Mon LaySeptember 28, 20193min3670
 ဘန်ကောက်ဆိုတာ ထိုင်းနိုင်ငံရဲ ့မြို့တော် ပါ။ မြို့တော်ဘန်ကောက်မှာ အဓိက လဆေိပျကွီး (၂) ခု ရှိပါတယျ။ သုဝဏ်ဏဘူမိ (Suvarnabhumi Airport – BKK) နဲ့ ဒှနျမောငျး (Don Mueang Airport – DMK) လဆေိပျတို့ ဖွဈပါတယျ။ ဒီလဆေိပျ (၂) ခုရဲ့ ကှာခွားခကြျက… သုဝဏ်ဏဘူမိလေဆိပ်ကိုဆငျးတဲ့ လယောဉျတှကေ စြေးကွီးပွီး 5 star အဲလိုင်းတွေဖြစ်ပြီး၊ ဒှနျမောငျးလဆေိပျကို ဆငျးတဲ့ လယောဉျတှကေ စြေးနှုနျး သကျသာပြီ ဘတ် ဂျတ်အဲလိုင်းတွေပါ။ သုဝဏ္ဏဘူမိကို မွနျမာနိုငျငံကထှကျခှာတဲ့ အဲလိုင်းတွေကတော့ Myanmar National Airline(MNA), Myanmar Airways International(MAI), Bangkok Airways(PG), Thai Airways(TG) တို့ဖြစ်ပြီး  […]


Mon LaySeptember 25, 20198min42992
ခုတလောမိုးမရွာတော့ ပြန်ပူလာတယ်နော်။ ပူလာတော့ မွန်လေးအမြဲလိုလိုသောက်မိနေတဲ့ အအေးကတော့ bubble tea လို့ခေါ်တဲ့ ပုလဲနို့ရည်ပါပဲ။ မြန်မာလိုပုလဲနို့ရည်လို့မခေါ်ကြတော့ Bubble tea လို့ပဲ မွန်လေးညွှန်းလိုက်တော့မယ်။ အဓိကက tea (လက်ဘက်ရည်)ကိုကြိုက်လိို့သောက်တာ မဟုတ်ပေမဲ့ အထဲမှာပါတဲ့ bubble (ပုလဲသီး)ကို စားရတာကြိုက်လို့သောက်တာပါ။ #သမိုင်းကြောင်း Bubble Tea ဆိုတာ ထိုင်ဝမ်မှာ လူကြိုက်များခဲ့တဲ့ ဖျော်ရည်တစ်မျိုးပါ။ လွန်ခဲ့တဲ့ ၁၉၈ဝ နှစ်လောက်တုန်းက ထို်င်ဝမ်နို်င်ငံမှာစပေါ်ခဲ့တာဖြစ်ပြီး ထိုင်ဝမ်က ဟောင်ကောင်၊ တရုတ်၊ အရှေ့တောင်အာရှ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု စတဲ့ဒေသတွေအထိပါ ပျံ့နှံ့ပြီး လူကြိုက်များလာခဲ့တာပေါ့။ #စသောက်ဖြစ်ပုံ မွန်လေးစသောက်တုန်းက Bubble Tea မဟုတ်ဘူး။ အဲ့တုန်းက ဖျော်ရည်ထဲမှာပဲ ပုလဲသီးထည့်ပြီးသောက်တာပါ။ အဲ့ပုလဲသီးကို ချစ်သူသီးလို့လည်း ခေါ်တဲ့အပြင် အဲ့ဖျော်ရည်ကိုလည်း ချစ်သူသီးဖျော်ရည်လို့လည်းခေါ်ကြသေးတယ်။ […]


