Mon LayMarch 21, 20181min3954
သတင်းတစ်ခုကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာလည်း New York, Washington DC,  Pairs, Hong Kong နဲ့ Shanghai တို့လို့ အမိုးဖွင့်ဘတ်စ် ကား (Hop on, Hop of) ကားတွေပြေးဆွဲနေပါပြီတဲ့။ ရန်ကုန်၊ မန္တလေး၊ ပုဂံ နဲ့ပြင်ဦးလွင်မြို့တို့ရဲ ့ နံနက်ခင်း အလှနဲ့ညနေခင်းအလှကို အမိုး ဖွင့်ကားနဲ့ လိုက်လံကြည့်ရှုနိုင်ပါပြီတဲ့။ နာမည်လေးကတော့ မင်္ဂလာဘတ်စ်ကားပါတဲ့။ သူများနိုင်ငံတွေက Attraction သွားလို့ရတဲ့နေရာတွေကို Taxi ခသက်သာအောင် ပြေးဆွဲပေးနေတာပါ။ ဝင်ကြေးတွေလည်းတခါတည်းရောင်းတတ် သလို တစ်နေရာကိုဝင်လည်ချင်ရင် အဲ့နေရာမှာဆင်းခဲ့ရုံပဲ။ ပြီးမှ နောက်တစ်ကားအလာကို နောက်တစ်နေရာဆက်သွားဖို့တက်စီးလိုက် ရုံပဲ။ ခုကရန်ကုန်မြို့မှာ စမ်းသပ် ပြေးဆွဲမည့် ညနေပိုင်းထွက်မယ့်အမိုးဖွင့်ကားကညနေမှ ရွှေတိဂုံဝင်လည်ပြီး မနက်ပိုင်းထွက်မယ့်ကားက မနက်ပိုင်းမှာကြည့် မြင်တိုင်က လက်မှုလုပ်ငန်းတွေ ကို […]


Mon LayMarch 20, 20181min3773
ဒီခရီးစဉ်လေးကတော့ ဟိုးခပ်ငယ်ငယ်တုန်းက ကျိုက်ထီးရိုးနဲ့ သာမညကို အတူတူဆက်သွားခဲ့ဖူးတဲ့ခရီးစဉ်လေးပါ။😊😊 နှမြောစရာကောင်းတာကတော့ ခုချိန်မှာ သာမညဆရာတော်ဘုရားကြီးလည်းပျံလွန်သွားတော့ လုံးဝကိုပျောက်ကွယ်သွားခဲ့တဲ့ ခရီးစဉ်ဆိုလည်းမမှားပါဘူး။ 😞😞 အရင်ကဆို သာမညဆရာတော် ဘုရားကြီးရဲ ့ဂုဏ်သတင်းကျော်ဇောမှုကြောင့် ပြည်တွင်း ခရီးသွားကုမ္ပဏီတွေက သာမည ခရီးစဉ်ဆိုပြီး ဆွဲခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနယ် နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကလည်း သာမညတောင်ကို မဖြစ်မနေသွားရောက်ပြီး မျက်နှာကြည်လင်နေတဲ့ ဆရာတော်ကို ဖူးမြော်ကြလို့ သာမညတောင်ဟာ ရာသီမရွေး အထူးပင်စည်ကားခဲ့သောနေရာ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သာမညတောင်ကို လာရောက်လည်ပတ်ကြတဲ့ လူထုပရိသတ်ထောင်ပေါင်းများစွာကို သက်သတ်လွတ် ထမင်းဟင်းများနဲ့  ကျွေးမွေးဧည့်ခံလို့ မွန်လေးငယ်ငယ်တုန်းက စားခဲ့ဖူးပါတယ်။ အရမ်းလည်းအရသာရှိပါတယ်။ ပဲဟင်းကိုထမင်းနဲ့ရွှဲရွှဲလေးစားရတာဘယ်လောက်တောင် အရသာရှိလဲဆိုတာ ခုစာဖတ်နေတဲ့သူကို စားကြည့်စေချင်ပါတယ်။ အဲလို သာမညကိုလာရောက် သူ လူထုမင်းပရိသတ်တွေကို သက်သတ်လွတ်ထမင်း ဟင်းနဲ့ ဧည့်ခံကျွေးမွေးတာ တစ်ရက်ကို ဆန်တင်း […]


