Pearl MayFebruary 28, 20121min1822
Vacancy Announcement – for Myanmar National only The Office of Defense Attache, Embassy of the Republic of Korea is seeking (1) qualified and experienced person for the post of “Secretary & Administrative”. Requirement:  ♦ Bachelor degree or equivalent is required ♦ Relevant experience in Office Secretary and Administration ♦ Fluency in spoken English and proficiency […]


Pearl MaySeptember 6, 20111min922
ဖုန်း အမည်က LG 200-E လေးပါ။သူလေးက အနေစုပ်ပေမဲ့ ရွှေထုတ်တဲ့ မြပုဝါ လို့ ပြောရမလိုဘဲ။ သိပ်စွမ်းဆောင်ရေကောင်းပါတယ်။ခုမြန်မာပြည်မှာ၅၀၀၀၀ဝတန် ဖုန်းတွေ ဝယ်သုံးကြတယ်။တချို့ တလေ ငြီးကြတယ်။ငါလည်း သိပ်မပြောဘဲနဲ့ ဖုန်းဘေတွေ သိပ်တက်တယ် ဆိုတာလေ။ဟဲဟဲ ကျွန်တော် သိတာလေး ဖောက်သည် ပြန်ချတာနော်။ဒီဖုန်းက Sim card မပါဘဲ ဖုန်းခေါ်လို့ရတယ် လို့ပြောရင် ယုံကြပါ့မလား။ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး။ကျွန်တော်လည်းမယုံပါဘူး။ဒါပေမဲ့ လက်တွေ့ တွေ့ ခဲ့တာလေ ပြန်ဖောက်သည် ချလိုက်ပါရစေ။ ကျွန်တော့်ရဲ့သူငယ်ချင်းက ဒီဖုန်းထဲ မှာ ၅ သိန်းတန် sim card ကိုထည့်ထား လိုက်တယ်။ပြီးတော့ bar code ရိုက်ထည့် လိုက်တယ်။ ဖုန်းက sim card ကို ဖတ်ပြီး ဖုန်းထဲမှာ Store […]


Pearl MayJuly 30, 20111min1318
ဒီကလေးဟာ စိတ်ထားလေးကောင်း သလို ပညာရေးမှာလည်းကောင်းရှာတယ်။ ကျောင်းစာမှာ အဆင့်ကောင်းရုံအပြင် ၊ ပန်းချီ ၊ စာစီစာကုံး ၊ ကျောင်းဖျော်ဖြေရေးတွေမှာလည်း ဆရာမတွေအတွက် အားထားရာဖြစ်ခဲ့တယ်။ အမြဲတမ်းအဆင့်ကောင်းတဲ့သမီးလေး တစ်ခါတော့ အဆင့် ၆ ကို ဆင်းသွားတယ်။ အဆင့် ၁ ရတဲ့ကောင်မလေးက စာတော်တဲ့စာရင်းထဲမှာမပါပဲ မထင်မှတ်ပဲရသွားတာလေ။ သမီးလေးအဆင့်ကျသွားလို့ ဒေါသဖြစ်သွားတဲ့ကျမ က သူကဘာလို့အဆင့် ၁ ရတာလဲ ၊သမီးနောက်လပါတ်ကျရင် အဆင့် ၁ ပြန်ယူစမ်းလို့ပြောလိုက်မိတယ်။ အရမ်းဆိုးတယ်နော်။ ကိုယ့်ဟာကိုယ်တော့မသိဘူး ၊ ပူလောင်နေတာ။ သမီးက အေးဆေးပဲပြန်ပြောတယ်။ မေမေ တို့ မီးမီး အဆင့်ကောင်းရင်ပျော်တယ်မဟုတ်လားတဲ့။ ကျမကလည်း အင်း ပေါ့။ မီးမီး သူငယ်တန်းကတည်း က ခုချိန်ထိ ကျောင်း စာဆုတွေလည်း နှစ်တိုင်းရတယ် […]


