ဒါလေးက တကယ့်ကို ထူးထူးဆန်းဆန်းပါပဲဗျာ……….. 5.5.2012 ရက်နေ့ည 12း45 မိနစ်မှာ- ဟြေရရင်တော့ 6.5.2012 နေ့ဘက်ကိုရောက်ပီပေါ့ဗျာ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ် (၄)တောင် ရပ်ကွက် သာသနဝေပုလ္လဓမ္မာရုံ မှ ရှင်ဥပဂုတ္တ ရဟန်းတာ မထေရ်မြတ်ကြီးကို ဖေါင်မျှောပူဇော်ပွဲကျင်းပရန်အတွတ်…..ရူခင်းသာကျောင်းဝန်း – အောင်သီတာစာသင်တိုက်၏ ဦးစီးပဓါန နာယက ဆရာတော် အရှင်ဓမ္မာစာရ ၏ အခါတော်ပေးနှင့်အညီ တစ်ညတာ မဟာပဌါန်းတော်မြတ် ကိုတစ်ညတာ ရွတ်ဖတ်ပူဇော်ပြီး ရဟန်းတာမထေရ်မြတ်အား ဖေါင်မျှော ပူဇော်ဖို့ရန်အတွက် ရပ်ကွက်ရှိဓမ္မာရုံမှ မဟာအောင်မြေဘုံစံ ကျောင်းတိုက်သို့ 5.5.2012 ရက် ကဆုန်လပြည့်နေ့ ညနေ ၆ နာရီ မှာ ကျောင်းတော်သို့ ပင့်ဆောင် အပူ ဇော်ခံထားရှိခဲ့ပါတယ်။ အဲဒီညနေ ၆ နာရီမှ စတင်ကာ […]


ဒီအချိန်ဆို အမေရယ် အနေဝေးတဲ့သားကို မျော်နေရော့မယ် အိမ်အဝင် တံခါးဝက အချိန်ရှိတိုင်း သားကို ကြိုလင့်စောင့်နေတဲ့ အမေအို လွမ်းမျက်ရည်စိုနေပြီလား   အမေ……………အမေ……….အမေ     


သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမာ္ဘတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ မဟာသက္ကရာဇ် ၆ရခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ။ မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ။ ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ […]


လှပတယ်ဆိုတဲ့ စကားလုံးကို သင်ဘယ်လိုဖွင့်ဆိုပါသလဲ။သင့်မှာ လှပကြောင်း သက်သေပြနိုင်ဖို့ အလှစစ်ကို ပိုင်ဆိုင်နိုင်ဖို့ အကြောင်းအချက်တွေအများကြီးရှိပါတယ်။သင့်ရဲ့ မိတ်ကပ်၊ ခြေသည်း၊လက်သည်း အလှ ဆံပင်ပုံစံ၊ ခန္ဓာကိုယ် ပိန်ခြင်း၊ ဝခြင်း၊ အရပ်ရှည်ခြင်း၊ ပုခြင်း၊ အဝတ်အစားအပြင်အဆင်၊ ပိုက်ဆံရှိခြင်း၊ မရှိခြင်း စတဲ့ စတဲ့ အကြောင်းအရာတွေနဲ့ ဘာမှမသက်ဆိုင်တဲ့ အလှစစ်အကြောင်းကို ဟြေကြရအောင်ပါ။ ဘယ်လိုအရာတွေက အလှစစ်ကို ပိုင်ဆိုင်နိုင်စေပြီး သင့် စိတ်ပျော်မွေ့စေမှာလဲ ဆိုတာကို ရှာဖွေကြည့်ရအောင်။ ၁ ။သင့်အပြုံး သင့်ရဲ့အပြုံးဟာ သင်လှပတယ်ဆိုတာကို သက်သေပြနိုင်တဲ့ အကြောင်းတစ်ရပ်ပါ။ သင့်ရဲ့ အပြုံးတစ်ပွင့်ဟာ နွေးထွေးပျူငှါမှု၊ ကြင်နာမှုနဲ့အချစ်ကို ဖော်ဆောင်ပါတယ်။လှိုက်လှဲတဲ့ အပြုံးတစ်ခုဟာ သင့်ရဲ့ စိတ်ထားအလှကို လှစ်ဟ ပြနေတာပါပဲ။ ဒါ့ကြောင့် မျက်နှာပေါ်က အပြုံးတွေကို ဘယ်တော့မှ မရုပ်သိမ်းလိုက်ပါနဲ့။ ပြုံးပြခြင်းဟ […]


