကျင်တဲ့သူတော့ မဟုတ်ဘူး။ ဝါသနာပါလို ့စာရေးတယ်။ ကိုယ့်နှလုံးသားနဲ ့အုံးနှောက်ကို အသုံးပြုပြီး စာတွေရေးတယ်။ ရေးပြီးရင် နာမည်ရနေတဲ့ မီဒီယာတွေကို ပို ့ဖြစ်တယ်။ ကိုယ့်မှာလည်း ဘလော့ဂ်တစ်ခုရှိတယ်။ ဒါပေမဲ့ ကိုယ့်ဘလော့ဂ်က နာမည်ကြီးတဲ့ဟာ မဟုတ်တော့ စာဖတ်သူတိုင်း ကိုယ့်အရေးအသားကို ဖတ်နိုင်မှာမထင်လို ့နာမည်ကြီး ဝက်ဆိုက်ဒ်တွေ လူဖတ်များတဲ့ဝက်ဘ်ဆိုက်တွေ ့ကို ပို ့ဖြစ်ပါတယ်။ အယ်ဒီတာတွေက ကိုယ့်စာမှုကို ရွေးတဲ့အခါရှိသလို မရွေးတဲ့အခါလည်း ရှိတယ်။ အထူးသဖြင့် မရွေးတာများပါတယ်။ စာမှုရွေးပြီး ဖော်ပြရင်တောင် ပိုက်ဆံပေးဖို ့နေနေသာသာ ချီးကျူးစကားလေးတောင် အယ်ဒီတာဆီက ပြန်မလာတာ များတယ်။ […]


phone_kyawDecember 24, 20111min1277
အချိန်က ၂၀၀၅-ခုနှစ် မတ်လ။ ပူပြင်းသော နေ ့တနေ ့။ နေရာက မဲ့ဆောက်မြို  ့။ ထိုင်းနိုင်ငံရဲ  ့မြို  ့လေးတစ်ခု။ ဒီမြို  ့မှာ မြန်မာအစိုးရကို ဆန် ့ကျင်တော်လှန်နေတဲ့ သူပုန်တွေရဲ  ့ဌာနချုပ်တွေရှိတယ်။ ကျနော်တို့ပါတီရဲ  ့ဌာနချုပ်လည်း ဒီမြို  ့မှာ ရှိလေတယ်ပေါ့။ ပါတီဝင်တွေရဲ  ့မိသားစုတွေဟာ အိမ်ငှားပြီးနေကြတယ်။ တစ်အိမ်မှာ မိသားစု သုံးလေးစု စုပေါင်းပြီး နေကြတယ်။ ငွေမတက်နိုင်လို ့ပါ။ ကျနော်တို ့နေတဲ့အိမ်မှာ မိသားစုလေးစုရှိတယ်။ အိမ်က နှစ်ထပ်တိုက်အိမ်။ NCUB လို ့ခေါ်တဲ့တပ်ပေါင်းစုဌာနချုပ်ရုံးရဲ  ့လေးအိမ်ကျော်မှာ ကျနော်တို့ အိမ်ရှိလေတော့ လုံခြုံရေးသတိအမြဲရှိပါတယ်။ ကိုရဲ (အမေရိက)၊ ကိုနေဝင်း (အမေရိက)၊ ကိုဝဏ (အမေရိက)၊ ကိုအံ့ဇော် (နော်ဝေ) […]


phone_kyawDecember 24, 20111min1878
ကျနော့်ဘလောဂ်မှာ မဆဲဖို့ ကြင်နာအေးချမ်းစွာပြောလာတဲ့ အမေရိကန်ပြည်ထောင်စုနေ ကိုနေဝင်းကိုဂုဏ်ပြုတဲ့အနေနဲ ့ဒီစာကိုရေးပါတယ်။ သူ ့ကိုတွေ ့တုန်းက နို့ဘိုးဒုက္ခသည် စခန်းထဲမှာဖြစ်ပါတယ်။ အသားဖြူဖြူ လူကောင်ကြီးကြီးနဲ ့ကိုနေဝင်းဟာ အတော့်ကိုအေးချမ်းတဲ့ မျက်နှာရှိတယ်။ သဘောကောင်းတယ်။ စိတ်ထားဖြူစင်တယ်။ လောဘမကြီးဘူး။ ပျော်ပျော်နေတက်တဲ့လူတစ်ယောက်ပါ။ ၁၉၈၈-ခုနှစ်မှာ ကျောင်းသားတွေတောခိုတော့ သူလဲရောရောင်ပြီး သူငယ်ချင်းတွေနဲ့ တောထဲကိုလိုက်ခဲ့တယ်။ ၁၀-တန်းကျောင်းသားတစ်ယောက်ဖြစ်တဲ့ ကိုနေဝင်း၊ သူ့အဖေရဲမှုးကြီးကို ဖီလာဆန့်ကျင်လုပ်ပြီး မုဒုံနယ်ကနေ KNU နယ်မြေထဲကို သေနတ်ကိုင်ဖို့ရောက်ခဲ့တယ်။ ABSDF အဖွဲ့ဝင်အဖြစ် ဆန်ကြိုးကိုလွယ်၊ ငှက်ပျောအူစားပြီး AK47 ကို ရင်ဝယ်ပိုက်ခဲ့တဲ့ လူတစ်ယောက်ပါလို့ မှတ်သားဘူးတယ်။ ၉၉-ခုနှစ်မှာ သူ့ကိုတွေ ့တော့ သမီးလေးနေခြည်ဇာလှိုင်က လသားအရွယ်လေး။ ချစ်ဇနီး မမှုက KNU က ဆေးမှုး။ တော်လှန်ရေးစိတ်ဓာတ်တကယ်ပြည့်ဝတဲ့ မိန်းမသားတစ်ယောက်။ တောထဲမှာမွေး၊ […]


