Mon LayNovember 12, 20184min3250
ခုရေးမယ့် ပိုစ့်လေးကတော့ မွန်လေး ဘယ်ပဲသွားသွား ငွေရှင်းတဲ့အခါ ငွေသားထက်  credit card သုံးတာလေးနဲ့ အရမ်းအသုံး ဝင်ပုံလေးပြန်ရှယ်ချင်လို့ပါ။🔷💳🔷  ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ်သွားတဲ့အခါလည်း ပိုက်ဆံတွေ အများကြီးမယူသွားပဲ ကဒ်လေးနဲ့ငွေရှင်းတာက စမတ်ကျ သလို၊ ခါးပိုက်နှို်က်တဲ့ ရန်ကလည်းကာကွယ်နိုင်ပါတယ်။ ကဒ်မပျောက်အောင်တော့ သတိတော့ထားပေါ့နော်။😁 ခုတော့ မြန်မာပြည်မှာ credit card ရနိုင်တဲ့ ဘဏ်တွေတော်တော်များများရှိနေပါပြီ. မွန်လေးကတော့ Travel Show သွားရင်း #Aya Bank ကpromotion ချတာနဲ့ကြုံလို့ Aya credit card လေးလုပ်ထားလိုက်ပါတယ်။💳 အဲ့credit card လေးကို ရဖို့ဆိုရင် မွန်လေးတို့မှာ အရင်ဦးဆုံး သက်ဆိုင်ရာဘဏ်အကောင့်ရှိရပါမယ်။ ပြီးရင် လုပ်ငန်းပိုင်ရင် လည်းလုပ်ငန်းလိုင်စင်တို့၊ ဝန်ထမ်းဆိုရင်လည်း သက်ဆိုင်ရာ မန်နေဂျာ၊ သူဌေးတို့ရဲ ့လစာထောက်ခံချက်တို့၊ […]


Mon LayNovember 2, 201812min3651
ရာမညမြေလို့ပြောလိုက်ရင်..မော်လမြိုင်ဆိုတာလူတိုင်းသိကြမယ်ထင်ပါတယ်နော်။ ဆွဲဆောင်မှုရှိလှတဲ့သဘာဝအလှအပတွေနဲ ့ သာယာဖွယ်နေရာလေးတစ်ခုဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင်မြို ့လေးကို TV ထဲမှာတော့ ခဏခဏတွေ့ဖူးနေကျပါ။ ♥️☘🌸🍀ကမာ္ဘကျော်ကဗျာဆရာ Rudyard Kipling ကတောင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖူးတဲ့ သုံးရက်အတွင်းစပ်ဆိုခဲ့တဲ့ “By the oldMoulmein Pagoda” ဆိုတဲ့ ကဗျာထဲမှာမော်လမြိုင်ဒေသလေးက ပြီးပြည်စုံလှတဲ့ သဘာဝအလှတရားတွေနဲ့ပြည့် စုံနေကြောင်းကိုလည်းစပ်ဆိုရေးသားခဲ့ပါသေးတယ်။ အေးလှတဲ့ ဆောင်းတွင်းအခါသမယ ခရစ်စမတ်ကာလလေးမှာ အလည် သွားရောက်ဖို့ သင့်တော်အတွက်ကြောင့် ရုံးကဘယ်သွားကြမလဲလို့မေးလိုက်တော့မွန်လေးက မော်လမြိုင်လို့ပဲ ဖြေလိုက် တာပေါ့။ ✔️ရန်ကုန်ကနေသိပ်မဝေးတဲ့ ခရီးစဉ်ဒေသလေးဖြစ်တာနဲ့အညီ စနေ၊ တနင်္ဂနွေပိတ်ရက်တိုလေးကို အချိန်ပေးရုံနဲ့ ဘုရားပုထိုးများ၊ သမိုင်းဝင်နေရာများ၊ သဘာဝလိုဏ်ဂူများနဲ့ ကမ်းခြေစတဲ့ နေရာအနှံ့ကို ကုန်ကျစရိတ်နည်းနည်းနဲ့ ခြေဆန့်နိုင် တဲ့ နေရာလေးလည်းဖြစ်ပါတယ်။ 😄😃😀   မော်လမြိုင်ဆို သည်မှာ💌   […]