Mon LayMarch 8, 20181min1470
ပုဂံကို သွားလည်တဲ့အခါ ဘုရားပုထိုးတွေအပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ ပုဂံလက်မှုပစ္စည်းများအ ကြောင်းကို လည်းပြောပြချင်ပါတယ်။ ယွန်းထည် ယွန်းထည်တွေဟာ ပုဂံရဲ့နာမည်အကြီးဆုံးလက်မှုပစ္စည်းပဲဖြစ်ပါတယ်။ ဘုရားတွေမှာ ယွန်းထည်အ ရောင်းဆိုင်တွေကိုတွေ့နိုင်သလို ပုဂံမြို့ရဲ့နေရာအနှံ့အပြားမှာလည်း ယွန်းထည်အလုပ်ရုံတွေကိုတွေ့နိုင် ပါတယ်။ ယွန်းထည်တွေကို  ပန်းကန်, ပန်းအိုးမှအစ ရတနာသေတ္တာ, ပရိဘောဂအဆုံး ပုံစံအမျိုးမျိုးနဲ့တွေ့နိုင် ပါတယ်။ ယွန်းထည်တွေဟာ ဈေးကြီးပေမဲ့ အလုပ်ရုံတွေကိုသွားလေ့လာကြည့်ရင်တော့ပေးရတာတန်တယ်ဆိုတာတွေ့ရပါလိမ့်မယ်။ ယွန်းထည်တစ်ခု ပြီးမြောက်ဖို့ အချိန်နှင့် လူအင်အားအများကြီးသုံးရတယ်ဆိုတာတွေ့ရပါလိမ့်မယ်။ သေချာတာကတော့ ယွန်းထည်တစ်ခုချင်းစီတိုင်းဟာထူးခြားပြီးလှပတယ်ဆိုတာပါပဲ။ ရုပ်သေးရုပ် ရုပ်သေးရုပ်တွေဟာလည်း အရမ်းလူကြိုက်များပါတယ်။ ရုပ်သေးရုပ်တွေကိုပုံစံအမျိုးမျိုး နဲ့တွေ့နိုင်ပါတယ်။ ရုပ်သေးရုပ်တွေကို အနုစိတ်ပြုလုပ်ထားတာဖြစ်ပြီး ပုဂံမှာရုပ်သေးပွဲများကိုလည်းသွားရောက်ကြည့်ရှုနိုင်ပါတယ်။ သစ်သားပန်းပုရုပ်များ သစ်သားပန်းပုရုပ်တွေကတော့ကျွန်မရဲ့အကြိုက်ဆုံးလက်မှုပစ္စည်းတွေပဲဖြစ်ပါတယ်။ ပန်းပုရုပ်တွေကိုလည်း တိရစာ္ဆန်မှအစလူအဆုုံး, ဒဏာ္ဌရီလာသတ္တဝါများမှအစ ဗုဒ္ဓရုပ်ပွားတော်များအဆုံးတွေ့မြင်နိုင်ပါတယ်။ ပန်းပုရုပ်အားလုံးဟာလှပပြီးကျက်သ ရေရှိလှပါတယ်။ ဒါပေမဲ့ သူတို့ကို လက်ဆောင် ပစ္စည်းထက်အလှဆင ဖို့သာအသုံးပြုကြပါတယ်။ဒါ့အပြင်ပန်းပုရုပ်များကိုပုဂံမှာသာမကအခြားမြို့များတွင်လည်းတွေ့နိုင် ပါတယ်။   […]


Mon LayMarch 7, 20181min2990