မျက်နှာကြီး အလှူပွဲတစ်သို့ ရောက်ခဲ့ရသည်။ ထိုအလှူပွဲသို့ လာကြသော ဧည့်ပရိတ်များ အနက် လူငယ် ၆ ယောက်ခန့် ပါလာကြသည်။ ရာထူးကြီးကြီး မိဘများ၏ သားများဖြစ်ကြောင်း သိရသည်။ သူတို့ ဝတ်စားထားပုံမှာ မြန်မာမျက်စေ့ဖြင့် ကြည့်သော် အချိုး မကျလှပါ။ ပို၍ဆိုးသည်မှာ အသစ်စက်စက် ဝတ်လာသော ဂျင်းဘောင်းဘီ အသစ်ကို ဒူးနေရာ၌ တမင်ဖာ၍ ဝတ်ထားသော မြင်ကွင်း ဖြစ်သည်။ သူတို့ကတော့ ခေတ်မီလှပြီ ၊ နိုင်ငံခြား စံချိန်မီနေပြီဟု ထင်ကောင်းထင်ပါလိမ့်မည်။ မြင်ရသူ အဖို့မတော့………. ပရိတ်သက်က အထက်တန်းစား ၊ ဝတ်လာပုံက ကိုးရိုးကားရား ၊ အမျိုးသားဟန်က ပျောက်လို့ပါတကား ၊ လူစင်စစ်က မျောက်ဖြစ်ပါပေါ့လား…….။ အတုခိုးမမှားသင့် (မြင်းကျိုးကြီးနှင့် တူတတ်သည်) နိုင်ငံခြားတွင် အလုပ်လုပ်ရလွန်း၍ […]


အပျိုကြီး အပျိုဖြန်း အပျိုစင်တို့၏ အကြောင်းကိုသိခဲ့ရပြီး အပျိုကြီးအကြောင်းကို ဆက်ရသော် အသက် ၂၃-နှစ် ကကျော်လျှင် အကောင်းနှင့်အဆိုးကို ခွဲခြား၍ သိသင့်သမျှ သိခဲ့ရသည်တကြောင်း၊ အပျိုရည် အပျို သွေး တိုးသော ဓာတ်အား ခပ်တန့်တန့် ခပ်ဆိုင်းဆိုင်း (ဝါ) ခပ်နှေးနှေး ဖြစ်၍လာခြင်းကြောင့် တ ကြောင်း၊ အပြောအဆို အနေအထိုင်မှစ၍ ဣန္ဒြေရရ သိက္ခာရှိရှိဖြစ်ပြီးလျှင် အပျိုစင်ဘဝကလောက် ကြောင့်ကြဖွယ် မဟုတ်ချေ။ အသက် ၂၃-နှစ်ကကျော်၍ ၄၀-တွင်း ခေါ်ရသော အချိန်အရွယ် စိတ်နု စိတ်ရင့်ကို၎င်း၊ ကျန်းမမှုကို မှီ၍၎င်း၊ အပျိုစင်ဘဝက ကိုယ်လုံးကိုယ်ထည် ကြီးထွားပြည့်တင်းခဲ့သော ကိုယ်ကာယသည် မူလက အတိုင်း မနေတော့ဘဲ သဘာဝအလျောက် တဖြည်းဖြည်း ကိုယ်ရည်စစ်ပြီး ခပ်ကျစ်ကျစ်ဖြစ်၍ လာ သူကများလေ၏၊ ယခုခေတ်သုံးအရ […]