Mon LayOctober 19, 20181min4212
post ရေးထားတာ ပျောက်ကုန်ပြီ public မလုပ်သေးဘဲ..အချောမသတ်ရသေးလို့ သိမ်းထားတာ..version အသစ်ပေါ်လာလို့ စာတွေပျောက်ကုန်ပြီ ..ဘယ်လိုလုပ်ရမလဲ..တဂျီးရေ..အမလေးလေး ကယ်တော်မူကြပါ..အတွေးက ၂ခါပြန်မရဘူး.ဟင့်ဟင့်


Mon LaySeptember 21, 20181min36324
ဒီချုပ်အစိုးရထံ မျှော်လင့်ချက်များစွာထားခဲ့ပြီး  အစိုးရ၏ အခက်အခဲများကို စာနာနားလည်သော်လည်း ငွေကြေးဖောင်းပွမှု ဒဏ်ကို ပြည်သူများ အလူးအလဲခံနေရခြင်းဖြစ်သည်။ ထို့ကြောင့်  ဒေါ်လာကို ဈေးကစားနေမှုများကို အစိုးရက ထိရောက်စွာ အရေးယူရန်လိုပြီး ကျပ်ငွေတန်ဖိုးပြန်မာလာစေရန် စနစ်တကျအစီအစဉ်ဆွဲ၍ အာရုံစူးစိုက်ဆောင်ရွက် ရမည့် အချိန်ဖြစ်ပါသည်။ #credit အမှန်ကိုဆောင်ရွက်ရတော့မည့်အချိန်ဖြစ်သည်။ မဟုတ်ရင် မြန်မာငွေကြေးတန်ဖိုး မဟားတရားကိုကျသွားမယ့်ကိန်းဆိုက်နေပြီ။ ဒေါ်နယ်ထရန့်ကတော့ သူ့ငွေကြေးတိုးတက်အောင် သူကဘက်စုံကြိုးစားမှာပဲ။ သူ့မှာ အမေရိကန်တိုးတက်အောင် ကြိုးစားပိုင် ခွင့်ရှိတယ်။ သူသမ္မတ..ဒါသူ့အလုပ်။ ကိုယ်တွေကလည်း ကိုယ့်ငွေမတက်ရင်အောင် ကျမသွားအောင်လုပ်နိုင်ရမည်။ ခုဆိုဒေါ်လာတက်ရုံမက ရွှေဈေးပါလိုက်တက်တယ်။ ၁ဝသိန်းကျော်သွားပြီ။ ၁ဝသိန်း ၃သောင်းတဲ့။ ကိုယ်က အမြဲလက်စွပ်တို့၊ လက်ကောက်တို့ဝတ်ထားတတ်တယ်။ ခုဆို အိမ်က အကုန်ချွတ်ထားနော်.. ခေတ်ကကောင်းတာမဟုတ်…လုတာထက် သတ် သွားမှ ဟုတ်ပေ့ဖြစ်မယ်ဆိုလို့ ခုဆို Fancy လေးတွေနဲ့ပဲ အလှဆင်ထားရတယ်။ […]


Mon LaySeptember 19, 20184min1510