ခုတလော..ည(၈)နာရီ (၉)နာရီဆို YBS ကားတွေမရှိတော့ဘူးတဲ့။ ဖြစ်နိုင်ပါတယ်။ မွန်လေးဟိုတလောက သူငယ်ချင်းတစ် ယောက်နဲ့ ဒင်နာသွားစားတာ ရန်ကင်းနားတစ်ဝိုက်ပါပဲ။ အပြန်ကျတော့ မိုးကလည်းချုပ်နေတော့ ၁မှတ်တိုင်ကိုလမ်းမလျှောက်ချင် တော့တာနဲ့YBS ပဲစီးတော့မယ်ဆိုပြီးစောင့်တာစောင့်တာ နာရီဝက်ကျော်တဲ့ထိ မြို ့ထဲကအပြန်ကားတွေပဲလာတော့တယ်။ မြို ့ထဲပြန်သွားမယ့်ကား တစ်စီးမှကိုမလာတော့တာ။ မိုးကလည်းတဖြည်းဖြည်းချုပ်လာတော့ ထပ်မစောင့်နိုင်တော့ပဲ လမ်းကကြုံရာ တက္ကစီစီးပြန်ခဲ့ရတယ်။ အဲလို YBS တွေညဘက်မဆွဲတော့လို့ တရားမဝင်ပြေးဆွဲနေတဲ့ ကြားကားတွေပေါ်လာတာ ကောင်းတယ်ပဲဆိုရမလားပဲ။ အဲ့ကြားကားတွေကိုလည်း မဖမ်းဆီးဘူးဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးက ပြောတာကို သတင်းမှာဖတ်လိုက်ရပါတယ်။ YBS ကားတွေ ညဘက်မှာမပြေးဆွဲလို့ ခရီးသွားပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့ ညဘက် ကြားကားများကို မဖမ်းဆီးခြင်းဖြစ် ကြောင်းကို မတ်လ ၆ ရက်က အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ရဲမှူးသန်းမြင့်က […]


Mon LayFebruary 17, 20181min2664
နိုင်ငံရေးမပြောချင်ပါဘူး..စိတ်မဝင်စားလို့..ဒါအမှန်တိုင်းပြောတာ။ ဒါပေမဲ့လည်း ပြောရဦးမယ်..ခုတော့။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရတာအရင်အစိုးရလက်ထက်ဦးသိန်းစိန်လက်ထက်ထဲကနေ ခုချိန်ထိပေါ့နော်။ ဒီမိုကရေစီရတော့ မြန်မာနိုင်ငံဟာ တော်တော်ပွင့်လင်းလာတာတွေ့ရပါတယ်။ လူတွေလက်ရဲဇက်ရဲရှိလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်ဖို့ကို ဝန်မလေးကြတော့ဘူး။ယောကျာ်းတွေကလည်း ဆန္ဒကိုသိက္ခာနဲ့ မထိန်းနိုင်ကြတော့ဘူး။ သက်ငယ်မုဒိမ်းတွေလည်း ၁ နေ့ကို ၂မှုတဲ့။ မိန်းမတွေကလည်း ကုသိုလ်ရဖို့ အတိုလေးတွေဝတ်လာကြသလို ကြွားချင်လို့ အသက်အန္တရယ်နဲ့နီးတဲ့ ရွှေတွဲလွဲလေး တွေနဲ့ဖြစ်လာတယ်။ နာမည်အကြီးဆုံးကတော ့V day မှာ ဟိုတယ်ခန်းတွေပြည့်တယ်ဆိုပဲ။ တချို ့ဆို ဟိုတယ်တွေက ပူဖောင်းတွေနဲ့တောင် ကြိုဆိုတယ်ဆိုပဲ.. ဖေ့ဘွတ်မှာပုံနှင့်တကွတွေ့လိုက်ပါရဲ့။ အဲလောက် မတရားဒီမိုကရေစီကျင့်သုံးတာကို အီးယူ (EU – European Union) က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်နှေးကွေးတယ်ဆိုပဲ။..အကယ်လို့ မြန်မာနိုင်ငံရဲ ့ဒီမိုကရေစီ သာ မြန်သထက်မြန်လာမယ်ဆိုရင်ဖြင့်…ပြောကိုမပြောချင်တော့ပါဘူး..ပြောလည်းမပြောတော့ပါဘူး….ဗာျ…..မြန်မာဂဇက် ကရွာသူရွာသားတို့ရေ။