Mon LaySeptember 21, 20197min51350
အောက်တိုဘာ (၁)ရက် ကလည်းရောက်တော့မယ်။ မွန်လေး Poll လုပ်ကြည့်တာတော့ Zawgyi Font သုံးကြတဲ့သူများတယ်နော်။ ဒါပေမဲ့လည်း ယူနီကုဒ်ကိုသုံးလိုက်ရင် 👉 မြန်မာဘာသာအပါအဝင် တိုင်းရင်းသား ဘာသာတွေကိုလည်း စနစ်တကြ မှန်မှန်ကန်ကန်ရေးသားနိုင်လာမယ်။ 👉အင်တာနက်မှာ စာတွေရှရာမှာ လျင်မြန်လာမယ်။ 👉အင်တာနက်မှာတိုက်ရိုက်ဘာသာပြန်လို့ရမယ်။ 👉ကိုယ့်အသံနဲ ့စာမရိုက်ဘဲ Google map, Microsoft, Facebook, Messenger တွေမှာလည်း မြန်မာဘာသာနဲ့ အသုံးပြုလို့ရလာမယ်။ အဲလိုတွေ အကျိုးကျေးဇူးတွေများတော့ ပြောင်းလိုက်ကြတာကောင်းပါတယ်နော်။ ဘယ်လိုပြောင်းရမလဲဆိုတာမွန်လေးကပြောပြပေးပါမယ်။ 😀 အရင်ဦးဆုံး iphone သမားတွေအတွက်ပါ။ ကိုယ်ကိုယ်တိုင် iphone ကိုင်တော့ ပုံနဲ့တကွပြပေးထားပါတယ်။ တခြားဖုန်းတွေအတွက်လည်း ရှာပြီး တင်ပေးထားပါတယ်။ အားလုံးအဆင်ပြေကြပါစေ။- Android Phone များအတွက် Unicode ပြောင်းနည်း Sonyနဲ့ Xiaomi ဖုန်းတွေမှာ […]


Mon LaySeptember 21, 20191min29360
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ ပိုမိုဝင်ရောက်ရန်နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် လေဆိပ်များတွင် ခရီးသည်များ၏ ဆိုက်ရောက်၊ ထွက်ခွာဖောင်ပုံစံ ဖြည့်သွင်းရသည့်စနစ်ကို ယနေ့ (စက်တင်ဘာလ ၁၂ ရက်) မှစ၍ ပယ်ဖျက်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။ << credit yangoninternationalairport arrivalform departureform


Mon LaySeptember 20, 20192min3540
ဒီတစ်ပတ်ပြောပေးမယ့်အကြောင်းအရာကတော့ အမျိုးသမီးတို်င်း အထူးသဖြင့် အမျိုးသမီးကြီးတွေ ဝတ်ဆင်လေ့ရှိတဲ့ ပါတိတ်အကြောင်းပဲဖြစ်ပါတယ်။ ပါတိတ်မှာဆို ဒါးကြီးကအကောင်းဆုံးပဲလို့တော့အက်မင်ကြားဖူးပါတယ်။ အဲ့ဒါးကြီးပါတိတ်ကို ဘယ်နိုင်ငံကထုတ်ပြီး နာမည်ပိုကြီးသလဲဆိုရင် အင်ဒိုနီးရှားနိုင်ငံကပဲဖြစ်ပါတယ်။ အက်မင်တိုု့မြန်မာနိုင်ငံမှာ ပါတိတ်ကို အမျိုးသမီးတွေသာ ဝတ်ပေမဲ့ သူတို့နိုင်ငံမှာ တော့ အမျိုးသားရော၊ အမျိုးသမီးတွေပါဝတ်ဆင်ကြတယ်။ သူတို့ရ ဲ့ရိုးရာအထည်ဖြစ်လို့ဆိုပြီး ပါတိတ်ကို အမြတ်တနိုးထားဝတ်ဆင်ကြပါတယ်။ အက်မင်တို့ ဘာလီကိုသွားတုန်းကဆို အမျိုးသားဂိုက်ကိုယ်တိုင်ကကို ခေါင်းပေါင်းကအစပုဆိုးအဆုံး ပါတိတ်ပဲဝတ်တာတွေ့ပါတယ်။ အက်မင်တို့လည်း ဘာလီဆို ပါတိတ်ကမဝယ်မဖြစ်ဆိုတော့ အိမ်ကအမေတွေ၊ အဒေါ်တွေအတွက်ဝယ်သွားတာပေါ့။ နာမည်ကြီးတဲ့အတိုင်း အသားလည်းကောင်းတယ်။ လမ်းဘေးမှာလိုက်ရောင်းတဲ့ပါတိတ်ကအစသူတို့မှာကောင်းတာ။ အနံ့လည်းမွှေးလို့။ ပါတိတ်ကအသားကောင်းရင် အနံ့မွှေးတယ်တဲ့။ ဒီတော့ အက်မင်က ဘာလီရောက်ခဲ့ရင် ပါတိတ်ဝယ်လို့ကောင်းမယ့်ဆိုင်များကိုဖော်ပြပေးပါမယ်နော်။ #Bali_Bidadari_Batik လိပ်စာကတော့ Jl. WR Supratman No.343, Kesiman Kertalangu, Kec. Denpasar Tim., […]