phone_kyawDecember 23, 20111min40430
သင်တန်းတွေခေတ်စားနေတဲ့ကာလတစ်ခါ ဖြစ်နေတယ်။ အန်အယ်ဒီကလည်း ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမဖြစ်အောင် သင်တန်းတွေပေးပါဆိုပြီး ၈၈-မျိုးဆက်အတုလား အစစ်လားမသိတဲ့အဖွဲ ့ကို ညွန်ကြားနေတယ်။ တခြားအဖွဲ ့တွေကလည်း လက်ရှိအခင်းအကျင်းကို အားပေးတဲ့သင်တန်းတွေပေးနေတာကို တွေ ့နေရတယ်။ ပြည်ပမှာလည်း သင်တန်းတွေက မှိုလိုပေါက်နေတယ်။ ဘယ်သူမှ မလုပ်သေးတဲ့သင်တန်းတွေကို ကျနော်စဉ်းစားနေမိတယ်။ မြန်မာပြည်မှာ ဆိုးတာက လူ ့အခွင့်အရေးကို နားမလည်တာပါ။ စစ်တပ်ထဲက ရဲဘော်တွေ၊ ဘုန်းကြီးတွေ၊ အရပ်သားတွေကို လူ ့အခွင့်အရေးသင်တန်းတွေပေးလိုက်ရင် လူတွေကို အနိုင်ကျင့်ချင်တဲ့စိတ်တွေရှိမှာမဟုတ်ဘူး။ နိုင်ငံခြားတိုင်းပြည်တွေရဲ  ့ကျောင်းတွေမှာ မှုလတန်းကစပြီး သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေး၊ လူအချင်းချင်း သာတူညီမျှဖြစ်ရေး၊ အနဲဆုံးပါးစပ်နဲ ့တောင် နှိမ်ချတဲ့အသုံးအနှုံးကို မသုံးမိရေးတွေကို ဆရာမတွေက သင်ပေးတယ်။ ဒီလိုအခြေအနေမျိုးက ခလေးတွေဟာ လူကြီးဖြစ်လာတဲ့တနေ ့ကြရင် အလိုအလျှောက်ဆင်ခြင်ပြီးသားပြီနေပြီ။ ကျနော်တို ့တိုင်းပြည်ထဲမှာ စစ်တပ်ထဲကလူတွေ၊ […]


phone_kyawDecember 21, 20111min19814
အပြောင်းအလဲတော့မြင်နေပြီ။ ဒေါ်စုက 40% ရလဲရသလောက်ယူမှာပဲ။ ကျန်တဲ့ 60%ကသူတို့လုံခြုံမှု့အတွက်ထွက်ပေါက်ပေးရမယ်။ ဒါတောင်အဖိုးကြီးပေးလို့ရတာ။ မပေးရင်ဒေါ်စုဘာမှမလုပ်တက်တော့ဘူး။ ရှေ့ဆက်ပြီင်္းသေသည့်တိုင်အောင်စကားပြောပါရစေလို့ဆက်အော်နေအုံးမှာပဲ။ ဘာမှမလုပ်တက်တော့လို့သူပြောတဲ့စကားကိုသာကြည့်တော့။        အပြောင်းလဲလိုချင်ရင်ကိုယ်တိုင်လုပ်။ ကျွန်မတစ်ယောက်တည်းလုပ်လို့မရဘူး။ ရှင်ကတော့ဘာလုပ်လို့လဲ။ အခုဒီကိတ်စကိုသူတစ်ယောက်တည်းလုပ်လိမ့်မယ်။ပါတီတွင်းမှာမဲခွဲဆုံးဖြတ်မှာမဟုတ်ဘ ဟံသာဝတီဦးဝင်းတင် (သတင်းစာဆရာကြီးနှင့် မှတ်ပုံတင်ခြင်း မပြုလုပ်ရသေးသော NLD ခေါင်းဆောင်) ဒါကတော့ တို့လည်း သိပ်မသိဘူး။ သူက သူသိတဲ့ အမြင်နဲ့ သူပြောတာပဲ။ ပြောင်းနေတယ်ဆိုတာ သူပဲ သိတယ်။ ဘာလို့လဲဆိုတော့ သူနဲ့ ဦးသိန်းစိန်တို့နဲ့ တွေ့ကြ ဆုံကြတာကိုး။ တို့တော့ သိပ်မသိလှဘူး။ –တချိန်တည်းမှာပဲ အဲဒီ အပြောင်းအလဲအတွက် မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိတယ်လို့ ပြောပြီး အခုအချိန်ဟာ အလွန်သိမ်မွေ့တဲ့ အဆင့်တခုမှာ ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ညှိနှိုင်းကြတဲ့ နေရာမှာ ကိုယ့်ဘက်က […]