အဆိုးဝါးဆုံး တွယ်ငြိမိသူကိုမှ အဆိုးဝါးဆုံး ငြင်းပယ်ရက်သူ သူ့ဆီက………….. တုန့်ပြန်ကြင်နာမှုလောက် ငတ်မွတ်ခုံမင်ခဲ့တာ ဘာတစ်ခုမှ မရှိခဲ့ဘူး အကြင်နာတရားကို ရှာဖွေရင်း မကြင်မနာ စကားလုံးတွေပဲ ငါ………….. ရရှိခဲ့ပါရဲ့။ သာယာလှပတဲ့ သံစဉ်တေးသွားတွေ ထွက်မလာမှန်းသိရက်နဲ့ အနာဂတ်ကို မှ အလဲအထပ်….လုပ်ပြီး သူ့ပုံရိပ်တွေ လိုက်လိုက် ကောက်မိတဲ့အထိ ရူးသွပ်ခဲ့တဲ့ကောင်.. ချစ်ရသူရဲ့ငြင်းပယ်မှုအောက် ညရေးတွေ ပျောက်ပျောက်နေခဲ့ရ သူနဲ့ ပက်သက်လာရင် အမှားအမှန် ဝေခွဲဖို့ ချို ့ယွင်းနေတဲ့ ခေါင်းခွံတစ်ခုလုံးနဲ့လူ….. ငါဟာ………. သူရဲ့မုန်တိုင်းဆန်တဲ့ မာယာဂယက်မှာ ကျွန်တော့်နှလုံးသား ခြေကုန် လက်ပန်းကျလုပြီ ဒါကို အမှတ်မရှိတဲ့ ဝေါဟာရနဲ့ ပတ်ဝန်းကျင်က တံဆိပ်ကပ်ကြလေရဲ့ အဲဒီအသုံးအနှုံးတွေဟာ ကျွန်တော်နဲ့ အယဉ်ပါးဆုံးသော…….. ယဉ်ကျေးမှုတွေပါ….။ ဒီလို ခဏခဏ ငယ်ပေါင်းများစွာ ရင်ဘတ်ကို ဖြတ်နင်းသွားတာတောင် […]


Love is the down of marriage, and marriage is the sunset of love. Defirod အချစ်ဆိုတာ လက်ထပ်ခြင်းရဲ့ အရုဏ်ဦးဖြစ်တယ်။ လက်ထပ်ခြင်း ကတော့ အချစ်ရဲ့ နေဝင်ချိန် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလိုမ ဟုတ်ဘဲ လက်ထပ်ခြင်းဆိုတာ အ ချစ်ရဲ့အရုဏ်ဦးဖြစ်အောင် ဘယ် လိုနေထိုင်သွားမလဲ။ ချစ်သူရည်းစားဘဝမှာ တစ် ယောက်နဲ့တစ်ယောက် ဆုံတွေ့ချိန် က ကန့်သတ်မှု ရှိတယ် ဆိုပေမယ့် တူနှစ်ကိုယ်မခွဲနိုင်တာကြောင့် ဘဝ ခရီးကို အတူလက်တွဲလို့ လျှောက် မယ်လို့ဆုံးဖြတ်ပြီးရင် မမျှော်လင့် ထားတဲ့ အသေးအဖွဲ ပြဿနာလေး တွေ ဝင်လာတတ်ပါတယ်။ တစ်ခါ တစ်ရံမှာ လူငယ်တွေက ထင်တတ် ကြပါတယ်။ […]


