phone_kyawDecember 20, 20111min781
မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင် နဲ ့ မြန်မာပြည်က ခေါင်းဆောင်ကြီး ရွှေ တို ့ကြားမှာ ဘာကွာလဲဆိုတော့ ကွာတာအများကြီးဟု ပြောချင်သည်။ ရထားပေါ်မှာ ဇိမ်ယူနေတုန်း ရထားခုန်လို ့နှလုံးပါ ရပ်သွားတဲ့ ကင် ဟာ သူ ့တိုင်းသူပြည်သားတွေကို သေနတ်နဲ ့မပစ်ဘူး။ သူ ့ကြောင့်ပြည်တွင်းစစ်မရှိဘူး။ ရွှေဝါရောင်တော်လှန်ရေးတို ့လိုမျိုး ဘုန်းကြီးတွေကို ခြေထောက်နဲ ့မကန်ဘူး။ ခေါင်းကို မရိုက်ခွဲဘူး။ နိုင်ငံသားတွေကို ထမင်းငတ်ပြီး သေအောင်လုပ်တာ တစ်ခုပဲရှိတယ်။ ခေါင်းဆောင်ကြီးကင်ရုတ်တရက်ရှောတော့ ခလေးလူကြီးခွေးပါမကျန် အသံဗြဲလရမ်းနဲ ့ငိုကျွေးကြတယ်။ ဦးသန်းရွှေကြီး ရုတ်တရက်ရှောလို ့ကတော့ ဘယ်သူကမှ ငိုမှာမဟုတ်ဘူး။ မြောက်ကိုရီးယားက လက်နက်တွေကို နိုင်ငံခြားတိုင်းပြည်တွေက ဝယ်ယူရတဲ့အထိ အောင်မြင်အောင် ကင်တို ့သားအဖတွေ အစွမ်းထက်ခဲ့တယ်။ ကွန်မြူနစ်ပီပီ ဝတ်စရာမရှိနေပါစေ […]


phone_kyawDecember 20, 20111min15911
အပစ်ရပ်လိုက်၊ ပြန်ချလိုက်နဲ ့။ သေတဲ့သူကသေ ပြတ်တဲ့သူကပြတ်ကုန်ကြပြီ။ မြန်မာပြည်ရဲ  ့ပြည်တွင်းစစ်က ဘယ်သူ ့အတွက်မှန်းကို မသိတော့ဘူး။ လည်တဲ့သူစားတဲ့ ပြည်တွင်းစစ်ပွဲဖြစ်နေပြီလို ့ပဲထင်တယ်။ နယ်စပ်က အေဘီအက်စ်ဒီအက်ဖ်က ရှေ  ့တန်းမှာ ရန်သူနဲ ့တိုက်တယ်။ ဘန်ကောက်၊ ချင်းမိုင်မှာရှိတဲ့ အေဘီအက်စ်ဒီအက်ဖ်ခေါင်းဆောင်ဟောင်းကြီးတွေက ရန်သူနဲ ့ပူးပေါင်းတယ်။ ထိုင်းမှာတော့ စစ်တိုက်တဲ့အေဘီရယ်၊ ရန်သူနဲ ့ပူးပေါင်းတဲ့အေဘီက ခေါင်းဆောင်ကြီးတွေက ရယ်ရယ်မောမောနဲ ့ ဆိုတော့ ကြည့်ရတာ တမျိုးပဲ။ ဒါ့ကြောင့် နိုင်ငံရေးဆိုတာ ဘာကိုပြောမှန်းတောင်မသိတော့ဘူး။ ဦးသိန်းစိန်က အရမ်းရိုးတယ်လို ့နာမည်ထွက်တယ်။ ဒီခေတ်မှာ လူရိုးဆိုတာ သချိုင်းမှာတောင် ရှာလို ့မရဘူး။ အကုန်လုံး ပြာဖြစ်ကုန်လို ့။ ဒါ့ကြောင့် ဦးသိန်းစိန်းရိုးတာက ဦးသန်းရွှေထက်နဲနဲပဲ ပိုလျှော ့မယ်ထင်တယ်။ ရိုးတဲ့လူက ဘယ်တော့မှ […]