ဒီတစ်ခေါက်ကတော့ မွန်လေး မိုးတွေရွာနေတဲ့အခါ၊ နေပူနေတဲ့အခါ ဘာသောညာသော အကြောင်းကြောင်းကြောင့် ပစ္စည်း ဝယ်ဖို့ အပြင်မထွက်ချင်တဲ့အခါ အမြဲဝယ်နေကျ Online Shop ဆိုင်လေးအကြောင်းကို ပြန်ရှယ်ပေးချင်ပါတယ်။😊😊😊 #နာမည်📝 သူလေးကတော့ ပြင်သစ်နာမည်လေးလို့ပြောပါတယ်။ “Fashion La Princesse (www.facebook.com/fashionlaprincesse) တဲ့။ La Princesse Fashion လို့ပေးထားတာတဲ့ တကယ်လည်း ဆိုင်နာမည်ကို facebook မှာ register လုပ်တော့ Fashion La Princesse ဖြစ်သွားတာတဲ့။ အဲ့နာမည်ကပဲ အကျိုးပေးတာလားတော့ မသိ ခုဆို လုပ်လာတာ ၄နှစ်ကျော်လာပြီတဲ့။4⃣ ရောင်းတဲ့လူကတော့ ပိုင်ရှင်၂ ယောက်၊ တစ်ယောက်က နိုင်ငံခြားမှာ၊ တစ်ယောက်က ရန်ကုန်မှာတဲ့။ အရောင်းသမားတွေ ၁၂ယောက်ရှိပါပြီတဲ့။ 😲 #ရောင်းတဲ့ပစ္စည်းတွေ 🥌🧥🧢👝👛👜⌚️🎁🎒🛍🕶👒 ပစ္စည်းတွေကတော့ […]


Mon LaySeptember 1, 20185min5044
#ပို်င် ထန်းတော  🍶🌴🌱🍀 ပုဂံမှာ ထန်းတော တော်တော်များများရှိတာကို ထန်းတောသွားတဲ့နေ့ကမှသိလိုက်ရပါတယ်။ အစက အညာလက်ဆောင်ထန်း တောရယ်၊ ပို်င်ရယ် အဲလောက်ပဲသိခဲ့တာ။ သွားတော့မှ လှိုင်တို့ တခြားထန်းထောတို့ထပ်ရှိသေးတာတွေ့ခဲ့ရတယ်။ #ဘယ်လိုသွားလို့ရလဲ 🚘 သူက ပုဂံ-ကျောက်ပန်းတောင်းကားလမ်းဘေးမှာရှိတာပါ။ ပုဂံ မြို့ဟောင်းကနေဆို ၁နာရီလောက်ကားနဲ့သွားရင်ရောက်ပါတယ်။ မွန်လေးတို့ကတော့ ကားကြီးကွင်းကနေသွားခဲ့တာဆိုတော့ နာရီဝက်မောင်းရင် ရောက်ပါပြီ။ လမ်းမှာ အညာလက်ဆောင် ထန်းတောကိုလှမ်းမြင်တော့ ဓါတ်ဖမ်းချင်တာနဲ့ ကားခဏရပ်ပြီး ဓါတ်ဖမ်းခဲ့ပါသေးတယ်။ 😁📸 သူကလင့်စင် လိုပုံစံမျိုးလုပ်ထားတာပါ။ အပေါ် မြင်ကွင်းကောင်းကောင်းမြင်နိုင်ဖို့ ထန်းပင်အမြင့်ပေါ်မှာကွပ်ပျစ်လေးတွေ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ #ပို်င် ထန်းတော 🍶🌴🌱🍀 အဝင်ဝမှာ ပိုင်ထန်းတဲ ဆိုင်းဘုတ်နှင့် အတူ မြေအိုးလေးကို ချိတ်ဆွဲထားတာက အညာထန်းတောများ၏ အမှတ် သင်္ကေတ တစ်ခုဖြစ်ပါလိမ့်မယ်။ စဝင်လိုက်တာနဲ့ ညာဘက်ခြမ်းမှာ ထန်းလျက်ချက်လုပ်နေတာကို […]


Mon LayAugust 30, 20188min5062