ပင်လယ်ကမ်းစပ်မှာရှိတဲ့ရွာလေး တစ်ရွာမှာပေါ့ အဲ့ဒိနေ့ကမုန်တိုင်းတွေတအားတိုက်နေတယ် မခင်နုယောကျင်္ားကိုမြင့်လှိုင်မှာတော့ ဝမ်းစာအတွက်ပင်လယ်ထဲငါးဖမ်းသွားနေရှာတယ် ကုန်းပေါ်မှာကျန်ခဲ့တဲ့မခင်နုကတော့ ကိုဝန်နေ့စေ့လစေ့ကြီးနဲ့ မခင်နုတစ်ယောက်မုန်တိုင်းပြင်းနေတဲ့လင်ယောကျင်္ားကို အရမ်းစိတ်ပူနေရှာတယ် သူလွယ်ထားတဲ့ဗိုက်ထဲကကလေးကလဲ လူ့လောကထဲကို လာချင်နေပြီဖြစ်မယ် အား အား နာလိုက်တာဒေါ်ပုမရယ် အားလေးတင်းပြီးညစ်ကြည့်ပါ ညဉ်းကလေးကဗိုက်ထဲမှာအနေအထားက မမှန်တော့ညဉ်းနဲနဲတော့ အခက်တွေ့မှာပေါ့လို့ ဒေါ်ပုမ ဆိုတဲ့လက်သယ်က ပြောလိုက်တယ် အားခင်နုတစ်ယောက်တော့ဇောချွေးတွေ ပြန်လို့ မုန်တိုင်းကလဲထန်လေတွေကလဲတိုက်မိုးတွေကလဲရွာ ခင်နု ညဉ်းအားတင်းထားပါအေ ကျွန်မလဲတင်းထားပါတယ် အားအား အား အင်း အင်းးးးးး မွေးပြီမွေးပြီ ခင်နုရေ ယောကျင်္ားလေးတော့ ညဉ်းလင်မောင်မြင့်လှိုင်နဲ့ တစ်ပုံစံထဲပဲ ခင်နုတစ်ယောက်တော့ လူ့လောကထဲကို ဝင်လာချင်တဲ့ကလေးကိုလူ့လောကထဲ ရောက်အောင်ပို့ပြီး ခင်နုမှာတော့ ခင်နု ခင်နု ညဉ်းရတယ်ပဲလား ခင်နု ခင်နု ဒေါ်ပုမရေ ကျွန်မသားလေးက ကျွန်မယောကျင်္ား ကိုမြင့်လှိုင်နဲ့တစ်ပုံစံထဲပဲနော် ကိုမြင့်လှိုင်ကို ပြောလိုက်ပါ သားလေးကိုသေချာလျာဂရုရုရု ဟဲ့ခင်နု […]


(၁) သူက ကျွန်တော့်ရဲ့ ပထမနှစ် အတန်းထဲက သူငယ်ချင်းတစ်ယောက်ပါ။ လူကောင်ကြီးကြီး အသားဖြူဖြူ ဖြစ်ပြီး စကားပြောရင် လက်အမူအရာတွေ ကိုယ်အမူအရာတွေထည့်ပြီး ပြောတတ်တယ်။ သူ့ရဲ့ထစ်ထစ်အအ စကားတွေ လက်ဟန် ခြေဟန်တွေကြောင့် ကို့ရို့ကားယားနိုင်လွန်းပြီး ကျွန်တော်တို့တစ်တန်းလုံး ရယ်မောခဲ့ဖူးရတာလည်း အကြိမ်ကြိမ်ပါပဲ။ ကျွန်တော် အပါအဝင် အခန်းသူ အခန်းသားတွေအားလုံး သူ့ကို နောက်ကြ ပြောင်ကြပါတယ်။ သူက အခန်းထဲမှာတော့ အဓိက ဖျော်ဖြေပေးနေတဲ့ လူရွှင်တော် တစ်ယောက်လိုပါပဲ။ ဒီတော့လည်း ကျွန်တော် သူ့ကို မှတ်မှတ်ထင်ထင်ဖြစ်နေတာ မဆန်းဘူးပေါ့။ ဒုတိယနှစ်အတန်းမှာလည်း သူနဲ့ ကျွန်တော် ရေစက်ဆုံဖြစ်ပါတယ်။ နဂိုကတည်းက ခင်မင်ပြီးသားဆိုတော့ ကျွန်တော် တို့ နှစ်ယောက် ပိုပြီးရင်းနှီးဖြစ်ပါတယ်။ သူ့ရဲ့ စကားပြောရင် ကို့ယားကားယားနိုင်လွန်းတာ သူ့စကားကို စောင့်ပြီးနားထောင်နေရတာတွေကို သဘောမကျပေမယ့် […]


အိပ်မရတဲ့ ညတွေကို ♥မ♥ ကပဲ ပိုင်စိုးထားတယ် အိပ်ပျော်သွားလို့ အိပ်မက်ထဲလည်း ♥မ♥ အမြဲရှိနေတယ်…….. “♥ကို♥ ကျေနပ်မိပါတယ်… ♥မ♥ အကြောင်းတွေးလိုက်ရင် ♥ကို့♥ ရင်ထဲမှာ ခံစားမှုလေးတစ်ခု စီးမြောသွားခဲ့တယ် ….. ♥မ♥ ရဲ့အပြုံးလေးက အေးစက်နေတဲ့ ♥ကို့♥ ရဲ့ နှလုံးသားကို နွေးထွေးစေတယ်♥မ♥ ♥ကို့♥ ရဲ့အနားမှာ ♥မ♥ ရှိနေလျှင်ဆိုတဲ့ ခံစားချက်က ♥ကို့♥ ရဲ့ရင်ထဲမှာ ခိုဝင်နေခဲ့တယ်♥မ♥ ရယ် ♥ကို♥ တပ်မက်မိခဲ့တယ်လေ ဟိုး……..နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာကပေါ့ အလိုအပ်ဆုံးသော….. ဆန္ဒတစ်စုံသာ ပြည့်စုံခွင့်ရှိမယ်ဆိုလျှင် ♥မ♥ ရဲ့ အနားမှာ သက်ဆုံးထိတိုင် နေသွားပါရစေ ♥မ♥ ရယ် ************** အမြဲတမ်းချစ်နေမယ့် အရင့်ရောင်