ဝဿန်မိုးမင်း……… ညှိုးမာန်တင်းရင်း သက်ဆင်းလူ့ပြည်……..မိုးစက်ခြွေသည် ဤသည်မုချ……. မိုးကာလတည့်……။ ထိုထိုကာလ…..မိုးဦးကျတွင် မိုးညရယ်မှောင်….. လရောင်သော်ပြောက် လျှပ်စီးတောက်ထင်…… လူရိပ်မြင် အကြင်ဖားကောက်….ထွက်ဖို့ပြင်…။ ဝါးခမောက်ဆောင်း…… မီးအုပ်ဆောင်းဖြင့် ပလိုင်းကိုလွယ်……တုတ်ကိုသယ်စဉ် အိမ်သူသက်ထား…..မှာလိုက်သည် ပလိုင်းပြည့်က…ပြန်လာကြတည့်……။ အုံး..အွမ်…အုံး…အွမ်…. ညိုးညိုးညံသည်…..လယ်တောစပ်က ဖားကလေးတွေ…..ခေါ်နေပြီ………….။ မိုးရေတွေကြား…..သုတ်သုတ်သွားစဉ် အတွေးမျှင်တန်း… စိတ်ဝယ်ပန်းလည်း ဝမ်းစာရှာဖို့….ထွက်ခဲ့ပြီ……။ လယ်ကန်သင်းရောက်…..ဆက်လို့လျှောက်သည် ဖြတ်ခနဲပေါ်…တစ်ကောင်ဆော် ..(ဘုန်း..) ဖားကသူ့ကို…ပြောင်ပြသည်…. “ဟိုက်…လွဲပီဟ”….. တစ်ချက်လွဲသော်….နှစ်ချက်ဆော်.. ဖားမှာကားကား…သေရသည်…. ဝမ်းစာအတွက်…ရှေ့ဆက်တက်စဉ် ကတွတ်ပေါက်က…သူ့ကိုဆော်သည်( အားးးး ) မြွှေဆိုးခဲလို့…သေရပြီ… မိုးရယ်လင်းသော်….အိမ်သူမျှော် မျှော်…လို့သာမျှော်….သူမပေါ်ပြီ ဘဝတစ်ပါးပြောင်းခဲ့ပြီ………..။ ။ ====================================================== ကျွန်တော်တို့  အညာဒေသ ကျေးလက် တောရွာတွေမှာဖြစ်ပျက်နေတာလေးကို ခံစားရေးသားလိုက်ရပါတော့သည်…။ အရင့်ရောင်


ကဲ……………. သူငယ်ချင်းတို့ရေ………… ဥူးဥူး –ဒေါ်ဒေါ်–ကိုကို–မမ ညီလေး–ညီမလေးများပါမကျန် လက်တွေလုပ်ကြည့်ပါနော် တဝါးဝါးတဟားဟားရယ်ရမယ် အလုံးစုံကိုပျော်ရွှင်သွားစေရမယ်ဗျာ……….. သိနိင်းပြီးသားလည်း ရှိရင်ရှိမယ် မသိရှိရသေးသူတွေလည်းရှိကောင်းရှိပါမယ်လို့ ထင်ပါတယ်နော်………. ကိုယ်တိုင်လုပ်ကြည့်ပြီး………. ကိုယ်တိုင်….ပျော်ရွှင်စေရမယ်ဗျာ လောကကြီးမှာ စိတ်၏ ပျော်မွေ့ခြင်းထက် အကောင်းမွန်ဆုံးအားဆေးဟူသည် မရှိ။ ဆိုသလိုပေါ့နော် ပျော်ရွှင်စရာလာပြီးနော်……….. စာလေးကို ဖတ်လိုက် …. ကိုယ်တိုင် လက်တွေ့လုပ်လိုက်နဲ့ ပျော်ရွှင်ကြရအောင်နော်…….. တင်ပြမှာက နည်းပေမယ့် မိမိရဲ့ သူငယ်ချင်းတွေကိုလည်း စလို့နောက်လို့ရပါတယ် ကဲ ဒီလိုလေး လုပ်ကြည့်ဗျာ…….. အဆင့်(၁)။        ။  လက်တစ်ဖက်က   လက်ဝါးကို မှောက်ခုံအနေအထားနဲ့ (ဥပမာ..ဘယ်လက်) ထားပါစို့ ညာလက်က စပြီးလုပ်မယ်ဆိုလည်းရပါတယ်။ လုပ်ရမှာက….စားပွဲ ပေါ် (သို့မဟုတ်) အဆင်ပြေမည့် တစ်နေရာပေါ့ဗျာ လက်တစ်ဖက်ကို ထားလိုက်ပြီနော်……… ကဲ……. ထားပြီးပြီပဲ ဆိုပါစို့။ အဆင့်(၂)။       […]


