Mon LayApril 6, 20194min2280
#YGNWalls #doheain #35thstreetupperblock 🎆ဒီစကားက အမှန်ဆို အိမ်နောက်ဖေး ဈေးဆိုင်တည် ဆိုတဲ့ စကားကနေယူသုံးထားတာပါ။ အကြောင်းအရာဖြစ်ပေါ်လာပုံကို သင်ခဲ့ဖူး၊ဖတ်ခဲ့ဖူးတဲ့သူတွေဆိုသိပါလိမ့်မယ်။ ကိုယ့်အိမ်ရဲ ့ အနောက်ဖက်မှာ အသီးအနှံလေးတွေစိုက်မယ်. .ယာခင်းလေးစိုက်မယ်.. အဲကရတဲ့ အသီးအနှံ လေးကို ကိုယ်ကိုယ်တိုင်ချက်စားမယ်…ရောင်းမယ်ဆို သန့်ရှင်းတဲ့အပြင် အပိုဝင်ငွေလည်း ရနိုင်တဲ့ အကျိုးဖြစ်ထွန်းမယ်ဆိုတာလေးပါ။ ခုလည်း မွန်လေးတို့နေတဲ့ ရန်ကုန်မြို့တော်မှာ တိုက်ခန်းနဲ့နေကြတာများပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေ လည်းတွင်ကျယ်လာတော့ အထပ်မြင့်တိုက်တွေဆောက်လေ..ငယ်ငယ်ကမျောက် ရှုံးအောင်ဆော့ခဲ့ဖူးတဲ့ ကွင်းတွေဆိုတာပျောက်ပြီး တိုက်ခန်းတွေရောက်လာလေပေါ့။ 😥အဲတော့ခုခေတ်ကလေးတွေအတွက် ဆော့ဖို့နေရာတွေတဖြည်းဖြည်းရှားလာတော့တာပေ့ါ။ ကလေးဆိုတာ စာဖတ်ချိန်စာဖတ်ရမယ်။ 📕📚 ဆော့ချိန်ဆော့ရမယ်။ 🧗‍♀️ နားချိန်နားရမယ်လေ။ အဲလိုကစားရမယ့် နေရာတွေပျောက်ကုန်တော့ ခုခေတ်ကလေးတွေခမျာ သနားဖို့ကောင်း လိုက်တာ။ 😑 🎇ဒါမဲ့ အိုင်ဒီယာကောင်းကောင်းကိုအသုံးချတတ်တဲ့လူတွေက အဲလိုကွင်းတွေမရနိုင်တော့ပေမဲ့ တိုက်ခန်းတွေရဲ ့အနောက်ဘက်မှာ အမှိုက်တွေကြောင့် […]


Mon LayApril 5, 20191min1510
တချို့တွေက ခရီးသွားရင် လိုင်းကားတွေစီးပြီး လက်မှတ်ဖြတ်သွားကြတယ်။ တချို့ကလည်း ဘုရားဖူးကားတွေနဲ့သူများတွေနဲ့စုပြီး သွားတတ်ကြပေမဲ့ ကိုယ်ပိုင်အုပ်စုနဲ့ သွားရင်၊ ကား ငှားရင် ဈေးကြီးတယ်ကွာဆိုပြီး မငှားကြတော့ဘူး။ တကယ်က ကိုယ်ပိုင်အုပ်စုရှိပြီဆို အပြင်မှာကားသက်သက်ငှားတာက ပိုပြီးလွယ်ကူ အဆင်ပြေနိုင်ကြောင်း ကို ပြောပြပေး ချင်ပါတယ်။ 😀😀😀 🚗 လွတ်လပ်မှုရှိတယ် ကိုယ်ပိုင် private car ငှားတဲ့အတွက်ကြောင့် ကိုယ်သွားချင်တဲ့နေရာ ကို ကားသမား ကို ပြောပြီးသွားလို့ရတယ်။ ကိုယ်ရပ်ချင်တဲ့နေရာမှာ ရပ်လို့ရတယ်။ သွားချင်တဲ့အချိန်ထသွား၊ ထပြန်လုပ်လို့ရတယ်။ 🚗 စမတ်ကျတယ် ခရီးကိုစမတ်ကျကျနဲ့သွားလို့ရတယ်။ ကားငြိ်မ့်ငြိမ့်လေးပေါ်ကနေ စမတ်ကျကျလေး ဆင်းလာ၊ပြန်တက်လုပ်လို့ရတယ်။ 🚗 သက်တောင့်သက်သာရှိတယ် ကားထဲမှာ ခြေဆင်းပြီးပဲအိပ်လာလာ၊ ပက်လက်လှန်ပြီးပဲထိုင်လာလာ သက်တောင့်သက်သာရှိတယ်။ 🚗 ကားသမားကောင်းဖြစ်တယ်။ အတွေ့အကြုံရှိတဲ့ကားသမားဖြစ်လို့ ကိုယ်ကစိတ်အေးလက်အေးနဲ့ လိုက်ပါလို့ရတယ် ။စေတနာ၊မေတ္တာကိုအရင်းခံပြီး […]


