စူးရဲAugust 9, 20131min30819
တတိယနှစ်ကျောင်းပိတ်လို့သူပြန်ရောက်တဲ့ အချိန်တွေမှာတော့ အေးစက်မာကြောတဲ့ သူ့ရဲ ့ပြောဆိုဆက်ဆံမှုတွေက ကျွန်တော့နှလုံသားကိုဆွံ့အစေခဲ့သလို  နှစ်ပေါင်းများစွာခိုင်ခိုင် ခံ့ခံ့နှောင်ဖွဲ့ခဲ့တဲ့ သံယောဇဉ်အရံအတားတွေကိုလည်း ပြိုလုမတတ်ယိမ်းယိုင်သွားစေခဲ့ပါတယ်….။ ငယ်စဉ်တောင်ကျေး ခလေးဘဝထဲကသန့်ရှင်းစင်ကြယ်မှုများနဲ့ချစ်ခဲ့ရသူ ငယ်ချစ်ဦးကို လွယ်ကူစွာ မေ့ပြစ်နိူင်ဖို့ ကျွန်တော့ရဲ ့ဦးနှောက်က ကျွန်တော့်ရဲ ့ စိတ်ကို အမိန့်ပေးစေခိုင်းနိူင်ခြင်းမရှိခဲ့ပါဘူး …။ နောက်ဆုံးနှစ် ရဲ ့နှစ်ဦးပိုင်းမှာသူ့ဆီကို သူ့ရဲ ့ဆန္ဒနဲ့ ဆန့်ကျင်စွာပဲကျွန်တော်ရန်ကုန်ကိုအရဲစွန့်စွာ လိုက်သွားခဲ့ပါတယ် ။   .ကြီးကျယ်ခန်းနားတဲ့ တက္ကသိုလ်ကျောင်းဝန်းကြီးတစ်ခုလုံးရဲ ့အရိပ်အမိုးအောက်မှာ ငယ်ချစ်ဆိုသောအရောင်ဖျော့ဖျော့ဂုဏ်ပုဒ်တစ်ခုကိုပဲ အဖေါ်ပြုပြီး အတန်းဆင်းမဲ့ သူ့စာသင်ခန်းရှေ ့မှာ အမိန့်ချခံရသူတရားခံတစ်ဦးလို    သက်ပြင်းပေါင်းများစွာချရင်းစောင့်စားနားထောင်ခဲ့ရပါတယ်….။ “နင့်ကြောင့်ငါ့ကိုအိမ်ကကျောင်းထုတ်ပြစ်လိမ့်မယ်”….ငါရှိတဲ့နေရာဘယ်တော့မှမလာပါနဲ့ … ငါ့ကိုလည်း  အနှောက်အရှက်မပေးပါတော့နဲ့ ဆိုတဲ့  စကားတွေနဲ့အတူ ကျွန်တော့်ဓါတ်ပုံနဲ့  စာတွေကို ပြစ်ချပေးရင်း ကျောခိုင်းထွက်ခွာသွားပါတော့တယ်…။ တုန်ရီနေတဲ့လက်တွေနဲ့သူထားရစ်ခဲ့တဲ့ ပစ္စည်းတွေကိုကောက်ယူရင်း    ဒီဝန်းကျင်နဲ့ဝေးရာအရပ်ကိုပဲ ကျွန်တော်ရောက်ချင်နေမိတယ် […]


စူးရဲAugust 3, 20131min33121
ဘဝမှာမေ့လို့မရတဲ့ အကြောင်းတွေထဲ……တခုအပါအဝင်ပေါ့…….အဲဒါငယ်ချစ်ဦးပါ….သူနဲ့စတွေ့တာက(၃)တန်း ….သူငယ်ချင်းတွေအများကြီးထဲကမှသူနဲ့ ပိုပြီးခင်မင်ရင်းနှီး ခွင့်ရခဲ့တယ်..မူလတန်း အလယ်တန်းအချိန်တော်တော်များများမှာ စားရင်လည်းအတူ ကစားရင်လည်းအတူ စာကျက်တော့လည်း တူတူ ……အရောင်တွေ မရောနှောတဲ့ အဖြူသက်သက် သံယောဇဉ်တွေနဲ့ တစ်ဦးကိုတစ်ဦးချဉ်နှောင်မိကြတယ်……..ဒီလိုနဲ့ ၈တန်းထိအောင်ပါပဲ…..စာညံ့တဲ့ကျွန်တော် အစိုးရစစ် ၈တန်းမှာစာမေးပွဲကျပါလေရော…သူနဲ့ကျွန်တော် ဝေးဖို့ဖန်လာပြီလို့တွေးမိပါတော့တယ်….ဒါကကျွန်တော့အတွေးပါ….တကယ်တော့ ကျွန်တော်တို့ နှစ်ယောက်အတွက် ခုထက်ပိုပြီး နှလုံးသွေးတွေခုန်နိူင်အောင် ….ရင်းနှီးတဲ့အချိန် ကာလများစွာက တိုက်တွန်းပေးပါတော့တယ်… အဲ့ဒီအချိန်ထိ ချစ်တယ်လို့ ပြောမှမပြောဖူးသေးတာ….တုံရီလှိုက်မောစွာ နဲ့ အဖြူရောင် အဆီးအတားကိုချိုးဖျက်ပြီး သူ ့ကိုချစ်မိတဲ့ အကြောင်း လမ်းမှာစကားလိုက်ပြောပါတော့တယ်…………။ရလာတဲ့အဖြေက မုန်းတယ်တဲ့……နေဆယ်စင်း ရဲ ့အပူကျွန်တော်မခံစားဖူးပါဘူး အဲ့ဒီ အချိန်ကျွန်တော့ရင်ထဲကအပူက နေဆယ်စင်းထက်မလျော့မှာ အမှန်……..ဇတ်ထဲက…နောက်ပိုင်းမင်းသားတွေရှုံးလောက်အောင် မျက်ရည်မိုးတွေဖြိုင်ဖြီုင် ရွာခဲ့ရတာပေါ့……. ခုချိန်ပြန်တွေးရင်ရုူးတယ်ပေါ့ဗျာ……ဒါပေမဲ့ရိုးသားတဲ့ ငယ်ဘဝလေးကိုတော့လွမ်းမိပါတယ်…….နောက်(၃)ရက်ကြာမှသူငယ်ချင်းတစ်ယောက်နဲ့စာပေးလိုက်ပါတယ် သူတကယ်မမုန်းနိူင်ပါဘူးတဲ့……..အဲ့ဒီနေ့ ကသူ့အဒေါ်မြင်မှာစိုးလို့ မွှန်ထွန်ပြီးပြောမိပြောရာ ပြောလိုက်တာတဲ့……..အဲ့ဒီနေ့ ကျွန်တော့နားဝမှာ ပျားအုံလာဖွဲ့ မှာစိုးမိသလို…… ၂ကျပ်ဖိုးနဲ့ထီတစ်သိန်းဆုပေါက်တဲ့သူ……ကျွန်တော့လောက်ပျော်နိူင်မှာမဟုတ်တော့ပါဘူး……သူဆယ်တန်းကို၂ […]