(((((မနက်နိုးတာနဲ့ ပေကျံမနေတဲ့ မျက်နှာကို သစ်ဖို့ကြိုးစားတယ်။ မလန်းဆန်းတဲ့ စိတ်ကို သစ်ဖို့ ကျွန်တော်နေ့တိုင်းမေ့နေတယ်။)))   ကဲ…. ကောင်းကြသေးရဲ့လားဆိုပြိးးးး လမ်းထိပ်က အသည်တစ်သည်ကအော်တယ် (ဘာအသည်လဲ… ) ခံစားဖို့အတွက် မွေးဖွားလာကြတာ မဟုတ်ပေမယ့် ဒီခန္ဓာ ရလာမှတော့ ထုလည်းခံ ထောင်းလည်း ခံမယ်ဆိုတဲ့ စိတ်မျိုးနဲ့…. ထုသားပေသားကို ကျလို့ (…) ကဗျာရေးတိုင်းသာ တစ်ခါ အသဲကွဲကြေးဆိုရင် ကဗျာမရေးဘဲ.. အရက်ဘဲ လှိမ့်သောက်နေဖို့ ကြိုးစားကြည့်ရမယ်။ (…) မနက်ခင်းမှာ နှင်းဝေတာ ကြည့်ချင်စိတ်တော့ ရှိတယ်။ အသဲကွဲနေလို့ မထ ပရစေနဲ့အုံးဆိုပြီး လှိမ့်ပိတ် အိပ်တတ်အောင် ကြိုးစားရမယ်။ (…) တစ်ေနေ့တစ်နေ့ ခင်ဗျား လူဘယ်နှစ်ယောက်နဲ့များ ဆုံမိတယ်ဆိုတာ ခင်ဗျား ရေတွက်ထားဘူးသလား။ နေ့လည်ဆိုရင် ဘာရယ် ညာရယ် […]


၁ ။ မိန်းကလေးတစ်ယောက် ငိုကြွေးနေပြီဆိုရင် ပျော်လွန်းလို့လည်းဖြစ်နိုင်သလို ဝမ်းနည်းလွန်း လို့ လည်းဖြစ်နိုင်တယ် ။ သင့်ရဲ့ နှစ်သိမ့်စွာ ထွေးပွေ့မှုလေးတစ်ခု က သူ့မျက်ရည်တွေကို တိတ်စေပါတယ် ။ ၂ ။ မိန်းကလေးတစ်ယောက် စိတ်ကောက်နေပြီဆိုရင် အလို မကျလို့လည်း ဖြစ်နိုင်သလို သင့်ဂရုစိုက်မှုကို လိုချင် လို့လည်းဖြစ်နိုင်တယ် ။ သင့်ဆီမှာ သူ စိတ်တိုင်းမကျစရာ ဘာရှိသလဲ ပြန်ဆန်းစစ်ပါ ။ အရင်ကထက်ပိုပြီး ဂရုစိုက်ဖို့လည်းလိုပါပြီ ။ ၃ ။ အသေးအဖွဲကိစ္စလေးပဲဆိုပြီး စကားကို မဆင်မခြင်မပြောမိပါစေနဲ့ ။ တခါတလေ ကိုယ်က ဘာရယ် မဟုတ်ဘူး ပြောမိလိုက်တဲ့ စကားတစ်ခွန်းက မိန်းကလေးတစ်ယောက်အဖို့ စိတ်ဒါဏ်ရာ ရသွားစေ တာမျိုးလည်းဖြစ်နိုင်တယ် ။ ၄ ။ […]