Mon LaySeptember 19, 20193min4250
စင်ကာပူကနာမည်ကြီးကစားကွင်းဖြစ်တဲ့ Universal Studio ကို ခရီးသွားတဲ့သူတိုင်းသိကြမယ်လို့ထင်ပါတယ်။ အာရှမှာ ဂျပန်နဲ့ စင်ကာပူကလွဲရင် ကျန်တဲ့နေရာမှာ Universal Studio မရှိပါဘူး။ ကလေးရော လူကြီးရော ကြိုက်ကြမယ့် ကစားကွင်းအကြီးကြီးပါ။ သူ့မှာ ကစားကွင်းအပြင် show ပွဲတွေလည်းရှိလို့ အရမ်းကိုမိုက်တယ်။ သူ့ကိုသွားမယ်ဆိုရင်တော့ တစ်ရက်လောက်တော့ အချိန်ပေးရတယ်။ အရမ်းလည်းတန်းစီရသလို စီးစရာတွေရော ကြည့်စရာ show တွေရော အများကြီးရှိနေတာပါ။ ဒီတော့အထဲမှာပျော်စရာကောင်းတဲ့ ride တွေ၊ show ပွဲတွေရှိတယ်တာ မရောက်ဖူးသေးတဲ့သူများ ရောက်ဖူးသွားအောင် မွန်လေးက စာရေးရင်းခေါ်သွားပေးမယ်နော်။ လက်မှတ်ဝယ်မယ်ဆို အရင်ဆုံး USS ကိုသွားမယ်ဆို ဝင်ကြေးရှိလို့လက်မှတ်ဝယ်ရပါမယ်။ မွန်လေးတို့သွားတုန်းကတော့ သယ်ရင်းကကြိုဝယ်ပေးထားလို့။ ရန်ကုန်ကနေ တိုးတွေဆီကဝယ်သွားလို့ရသလို ဒီလင့် https://www.rwsentosa.com/en/attractions/universal-studios-singapore/tickets မှာလည်း ဝယ်လို့ရပါတယ်။ တစ်ရက်ထဲပဲသွားမယ်ဆိုရင်တော့ တန်းမစီရအောင် Express […]


Mon LaySeptember 19, 20193min3080
ဟိုတစ်ပတ်က ထိုင်ဝမ်နို်င်ငံဟာ လည်လို့ပတ်လို့ကောင်းတဲ့နိုင်ငံဖြစ်ကြောင်းပြောပြပေးပြီးပြီဆိုတော့ ဒီတစ်ပတ်မှာတော့ အက်မင်က ထိုင်ဝမ်မှာဈေးဝယ်လို့ကောင်းမယ့်နေရာများကိုပြောပြပေးသွားပါမယ်။ Shilin Night Market shilin ညဈေးဟာ တို်င်ပေမှာနာမည်အကြီးဆုံး ညဈေးတစ်ခုဖြစ်ပါတယ်။ ဈေးဆိုင်ငယ်လေးတွေ အများကြီးနဲ့ လမ်းဘေးစားသောက်ဆိုင်တွေလည်းရှိတာမို့လို့ အရမ်းကိုစည်ကားလို့နေတာပေါ့။ အက်မင်တို့ ကြိုက်တဲ့ပစ္စည်း၊ လိုချင်တဲ့ပစ္စည်းတွေကို တစ်နေရာထဲတောင်ရနိုင်တဲ့နေရာမျိုးပါ။ သွားမယ်ဆိုရင် – No. 101, Jihe Rd, Shilin District, Taipei City, Taiwan 111နီးစပ်ရာ ရထားဘူတာ – Jiantan MRT Station ဆိုင်တွေဖွင့်ချိန် – ညနေ (၄)နာရီလောက်ဆို ဆိုင်တွေစဖွင့်ပေမယ့် စသွားလို့ကောင်းတဲ့အချိန်ကတော့ ည(၉)နာရီပါ။ Wu Fen Pu ဘန်ကောက်က Platinum shopping mall ကိုကြားဖူးမယ်ထင်ပါတယ်နော်။ ခု တိုင်ပေမှာရှိတဲ့ […]