phone_kyawDecember 19, 20111min46538
ဒီစကားကိုပြောလို ့ဝိုင်းတော့မဆဲကြနဲ ့။ သူ ့ကိုထောက်ခံပြီး နိုင်ငံရေးလုပ်တဲ့လူတွေ ထောင်ထဲမှာ ဘယ်လို နေထိုင်ခဲ့ရလဲဆိုတာကို အားလုံးသိမယ်ထင်တယ်။ စည်းရုံးရေးတွေ လူထုတရားပွဲတွေဘယ်လိုမျိုး ထမင်းငတ်ခံပြီးထောက်ခံခဲ့ရလဲဆိုတာကို အားလုံးသိမယ်။ သူ ့ကိုထောက်ခံလို ့ တစ်ခါမှ ထမင်းမဝခဲ့ဘူး။ ဒါ့ကြောင့် ဒီစကားကိုပြောတာပါ။ သူ ့ကိုမထောက်ခံဘူးဆိုရင် နအဖ အစိုးရကိုထောက်ခံမလားလို ့မေးရင်လည်း မထောက်ခံနိုင်ပါဘူး။ ဒါဆိုရင် ဘယ်သူ ့ကိုထောက်ခံမလဲ။ ကျနော်ကတော့ အပြောနဲ ့အလုပ် ညီတဲ့လူ။ လက်တွေပြနိုင်တဲ့လူတွေကို အားပေးမယ်။ ထောက်ခံမယ်။ လေနဲ ့ နိုင်ငံရေးကိုလုပ်တာ လွယ်တယ်။ ခက်တာက အကောင်အထည်ပြနိုင်ဖို ့ပါ။ ကျနော်တို ့တိုင်းပြည်ဟာ ဘာ့ကြောင့်ဒီလောက်ကြာလဲဆိုတော့ အုပ်စိုးသူတွေလူကြီးတွေ သုံးစားလို ့မရလို ့ပါ။ အတိုက်အခံကော သုံးစားလို ့ရလားဆိုတော့ မရဘူး။ […]


phone_kyawDecember 18, 20111min20311
Ecosystem ဆိုတာက ဗမာလို ဂေဟစနစ်လို့ခေါ်တယ်။ အဓိပ္ပါယ်ကတော့ ဂဟေဆော်သလိုမျိုး တခုနဲ့တခုကိုချိတ်ဆက်ပေးတဲ့စနစ်ပဲ။ ဥပမာ- အင်းလေကန် ရေခမ်းတယ်။ ရေခမ်းတော့ အင်းလေးကန်ကို အမှီပြုနေတဲ့ လူ၊ ငါး၊ ငှက် တွေဒုက္ခရောက်ရတယ်။ ဒီသုံးမျိုးစလုံးက အင်းလေးကန်ရဲ ့သဘာဝကိုအမှီပြုပြီးနေရတယ်။ ရေခမ်းတော့ ငါးသေတယ်။ အပင်သေတယ်။ ငါးလည်မရှိ၊ အပင်လည်းမရှိ၊ ရေလည်းမရှိဆိုတော့ လူလည်းစားစရာပြတ်၊ ငှက်လည်းနားစရာပြတ်ကုန်တယ်။ ဒီလိုမျိုးတခုနဲ့တခုချိတ်ဆက်နေတာက Ecosystem (ဂေဟစနစ်) ပဲ။ ဂေဟစနစ်မှာ ရေ၊ နေ၊ လေ၊ မြေ၊ လူ၊ Animal တွေအားလုံးအကျုံးဝင်တယ်။ ဒါက ကျနော်နားလည်တဲ့ ဂေဟစနစ်။ ဘာ့ကြောင့်ရေခမ်းတာလည်းဆိုတော့ အင်းလေကန်ရဲ ့ဘေးပတ်ဝန်းကျင်က Ecosystem တခုလုံးပျက်စီးနေလို့ပဲ။ မြန်မာပြည်တခုလုံးရဲ ့ဂေဟစနစ်လည်းပျက်စီးနေပြီ။ ဒါ့ကြောင့် ရေမရှိတာ၊ မိုးအရမ်းရွာတာ၊ နေပူတာ၊ ရေကြီးတာတွေဖြစ်လာနေတယ်။ […]