Mon LayApril 5, 20192min3712
မင်္ဂလာပါ. ခရီးထွက်တော့မယ့်သူတွေအတွက် ကားငှားတော့မယ့် သူတွေအတွက် ကားငှားခါနီး လုပ်ဆောင်သင့် သည်များကို ပြောပြပေးချင်ပါတယ်။ ခရီးစဉ် အရင်ဦးဆုံး ခရီးစဉ်ကိုစဉ်းစားပါ။ ကိုယ်ဘယ်သွားမယ်၊ လူဘယ်နှယောက်လဲ စသဖြင့်။ ကားစငှားပါ။ ဝန်ဆောင်မှုကောင်းလား။ Review ကရော ဘယ်လိုလဲလိုက်လံရှာဖွေပြီး ကားစငှားပါ။ ဒါခုခေတ်မှာ တော်တေ်ာလေးခေတ်စားလာတာတွေ့ရတယ်။ ကားရွေးချယ်မှုမှန်ကုန်ပါစေ။ ကားငှားတော့မယ်ဆိုရင် မိမိမှာ လူဘယ်နှယောက်ပါမှာလဲ။ ၃ယောက်နဲ့ High way ခရီးသွားမယ်ဆို saloon လိုမျိုးသင့်တော်ပါတယ်။ ဒါပေမဲ့ လူက၁၅ယောက်နဲ့ အံစာတုန်းကားကို High way သွားတာမျိုးတော့မဖြစ်သင့်ဘူးထင်ပါတယ်။ ဘာလို့ဆို အံစာတုံးကားက ကားသမားအပါဆို ၁၄ခုံ ၁၅ခုံအတိ၊ အဝေးသွားရင် တစ်ယောက်ကို ခရီးဆောင်အိတ်က အနည်းဆုံး ၁ယောက် ၁လုံးပါလာမှာပဲ။ ၁၅ယောက်ဆို ၁၅လုံး။ ဘယ်လိုထိုင်ကြမလဲ။ ပစ္စည်းထားဖို့ကလည်း နေရာက ချန်ရဦးမယ်။ […]