Pearl MayJuly 30, 20111min1323
ဒီလိုနူးညံ့တဲ့ သမီးလေးဟာ တစ်ခါတစ်လေတော့လည်း အရိုင်းဆန်တတ်သေးတယ်။ ဒီကလေးနဲ့ပတ်သက်ရင် ကျမ တို့ကအကဲဆတ်လွန်းလို့ သူ့အမေရင်းက ဘာမှဝင်ပြီးကလေးအတွက် မစီစဉ်ရဲ မပြောရဲရှာဘူး ၊ နဂိုကတည်းက လူလည်းအရမ်းကြောက်တယ်။ ကလေးရဲ့အဖေကလည်း ရပ်ဝေးမှာ အလုပ်လုပ်နေတာဆိုတော့ ကလေးနဲ့ပတ်သက်ရင် ကျမတို့ခြေ ကျမတို့လက်ပဲ။ နွေရာသီကျောင်းပိတ်ရက် သင်တန်းအပ်တာ၊ ကစားကွင်းလိုက်ပို့တာကအစ ကျမစီစဉ်သလိုပဲလိုက်လုပ်ပေးတာ။ ဒီအပေါ်မှာကလေးကလည်း တမျိုးဖြစ် နေတယ်ထင်ပါတယ်။ တစ်ရက် အိမ်ကိုသူ့အမေလာတော့ မေကြီး လာ အလှပြင်ပေးမယ်ဆိုပြီး ပေါင်ဒါရိုက် နှုတ်ခမ်းနီဆိုး ဆံပင်စည်းပေးတယ်။ ရီစရာကြီးလိုပြင်ပေးထားတာပေါ့။ ပြီးတော့မှ ပြောတယ် မေကြီး video ရိုက်လို့ရပြီတဲ့။ သူ့အမေက ဝမ်းသာအားရနဲ့ ဟုတ်လားသမီး ဆိုတော့ သမီးလေး က ဟုတ်တယ် ရိုက်လို့ရတယ် ကားနာမည် က “လူရာမဝင်” တဲ့။ သူ့အမေမှာ အီလည်လည်ကြီးနဲ့ […]


Pearl MayJuly 29, 20111min22113
ဒီလိုနဲ့အချိန်တန်လို့ကျမ အိမ်အပြီးပြန်လာတော့သမီးလေးလည်း အဘိုးအဘွား တွေနဲ့အတူ ကျမကိုလာကြိုတယ်။ အဲဒီအချိန်တုန်းက အခုလေဆိပ်အဆောက်အဦအသစ်မဟုတ်သေးဘူး။ အဟောင်း ပဲရှိသေးတာ။ အဲဒီတုန်းကနိုင်ငံခြားကအပြီး ပြန်လာရင် အခွန်စစ်တယ် passport သိမ်းတယ်နဲ့သတင်းတွေ ထွက်နေတော့ ကောင်တာမှာတန်းစီနေရင်း ကြောက်နေတာပေါ့။ အဲဒီအချိန်မှာ ရဲတစ်ယောက် သမီးလက် ကိုဆွဲပြီး Immigration ကောင်တာနောက်မှာ ရပ်နေတာတွေ့တယ်။ ကျမအရမ်းအံ့ဩသွားတာပေါ့ ဘာဖြစ်တာ လဲဆိုပြီးတော့။ ကျမထွက်လာတော့ ကလေးက အဲဒါသမီး အဒေါ်လို့ပြောလိုက်တော့ အဲဒီရဲက ဟုတ်လား ဒါဆို ဦးဦးသွားတော့မယ် ဆိုပြီးထွက်သွားတယ်။  custom ကိုဖြတ်တော့လည်း ကလေးလက်ဆွဲပြီး ထွက်လာလို့လားတော့မသိဘူး ၊ ရစ်တာတွေ ဘာတွေ လုံးဝမခံခဲ့ရဘူး။ နောက်မှ အိမ်ကပြန်ပြောပြတာ၊ လေဆိပ်မှာ စောင့်နေတုန်း uniform ဝတ်ထား တဲ့လူတွေ့တိုင်း သမီးအဒေါ် လေယာဉ် ရောက် တော့မှာလားချည်းပဲမေးနေလို့ […]