အစကတော့ ပုဂံကိုသွားတဲ့အခါ စလေကို မသွားဘူးလုပ်ထားတာ။ ဒါပေမယ့် မရောက်ဖူးတော့ အချိန်လည်းရတော့ သွားခဲ့လိုက်ပါတယ်။ သွားချင်နေတာလည်းပါတာပေါ့နော်။😁😁 ဆလွန်းကားကို စလေအသွား၊ အပြန်နဲ့ ကားကြီးကွင်း အရောက်ပြန်ပို့ခ စုစုပေါင်း (၃၅၀၀၀)ကျပ်ကျပါတယ်။ #ဘယ်လိုသွားလဲ🚘 ပုဂံကနေ မကွေးတိုင်းကိုဖြတ်၊ ချောက်မြို့ကိုဖြတ်သန်းပြီး ၂နာရီအကြာမှာ စလေမြို့ကို ရောက်ရှိလာပါတယ်။ ရန်ကုန် – စလေ ဆိုရင် ပြည့်ဖြိုးအောင် – 09 8601651 ကားရှိတယ်။ မနက် (၈)ခွဲကားနဲ့ ည (၈)ခွဲကားဆို စလေအထိ တိုက်ရိုက်ရောက်ပါတယ်တဲ့။ #စလေမြို့🏙 စလေမြို့လေးဟာ ဧရာဝတီမြစ် ရဲ့ အရှေ့ဘက် ကမ်းမှာတည်ရှိပြီး ပုဂံ ရှေးဟောင်းမြို့တော်ရဲ့ တောင်ဘက် 34 မိုင်အကွာ မှာတည်ရှိပါတယ်။ ရန်ကုန်မှလာလျျှင် ရေနံချောင်း ၊ ဂွေးချို လမ်းခွဲ( […]


Mon LayAugust 27, 201813min9244
ပုဂံကိုတော်တော်များများရောက်ဖူးကြပါတယ်။ Blogger တွေရေးတဲ့ စာတွေလိုက်ဖတ်လည်းမိုးတွင်းဆိုဘယ်သွားရင်ကောင်း မလဲဆို ပုဂံပဲပြောကြပါတယ်။ မွန်လေးတို့သယ်ရင်းတွေပိတ်ရက်ကို ပုဂံသွားမယ်လုပ်တော့ တော်တော်များများက ပုဂံကိုရောက် ဖူးပြီးသားတွေပဲ။ အဲထဲကမှ မွန်လေးနဲ့ မွန်လေးသယ်ရင်းတစ်ယောက်က ရောက်တော့ရောက်ဖူးတယ်။ ဒါပေမဲ့ ကလေးဘဝတွေ ကဖြစ်နေတော့ သိပ်မမှတ်မိတော့လို့ ငါတို့၂ယောက်ထဲဆိုလည်းသွားမယ်ကွာ..ချ..ဆိုပြီး ပိတ်ရက်၃ရက်ပိတ်တဲ့အချိန်မှာ ပုဂံကို ထွက်လာခဲ့ပါတယ်။😝 ပုဂံreview တွေလိုက်ဖတ်ကြည့်တော့ နေရာအစုံကို သေသေချာချာရေးထားတာတွေ့ပါတယ်။ ကိုယ်လည်း၃ရက်တောင်အချိန်ရမှာဆိုတော့ သွားမယ်ကွာဆိုပြီး လမ်းကြောင်းတွေဆွဲ၊ကားလက်မှတ်တွေကောက်ဖြတ် (မိတ်ဆွေတစ်ယောက်ဆီကယူ)၊ဟိုတယ်ဘွတ်ကင်တွေတင်တာပေါ့။☺️ #ဘယ်လိုသွားခဲ့လဲ🚍 သက်သာချင်တာလဲပါတော့ အသွားကို ရိုးရိုး ရွှေမန္တလာ (၁၁၀၀ဝ ကျပ်) နဲ့သွားပြီး အပြန်ကို အထူးကားပုဂံမင်းသား (၁၈၅၀ဝကျပ်)ကားနဲ့သွားခဲ့ကြတယ်။ ကြာချိန်ကတော့ ၉နာရီပါ။ ပုဂံဆိုအကောင်းဆုံးကားကိုရွေးပေးချင်တာတော့ JJပါ။ ပုဂံမှာလာကြိုတဲ့ဖယ်ရီကအစ mini bus နဲ့။ ဈေးတော့ နည်းနည်းများတယ်။ တခြားကားတွေလည်းဖယ်ရီရှိပါတယ်။ Famous လည်းကောင်းတယ်။ […]