Mon LayFebruary 9, 20181min2390
တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့လိုတယ်ဆိုတာ မွန်လေး အွန်လိုင်းရှော ့လုပ်တော့မှပဲ ပိုသိလာခဲ့ရတယ်။ ကြုံလို့ပြော လိုက်ပါမယ်။ မွန်လေးအွန်လိုင်းရှော့လည်းလုပ်ပါတယ်။ www.facebook.com/fashionlaprincesse ပါ။ တချို ့ပစ္စည်းတွေတော့ လက်ထဲထားပါတယ်။ တချို ့ပစ္စည်းတွေကိုတော့ အော်ဒါကောက်ပြီးမှပို့ပေးပါတယ်။ အဲ့နေရာမှာ ငွေကြေးအရမ်းများတဲ့ပစ္စည်းဆို ဖယ်ထားပေးတာကဟုတ်ပါပြီ။ သူကယူမယ်ပြောပြီးမှ မယူတော့ဘူးဆို..ကိုယ်ကပစ္စည်းကိုတကူးတကချန်ထားပေးထားရတာ လေ။ နောက်ထပ်ဖောက်သည်ရဖို့က ထပ်ကြိုးစားရမှာ။ အဲလိုဆိုတော့ ငွေကြိုကောက်တဲ့စနစ်သုံးပါတယ်။ အဲမှာလည်း ငွေလွှဲ တဲ့သူက ကိုယ့်ကိုယုံကြည်မှသာလွှဲမှာပေါ့။ ခုခေတ်က အွန်လိုင်းရှော့ပင်တွေလည်းလုပ်စားနေကြတာအများကြီး။ ပိုက်ဆံလွှဲပေး ပြီးတော့မှ ပိုက်ဆံတော့ယူတယ်။ ပစ္စည်းမပို့ဖြစ်တဲ့အွန်လိုင်းရှော ့ပင်တွေနည်းတာမဟုတ်ဘူး။ ကြားဖူးနေတာ။ သူတို့ကတော့ ပေါ်ပင်ပဲလေ။တခါပဲလုပ်စားရမှာပေါ့။ မွန်လေးဆို ဘာလိုလိုနဲ့ ၄နှစ်ထဲရောက်လာပြီ။ ၄နှစ်ပြည့်အတွက်လည်း လက်ဆောင်လေးတွေပြန်ပေး ဖို့လုပ်နေပါတယ်။(လမ်းကြုံလို့) ဖေ့ဘွတ်သုံးရင် ဝင်ကြည့်ပေးပါဦး။ ပြောချင်တာကတော့ ဘယ်အလုပ်ပဲလုပ်လုပ်ပါလေ..ယုံကြည်မှုရှိမှပဲအလုပ်ဖြစ်မှာပါ။ မိသားစုထဲမှာလည်း ဒီလိုပါပဲ။ တခါမယုံ မကြည်ဖြစ်သွားရင် […]


Mon LayFebruary 2, 20185min3104
ဒီခရီးစဉ်လေးက မွန်လေး 2nd year လောက်တုန်းကအဒေါ်၂ယောက်ရယ်၊ညီမလေးရယ်၊အဖွားတို့နဲ့သွားလည်ခဲ့တဲ့ခရီးလေးပါ။ အရမ်းကြီးအချိန်အတိအကျမမှတ်မိတော့ပေမယ့် တော်တော်မာျးများလေးမှတ်မိနေလို့ လည်လည်သွားလို့ရအောင်လည်းရေးပေး လိုက်ပါတယ်။ ပန်းမြို ့တော်ထဲမှာ ထူးဆန်းဖို့ကောင်းတာလေးတွေလည်းပြန်ရှယ်ပေးချင်တာလည်းပါပါတယ်။ # ခရီးလမ်းကြောင်း🚗🚍🚘 ပြင်ဦးလွင်ကို ကားနဲ့လည်းသွားလို့ရသလို၊ ရထားနဲ့လည်းသွားလို့ရပါတယ်။ မန်းလေးဘူတာကြီးကနေ မနက်အစောဆုံးထွက်တဲ့ ရထားစီးပြီးသွားရင် (၃)နာရီလောက်တော့ စီးရပါတယ်တဲ့။ကားနဲ့သွားမယ်ဆို ကားခတွေကတော့ ရိုးရိုးဆို (11700) အထူးဆို (20600) အစားစားရှိပါတယ်။ ကားလက်မှတ်ဆိုပြောနော်။ အသိတစ်ယောက်ရောင်းတာဖြစ်လို့ပြောပေးပါမယ်။ 😊😊👍🏼 #တည်းခိုဖို့🏨🏨 ဟိုတယ်တွေကတော့အများကြီးပါ.