Mon LaySeptember 16, 20195min102150
ရွှေစက်ချရာ..ရွှေရောင်ဝင်းစေမယ့် Shwe FM á€›á€˛ ့၁ဝ နှစ်ပြည့် ပွဲလေးကိုတက်ခဲ့ပါတယ်။ Congratulations 🎊🎈🍾!! ၁ဝ နှစ်သားလေးတောင်ဖြစ်လာခဲ့ပြီ။ Shwe FM နားထောင်ရတာအရမ်းကြိုက်တယ်။ သတင်းတွေလည်းစုံတယ်။နယ်ဘက်ခရီးတွေ သွားတဲ့အခါလည်း နားထောင်ဖြစ်တယ်။ နယ်တွေလည်း အသံဖမ်းယူနားထောင်လို့ရနေတာကိုး။ ကားထဲမှာဖြစ်ဖြစ်၊ ဖုန်းထဲမှာဖြစ်ဖြစ်နားထောင်လို့ရတော့ သီချင်းကြိုက်တဲ့မွန်လေးအတွက် ဟန်ကိုကျနေရော။ ကိုယ့်အတွက် ဗဟုသုတရော၊ ရသ ရောရတဲ့အပြင် စိတ်ပင်ပန်းတဲ့အခါနားထောင်လိုက်ရင်လည်း ပင်ပန်းမှုတွေပျောက်လို့.. Shwe FM ကိုအရမ်းကြိုက်ပါတယ်။ May you continue the journey of success with pride! You rock!! #shwefm#shwefm10thanniversary#radiostation#congrats#congratulations 👛 fashionlaprincesse


Mon LaySeptember 13, 20191min28960
ဒီဆိုင်လေးက review ရေးစရာမလိုအောင်ကို သူ့ဟာနဲ့သူနာမည်ကြီးပြီးသားပါ။ MTV တွေလာရိုက်ကြတယ်။ ဓါတ်တွေလာဖမ်းကြတယ်နဲ ့ခုဆိုတဖြည်းဖြည်းပေါက်လာပြီ။ လူငယ်လေးတွေတော်တော်လာကြတယ်။ မွန်လေးတို့ သွားတုန်းကလည်း ဓါတ်လာဖမ်းကြတာမှမနည်းဘူး။ ကိုယ်တွေနေဲနဲစောစောလေးရောက်သွားလို့သာပေ့ါ။ ဓါတ်ပုံလှလှလေးတွေထွက်လာတာ။ လူလည်းသိပ်မပါခဲ့ဘူး။ တစ်ခုကျေးဇူးတင်မိတာတော့ ကိုယ်တွေစရောက်တုန်းက အပေါ်ထပ်မှာ စားလို့မရဘူး။ ညနေမှ ဖွင့်မှာတဲ့။ အောက်မှာပဲထို်င်လို့ရမယ်ပေါ့နော်။ အပေါ်ထပ်မှာ ခုလောလောဆယ် ဓါတ်ဖမ်းလို့ပဲရတယ်တဲ့။ အဲဒါနဲ့ ကိုယ်တွေဓါတ်ဖမ်းဖို့ အပေါ်ထပ်ကိုတက်၊ ဓါတ်ဖမ်းနေချိန်မှာပဲ အပေါ်မှာပဲ စားပါတော့အစ်မဆိုပြီး ကိုယ်တွေကို အဆင်ပြေအောင်င်စီစဉ်ပေးခဲ့တာကိုတော့ ကျေးဇူးပါ။ အပေါ်ထပ်မှာဓါတ်ဖမ်း၊ ပြီးရင်အောက်ဆင်းစားနဲ့ အလုပ်ရှုပ်တာတော့ တော်တော်လေးသက်သာသွားခဲ့တယ်။ သူက တရုတ်ကော်ဖီဆိုင်အသေးစားလေးပေါ့နော်။ အပေါ်ထပ်ရယ်၊ အောက်ထပ်ရယ်ရှိတယ်။ ဝင်ဝင်ချင်းမှာ ဝါးထိုင်ခုံလေး၂ခုံနဲ့ စားပွဲလေးချပေးထားတယ်။ နေ့ခင်းဘက်ကျတော့ နေပူတော့ထိုင်လို့မကောင်းဘူး။ ဓါတ်ဖမ်းလို့တော့ အသေကောင်းတာ။ နေရောင်ခြည်ရဲ ့lighting ကအစ ဘာမှ retouch လုပ်စရာကိုမလိုဘူး။ […]