Mon LayAugust 6, 20187min4812
ဒီတစ်ပတ် ညဘက်Chill ချင်နေတာ ဘယ်ဒိုးရင်ကောင်းမလဲစဉ်းစားလိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် The Bar Burdubai ကညီမလေးတစ်ယောက်က လာစားပါဖိတ်ပါတယ်လှမ်းဖိတ်တာနဲ့ အရင်ထဲက ကိုယ်လည်းသွားချင်နေတာနဲ့အတော်ပဲဆိုတော့.ဒီတစ်ပတ်တော့ သွားမယ်ကွာဆိုပြီး ရောက်သွားခဲ့ပါတယ်။ #တည်နေရာ 🏘 နေရာလေးက UFL ဘက်ကလာရင် အင်းလျားလမ်းရောက်ရင် ညာဘက်ကွေ့ပြီး ခေမရ်ဆိုင်မရောက်ခင်ဘေးက လမ်းထဲဝင်ပါ။ ညာဘက်ခြမ်းမှ MoMoKo ဆိုတဲ့ ဆိုင်လေးတွေ့ရင် Heineken ဆိုဒ်ဘုတ်ဘေးကလမ်းလေးထဲဝင်ပါ။ လျှောက်လမ်းလေးအတိုင်းလျှောက်လာရင် အနောက်ဘက်နားလောက်မှာ The Bar BurDubai ကိုတွေ့ပါလိမ့်မယ်။ #အပြင်အဆင် 👍🏻👍🏻🌟🌟 ဝင်ဝင်ခြင်း ညာဘက်မှာ gardenလေးရှိတယ်။အေးအေးဆေးဆေး ခြံထဲထိုင်ချင်ရင်တော့ အဲ့မှာထိုင်လို့ရပါတယ်။ နေပူ၊မိုးရွာမှာ မစိုးရိမ်နဲ့နော်၊ အမိုးလေးနဲ့အေးဆေး Ro လို့ရတယ်။ 🌿☘️🌱 ဒါမှမဟုတ် စားရင်းသောက်ရင်း Djနဲ့ မြူးချင်လား၊ ဒူဘိုင်းရောက်သွားသလိုခံစားချင်ရင်တော့ စားသောက်ခန်းထဲမှာထိုင်ပါ။ 🎼🎼မွန်လေးက […]


Mon LayJuly 26, 201811min4606
ဒါလေးကတော့ မွန်လေးကို chat box မှာ ညီမလေးတစ်ယောက်ကလာမေးလို့ အမခရီးသွားမယ်ဆို ဘာတွေပြင်ဆင်သွားလဲ တဲ့။ ဒီတော့ ခု ပြည်တွင်းခရီးတစ်နေရာကိုသွားဖို့ ရှိပါတယ်။ ဒီမေးခွန်းကို ဖြေရတာအတော်ပဲပေါ့နော်။ ပြည်တွင်းပဲသွားသွား၊ ပြည်ပပဲသွားသွား ယူတာကွာခြားတာက မှတ်ပုံတင်နဲ့ ပက်စ်ပို့ ပါပဲ။ ပြည်တွင်းဆိုမှတ်ပုံတင်ပေ့ါ။ ပြည်ပဆိုပက်စ်ပို့ပေါ့။ ပထမဦးဆုံး ပစ္စည်းတွေမမေ့ကျန်အောင်လို့ ပစ္စည်းစာရင်းတွေကို အရင်list လုပ်ပါတယ်။ အဲ့list ကို စာအုပ်တစ်အုပ်ထဲမှာ အမြဲမှတ်ထားပါတယ်။ အဲတော့ဘယ်ပဲသွားသွား ခရီးသွားတော့မယ်ဆို အဲ့စာအုပ်ကိုအရင်လှန်တော့တာပဲ။ အဲထဲမှာဆိုရင် 🖌သွားတိုက်တံ ကားပေါ်တို့၊ဟိုတယ်တို့ကပေးတဲ့သွားပွတ်တံကို တိုက်ရတာမကြိုက်လို့ အိမ်ကနေတိုက်နေကျ ဒီသွားပွတ်တံလေးကိုအမြဲ ဆောင်ပါတယ်။ 🖋သွားတိုက်ဆေး သွားတိုက်ဆေးလည်း အိမ်ကတစ်ခါတည်းထည့်တယ်။ အသေးပေါ့။ 🧣ပုဝါ ဒါလေးကတော့ အမြဲတမ်းယူတယ်။ လိုရမယ်ရ ကားပေါ်မှာ အေးလို့ပဲဖြစ်ဖြစ်၊ လျှောက်လည်တဲ့အခါ နေကာတာပဲဖြစ်ဖြစ်အသုံး ဝင်လို့။ […]