Pearl MayJuly 28, 20111min1629
ကလေးတစ်ယောက်ရဲ့ ရိုးစင်းတဲ့အတွေးခေါ်လေးတွေကနေ ပေါက်ဖွားလာတဲ့ ဖြူစင်တဲ့ စိတ်အလှတရားတွေကို ကျမတို့ ပတ်ဝန်း ကျင်မှာ တွေ့ကြုံခံစားရမှာပါ။ တစ်ခါတစ်လေ သူတို့လေးတွေရဲ့အတွေးအခေါ်နဲ့ လောကကိုရှုမြင်ကြည့်ပုံက ကျမတို့ လူကြီးတွေရဲ့ အမြင်နဲ့ကွာခြားလွန်းပါတယ်။ ကျမအသက် ၂ဝ ကျော် ၊ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက် မနက် ၁ဝ နာရီမှာ ကျမရဲ့ပထမဦးဆုံး ချစ်စရာ တူမလေးကို ကျမ အမကြီးက မွေးဖွားပေးခဲ့တယ်။ ကလေးငယ်မရှိခဲ့ဘူးတဲ့ကျမတို့အဖို့ တကယ့်ကိုထူးထူးဆန်းဆန်း လက်ဆောင်တစ်ခုရရှိသလို ပျော်ရွှင်ခဲ့ကြတယ်။ သမီးလေး ၁ လ ကျော်ကျော်လောက်မှာ သူ့အမေကိုအနိုင်ကျင့်ပြီး ကလေးကိုအိမ်မှာပဲအပြီး မွေးစားသလို ယူထားလိုက်ကြတယ်။ သမီးအမေအိမ်နဲ့ ကျမတို့အိမ်ကနီးနီးလေးဆိုတော့ ပြသနာမရှိဘူး သူ့မိဘတွေလည်းအချိန်ပြည့်နီးပါး ကျမတို့အိမ်မှာပဲလာနေကြတာပေါ့။ အဲဒီအချိန်တုန်းက ကျမက ဟိုတယ် ဧည့်ကြိုလုပ်နေတော့ ဂျူတီက […]


Pearl MayJune 13, 20111min600
“နင်တို့ဟာလေ..စည်းကမ်းကိုမရှိဘူး ၊ ကိုယ့်ပစ္စည်းကိုကိုယ်နေရာတကျထားပါလား၊ အပြင် ထွက်ခါနီးမှဟိုရှာဒီရှာ ၊ ရော့ဒီမှာတွေ့ပြီ” “အပြင်မှာစားသောက်လာတော့အိမ်ကချက်ထားတာတွေအလကားဖြစ်ပြီပေါ့ ၊ အပြင်စာ တော်တော် ကြိုက်ကြ ၊ အာဟာရှိတာဆိုမစားချင်ကြဘူး ၊ ရော့ဒီမှာ သရက်သီးလေးတော့စားလိုက်ဦး ချိုလွန်းလို့ ညည်းအတွက် ချန်ထားတာ” “ဒါမိန်းကလေးအိမ်ပြန်ချိန်လား ၊ အလုပ်ကပြန်ဟိုဝင်ဒီထွက်နဲ့ ၊ အိမ်စောစောပြန်ပြီးနားတော့ ဘာဖြစ်မှာလို့လဲ ၊ ရော့ မအိပ်ခင်ကွေကာအုပ်လေးတော့သောက်” “ဟဲ့ သေတော့မှာပဲ ဒီအချိန်ခေါင်းမလျှော်နဲ့လေ ၊ လာလာ အုန်းဆီလေးလိမ်းထား ၊ မနက်ထလျှော် အမေရေနွေး လုပ်ထားပေးမယ် ကြားလား” “အဲဒီဒေါက်ဖိနပ်ချွတ်စမ်း ခါးနာတယ်လည်းဆိုသေး ၊ အင့် ဒီကတ္တပါဖိနပ် စီးသွား ပန်းလေးတွေ ထိုးထားတာလှကလှနဲ့” “ဒီနေ့စောစောပြန်လာ အိမ်မှာထမင်းစားဖြစ်အောင်စား ညည်းကြိုက်တဲ့ မှိုကြော်ထားမယ်” “အဝတ်အစားတွေကလည်းကိုးလို့ကန့်လန့်အေ ၊ ငါတော့ကြည့်မရပါဘူး […]