Mon LayApril 3, 20191min3640
မိုဘိုင်းဖုန်းဟန်းဆက် နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူ ရာတွင် အခွန် ၅ ရာခိုင်နှုန်းကျ သင့်မည်ဖြစ်ပြီး အခွန်အတွက် တံဆိပ်ခေါင်း ခုနစ်ခုကို ဇွန်လ ၁ ရက်တွင် စတင်ကပ်ရမည်ဖြစ်ကာ အခွန်တံဆိပ် များအတွက် ကျပ် ၅၀၊ ကျပ် ၁၀၀၊ ကျပ် ၅၀၀၊ ကျပ် ၁,၀၀၀၊ ကျပ် ၅,၀၀ဝ နှင့် ကျပ် ၁၀,၀၀ဝ တန် ထုတ်လုပ်မည်ဖြစ်ကာ အခွန်တံဆိပ်ခေါင်းမကပ်ပါက နီးစပ် ရာ အခွန်ရုံးများသို့ တိုင်ကြားနိုင် သည်ဟု အဆိုပါဌာနက ဆိုထား သည်။ #credit အခွန်ပေးရမှာကို မနှစ်မြို့တာမဟုတ်ပါဘူး…ဒါပေမဲ့တချို့ဆိုင်တွေရှိတယ်။ စားသုံးသူရဲ ့အခွန်တော့ကောက်တယ်..တံဆိပ်ခေါင်းမကပ်ပေးဘူး။ ကြားထဲက သူတို့အမြတ်စားနေကြ တာ တွေ့တွေ့နေရပါတယ်။ ဒီတော့ မနစ်နာရလေအောင် စာဖတ်သူတို့ရေ …ဘာဝယ်ဝယ်..ဘာစားစားဘောက်ချာတောင်းပါ။ […]


Mon LayApril 3, 20191min1740
 ပြည်တွင်းဘဏ်များအ ချင်းချင်းဆက်သွယ်ဆောင်ရွက် နိုင်မည့်မိုဘိုင်းဖုန်းသုံးငွေပေးချေ မှုစနစ် (Mobile Payment) ကို   ၂၀၂ဝ တွင်အပြီးသတ်ဆောင် ရွက်မည်ဟု ဗဟိုဘဏ် ညွှန်ကြား ရေးမှူးချုပ်ဒေါ်မြင့်မြင့်ကြည်က ပြောသည် ဟုကြားသိရပါတယ်။ အဆိုပါ ငွေပေးချေမှုစနစ်ကို ဂျပန်နိုင်ငံအကူအညီဖြင့်ဆောင် ရွက်ခြင်းဖြစ်ပြီး အပိုင်း (က) တွင် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ် ချင်းငွေလွှဲပြောင်းခြင်းတို့ ဖြစ် သည်။ ဒုတိယပိုင်းတွင် ပြည်တွင်း  ဘဏ်အချင်းချင်းငွေလွှဲပြောင်း  နိုင်ရန်ဖြစ်သည်ဟု ဆိုသည်။ #creditမြန်မြန်လေးပြောင်းစေချင်ပါတယ်။ ဘာလို့ဆို..တခါတလေ Aya bank ကနေ ကုန်သည်ဆီ ငွေလွှဲပေးချင်ပေမယ့် aya bank မှာငွေကမထည့်ရသေး တဲ့အပြင် ဖောက်သည်တွေကလည်း KBZ၊ Wave Money ပဲအသုံးများတော့ Aya bank ကိုသွားသွားပြီးငွေသွင်းထည့်နေရတာကိုက တဒုက္ခဖြစ်နေတတ်လို့ပါ။ ခုလိုဝမ်းသာစရာသတင်းလေးကြားမိတော့ ပျော်သွားတာပေါ့။ မြန်မာနိုင်ငံရဲ […]