မွန်လေးတို့တည်းခဲ့တုန်းကတော့ဈေးနဲ့လည်းနီးတဲ့ Star hotel ဆိုတာလေးပဲ။ Roof top လည်းရှိတယ်။ တခြားလက်လှမ်းမှီတာလေးတွေပြောပေးမယ်နော် Hotel hill top gem – $39, $59 Hotel Aster – 25000 ~ 45000 Bravo Hotel […]


Mon LayJanuary 29, 20181min40882
ဟိုတလောက သတင်းတွေမှာ Taxi သမားက FDA ဝန်ထမ်းကောင်မလေးကိုသတ်လိုက်တယ်ဆိုပြီး ဟိုးလေးတကျော်ညံသွား လေရဲ ့။ ကိုယ်နဲ့လည်းမဆိုင်ပါဘူး။ဒါပေမဲ့ အားနွဲ ့သူမိန်းမသားတွေကို ရိုးရိုးသတ်ရုံအားမရဘဲ မုဒိမ်းကျင့်ပြီးမှသတ်တာကတော့ တရားလွန်နေပြီလို့ထင်မိပါတယ်။ ကောင်မလေးကလည်းက နယ်မှာနေနေတဲ့သူဆိုတော့ ရန်ကုန်မှာ Taxi သမားတွေနဲ့ မှုခင်းကိစ္စတွေကို သိပ်မသိရှာဘူးထင်ပါ တယ်။ တခါတလေအသက်ကို ဉာဏ်စောင့်တယ်ဆိုတာလေးတော့ရှိသင့်တယ်ထင်ပါတယ်။ ခုလိုတဖြည်းဖြည်းတိုးတက်လာနေ တဲ့ခေတ်မှာ Grab တို့ Uber တိုု့စီးလို့ဘာဖြစ်သွားမှာမို့လို့လဲ။ နေ့ခင်းဘက် မိန်းကလေးတစ်ယောက်ထဲ Taxi စီးတာ ဘာမှမဖြစ် နို်င်ဘူးဆိုပေမယ့် ညနေတို့ညဘက်ဆို Taxi စီးတာကိုတော့ မိန်းကလေးတိုင်း သတိထားသင့်တယ်လို့ထင်ပါတယ်။ မဖြစ်မနေစီး ရမယ်ဆို ခုနက ပြောတဲ့ Grab တို့ Uber တို့နဲ့စီးသင့်ပါတယ်။ သူက ကားသမားရဲ ့နာမည်၊မှတ်ပုံတင်၊သန်းခေါင်စာရင်းကအစ အကုန်မှတ်တမ်းတင်ထားရပါတယ်လို့ပြောပါတယ်။ ဈေးစကားလည်းပြောစရာမလိုသလို၊ငြင်းစရာမလို၊ […]


Mon LayJanuary 19, 20181min38394
ဒီနေ ့ 7 days news မှာဖတ်လိုက်ရတဲ့သတင်း ၁ပုဒ်ကတော့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် မင်္ဂလာ လက်ထပ်စာချုပ်လက်မှတ်ရေး ထိုးမည့် မင်္ဂလာမောင်နှံများအား တစ်ရက်လျှင် စုံတွဲ ၁ဝ တွဲသာ လက်မှတ်ထိုးခွင့်ပြုထားသဖြင့် အခက်အခဲရှိကြောင်း လက်မှတ် လာရောက်ထိုးနှံသော မင်္ဂလာ မောင်နှံများက ပြောသည်။  ‘‘ဓာတ်ပုံရိုက်မယ်ဆိုပြီး သေ ချာပြင်လာတာ။ ဒီရောက်တော့ တရားရုံးထဲကို ဝင်ခွင့်မရဘူး။ လက်မှတ်လည်း ထိုးလို့မရတော့ ဘူးဆိုတော့ ကျောက်တံတားခရိုင် တရားရုံးမှာပဲ လက်မှတ်ထိုးလိုက် ရတယ်’’ ဟု ဒဂုံမြို့သစ်မြောက် ပိုင်းမှ လာရောက်လက်မှတ်ထိုး သောအသက်(၂၀)ကျော်အမျိုး သားတစ်ဦးက ဇန်နဝါရီ ၁၈ ရက် တွင် ပြောသည်။   ယခုကဲ့သို့ မင်္ဂလာလက်မှတ် ထိုးရန်လာသော စုံတွဲများကို  ၁ဝ တွဲသာကန့်သတ်ပြီး […]


Mon LayJanuary 15, 20185min3255
နေ့ချင်းပြန်လေးပြီးသွားတော့ ကျိုက်ထီးရိုးမှာ ၁ညအိပ်ခဲ့တာလေးပြန်ရှယ်ပေးချင်ပါတယ်။✍ #ဘယ်လိုသွားရလဲ🚌🚗🚍🚘 ကျိုက်ထီးရိုးကတော့ တချို ့ကားရှိတဲ့သူတွေလည်း ကိုယ်ပိုင်ကားလေးနဲ့သွားကြသလို တချို ့ကျတော့လည်း ဘုရားဖူးလိုင်းကားတွေနဲ့သွားကြပါတယ်။ ရန်ကုန်ကနေဆို ဘုရားဖူးပို့ဆောင်ရေးကားတွေ ခုဆိုအတော်များများရှိလာပါပြီ။ အောင်ဆန်းကွင်းကနေစီးတာပဲဖြစ်ဖြစ်၊ အောင်မင်္ဂလာကနေဖြစ်ဖြစ်၊ မြို့တွင်းနီးစပ်ရာနေရာကနေဖြစ်ဖြစ် ကားတွေကိုစီးပြီးအဆင်ပြေစွာနဲ့သွားလို့ရပါတယ်။ အသွားအပြန် ဂိတ်ပေါ်မူတည်ပြီး အနည်းဆုံး တစ်ယောက် ၁၂၀၀ဝကျပ် ကစရှိပါတယ်။ အသွားအပြန်ပေါ့ (လက်မှတ်လိုချင်ပြောနော်..မွန်လေးခုအလုပ်လုပ်နေတဲ့ တိုးမှာ ဝယ်လို့ရတယ်နော်)😁😁😁 ရန်ကုန်ကနေညဘက် (၉)နာရီထွက်လာရင် ကင်ပွန်းစခန်းကို မနက်စောစော(၂)နာရီဆိုရောက်ပါတယ်။ အချိန်ကတော့ များသောအားဖြင့် ရန်ကုန် က ည ၉ နာရီထွက်ပြီး ကင်မွန်းစခန်းကို မနက် ၂နာရီဝန်းကျင်ရောက်ရှိလေ့ရှိပါတယ်။ ဒီလိုဂိတ်တွေက အပြန်ခရီးမှာကျိုက်ပေါလောဘုရား၊ ပဲခူးရွှေမော်ဓောဘုရားများကို ပို့ဆောင်ပေးပါတယ်။ ( နေ့ချင်း ပြန်ပဲဖြစ်ဖြစ်.. ညအိပ်ခရီးပဲဖြစ်ဖြစ် ညကားပဲစီးရတာပါပဲ) #တောင်အောက်မှာ ဘယ်တွေလည်လို့ရလဲ 🚶‍♀️🚶‍♀️🚶‍♀️ အခုဆိုရင် တောင်ပေါ်မတက်ခင် တောင်ခြေကင်ပွန်းစခန်းမှာပင် လည်ဖို့နေရာတွေရှိနေပါပြီ။ ကင်ပွန်းစခန်း ကျိုက်ထီးရိုးတောင်တက် […]


Mon LayJanuary 15, 20185min1730