Mon LaySeptember 11, 20191min3180
N Seoul Tower ဆိုတာ ကိုရီးယားကားတွေကိုနှစ်သက်ခုံမင်စွာကြည့်ကြတဲ့ မြန်မာလူမျိုးတွေကတော့ ဘာလဲဆိုတာသိကြမယ်ထင်ပါတယ်နော်။ အဲ့ ဆိုးလ်မြို ့နမ်ဆန် တာဝါပေါ်မှာ စုံတွဲတွေကြားနာမည်ကြီးတဲ့ အချစ်သော့တွဲလေးတွေလည်းရှိပါတယ်။ ချစ်သူစုံတွဲတွေဟာ အမှတ်တရစာလေးတွေရေး၊ သော့ခလောက်လေးနဲ့တွဲပြီး သော့လေးကိုရေပြင်ထဲပြစ်ချလိုက်ရင် အချစ်တွေခိုင်မြဲပြီး ဆုတောင်းတွေပြည့်ကြမယ်လို့ ယုံကြည်တာမို့ ဒီတာဝါပေါ်မှာ သော့လေးတွေခတ်ခဲ့ကြပါတယ်။ အဲလို တမူထူးခြားတဲ့ နေရာလေးတွေရှိတဲ့ N Seoul tower အကြောင်းကို အက်မင်က ဒီတစ်ပတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ #နေရာ နမ်ဆန်တောင်ပေါ်မှာရှိပြီး နန်ဆမ်ပန်းခြံရဲ ့ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟစနစ်တစ်ခုထဲမှာလည်း အပါအဝင်ဖြစ်ပါတယ်။ 105, Namsangongwon-gil, Yongsan-gu, Seoul မှာပါ။ #ဖွင့်ချိန် တစ်နှစ်ပတ်လုံးဖွင့်ပါတယ်။ ဒါပေမဲ့ ဖွင့်ချိန်ကတော့ ရာသီဥတုပေါ်မူတည်ပြီးဖွင့်တာပါ။ #ဘာတွေရှိလဲ အထပ်ပေါင်း ရထပ်ရှိပြီး စားသောက်ဆိုင်တွေ၊ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်တွေများစွာရှိပါတယ်။ N Seoul […]


Mon LaySeptember 11, 20191min50340
ကိုရီးယား topik စာမေးပွဲ ကိုအောက်တိုဘာမှာပြန်ကျင်းပတော့မယ်တဲ့။ အပျော်ကြီးပြန်ပျော်လိုက်ကြတော့နော် ကိုကိုတို့ရေ။ ဟိုတလောက အဲ့စာမေးပွဲကို ကိုရီးယားအစိုးရကပိတ်လိုက်ပြီလို့ကို ကြေညာလိုက်တော့ ကိုရီးယားသွားဖို့ပြင်ဆင်ထားတဲ့ အမျိုးသားတွေ..ခြေမကိုင်မိ၊ လက်မကိုင်တွေဖြစ်ကုန်ရော။ တချို့ ဆိုနယ်ကလေ ကိုရီးယားစာတွေလာသင်၊ ဘုန်းကြီးကျောင်းတွေမှာနေပြီး စာမေးပွဲဖြေဖို့ ပြင်ဆင်ထားတဲ့သူတွေအကုန် စိတ်ထိခိုက်ကုန်ရော၊ ငွေတွေဆုံးကုန်ရော။ ကိုရီးယားအစိုးရကလည်း အလုပ်သမားတွေတအားများလွန်းနေတော့ အလုပ်ခေါ်တာကိုခဏရပ်လို်က်တာ..ကိုယ်တွေနိုင်ငံတစ်နိုင်ငံထဲမဟုတ်ပါဘူး။ တခြား ဖိလစ်ပိုင်နိုင်ငံတို့လည်း အကုန်မျှော်လင့်ချက်တွေမဲ့ကုန်တာ။ ဒါနဲ့ အရင်အပတ်က ကိုရီးယားသမ္မတ လင်မယား ၂ယောက် မြန်မာနိုင်ငံကို အလည်အပတ်လာခဲ့ပါတယ်။ ကိုယ်ကလည်း သတင်းစာကိုနေ့တိုင်းနီးပါးဖတ်လေ့ရှိတော့အဲ့မှာ ဒေါ်စုက မြန်မာနိုင်ငံကို အလုပ်သမားတွေကိုလည်းခေါ်ပါဦး ဆိုပြီးတောင်းဆိုတာကို ဖတ်လိုက်ရပါတယ်။ ဖတ်လိုက်တုန်းကတော့ အော်..တောင်းဆိုရုံပဲပေါ့။ ခုလိုလုံးဝကြီး topik ကိုပြန်ဖွင့်ပေးမယ်မထင်ဘူးပေါ့။ မနေ့ကမှ 7 days daily ကိုဖတ်မှ အောက်တိုဘာမှာ အဲ့စာမေးပွဲကိုပြန်ကျင်းပမယ်ဆိုတာလည်းမြင်ရော…ဒေါ်စုကိုမလေးစားဘဲမနေနိုင်လောက်အောင်ဖြစ်သွားတာ။ အရမ်းတော်ပါတယ်။ အင်္ဂလိပ်စကားလည်း […]