Mon LayApril 2, 20191min3000
ကဲ..သင်္ကြန်ကြီးပြီးသွားပြီဆိုတော့ အပျော်ကလေးတွေရပ်ပြီး အလှူဒါနလေးတွေလုပ်ဖို့ရောက်လာပါပြီနော်။ အရင်ဆုံးနှုတ်ဆက်ချင်တာကတော့ “Happy Myanmar New Year”ပါနော်။ ယနေ့ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ မှစပြီး မိတ်ဆွေများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း အပေါင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒဟူသမျှ ပြည့်စုံကြပါစေလို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်….. ဒီတော့ နှစ်ဆန်း (၁)ရက်နေ့ မှာ ဘယ်လိုကောင်းမှုကုသိုလ်လေးတွေ လုပ်ပြီး ပါဝင်ဆင်နွှဲလို့ရလည်း ဖော်ပြပေးမယ်နော် ဘုရားသွားလို့ရပါတယ်….ဘုရားမှာပန်းလှူ၊ ရေသပါ္ပယ်၊ ခိုကလေးတွေအစာကျွေး၊ ငါးလွှတ်၊ တံမြက်စည်းလှဲ စသည်တို့လုပ်ရင်းနဲ့ ကုသိုလ်ယူလို့ရပါတယ်။ အသက်အရွယ်ကြီးတဲ့ လူကြီးသူမဘိုးဘွားတွေကို ကန်တော့ပြီး လက်သည်း၊ခြေသည်းတွေကလှီးဖြတ်ကာ ခေါင်းလျှော်ပေးခြင်းဖြင့်လည်း ကုသိုလ်ယူလို့ရပါတယ်။ ရပ်ကွက်အတွင်းဘုန်းကြီးသံဃာများကိုပင့်ဖိတ်ပြီး တရားနာ၊ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းဖြင့်လည်းကုသိုလ်ယူလို့ရပါတယ်။ ကိုယ့်ရပ်ကွက်ထဲမှာ စတုဒီသာ ကျွေးခြင်းဖြင့်လည်း ကုသိုလ်ယူလို့ရပါသေးတယ်။ နောက်ထပ်ဘာများ ကုသိုလ်ယူလို့ရသေးလည်း မန့်ပေးသွားကြပါဦးနော်……


Mon LayApril 1, 20192min32830
မြန်မာ့နှစ်သစ်ကူးသင်္ကြန်နဲ့ သမိုင်းကြောင်းကို ဒီခေတ်လူငယ်တွေသိစေဖို့ Active Car Rental Service ကနေ ပြောပြပေးချင်ပါတယ်။ သင်္ကြန်သမိုင်း —————— သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ခြင်း မရှိပါဘူး။ ဒါဟာ ဟိန္ဒူ ဘာသာဝင်တွေရဲ့ ဘာသာရေး ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေဝနတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံးခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင် ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓာကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်းမှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်း ခန္ဓာကိုယ် ပေါင်းစပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။ […]


Mon LayMarch 28, 20193min29372
ချစ်တို့ရေ..တအားပူလာပြီနော်..နွေရာသီကိုအမှန်အကန်ရောက်လာတော့ အပြင်ကိုထွက်ချင်ပေမဲ့ ပူအားကြီးလို့ထွက်ရတာ အဆင်မပြေပြန် 😞၊..စိတ်ထဲမှာ ကော်ကော်သောက် ချင်ပေမဲ့ အေးဆေး တဲ့နေရာမျိုး၊ Ro လို့ကောင်းတဲ့၊ ဓါတ်ဖမ်းလို့ကောင်းတဲ့ ဆိုင်သန့်သန့်လေးပဲထိုင်ချင်ပြန်တော့ အင်တာနက် ထဲရှာကြည့်တာ..အိုးလားလား 😲..ကိုယ်ဖြစ်တာနဲ့ တထပ်တည်း ကျတဲ့ ကော်ကော် သန့်သန့်ဆိုင်လေးတွေ့သွားတာပေါ့။ 😚 သူလေးက Times Link မှာရှိတဲ့ #GJC (#Gloria_ Jean’s_Coffee) ဆိုင်လေးပါပဲ။ 🤩🤩 #နေရာ 🏠 မွန်လေးသွားခဲ့တဲ့နေရာက ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်ကဆိုင်လေးပါ။ #ဆိုင်ခွဲပေါင်း 🏙 #GJC Myanmar Plaza # GJC Junction City #GJC Times Link # GJC Junction Square နဲ့ # GJC City […]


Mon LayMarch 23, 20191min1680
ဒေါ်လှဈေးတွေ ပြန်ကျနေလို့ စိတ်ချမ်းသာနေသော်ငြားလည်း စစ်ဖြစ်နေတာ မြောက်ဦးထိပါရောက်လာလို့..စိတ်ချမ်းသာမှုက တစ်ဝက်ပဲချမ်းသာပြီး မသာတာက တစ်ဝက်ဖြစ်နေပါကြောင်း…. #savemyanmar