phone_kyawDecember 18, 20111min680
နိုင်ငံအတော်များများက Dual Citizen ကို လက်ခံတယ်။ ကျနော်သိသလောက် အင်ဒိုနီးရှား နဲ ့ဂျပန်ကတော့ လက်မခံဘူး။ မြန်မာနိုင်ငံလည်း လက်မခံသေးဘူးလို ့ထင်တယ်။ ကျနော်ဆန္ဒက နှစ်နိုင်ငံသားအဖြစ်ခံယူပိုင်ခွင့်ကို ခွင့်ပြုသင့်တယ်လို ့မြင်တယ်။ မြန်မာတွေဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ နဲတာမဟုတ်ဘူး။ အတော်များများက နိုင်ငံသားအဖြစ်ခံယူလိုက်ကြကုန်ပြီ။ ကျနော်အပါအဝင်ဖြစ်ပါတယ်။ ဒီလူတွေရဲ  ့စွမ်းအားဟာ တနေ ့မှာတိုင်းပြည်အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးကို ပေးနိုင်လိမ့်မယ်လို ့ယူဆရတယ်။ ဒီလိုလုပ်နိုင်ဖို ့အတွက်ဆိုရင် မြန်မာတွေကို အခွင့်အလမ်းတွေ ပေးဖို ့လိုတယ်။ ဒါကတော့ Dual Citizen အဖြစ် လက်ခံဖို ့ပါ။


phone_kyawDecember 17, 20111min28317
အယ်ဒီတာတစ်ယောက်ဖြစ်ဖို ့အတွက် အဓိက စာဖတ်နာရပါတယ်။ စာရေးတက်ရပါတယ်။ ဗဟုသုတကြွယ်ရမယ်။ ဒါက အယ်ဒီတာတစ်ယောက်မှာ မရှိမဖြစ် အရည်အချင်းဖြစ်မယ်လို ့ထင်တယ်။ အခုခေတ်မှာ အယ်ဒီတာတွေ မှိုလိုပေါက်လာတယ်။ အရည်အချင်းလည်းမရှိဘူး။စာလည်းမရေးတက်ဘူး။ ပြီးတော့ အယ်ဒီတာလည်း လုပ်ချင်သေးတယ်။ အဲလို အယ်ဒီတာတွေရွေးချယ်တဲစာတွေကိုစာဖတ်သူတွေက ငွေပေးပြီး ဖတ်ရသေးတယ်။ သူများနိုင်ငံတွေမှာ အယ်ဒီတာတစ်ယောက်ဖြစ်ဖို ့အတွက်ဘယ်လိုလုပ်ရလဲဆိုတာကို ဗမာအယ်ဒီတာတွေ လေ့လာသင့်တယ်။ ဖတ်ပါမှတ်ပါလေ့လာပါဆိုရင် သတင်းစာကိုဇောက်ထိုးဖတ်ပြီး ကားမှောက်တယ်လို ့ပြောတဲ့ အယ်ဒီတာတွေ လက်ရှိ ကာလမှာ တစ်ပုံကြီးဖြစ်နေပြီ။ စောက်ပေါအယ်ဒီတာတွေသတိထားပါ။ ဒါပဲ။  


