ဂျင်းပေါလို့ဆိုပြီးမသွားတော့ဘူးကွာလို့တော့..မလုပ်လိုက်နဲ့နော်…သတိထားရမယ်ဆိုတာလေးပြောချင်လို့ပါ..😉ဘာလီဆိုတာတကယ်က အရမ်းကိုလှတဲ့နေရာလေးတွေတစ်စုတစ်စည်းတည်း ရှိနေတဲ့နေရာလေးပါ.. ဘုရား ကျောင်းတွေအကြောင်းပဲလေ့လာချင်သလား..ရှိတယ်။ကမ်းခြေမှာပဲ..လွတ်လွတ်လပ်လပ်နေချင်လား..အေးဆေး။ နားအေးပါးအေးတိတ်တိတ်ဆိတ်ဆိတ်နဲ့ ပတ်ဝန်းကျင်စိမ်းစိမ်းစိုစိုလေးတွေပဲငေးပြီးကြည့်ချင်လား..ရ တယ်။ ပြီးတော့ ဓါတ်ပုံရိုက်တာဝါသနာပါတဲ့သူတွေအတွက် instagram တို့ facebook တို့ပေါ်တင်လိုက်တာ နဲ့..လှလိုက်တာ..wow လို့မန့်ခံရမယ့်နေရာလေးတွေတအားရှိတော့..မြန်မာလူမျိုးတွေသွားသင့်တဲ့နေရာတစ်ခု ပါ။ အချိန်အားဖြင့် ဘာလီက ရန်ကုန် နဲ့ဆို ၁နာရီခွဲစောပါတယ်။ #လေကြောင်းလိုင်း ဘာလီကိုခုဆို ရန်ကုန်ကနေ တိုက်ရိုက်မရောက်ပေမယ့် transit အနေနဲ့ စင်ကာပူတို့၊ မလေးရှားတို့ကနေ ပတ်ပြီးသွားလို့ရပါတယ်။ လေကြောင်းလိုင်းက Malindo, Air Asia, Singapore airline, Jet star တို့ရှိပါတယ်။ လေယာဉ်ပေါ်မူတည်ပြီး အစားအသောက်ပါမှု၊မပါမှုကတော့ကွာသွားပါတယ်။ Malindo အဲလိုင်းက တစ်ခု ကောင်းတာကလေ.luggage check-through ရတာပဲ။ ရန်ကုန်လေဆိပ် ကနေ မလေးရှားလေဆိပ်မှာ လေယာဉ်ပြောင်းစီးရတယ်ဆိုပေမဲ့ luggage ထုတ်စရာမလိုဘဲ..ဘာလီထိ luggage […]