Mon LayJuly 25, 20182min1620
ဒီတစ်ခါရေးပေးချင်တာကတော့ အကင်ကြိုက်တဲ့သူများအတွက်ပါ။ မွန်လေးအပါဝင်ပါပဲ။ 😁😁ဘယ်နေရာပဲသွားသွား အကင်လေးတစ်ခုခုစားဖြစ်အောင်စားပါတယ်။ ဒါပေမဲ့ စားလိုက်တဲ့အကင်တိုင်းကိုမကြိုက်ပါ။☹️☹️ ခုပြောပြပေးချင်တဲ့အကင်ဆိုင်ကိုတော့ ကြိုက်တာ ဟိုး ခပ်ငယ်ငယ် ကျောင်းသူဘဝထဲကပါ။ အဲ့အချိန်ကတည်းက လက်ရာမပြောင်းဘဲရှိခဲ့တာ ခုချိန်ထိပါပဲ။ ဈေး လည်းအများကြီးမပြောင်းသွားဘူး။ အရင်ကအနိမ့်ဆုံး ဈေးက တစ်ချောင်း ၅ဝ ကျပ်၊ ခုက ၁၀ဝ ကျပ်။ အရမ်း မတက်ဘူးပဲဆိုရမှာပဲနော်။ 👍🏻အဲ့ဆိုင်လေးနာမည်ကတော့ “ကိုရှိုင်း”တဲ့။ ဆိုင်ရှင်နာမည်ကိုက ကိုရှိုင်း၊ ခုဆိုသမီးတွေက ပြန်ပြီးလက်ဆင့်ကမ်းဆက်ရောင်းပါတယ်။ဆိုင်ကတော့ လမ်းဘေးမှာ ခုံချပြီးရောင်းတာပါ။ #ဘယ်မှာရှိတာလဲ🚗 အဲ့ဆိုင်လေးက ရန်ကင်းမြို့နယ်မှာရှိတာပါ။ လာချငိရင်တော့ ဈေးကွေ့မှတ်တိုင်မှာဆင်းပါ။ ပြီးရင် ရန်ကင်းစင်တာရှေ ့ ကနေတည့်တည့်လာရင် ရွှေပုပ္ပါးဆေးခန်းရဲ ့ရှေ ့တည့်တည့်မှာရှိတာပါ။ #အချိန် ⏱ ဆိုင်ကညနေ ၄ နာရီဆိုဖွင့်ပြီ။ ညဘက် ၁၂ထိပါ။ #ဘာတွေရ🥓🍖🍗🍡 ဆိတ်သားကင်၊ ကြက်အရေပြားကင်၊ ကြက်အသဲအမြစ်၊ ကြက်ဆီဘူး၊ ကြက်တောင်ပံ၊ ကြက်ရင်ဘုံ၊ ကြက်ပေါင်၊ […]


Mon LayJuly 24, 20184min1360
အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးမြင့် ကွယ်လွန်ပြီး တစ်နှစ်ကျော်အကြာတွင် ဂုဏ်ပြု သည့်အနေဖြင့် ရန်ကုန်တက္က သိုလ် ပင်လုံဆောင်၌ ၎င်း၏ပုံတူ ရုပ်တုကို ထားရှိခဲ့တယ်လို့ 7days မှာဖတ်လိုက်ရပါတယ်။ တကယ်ကိုဂုဏ်ယူစရာကောင်းတဲ့ ပါပါကြီးပါ။ ပါပါကြီးဆိုတာ မွန်လေးတို့ရဲ ့ပါချုပ်ဖြစ်ခဲ့လို့ပါ။ 😜😜 ဒေါက်တာမျိုးမြင့်နှင့်တွေ့ဆုံပုံ မွန်လေးဆယ်တန်းအောင်တော့ အမှတ်ကောင်းတယ်။ တက္ကသိုလ်တက်မယ်ရွေးတော့ တက္ကသိုလ်အများစုက မြို့ပြင်မှာ  ချည်းပဲ။ မွန်လေးကအဝေးကြီးမသွားနိုင်တော့ မြို့တွင်းဆိုလို့ဆေးကျောင်း (အမှတ်မမှီ)၊ BBM (စီးပွားရေးမလုပ်ဘူးဆိုပြီး မတက်)၊ နောက်ဆုံး UFL ရောက်ရော။ အဲမှာ ပါပါကြီးနဲ့တွေ့တာပဲ။ ဒါပေမဲ့ ပထမနှစ်က သူနဲ့မတွေ့သေးဘူး။ အဲတော့ ကျောင်းကိုပြေးလို့ကောင်းတာပေါ့။ တက္ကသိုလ်ပဲလေ နောက်မှသူများဆီကစာမေးလည်းရတာပဲဆိုပြီး ရုပ်ရှင်ကြည့်တယ်။ သီချင်းတွေသွားဆိုကြတယ် သယ်ရင်းတွေနဲ့။ ဒုတိယနှစ်လည်းရောက်ရော အဲ့ပါပါကြီးက ပါမောက္ခချုပ်နေနဲ့ရောက်လာရော။ ပျော်ရွှင်မှုတွေပျောက်ဆုံး။ 😣 […]


Mon LayJuly 23, 201811min3230
ဘာလိုလိုနဲ့ရောက်သွားတာဆိုတော့ ဟိုလိုလိုတော့မဟုတ်တာအမှန်ပါပဲ..ဟီး 😂 #မြဘုရားနဲ့ဘုရင့်နန်းတော် 🙏 #ဖယောင်းရုပ်ထု 🗽 #Baiyoke Sky 76th ညစာ 🥩🍝🍴 #Safari World 🙉🐴🦁🐧🐳 #Cruise Dinner ⛴ #MBK 🛍🛒 #Dream World ကစားကွင်း  🤾‍♂️🤾 ———————————————————————————————————— ဒီခရီးစဉ်က အလုပ်ကနေ..တိုးလီဒါအနေနဲ့လိုက်သွားဖြစ်ခဲ့တဲ့ခရီးစဉ်ပါ..လိုက်ရမယ်လို့လည်းမထင်ထားပါဘူး။ မမျှော်လင့်ဘဲ ဘန်ကောက်ကိုတစ်ကြော့ပြန်ရောက်သွားခဲ့တာပေါ့နော်။ ၂ညအိပ် ၃ရက်ခရီးစဉ်လေးပါ။ ကိုယ်ကခရီးသွားရင်..သယ်ရင်းမိတ်ဆွေကို ခရီးစဉ်တွေအရင်ဆွဲ၊ပြီးရင် ဘွတ်ကင်တင်ပေး၊ ကိုယ်ပဲဦးဆောင်ခေါ်သွား (ကိုယ်တွေမှာကိုယ်ကအရင်ဦးဆုံးနိုင်ငံခြားရောက်ဖူးတာဆိုတော့လေ)တော့ခုလိုအဖွဲ့၁၆ ယောက်ကိုလည်းအဆင်ပြေပြေနဲ့ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ တစ်ခါတစ်လေတိုးအဖွဲ့တွေနဲ့သွားတာ တော်တော်ပျော်ဖို့ကောင်းမှန်းကိုယ်တိုးလီဒါလုပ်တော့မှသိတော့တယ်။ #ဘယ်လိုသွားခဲ့လဲ🛫🛫 Nok Air နဲ့ မနက်ပိုင်းအချိန်ကိုယူပြီး ဘန်ကောက်ကိုလာခဲ့ကြပါတယ်။ Nok Air ကမနက်ပိုင်းအချိန်ရန်ကုန်ကနေစထွက် တာဆိုတော့ တော်တော်အချိန်ကောင်းတယ်။ ဘန်ကောက်ရောက်တာနဲ့ စပြီးလည်လို့ရတယ်လေ။ #ဘယ်တွေသွားခဲ့ကြလဲ။ #မြဘုရားနဲ့ဘုရင့်နန်းတော် 🙏 […]