နာကျင်ခြင်းနဲ့ယဉ်ပါးနေတာပါ မနာကျင်တတ်ခဲ့တာမဟုတ်ဘူး… အောက်ကျို့ပေးခဲ့တာပါ..ဝပ်စင်းခယနေတာက မာနမရှိတာ မဟုတ်ဘူး…………. အဖန်ဖန်  တွေးခေါ်ခဲ့ပါတယ် မျက်လုံးစုံမှိတ်ချစ်ပစ်လိုက်တာမဟုတ်ဘူး နှလုံးသားကတောင့်တတိုင်း စိတ်ကူးတွေရိုင်းရိုင်းသွားလို့…ကြိုတင်လဲပြင်ဆင်ခဲ့ပါရဲ့ နားအလည်ဆုံးသူရဲ့…ဥပေက္ခာ တေးသွားက ချွန်မြအေးစက်လွန်းတော့လဲ….   ရှောင်းပုန်းခွင့်ပေးထားတဲ့ ငါ့မာနရယ် ဂရုစိုက်ခြင်းကင်းလွန်းတဲ့ ငါ့အေးစက်ခြင်းရယ် ငါ့နဲ့အတူတူ ပြန်လည်ရှင်သန်ပါစေတော့…..   စိတ်မနာခဲ့ပါဘူး… ပြီးတော့…….. မမုန်းရက်ခဲ့ဘူး…………. သေရာပါအနာရွတ်တွေ… လူမြင်ပါများလို့ အခါခါဆွံ့အခဲ့ရတဲ့.. ငါ့  လူ့သမိုင်းကို ငါကိုယ်တိုင်သဂြိုလ်မြုတ်နှံလိုက်မယ်.. အဲ့ဒီဈပနမှာ…… အလွမ်းတွေတော့ဝန်းရံနေမှာပါ   လူ့လောကရဲ့တထောင့်တနေရာ ငါ…ဆိုတာရှိကောင်းရှိနေအုံးမှာပါ… ဒါပေမဲ့လေ…… တခါပြန်ပြီး မင်းရဲ့အနား ဘယ်တော့မှမလာတော့ဘူး မင်းငြိမ်းချမ်းအေးမြပါစေတော့….. လူတကာရဲ့လူတွေကြားထဲလှုပ်ရှားရုန်းကန်ရင်း တစ်ခါကကဗျာဆရာတစ်ယောက်ကို….   မင်းဘယ်တော့မှသတိရမှာမဟုတ်ပါဘူး….   အမွန်း(သားငယ်လေး) ၏ကဗျာပါ အရင့်ရောင်  


အချစ်တွေရင်မှာစုပြီး အလွမ်းတွေ…. မြေသို့တိုင် ကြွေမကြသေးခင် နင့်အတွက်နဲ့…. ငါ့ရင်ဘက်ထဲက အချစ်တွေ စိမ်းလန်းသွားချင်တယ် ဆုံတွေ့ခွင့်ဆိုတဲ့ အချိန်က ခဏလေးရယ်ပါ… အဲ့ဒီခဏတာ အချိန်လေးမှာပဲ နင့်အတွက်…. အေးချမ်းမူတွေကို ပေးသွားမှာပါ ငါ့ရဲ့ ဒီရင်ဘက်အစုံက… တစ်ယောက်သောသူ မင်းကိုသာ နားခိုခွင့်ပေးမှာပါ…. စိတ်ချ…. မင်းမကြိုက်တာ တစ်ခုမှမလုပ်ဘူး မင်းနောက်ကွယ်မှာ.. ဇာတ်လမ်းအသစ် ကကြိုးအသစ်တွေနဲ့လည်း မဖန်တီးထားဘူး… သစ္စာတရားကို အလံထူပြီး မင်းအတွက် အချစ်တွေကိုသာ အချိန်ပြည့်ပေးဆပ်ချင်နေတဲ့သူပါ… ငါရဲ့ စိတ်ကူးရင်ပြင်လေးထဲမှာ နင့်အတွက်…. အိပ်မက်နန်းတော်လေးတစ်ခု တည်ဆောက်ပေးထားတယ်…. နင်နှစ်သက်မြတ်နိုးတဲ့… နှင်းဆီပန်းခင်း ဥယျာဉ်တစ်ခုကိုလည်း ပျိုးပေးထားတယ်… ကိန္နရီကိန္နရာ မောင်နှံနှစ်ဦးပျော်တဲ့ ရေအိုင်ငယ်လေး တစ်ခုကိုလည်း နင့်အတွက် ဖန်တီးပေးထားတယ်… ငါ့ နင့်အတွက်နဲ့ …… ပေးဆပ်ခဲ့တာတွေ များနေခဲ့ပါပြီ ဒီတစ်ခေါက်…. နင်နဲ့ […]