phone_kyawDecember 17, 20111min1023
ကျနော့်မှာ ချင်းလူမျိုး သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက မလေးရှားကနေ ဩစတျေးလျနိုင်ငံကို ဒုက္ခသည်အဖြစ်နဲ ့ရောက်ခဲ့တဲ့လူပါ။ ဗမာစကားကောင်းကောင်းမတက်ဘူး။ တနေ ့တော့ သူ ့ကို ကားမောင်းသင်ပေးတယ်။ ကားမောင်းသင်တဲ့အခါမှာ ဗမာစကားမတက်တဲ့လူ၊ အင်္ဂလိပ်စကားမတက်တဲ့လူကို သင်ရတာ အတော်ခက်တယ်။ ဘာပြောပြောနားမလည်တော့ အတော်စိတ်ညစ်ရတယ်။ တခါတလေ မောင်းချင်သလိုမောင်းတယ်။ ပြီးတော့ သူက သိပ်ပြီးကျပ်မပြည့်ဘူး။ တနေ ့တော့ ကောင်းမောင်းရင်းနဲ ့ မီးပွိုင့်မှာ မီးနီနေတာကို ဘာမပြောညာမပြောနဲ ့အတင်းမောင်းထွက်သွားတယ်။ ဘေးက သင်ပေးတဲ့ကျနော်လည်း အတော်လန် ့သွားတယ်။ ဒါနဲ ့ဒေါသထွက်ပြီး သူ ့ကို မေးတယ်။ ဟေ့လူ ခင်ဗျား ဘာလို ့မီးနီနေတာကို ဖြတ်တာလဲ။ မီးနီနေရင် ကားကိုရပ်ထားရမယ်ဆိုတာ ခင်ဗျားမသိဘူးလားလို ့မေးတော့….သူ ့ခဗျာ မျက်နှာငယ်ငယ်နဲ ့ဒီလိုဖြေတော့ […]


phone_kyawDecember 16, 20111min16211
ဘုန်းကြီးတွေလည်း အာဏာရှင်ဖြစ်တယ်လို ့ကျနော်ပြောဘူးတယ်။ရွှေညဝါဆရာတော်ကို သင်္ကန်းချွတ်မယ် ဟိုဟာမလုပ်နဲ ့ဒါမလုပ်နဲ ့လို ့အမိန် ့ပေးတဲ့သံဃာ့အဖွဲ ့အစည်းဟာ ဘာသာရေး အာဏာရှင်ဖြစ်နေပြီ။ ဆရာတော်ကို သင်္ကန်းစည်းပေးတဲ့လူက သူတို ့ကျနေတာပဲဗျာ။ ဘာသာရေးလွတ်လပ်ခွင့်တောင် လိုက်ပြီးချုပ်ချယ်တဲ့အဖွဲ ့အစည်းပဲ။ နောက်ကွယ်မှာအစိုးရမပါပဲနဲ ့ဘယ်နည်းနဲ ့မှမဖြစ်နိုင်ဘူး။ ရွှေညဝါဆရာတော်က ဖါချ အရက်သောက်တဲ့ ဘုန်းကြီးဆိုရင်တော့ တမျိူးပေါ့။ သံဃာ့နာယကအဖွဲ ့အစည်းက ပြည်သူကျွေးတာကို အေးအေးဆေးဆေး မဘုန်းပေးချင်ဘူးထင်တယ်။


phone_kyawDecember 15, 20111min49851
စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေဖြစ်ပါတယ်။ အလုပ်ကို ပင်ပင်ပန်းပန်းမလုပ်ချင်ဘူး။ ချွေးထွက်တာကိုလည်း မသိဘူး။ ကုလားထိုင်နဲ ့စားပွဲပေါ်မှာ စာဖတ်လိုက်။ တောင်တွေးမြောက်တွေးနဲ ့စာရေးလိုက်။ ပြီးရင် သူတို ့စိတ်ကူးယဉ်တာတွေကို စာဖတ်သူကလိုက်ပြီး ဖတ်ရသေးတယ်။ စာရေးဆရာဆိုတာ လက်ကြောမတင်းလို ့စာရေးစားတာလို ့ကျနော်ပြောတယ်။ စာပေဟောပြောပွဲမှာလည်း ဘာတွေပြောမှန်းမသိ။ လက်တွေ ့မရှိတဲ့ စာရေးဆရာတွေက စာဖတ်ပါ စာပေမြှင့်မှလူမျိူးတင့်မည်ဘာညာဆိုပြီး ကယ်တင်ရှင်လိုလိုဘာလိုလိုနဲ ့။ စာဖတ်ပြီး အလုပ်မလုပ်ရင် ဘယ်သူထမင်းကျွေးမှာလဲ။ ဒီခေတ်မှာ စာဖတ်ဖို ့နေနေသာသာ တနေကုန်တနေခန်း အလုပ်လုပ်ရတာ စာဖတ်ဖို ့နေနေသာသာ ဖင်တောင်မကုတ်အားဘူး။ စာရေးဆရာ ကဗျာဆရာ သီချင်းရေးတဲ့သူတွေအများစုက အရက်သမားတွေ ဆေးသမားတွေဖြစ်တယ်။ သူတို ့ရေးတာကိုများ သူတို ့လူတွေပဲ ချီးကျူးကြ မြှောက်ပင့်ကြနဲ ့။ ဘယ်မီဒီယာပဲဖြစ်ဖြစ် သူတို […]