ရောက်လေရောက်လေ ရောက်မပြေဆိုတဲ့အတိုင်း ဟိုးငယ်ငယ် ၃နှစ်သမီးကတည်းကကျိုက်ထီးရိုးကိုရာက်ဖူးတာ ခုအသက်အရွယ်ရ လာတဲ့အထိ ဘယ်အချိန်ပဲပြန်သွားသွား ရောက်ကိုမပြေတာ၊ အမြဲတမ်းပျော်နေမိတဲ့ခရီးစဉ်လေးပါ။😁😁  ရောက်ဆို ၁ နှစ် ၁ခါ တော့ ရောက်ဖြစ်အောင်သွားပါတယ်။ မရောက်ဖြစ်ရင် နောက်တစ်နှစ် ရောက်အောင်ကိုသွားတဲ့ခရီးမျိုးပါ။ တစ်ခါတစ်လေ ၁နှစ်ထဲနဲ့ ၂ခါတောင်ပြန်ရောက်တတ်တာမျိုးပါ။ ✌️ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်ကို ဟိုးအရင်ကတော့ ၁ ညအိပ်၊ ၂ ညအိပ် အနေနဲ့သွားကြတာများပေမယ့် အခုအခါမှာတော့ နေ့ချင်းပြန်ခရီးစဉ်အနေနဲ့ပါ သွားလာကြပါတယ်။ ငယ်ငယ်တုန်းကတော့ ၂ ညလောက်ထိအိပ်ပြီးလည်ခဲ့ဖူးပါတယ်။ ခုအသက်အရွယ်မှာတော့ အလုပ်ကလည်းတစ်ဖက်ဆိုတော့ ၂ ညလောက်ထိမအိပ်တော့ဘဲ ၁ ညအိပ်နဲ့ နေ့ချင်းပြန်ခရီးလေးပဲ သွားဖြစ်ပါတော့တယ်။ ခုနေ့ချင်းပြန်သွားတာလေးအရင်ရေးပေးမယ်နော် ✍✍ ဒီခရီးစဉ်လေးကသွားရတာတအားလွယ်ကူပေမဲ့..ခရီးတွေသွားတိုင်း ပြန်ပြန်မျှဝေတတ်တဲ့ဆန္ဒလေး ကြောင့်ရယ်၊ ထူးဆန်းတဲ့ခံစားချက်ရှိတဲ့ခရီးဖြစ်တာရယ်ကြောင့် ဒီခရီးကိုလည်း review ရေးပေးလိုက်ပါတယ်။ 😲 #ဘယ်လိုသွားရလဲ🚗🚌🚎🚍🚘 ကျိုက်ထီးရိုးကတော့ တချို ့ကားရှိတဲ့သူတွေလည်း ကိုယ်ပိုင်ကားလေးနဲ့သွားကြသလို တချို ့ကျတော့လည်း ဘုရားဖူးလိုင်းကားတွေနဲ့သွားကြပါတယ်။ ရန်ကုန်ကနေဆို ဘုရားဖူးပို့ဆောင်ရေးကားတွေ ခုဆိုအတော်များများရှိလာပါပြီ။ အောင်ဆန်းကွင်းကနေစီးတာပဲဖြစ်ဖြစ်၊ အောင်မင်္ဂလာကနေဖြစ်ဖြစ်၊ […]


Mon LayJanuary 13, 20186min2630
ဒီခရီးစဉ်လေးကတော့ မွန်လေးကျိုက်ထီးရိုးကအပြန် ဝင်လည်ခဲ့တဲ့ခရီးစဉ်လေးပါ။ နေ့ချင်းပြန်အနေနဲ ့ရန်ကုန်ကနေစောစောထ သွားရင်ပိုကောင်းတဲ့ခရီးစဉ်လေးလည်းဖြစ်ပါတယ်။ 😘✌️😁😘✌️😁 #ဘယ်လိုသွားရလဲ 🚗🚌🚍🚘 ရန်ကုန်ကနေ ကားနဲ ့ ၃ နာရီမောင်းရင် မွန်ပြည်နယ် ကျိုက်ထိုမြို ့က စိမ်းလဲ့တင် ကိုရောက်ပါတယ်။ ဝင်လိုက်တာနဲ့ အပင်ကြီး တွေနဲ ့အရိပ်ကောင်းကောင်းရလို့အေးမြတဲ့ခံစားမှုကိုချက်ချင်းရလိုက်ပါတယ်။ 🌳🌲🌳🌲 #ဝင်ကြေး💵💵 အထဲဝင်ဖို ့ လူတယောက် ၁၀၀ဝပါ။ ရုံးပိတ်ရက်ဆို ၁၅၀ဝပါ။ ကားအတွက် ၁၀၀ဝ ပေးရပါတယ်။ အထဲဝင်တဲ့ လမ်းဘေးဝဲယာမှာ ကြက်မောက်သီးပင်တွေ အသီးတွေကို ပြွတ်နေတာ။ အသီးခူးရင် အမှိုက်တခြင်းကောက်ရမည် ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထာတယ်လေ 😬😅 မခူးခဲ့ပါ။ 🍓🍇🍒🍎🍏🍊🍋 #ဘာတွေရှိလဲအထဲမှာ ကားပါကင် နားမှာပဲ Zip Line စီးတဲ့စင်မြင့်ရှိပါတယ်။ Zip Line ကတယောက် […]