ဟန်ဆောင်လှည့်ဖျား မာယာများနဲ့ လျှောက်လှမ်းလာတာ ဘယ်လောက်ကြာကြာ သိသော်ငြားလည်း မျိုကာသိပ်လို့ သိမ်းဆည်းထားတယ် လျှို့ဝှက်စွာနဲ့ ဘယ်လောက်ကြာကြာ မင်း နေမှာလဲ နှလုံးသားကို ညာလို့ ရ လည်း မင့်း နှလုံးသား မင်းကိုယ်မင်းတော့ မညာသင့်ဘူး သေချာဆန်းစစ် သုံးသပ်ကြည့်ပါ မင့်း အတွေးမှာ လှည့်ဖျား ရ လို့ ကျိတ်ရယ်နေလား အဲဒီအချိန် မင်းသိဖို့က မင့်း နှလုံးသား မင်းပြန်မေးလိုက် မင်း သူ့ ကိုလေ (မင်း=နှလုံးသား)(သူ့=ချစ်ရသူ) တကယ်ချစ်လား မေးသင့်တာပေါ့…တကယ်ချစ်ရင် ။ နှစ်နှစ်ကာကာ ချစ်ပါလျှက်နဲ့ ဟန်ဆောင်မာယာ ဘာကြောင့်ဒီလို သုံးနေတာလဲ ပြစ်မယူတဲ့ ချစ်သူကိုမှ အဲလိုဟန်ဆောင် လိမ်ညာဟြေင်းလဲ လှည့်ဖျားမာယာ သုံးပြုနေက မင်းအတွက်တော့ သစ္စာ မေတ္တာ စစ်မှန်စွာနဲ့ အချစ်စစ်ကို […]


အရမ်းမှန်တယ် တိုက်ဆိုင်တယ် ဒါပေမဲ့မှန်မှန်ဖြေနော်…………. သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ ့ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။ အခုဖော်ပြမယ့် အမေးအဖြေလေးက လွန်ခဲ့တဲ့ 2000 ခုနှစ် နှစ်ကုန်ပိုင်းလောက် တုန်းက အလင်းတန်းဂျာနယ်မှာ စာရေးဆရာအတ္တကျော်ရေးသားတင်ပြထား တဲ့ အပျင်းပြေ(၂) ဆိုတဲ့ အမေးအဖြေလေးပါ။ စိတ်ပညာဆိုင်ရာ သဘောလေးတစ်ခုလို ့ ပြောပါတယ်။ လူ ့စိတ်ကို စနစ်တကျစမ်းသပ်တာတစ်မျိုးလို ့ပြောနိုင်ပါတယ်တဲ့။ အပျင်းပြေလေးနဲ ့ ပျော်စရာကောင်းလို ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုစမ်းသပ်မေးပါတယ်။ သူပြောတဲ့ အတိုင်းဘာမှ မသိပဲ လိုက်ဖြေကြည့်မိတယ်။ အဖြေတွေအား လုံးနီးပါးတိုက်တိုက်ဆိုင်မှန်ကန်နေခဲ့ပါတယ်။ ဒီဟာလေးကိုသဘောကျလို ့ဂျာနယ်ရှာပြီး သိမ်းထားခဲ့တာပါ။ တစ်ခါတစ်ခါ မသိသေးတဲ့သူငယ်ချင်းတွေနဲ ့မေးစမ်းကြည့် တော့လဲ မှန်ပါတယ်။ မညာဖို ့နဲ ့သူများသိမှာစိုးရိမ်ရင် တစ်ယောက်ထဲဖြေကြည့်နော်။ နံပါတ်စဉ်လေးတွေ ညွှန်းတာနဲ ့တစ်ချို ့ပြောချင်တာလေးတွေကိုနည်းနည်းပြင်ရေးထား […]


သိပ်ချစ်လွန်းလို.ပါချစ်သူရယ်….. ချည်နှောင်တာ မဟုတ်ပါဖူး ခိုင်မြဲချင်လို့ပါ …….. မွန်းကြပ်သွားရင် တောင်းပန်ပါရစေ …….. ချုပ်ချယ်တာ မဟုတ်ပါဖူး စိုးရိမ်လို့ပါ ……. စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါရစေ ….. မယုံကြည်တာ မဟုတ်ပါဖူး အားငယ်လို့ပါ ….. ရိုးသားမှုကို စော်ကားသလိုဖြစ်သွားရင် တောင်းပန်ပါရစေ ….. ရစ်တာ မဟုတ်ပါဘူး ချစ်လို့ သဝန်တိုတာပါ ….. စိတ်ရှုပ်သွားရင် တောင်းပန်ပါရစေ …… မသေချာလို့ မဟုတ်ပါဖူး အခါခါကြားချင်လို့ပါ …. ပြောရတာ မောနေရင် တောင်းပန်ပါရစေ ….ချစ်သူရယ်