Pearl MayJune 10, 20111min17010
လူလွတ်တစ်ယောက်ဖြစ်ပေမယ ့် တူမလေးတွေကို ကျွေးမွေးထိန်းကျောင်းလာတဲ့ကျမ ကလေးတွေကိုသိပ်ချစ်တယ်။ ကလေးတွေမြင်ရင် ချမ်းသာတဲ့ကလေးဖြစ်ဖြစ် ဆင်းရဲတဲ့ကလေးဖြစ်ဖြစ် အလိုလိုနေရင်းသနားတတ်တာ။ သွားရင်းလာရင်း တောင်းစားတဲ့ကလေးတွေ မိုးရွာနေပူထဲမှာ ပင်ပန်းနေတဲ့ကလေးတွေမြင်ရင် မျက်ရည်အလိုလိုဝဲလာရော။ အလုပ်လုပ်နေတဲ့ကလေးဆိုရင် ပိုသနား ပို ချစ်တယ်။ တတ်နိုင်သလောက်လည်းအမြဲကူညီအားပေးခဲ့တယ်။ ပြီးခဲ့တဲ့ရုံးပိတ်ရက် မေမေခေါ်လို့ဈေးလိုက်သွားတယ်။ ဟင်းသီးဟင်းရွက်အဓိကထားရောင်းတဲ့ဈေးပါ။ ဈေးထဲဝင်ဝင်ချင်းမှာပဲ သမီးလေး ၃ ယောက် ကွမ်းရွက် ဗန်းကလေးတွေကိုင်ပြီး ကွမ်းရွက် ရောင်းနေတာ တွေ့တယ်။ ကလေးလေးတွေက အလည်လေးတွေ ၁ဝ နှစ် ၁၁ နှစ်လောက်ရှိမယ်။  အိမ်က တူမအကြီးလေးနဲ့ရွယ်တူလောက်ပဲ။ သူတို့ကို ကျမစိတ်ဝင်တစားကြည့်လိုက်တာသူတို့သိတယ် ။ သမီးလေးတစ်ယောက်ပြေးလာပြီး အန်တီ ကွမ်းရွက် ဝယ်ပါတဲ့။ အိမ်မှာ ကွမ်းရွက်မလိုပေမယ့် ကျမထုံးစံအတိုင်း တတ်နိုင်သလောက်လေး အားပေးကူညီချင်လို့ဈေးဝယ်ပြီးပြန်လာမယ်နော်လို့ပြောပြီး မေမေဝယ်ချင်တာ တွေအရင်လိုက်ဝယ်ပေးလိုက်တယ် ။   […]


Pearl MayApril 25, 20111min540
“ဆောင်းမှာခရေ…နွေမှာလည်း သဇင်…မိုးတွင်ပန်းပိတောက် ..အော်..ပွင့်သည့်နောက်နေ့ တို့ပြန်တွေ့ကြစေသား…ဆုတောင်းမှားခဲ့လေသလားအချစ်ရယ်…” မိုင်တွေထောင်ချီဝေးတဲ့နေရာ တစ်နေရာစီမှာ နေရတဲ့တို့နှစ်ယောက် သဇင်ပန်းတွေပွင့်ချိန်မှာ ဆုံနိုင်လေမလား..ပန်းခရေလေးတွေ အတူတူကောက်နိုင်ပါဦးမလား… သူပန်ပေးတဲ့ပိတောက်ပန်းလေးတွေပန်ဆင်ခွင့်ရနိုင်ပါဦးမလား။ သင်္ကြန်ကျပြီကွယ်..သင်္ကြန်မိုးလည်းမရွာဘူး.. ပိတောက်ပန်းလေးတွေလည်းလှိုင်လှိုင်မတွေ့ရသေးဘုူး..တို့အတွက်တော့သင်္ကြန်ကပျင်းခြောက်ခြောက်နိုင်လှပေမည့် လမ်းထဲကကလေးတွေကတော့ အပူပင်မဲ့ ထုံးစံမပျက် ပျော်ပျော်ကြီး ရေကစားနေကြလေရဲ့။ တို့နှစ်ယောက် ရုပ်မြင်သံကြားကလာတဲ့ ကလေးသင်္ကြန်အကတွေကြည့်ပြီး နောက်ဆုံး ရယ်မောပျော်ရွှင်ခဲ့ကြတာ ၂၀၀၂ ခုနှစ်တုန်းကနော်။ တစ်နှစ်တစ်ခေါက်တော့ ရောက်အောင်လာပါ့မယ်ပြောပြီး နံရံပေါ်ပြက္ခဒိန်တွေမှာသာ ခုနှစ် ဂဏန်းတွေ ပြောင်းကုန်ပေမယ့် သူလာမယ်ဆိုတဲ့သတင်းစကားမကြားရသေးပါလား။ “ဆောင်းမှာခရေ…နွေမှာလည်း သဇင်…မိုးတွင်ပန်းပိတောက် ..အော်..ပွင့်သည့်နောက်နေ့ တို့ပြန်တွေ့ကြစေသား…ဆုတောင်းမှားခဲ့လေသလားအချစ်ရယ်…” (ခံစားချက်နဲ့တထပ်တည်းကျတဲ့ သီချင်းလေးပါ) (သင်္ကြန်ပိတ်ရက်မှာဟိုဟိုဒီဒီရေးထားပြီး မတင်ဖြစ်ခဲ့တဲ့ဟာလေးပါ)။