Mon LayMarch 21, 20191min1610
ဟိုတစ်နေ့က သတင်းစာကော 7 days ဂျာနယ်မှာ အယ်ဒီတာ့အာဘော်ထဲဖတ်ကြည့်တာ..ဒေါ်စုလက်ထက်တောင် မြစ်ဆုံကိစ္စက ရပ်ဆိုင်းလို့မရဘူးဆိုလားပဲ….. ဘယ်အစိုးရလက်ထက်တက်တက် မရဘူးဆိုလားပဲ… ရပ်ဆိုင်းမယ်ဆို..အကြွေးတွေဆပ်ရမယ်ဆိုလားပဲ.. ဘာဆက်ပြောရမယ်မှန်းမသိတော့အောင်..ဆိုလားပဲ…


Mon LayMarch 18, 20196min2360
Airlines Destinations Air China Beijing–Capital, Chengdu, Kunming, Shenyang, Delhi, Shanghai, Manila, Guangzhou, Nanjing, Bangkok, San Francisco, Los Angeles, Honolulu, Houston, New York Air India Delhi, Gaya, Kolkata, Mumbai Air KBZ Bagan, Dawei, Heho, Kalaymyo, Kawthaung, , Lashio, Mandalay, Myitkyina, Naypyidaw,    Thandwe, Kalemyo, Lashio, Nyaung U, Tachileik, AirAsia Kuala Lumpur–International, Bangkok, Bali, Manila, Beijing, Bengaluru, Brisbane,Busan, Cebu, Changsha, Chengdu, Chennai, Chiang Mai, Chiang Rai, Chongqing, Colombo, Danang, […]


Mon LayMarch 11, 20194min3332
Beauty blogger လုပ်ဖို့ဝါသနာမပါပေမဲ့ အလှအပကိုခုံမင်ပြီး ကောင်းလွန်းလို့ပြန်ရှယ်ပေးချင်ရုံသက်သက်ပါ မွန်လေးကိုမွေးစတုန်းက အသားဖြူဖြူလေးလို့ အမေကပြောပါတယ်။ နောက်ပိုုင်း အရွယ်ရောက်၊ တက္ကသိုလ်တက်တော့ ပုံတွေထဲပြန်ကြည့်တာ အသားကညိုတိုတို၊ မဲတောင်မဲနေသလားလို့ထင်ရပါတယ်။ အဲတုန်းကဆို အလှလည်းမပြင်တတ်။ သနပ်ခါးဘဲကြားနဲ့ သွားတာပဲ။ သူများတွေလှလှလေးတွေပြင်နေလည်း ကိုယ်ကခါးခါးဘဲကြားနဲ့။ အဲလိုဘဲကြားကလေ ဘယ်လောက်ထိလဲဆိုရင် အလုပ်စဝင်လို့ တတိယမြောက်အလုပ်ကိုပြောင်းတဲ့အထိပဲ။ သနပ်ကခါးကအေးလည်းအေးသလို၊ နေပူဓါတ်လည်းကာကွယ်ပေးတယ်လေ။ အဲဒါနဲ့ တစ်နေ့ရုံးကနေ Asia Plaza ကို Hotel Inspection သွားတော့ ဟိုတယ်ကမမတွေများ လှလိုက်တာ ရွှေမှုန်စားထားသလိုပဲ။ အသားအရေကလည်း ဖြူဖွေးပြီး ဘယ်လိုကြည့်ကြည့် လှနေရော။ အားကျသွားပြီး အဲ့ကနေအပြန် နောက်နေ့မှာတော့ မွန်လေးမိတ်ကပ်စသုံးပါပြီ။ မသုံးတတ်သုံးတတ်ပေါ့နော်။ အလှအပစာအုပ်တွေရှာဖတ်တယ်။ အဲ့မှာ တစ်ပတ် တစ်ခါဖြစ်ဖြစ်၊ ၂ရက် ၁ခါဖြစ်ဖြစ် မျက်နှာကို mask နဲ့ပေါင်းတင်ရင် […]