အတော်အသုံးမကျတဲ့ ငါပဲ………… ကြည့်စမ်းပါဦး။ သူများတွေမှာဖြင့် တိုက်ကြီးကလည်း အကြီးကြီး။ငါ့မှာတော့ ထန်းရွက်မိုး၊ထန်းရွက်ကာ တဲသေးသေးလေး တစ်လုံးသာ။ငါ လည်း သူ့လို တိုက်ကြီးဖြစ်ရမယ်။ ကြည့်စမ်းပါဦး။ သူ့မှာ ကားက အကောင်းစား ။ အော်တို ဂီယာ ဆိုလား။ဒီဇယ် အင်ဂျင် တပ်ထားတော့ အဲကွန်းကလည်းကောင်းမှကောင်း။ ငါ့မှာတော့ နွားလှည်းလေး က   ကချွတ်ကချာ ဗမာပု နွားကလေး တစ်သျှင်း တည်း ရှိတယ်။နွားလှည်းကို ငါမစီးချင်တော့ဘူး ။ သူ့လိုကား ငါလည်း စီးရရင် သိပ်ကောင်းမှာ။ ကြည့်စမ်းပါဦး။သူ့ဆိုင်ကျတော့ ဝယ်လိုက်ကြတာ လူတွေ အများကြီးပဲ။ဝယ်လိုက်ကြ၊ ဝင်လိုက်ကြ ၊ ထွက်လိုက်ကြ နဲ့။ ရောင်းကောင်းနေလိုက်တာ။ ငါ့ဆိုင်ကျတော့ သူ့ဆိုင်လောက်လည်းရောင်းမကောင်းဘူး ။ သူ့ဆိုင်လောက်လည်း လူမစည်ကားဘူး။သူ့ဆိုင်ထက် ငါ့ဆိုင် သာစေရမယ်။ ကြည့်စမ်းပါဦး။ […]


ကိုယ်ချင်းလည်း မစာဘူး။ သူတို့တုန်းကတော့ နေချင်သလိုနေပြီး ငါတို့ကျမှ ဟိုလို မနေနဲ့။ ဒီလို မနေနဲ့။ ဟိုလိုလေး လုပ်ကြည့်ပါလား။ ဒီလိုလုပ်တာမှားတယ်။ တော်တော်ကို ကို်ယ်ချင်းမစာကြတဲ့ လူကြီးတွေပဲ။ ********************* “ ဒီအရွယ်မှာ ရည်းစားမထားရဘူးနော် ´´ သူတို့တုန်းကတော့ ထားခဲ့ကြတယ်။ ကျွန်တော်တို့ကျမှ မထားနဲ့တဲ့ဗျာ။ ********************* “မပျင်းကြနဲ့။ ပျင်းရင် ပညာမရဘူး´´ သူတို့လည်း ကျွန်တော်တို့အရွယ်တုန်းက ပျင်းခဲ့ကြတာပဲ မဟုတ်လား။ “ပိုဆံစုကြ ၊ မဖြုန်းကြနဲ့´´ တော်တော် အဟြေကောင်းတယ်။ သူတို့ ပိုက်ဆံမစုခဲ့ကြလို့၊ ငွေတွေကို ဖြုန်းတီးခဲ့ကြလို့ ကျွန်တော်တို့ ဒီလိုနေနေကြရတာ မဟုတ်ဘူးလား။ “အရက်မသောကနဲ့ ငါ့သား´´ ပါးစပ်မှာက အရက်နံ့တွေနဲ့။ ကျွန်တော်တို့ကို လာပြီး ဆုံးမနေတယ်။ “ဆေးလိပ်သောက်တာ မကောင်းဘူး´´ သူ့အိတ်ထောင်ထဲမှာ စီးကရက်ဘူးကြီးနဲ့။ဆေးလိပ်မကောင်းကြောင်း […]