သနပ်ခါးဖွေးဖွေးကလေး ပါးကလေးပေါ် သူတင်လာ နမ်းမယ်လို့ ကို က ဟန်ပြင် ရှက်သွေးကြွယ် သူ့ပါးပြင် ကို ့ရင်မှာတစ်ကယ်ကို စိုး မေ့အနမ်းသူ ခိုး… • နှုတ်ခမ်းတော် စံပါယ်ဖူး ချစ်ရသူ ရူးလောက်တယ် လွမ်းလျှ တဲ့အကြင်နာရယ်… • ပန်းနုရောင် ချစ်နှုတ်ခမ်း လွမ်းရသူ အပန်းပြေအောင် နီးရဖို့ကို ကြံရွယ်စိုးပါနဲ့ ချစ်သူရယ်… • ငြိမ့်ငြိမ့်ကလေး ကို့ အကြင်နာ ရင်ခွင်မှာ ဗလောင်ဆူ သူလည်းလေ ကို့လိုလူမို့ ရင်ခုန်သံ တဒိတ်ဒိတ်ရယ်နှင့် ဝေးရရက် ကုဋေကုဋာ တူနှစ်ကိုတိုးတိတ်ကာ လွမ်းရပြန်သေး…..


…ပွင့် စရာရှိလဲ …တစ်ဖက်သတ်အတွေးနဲ ့ ….အချိန်မရွေး ခဲ့သူပါ…။။ …တန်ခူးမဟုတ် လည်း ….တပေါင်းလေရူးနဲ ့ …သူ ့ အဖူးတွေ လူးလွန် ့ ပွင့်နေရှာပေါ့..။။ …မြင်နိင်လေ မလား …သူ ့ဝိညာဉ် သူ ့ပင်ကိုအလှ …ဝါပြနေပုံများ ရွှေချလို ့သာ ထားချင်တယ်..။ …ကမ္ဘာ ခြားသွားလည်း …သစ္စာတရားက ခိုင်မာ …သင်းရနံ ့ဝေဖြာ လို ့ ဘယ်ပန်းက သာနိင်ပါ့..။။ …ဝေလွယ် ကြွေ လွယ်တယ်လို ့ဆိုဆို …မလွင့်ခင် ပွင့်ရဲ မြဲတဲ့တရားက …သူ လာရင် ….အဟောင်းတွေ ချေပလို ့ …အသစ် ကို လမ်းပြခဲ့ သူပါ…….. ………………………………………. ….သူငယ်ချင်းရေ….. ….ဟော.. […]


လေရူးမွှေနှောက် နွေဦးရောက်လည်း နေမင်းအပူ ရင်ကဆူသလောက် အပူချိန်မပြင်ခဲ့ပါဘူး နွေဦးကပျောက် မိုးဦးရောက်လည်း ရွာချမိုးရေ ငါ့အလွမ်းမျက်ရည်က အနိုင်ရခဲ့သေးတယ် မိုးရာသီကုန် ချမ်းခိုက်တုန်လို့ ဆောင်းဦးကိုရောက် မိုးကပျောက်တော့ နှင်းကျလေပြေ အေးလို့နေလည်း ရင်ကအပူချိန်ကြောင့် မအေးနိုင်ခဲ့ဘူး သုံးရာသီကုန် အလွမ်းအဖုံဖုံနှင့် ရာသီတွေပြောင်း အချိန်တွေနှောင်းလည်း မပြောင်းလဲတဲ့ လွမ်းဆွတ်မှု ဘယ်ရာသီဥတုမှ မကုစားနိုင်ခဲ့ဘူး နာရီလက်တံလေတွေ တချက်ချက်တုန် ငါ့ရင်တွေ တဆတ်ဆတ်ခုန်နေသရွေ့တော့ မင်းကိုလွမ်းတဲ့ ငါ ရဲ့အလွမ်းတွေ ပြေနိုင်ဦးမှာ မဟုတ်ဘူး လွမ်းမြဲသာ..လွမ်းနေမှာပါ ။