Mon LaySeptember 10, 20194min2450
နေရာသစ်တွေကိုရှာဖွေချင်နေတဲ့ ဧည့်သည်များအတွက် အာရှကျားတစ်ကောင်အဖြစ်တင်စားထားတဲ့ ထိုင်ဝမ်ကိုလည်းသွားလည်လို့ကောင်းတယ်ဆိုတာကို အက်မင်ကပြောပြပေးချင်ပါတယ်။ ထိုင်ဝမ်နိုင်ငံအကြောင်း ထိုင်ဝမ် ကို Repubilc of China (ROC) လို့ အတိုခေါ်ဆိုကြပါတယ်။  ထိုင်ဝမ်နိုင်ငံဟာ အရှေ့အာရှမှာတည်ရှိပြီး အနောက်ဘက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့မြောက် မှာ ဂျပန်နို်င်ငံ၊ တောင်ဘက်မှာ ဖိလစ်ပိုင်နိုင်ငံတို့နဲ့ ထိစပ်နေပါတယ်။ ထိုင်ဝမ်နိုင်ငံရ ဲ့ မြို ့တော်မှာ တို်င်ပေဖြစ်ပြီး ဧရိယာအားဖြင့် ကီလိုမီတာပေါင်း (၃)သောင်းကျော်ရှိတဲ့ ကျွန်းနိုင်ငံလေး လည်းဖြစ်ပါတယ်။ ထိုင်ဝမ်ကျွန်းဟာ တရုတ်ပြည်မကြီးနဲ့ မတူဘဲ အရာရာမှာ လွတ်လပ်စွာ ရှိနေတာက ခရီးသွားတွေ အတွက် စွဲဆောင်မှုတစ်ခု ဖြစ်စေပါတယ်။ ပြီးတော့ထိုင်ဝမ် က ရာသီဥတုအားဖြင့်လည်း သင့်တင့်ပြီး မြောက်ပိုင်းက အအေးပိုတတ်တဲ့ ကျွန်းလေးပါ။ ထိုင်ဝမ်ကျွန်းဟာ အရင်က ဒတ်ချ်၊ ဂျပန် […]


Mon LaySeptember 9, 20192min2720
2016ကနေခုချိန်ထိစာရေးလာတာ ပို့စ်တွေလည်းတော်တော်များပါပြီ။ အဲထဲကမှ တော်တော်လေး hit ဖြစ်ခဲ့တဲ့ပို့စ်ကိုပြန်ရွေးမယ်ဆို….စဉ်းစားကြည့်ရင်..ကော်မန့်တွေလည်းရှိသင့်သလောက်ရှိ၊ like လည်း အတော်အသင့်ရ၊ ကိုယ်တခါမှမကြုံဖူးတဲ့ ပုံစံမျိုးကြုံခဲ့တဲ့ water boom post ကိုပဲ hit ဖြစ်ခဲ့တယ်လို့ပဲမွန်လေးကတော့ပြောချင်ပါတယ်။ ဘယ်လိုတောင်Hit ဖြစ်ခဲ့သလဲဆိုရင် ကို်ယ်က water boom ကိုသွားပြီး ပြန်ပြီးreview ရေးတဲ့သူပါ။ ဘယ်လိုတွေစီးကောင်းခဲ့တယ်။ ဘယ် Slide တွေကဘယ်လိုဆိုပြီး သွားချင်အောင်ပြန်ရေးတာကို water boom ကလား၊ အမက water boom ကလား။ လက်မှတ်ဝယ်ချင်လို့ပါ။ တချို့ဆို ဘောလုံးလာကန်ချင်လို့ booking လုပ်ပေးပါ။ ဈေးကော ဘယ်လောက်ရှိပြီလဲ။ သူတို့ ၅ယောက်လာမှာ ဈေးမလျှော့ပေးဘူးလားနဲ့ မွန်လေးက water boom ကမဟုတ်ပါဘူး၊စာ ရေးပေးတဲ့သူလို့ပြန်ပြောလည်းမရဘူး။ ဖုန်းတွေ တကွမ်ကွမ်ဆက်၊ မကိုင်မချင်းကိုဆက်တာ။ […]