phone_kyawDecember 14, 20111min1113
ကုန်ပစ္စည်းချင်းတိုက်ရိုက်ဖလှယ်မှုကနေ ငွေကြေးပေါ်ပေါက်လာတယ်။ ၂၀၁၁-ကြံ့ဖွတ်အာဏာရှင်အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ ့လဲလှယ်ရင်း စစ်ပွားရေးပိတ်ဆို ့မှု ့ကို ရုပ်သိမ်းခြင်းဆိုတဲ့အရာ ပါ်ပေါက်လာတယ်လို ့ပြောလို ့ရပြီ။ ရတော့ မရသေးဘူး။ ရခါနီးနေပြီ။ ဦးသိန်းစိန်အစိုးရပြောတဲ့ ပြစ်မှုတစ်စုံတစ်ခုကျူးလွန်ခဲ့လို ့ဖမ်းထားပါတယ် ဆီးထားပါတယ်ဆိုရင် ဆက်ပြီးဖမ်းထားပေါ့။ ဘာ့ကြောင့် ဆန်ရှင်နဲ ့ကိုမင်းကိုနိုင်တို ့အုပ်စုကို လဲရမှာလဲ။ ဒါဆိုရင် ဥပဒေကို ချိူးဖောက်တာ ဘယ်သူတွေလဲလို ့မေးရမလိုဖြစ်နေပြီ။ ဦးရွှေမန်းတို ့များ သိသိကြီးနဲ ့မြောက်ကိုရီးယားနဲ ့ပေါင်းတယ်။ အခုကြတော့ မပေါင်းတော့ပါဘူးဆိုပြီး ပြောပြန်ပြီ။ ဒါ့ကြောင့် ဦးသိန်းစိန်အစိုးရတစ်ခုလုံးမှာ လူကောင်းကောရှိသေးရဲ ့လား ၊ ရိုးသားတဲ့လူကောရှိရဲ ့လားဆိုတာကို ကျနော်သံသယဖြစ်မိတယ်။ ဘာ့ကြောင့်လဲဆိုတော့ အားလုံးက ဖာ, ပါးစပ်တွေနဲ ့ဆိုတော့ဗျာ။ ဘာကို ယုံရမှန်းတောင်မသိတော့ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပြီးလွှတ်မယ်။ […]


phone_kyawDecember 14, 20111min1026
ကျနော်နိုင်ငံခြားမှာနေတာပါ။ မြန်မာတွေဟာ တခြားနိုင်ငံသားတွေနဲ ့ယှဉ်ပြီး ပညာသင်၊ အလုပ်လုပ်တဲ့အခါမှာ မြန်မာတွေမညံ့ကြောင်း ၊ တော်ကြောင်း တွေ ့ရတယ်။ ဘာ့ကြောင့် ဒီစာကိုရေးရလဲဆိုတော့ ကျနော်တို ့ဗမာတွေဟာ တခြားနိုင်ငံသားတွေထက် လုံးဝမညံ့ဘူးဆိုတာကို ပြောချင်လို ့ပါ။ ကျနော်ဩစတျေးလျနိုင်ငံမှာနေတယ်။ လူမျိူးပေါင်းစုံနဲ ့အလုပ်အတူတူ တွဲပြီးလုပ်ဘူးတယ်။ ပညာသင်ဘူးတယ်။ ကျနော်တို ့ထက် ညံ့တဲ့လူမျိူးတွေကို တစ်ပုံကြီးတွေ ့ရတယ်။ အလုပ်လုပ်တဲ့အခါတိုင်းမှာလည်း ကျနော်တို ့လုပ်သလို သူတို ့မလုပ်နိုင်ဘူး။ အပင်ပန်းမခံနိုင်ဘူး။ ဇွဲမရှိဘူး။ အချောင်ခိုတယ်။ စည်းကမ်းမရှိဘူး။ အကုန်လုံးကို ပြောတာမဟုတ်ပါ။ မြန်မာတွေထဲမှာလည်း ညံ့တဲ့သူ ပျင်းတဲ့သူတွေရှိတယ်။ တခြားနိုင်ငံသားတွေထဲမှာလည်း ညံ့တဲ့သူ ပျင်းတဲ့သူတွေ ရှိတာပဲ။ ဆိုတော့ ကျနော်တို ့လူမျိူးဟာ ယေဘုယျပြောရရင် လူညံ့စာရင်းထဲမှာ မပါဘူး။ သူများတွေထက်တော့ သာတဲ့အရည်အချင်းလုံးဝရှိတယ်။ […]