Pearl MayApril 11, 20111min24022
၁ဝ တန်းအောင်ပြီးပြီးချင်း ကျမရဲ့ဖေဖေ နယ်မှ ရန်ကုန်ပြောင်းမိန့်ထွက်လာပါတယ်။ ရန်ကုန်ကို ကျောင်းပိတ် ရက်ရှိမှ တခါတလေ လာရတဲ့ကျမတို့ ညီအစ်မ ရန်ကုန်မှာနေရတာ့မယ်ဆိုတော့ ပျော်လိုက်ကြတာ။ ပစ္စည်းတွေ သိမ်းဆည်း ပြီးအလုပ်တွေရှုပ်နေရင်းတောင် အချိန်ကုန်နှေးတယ် ထင်ခဲ့တာ။ ဒီလိုနဲ့ကျမတို့မိသားစုရန်ကုန်ရောက်လာခဲ့ကြတော့တယ်။ ရန်ကုန်ရောက်တော့ ဖေဖေ့ဌာနကပေးမဲ့အိမ် မလွတ်သေးလို့ လှည်းတန်းက အမေဘက်ကတော်တဲ့ အဒေါ့်အိမ်မှာ ကျဉ်းကျဉ်းကျပ်ကျပ်နေကြရတယ်။ အရင် နယ်တွေမှာ ဌာနကပေးတဲ့အိမ်တွေက ခြံနဲ့ ဝင်းနဲ့ ၊ ဌာနဆိုင်ရာကားလေးနဲ့ကြီးပြင်းခဲ့ရတဲ့ ကျမတို့ ညီအစ်မနှစ်ယောက်အတွက် ရန်ကုန်ဆိုတာ တခြားကမ္ဘာတစ်ခုလိုဖြစ်နေခဲ့တယ်။ ရန်ကုန်ရောက်ပြီး ၁ လ လောက်ကြာတော့ မေမေက အိမ်နားလေးက English Speaking သင်တန်းကိုလိုက်အပ်ပေးတယ်။ နယ်မှာ နေတုန်း က ဖေဖေကနေ့တိုင်း အင်္ဂလိပ်စာသင်ပေးတော့ သင်တန်းတက်တာ ၁လောက်ရှိတော့ အင်္ဂလိပ်လို နည်းနည်း […]


Pearl MayApril 8, 20111min684
တလောက အိမ်နားမှာလုပ်တဲ့ တရားပွဲမှာ အရှင်ပညာဝရ ဟောတဲ့တရားထဲက အကြောင်းအရာ လေးတစ်ခုပါ….အရင်က စာအုပ်တွေထဲမှာလည်း ဖတ်ဖူးပြီးပေမယ့် ဆရာတော်က တရားဟောကောင်းတော့ ရင်ထဲမှာ ထပ်ထပ်ပြီး ခံစားရပါတယ်… “မြို့လေးတစ်မြို့မှာ အဘိုးတစ်ယောက်ရယ်၊ သူ့သားရယ် ၊ ချွေးမရယ်နဲ့ သူ့မြေးလေးရယ် အတူတူ နေကြပါတယ် ။ ထမင်းစားတော့လည်းတူတူစားကြတာပေါ့။ ဒီလိုနေလာရင်းနဲ့ အဘိုးဟာ အသက်ကြီးသ ထက်ကြီးလာတော့ အမြင်တွေမှုန်ဝါး ၊ နားအကြားက မသဲကွဲ ၊ သတိကမေ့ ၊အင်အားတွေ ဆုတ်ယုတ်လာပြီး တုန်ချိ တုန်ချိ ဖြစ်လာပါလေရော။ ထမင်းစားကြတော့ ဟင်းချိုခပ်သောက်ပေမဲ့ လက်ကတုန်နေတော့ ဇွန်းကအဘိုးအိုပါးစပ်နားလည်းရောက်ရော ဟင်းချိုက တစ်စက်မှပါမလာတော့ဘူး၊ ကျန်တဲ့သူတွေကလည်း ကိုယ့်ထမင်းကိုပဲအာရုံစိုက်စားနေကြတော့ ဒီလိုဖြစ်နေတာလည်း မသိကြပါဘူး။ ဟော.. နောက်နေ့ကျတော့ အဘိုးအို ဟင်းခွက်လှမ်းနှိုက်လိုက်တာ မျက်စိက မမြင်တော့ […]