စူးရဲJuly 28, 20131min22812
(w y) စိတ်ကြွဆေးပြားတဲ့…. ဒီဆေးရဲ ့အာနိသင်…သုံးစွဲတဲ့ လူတန်းစား ..နဲ့…. နောင်ဖြစ်လာမဲ့…သူ့ရဲ ့ဆိုးကျိုးတွေကို ကျွန်တော်ခန့်မှန်းမိပါတယ်….ခုခေတ်လူငယ်တစ်ချို ့က လွယ်လွယ်ရတဲ့ပိုက်ဆံ နဲ့ လွယ်လွယ်ရတဲ့ဒီဆေးကို လက်တဲ့ စမ်းကြတယ် …မိမိရဲ ့စိတ်ကိုဒီဆေးနဲ့…အစားထိုးပြီးလောကကြီးကိုရင်ဆိုင်ခိုင်းနေကြတယ်… မိမိ လုပ်နိူင်တာထက်…. မိမိ စွမ်းဆောင်နိူင်တာထက် ပိုပြီး …..ဖန်တီးပေးနိူင်သူ ဒီဆေးကို တန်ခိုးရှင်လိုကိုးကွယ်လာကြတယ်..အချိန်အကန့် အသတ် တစ်ခုရောက်ရင်တော့ ကျေးကျွန်တစ်ယောက်လို ကိုယ့်စိတ်ကိုပြန်ပြီးစေခိုင်းမဲ့ ဒီဆေးအတွက် ……လွယ်လွယ်နဲ့ ပိုက်ဆံ ရှာလို့ရပါ့မလား….သမာအာဇီဝ နဲ့ ရှာရမှာမဟုတ်တော့လို့ မုသာဝါဒကို အဖေါ်လုပ်ပြီး အဒိန္နဒါနာ ကံ ကို မြိန်ရည် ရှက်ရည် စားသုံးရတော့မှာပါ ..မြင်နေတဲ့ မျက်လုံးတွေ ကန်း ပြစ်ရတော့မှာပါ…လျောက်နေတဲ့ချေထောက်တွေ ဒူးထောက်…. ညွတ်ကျရတော့မှာပါ….တွဲထားတဲ့ လက်တွေ ဖြတ်ပြစ်ရတော့မှာပါ…..အသိတရားတွေအားလုံးကိုမီးရှို ု့ပြာချပြစ်ရတော့မှာပါ…..နောက်ဆုံး…..အချိန်မတန်ခင် ကျောခိုင်းအိပ်စက် လောကကြီးကနေအပြီး […]


စူးရဲJuly 24, 20131min1255
ကွယ်လွန်သွားတဲ့ အမိ အဖတွေကို လွမ်းတယ် ရှေ ့ဆင့်နောက်ဆင် ့ထာဝရ ခရီးထွက်သွားတဲ့ မမတွေကိုလွမ်းတယ် အချိန်မတန်ပဲ အကြွေစောခဲ့တဲ့ သူငယ်ချင်းတွေကိုလွမ်းတယ် တန်ဖိုးမဲ့ ကုန်ဆုံးခဲ့တဲ့ အချိန်တွေကိုလွမ်းတယ် မဆုံဆည်းခဲ့သောငယ်ချစ်ဦးကိုလွမ်းတယ် ကြောင့်ကြ မှုကင်းတဲ့ ငယ်ဘဝတွေကိုလွမ်းတယ်……..။ လူတိုင်း လူတိုင်း အကြောင်းအရာခြင်းမတူပေမဲ့ လွမ်းတာခြင်းတော့တူနိူင်ကြမှာပါ…………။