phone_kyawSeptember 20, 20111min17910
” ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်ရေး အစီအစဉ်အရ မော်တော်ကားသွင်းကုန်ပါမစ် ထုတ်ပေးမှု အစီအစဉ်အား အထူးကိစ္စတစ်ရပ်အနေဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးရန် စီစဉ်ထားဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဆန်စပါးအထူးပြုကုမ္ပဏီများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည် ” ွှWeekly Eleven မှာ ရေးထားတဲ့သတင်းလေးဖြစ်ပါတယ်။ နှစ်ပေါင်းလေးဆယ်လောက်ရှိပြီဖြစ်တဲ့ ကားအိုကြီးတွေကို ကားအသစ်တွေနဲ ့အစားထိုးမယ်လို ့ကြားရတာ စိတ်မကောင်းစရာပါ။ ဘာဖြစ်လို ့လဲဆိုတော့ ကားဈေးကွက်ပျက်သွားနိုင်တယ်။ အာဏာမဲ့တဲ့လူတွေ ပိုပြီးငွေကုန်ကြအုံးမယ်။ ဒ့ါကြောင့် စိတ်မကောင်းတာပါ။ ကားအိုကြီးတွေကို မမောင်းရတော့ဘူး။ ဒီကားတွေဟာ မြို  ့အင်္ဂါရပ်နဲ ့မညီမညွတ်ဘူး။ အန္တရာယ်ရှိတယ်။ အိတ်ဇောပိုက်က ထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကလည်း လေထုညစ်ညမ်းမှု ့ကိုအကြီးအကျယ်ဖြစ်စေတယ်။ […]


phone_kyawSeptember 19, 20111min1231
၁။ ၂ဝ၁၁-ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ ့ နေပြည်တော်တွင် မြစ်ဆုံဆည်စီမံကိန်းနှင့် ပက်သက်၍ စာတမ်းဖတ်ပွဲ ပြုလုပ်ခဲ့သည်။ ယင်းစာတမ်းဖတ်ပွဲအား ဝန်ကြီးဌာနအသီးအသီးမှ ဝန်ကြီးများ ၊ သက်ဆိုင်ရာပညာရှင်များနှင့် သတင်းထောက်များတက်ရောက်ကြကြောင်း သိရသည်။ ၂။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းပြောကြားချက်အရ လက်ရှိအစိုးရလက်ထက်တွင် သဘာဝပတ်ဝန်းကျင်းဆိုင်ရာဝန်ကြီးဌာနတစ်ခု ဖွဲ ့စည်းပြီးကြောင်းသိရှိရသည်။ ထို ့အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေ (The Enviromental Law or The Enviromental Protection Act -2011 ) လည်းရေဆွဲနေကြောင်းနှင့် မကြာမှီ ပေါ်ပေါက်လာမည်ဖြစ်ကြောင်းသိရှိရသည်။ ဒါ့ကြောင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောဌာန ဝန်ကြီး ဦးဝင်းထွန်းကို အထူးချီးကျူးပါတယ်။ ဒီဌာနကိုဖွဲ ့သင့်တာကြာပါပြီ။ အရင်တုန်းက အစိုးရအဆက်ဆက်တွေ မလုပ်ဘူးသေးတဲ့အလုပ်ကို လုပ်တဲ့အတွက် လက်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ […]