Mon LayNovember 16, 20201min2050
ညဆို Tv ကြည့်ဖို့နေနေသာသာ..ကိုယ်လူတွေနဲ့ ညတိုင်း Group ပေါင်းများစွာမှ ပြော တစ်မနက်လုံးအလုပ်လုပ်… ညဆို ကိုယ်လူတွေနဲ့ meeting ပြော Tv ဆိုမကြည့်ဖြစ်တာကြာပြီ shopping တောင် မထွက်ဖြစ် ကိုယ်လူတွေ လက်ဆောင်သွား ဝယ် မှ ဟို လျှောက် ကြည့် ဒီလျှောက်ကြည့် ဆပ်ပြာသယ်လင်ပျောက်သလို သုတ်သုတ်နဲ့ ကိုဗစ်ဖြစ်လို့ ကောင်းတာတစ်ခု ပိုက်ဆံ မသုံးဖြစ်ဘူး အဝတ်အစား ဖိနပ်မဝယ်ဖြစ်တာ ကြာပေါ့ ဘာမှ မဝယ်ဖြစ်တာ ၁ရက် ၁ရက်အလုပ်ပဲ လုပ်တာ တနေ့ကုန် ၅၀၀၀တောင် မကုန်ဘူး ပိုက်ဆံသုံးဖို့ကိုတောင်မအားသူ ရတဲ့ ပိုက်ဆံလည်း အရင်းပွားအောင်ပဲလုပ်တယ် ဒါကြောင့်ကိုယ်လုပ်ငန်းကြီးလာတာ ကျွန်မ စုတတ်လို့ ရင်းတတ်လို့ ရှာတတ်လို့ပါ။


Mon LayNovember 15, 20201min2620
တစ်နေ့ကျရင် အဲ့လိုအလုပ်တွေလုပ်နိုင် လိမ့်မယ်လို့ တစ်ခါမှ အိမ်မက်မမက်ခဲ့ဖူးဘူး.. ဘာလို့ဆို ကိုယ်က အထိမခံရွှေပန်းကန်လေ….ပင်ပန်းတတ်လို့..အခုကျလုပ်နိုင်သားပဲ..ဒါတောင်တိုးကအခြေအနေမကောင်းလို့ 1/ MD of a fashion shop 👛 2/ Travel Blogger 🧳 3/ MD of a Travels & Tour company ✈️ 4/ Writer 👩‍💻 5/ MD of a delivery service🚙 ထပ်တိုးလုပ်ငန်းတွေလည်းခေါင်းထဲရှိနေပါကြောင်း 😀


Mon LayNovember 15, 20201min3050
ပစ္စည်းတွေ ရောင်းလာတဲ့သက်တန်းတလျှောက် စိတ်မဆင်းရဲဖူးဘူး။ ဒီလောက် ဖောင်းထုနေတဲ့ facebook socialမှာ Complain ပြောတာတို့ ဝိုင်း Blame တာတို့၆နှစ်လုံးမခံရဖူးဘူး။ကျွန်မ ဘာရောင်းရောင်း အေးအေးဆေးဆေး စိတ်ချမ်းသာစွာလုပ်ရတယ်။ အဲဒါ အဓိက ဆရာတော်ကြီးတွေဟောတဲ့ အအေးစာကို စားလို့ ဘဝမှ စျေးသည်ဟာ စျေးရောင်းရင်အမြတ်ယူရတယ်။ဒါပေမဲ့ ရသင့်သလောက် စားသင့်သလောက်အမြတ်သာလျှင် အအေးစာဖြစ်တယ်။အအေးစာ စားရင် တစ်သက်လုံး အေးချမ်းတယ်။ရောက်လေရာအရပ် ဒုက္ခပေးမယ့်သူမရှိဘူး။ တချို့ စီးပွားရေးသမားတွေ အလှူတန်းတွေဘယ်လောက်လုပ်လုပ် အပူစာ စားမိရင် ပူလောင်ရတယ်။ရန်ဖြစ်ရတယ်။အနောက်မှ ပြသနာရှာမယ့်သူကအဆင့်သင့် အလိမ်ခံရတတ်တယ်။မိတ်ဆွေကောင်းရှားတယ်။မိမိဘာဝယ်လိုက် ဝယ်လိုက် စျေးကြီးမိတယ်။ဘဝမှ ကောင်းတဲ့ဆိုတဲ့အရာတွေဝေးတတ်တယ်။အိမ်ထောင်ဖက်ဆိုးတွေ့တတ်တယ်တဲ့ မိမိရဲ့ ရုပ်မှာပါ အကြည်ဓာတ်ပျက်ပြီး လောဘကြီးတဲ့ ရုပ် သောက ဝေတဲ့ ရုပ် ဖြစ်တတ်တယ်။ တစ်ဘဝလုံး ရောဂါ ထူးပြောတယ်။သေရင် ငရဲ ကျတတ်တယ်။ […]


Mon LayNovember 14, 20201min10250
တခြားလုပ်ငန်းတွေလည်းချမ်းသာနိုင်မှာပါ..အချိန်အခါပေါ်မူတည်ပြီးတော့ပေါ့နော်.. ဝိုင်းထားတာတွေက မွန်လေးအခု လုပ်နေတဲ့ လုပ်ငန်းအမျိုးအစားပါ ၁/ လက်လီဖြန့်ချိရေး မွန်လေးက ပစ္စည်းတွေကိုလက်လီကော၊ လက်ကားပါ..ဖြန့်ပါတယ်ရှင် ၂/ အင်တာနက် လိုင်းပေါ်တက်ပြီး စီးပွားရှာသလို..ဆိုင်လည်းဖွင့်ပါတယ် ၃/ သယ်ယူပို့ဆောင်ရေး ကိုယ်ပိုင်ကား deli ပါလုပ်နေပါပြီ။ နောက်ပိုင်းလုပ်ချင်တာက..အိမ်ခြံမြေပါ..ဝယ်ချင်တဲ့စိတ်ရှိတယ်..ကြိုးစားနေပါတယ်.. ချစ်တို့လည်း ဒီဖော်ပြထားတဲ့အလုပ်ကလေးတွေကို အခြေခံပြီးလုပ်ကြည့်ပေါ့..မွန်လေးကို နငိ့ OS ကဖြစ်မလာပါဘူးကွာလို့ပြောခဲ့တာ..အခုတကယ် ကြီး ဖြစ်လာပြီနော်..အခုOS ကြောင့်အရမ်းကို အောင်မြင်နေကြပြီ🤩


Mon LayNovember 11, 20201min1430
တစ်နေ့ကျရင် ငါရောင်းတဲ့ပစ္စည်းတွေကို ကမ္ဘာထိဖောက်အောင်ရောင်းနိုင်ရမယ်”လို့ဆုံးဖြတ်ပြီးကြိုးစားခဲ့တယ်တကယ်တမ်းလည်းဖြစ်လာခဲ့လို့…အရမ်းကိုပျော်ခဲ့ရတယ်…အဲ့အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူတယ်..ပင်ပန်းရကြိုးနပ်တယ်…အခုဆိုစလုံးမှာ ကိုယ့်ပစ္ညည်းကိုပြန်ရောင်းပေးနေတဲ့ business partner တောင်ရှိလို့နေပြီ။ အရမ်းကိုကျေးဇူးတင်ပြီး ထိုင်ရှိခိုးပါတယ်။ တိုက်ပွဲတွေကတော့ .အသက်ရှင်နေသရွေ့..ဆက်တိုက်ရမှာပဲ…အခွင့်အလမ်းတွေလည်း မြင်လာပါတယ်။ပြောချင်တာက…အခွင့်အရေးရမှ လုပ်တာမျိုးမဟုတ်ဘဲ….လုပ်နေရင်းအလုပ်မှာ အခွင့်အရေးရလာတတ်တယ်ဆိုတာပါပဲ။ PS. : အောင်မြင်ချင်တဲ့လူငယ်တွေအတွက်ရေး တာပါ..အောင်မြင်ပြီးသား လူတွေ မပါပါ။


Mon LayNovember 10, 20201min1060
“အောင်မြင်ချင်တဲ့ လူတစ်ယောက်က ကိုယ်ခံစားခဲ့ရတဲ့.နာကျင်မှုမျိုးကို သူများကိုမပေးချင်ဘူး” ဟုတ်တယ်..အာ့ကြောင့် မွန်လေးအခုလိုစာတွေပြန် ရေးပေးတယ်..ပြန်ရျယ်ပေးတယ်..ကိုယ့်လိုအခက်အခဲကြုံခဲ့တာတွေကို ကိုယ်ဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့ရလဲပြောပြပေးတယ်.. ဝန်ထမ်းဘဝကကျော်ဖြတ်လာခဲ့ရတော့ ..ဝန်ထမ်းဘဝက နာကျင်မှုတွေကို ဘယ်တော့မှမမေ့ဘူး။ Company အကြီးကြီးမှာ ပဲ လုပ်တော့မယ်ဆိုတဲ့ စိတ်ကိုဖျောက်ပါ။ အသေးမှာလည်းလုပ်ကြည့်ပါ။ အဲ့ကနေတဆင့် ကိုယ်ပိုင်လုပ်ငန်းလုပ်ပါ။ ဘယ်ဟာအကောင်းဆုံးလဲသိလာလိမ့်မယ်။ စွန့်ဦးတီထွင်လုပ်ရတ​ဲ့အလုပ်မှန်သမျှ ခက်ခဲပါတယ်..ဝီရိယပဲလို တယ်..


Mon LayNovember 10, 20201min1320
ခြောက်တာမဟုတ်ဘူးနော် အမှန်တရားတစ်ခု ပြောပြမယ်။ ဆရာတော်ကြီးတွေ ပညာရှင်တွေ အကုန် ပြောတာ 2021 ကိုဗစ်ကြီးပိုဆိုးမယ်တဲ့ စီးပွားရေးကပ် ပါတခါထဲလာမယ်။ အိမ်ခြံ မြေ ကား ရွှေ ဒေါ်လာ စျေးတွေ ထိုးကျမယ်တဲ့ လက်ထဲ ငွေသာ Kingပါ။ ဒါကြောင့်အပိုတွေ ဝယ်တာရှောင်ပါ ငွေသာ ကိုင်ထား….အန္တရာယ်ကင်းပြီး အရင်းအနှီးနည်းတဲ့ စီးပွားရေးတစ်ခု လုပ်ထား အကြွားပိုတာမဟုတ် အခု ကာလ online စီးပွားရေးပို ခိုင်လာတယ်။ လူတွေ Online က ပဲ မှာကျတော့တယ်နောက်ပိုင်း ပို ခိုင်လာဖို့ပဲရှိတယ်။ ဒါကြောင့် Online စီးပွားရေးတစ်ခု ခု လုပ်ပါ။ လုပ်နေရင်လည်း သေချာ နေရာတစ်ခု ရအောင်ထိထိ ထိ မိမိ လုပ်ပါ။ လုပ်မယ်လိုရည်ရွယ်ချက်ရှိရင် လည်း […]


Mon LayNovember 8, 20201min1420
ကိုယ်မှာ လုပ်အားရှိတယ် 😎 တကယ် Online စီးပွားရေး…….တကယ်လုပ်မယ် ရည်ရွယ်ရင် 😎 ၁. Product Quality ကောင်းတာအရင်ကြည့်ရမယ်။ ၂.Customer ကို စိတ်ရှည်လားကြည့်ရမယ်။ ၃. ဒီ product မှာ ရေရှည် သွားမယ့် Plan ရှိမရှိ ၄.မိမိအတွက် အမြတ်ရမရ ၅.လုပ်ငန်းစည်းကမ်းရှိမရှိ ၆.ကိုယ့်ကိုခိုင်းစားမယ့် product လား ကိုယ်ကြိုးစားမူကိုအနောက်က ပံပိုးပေး လက်တွဲခေါ်မယ့် product လားအမြင့်ဆုံးအထိ တတ်လို့ရမဲ့ product လား ၇.ကိုယ်နဲ့ ရေရှည်လက်တွဲမဲ့ ပိုင်ရှင် ရေရှည်အဆင်ပြေရဲ့လား ၈.Bad Review ရှိလား ?? ၉.စျေးကွက်လူတိုင်းသုံးနိုင်တဲ့စျေးကွက်ပေါက်လောက်တဲ့ပစ္စည်းလား?? အများကြီးကြီးတွေးရမယ့်အထဲ အရေးအကြီးဆုံး 9ချက်ပါ အဓိက ကျတယ်။ အစကောင်းမှ အနှောင်းသေချာမယ်။🥰


Mon LayNovember 6, 20201min1460
ကိုဗစ်ဖြစ်နေလည်း မိုးလင်းထဲကမိုးချုပ် အလုပ်စားပွဲက မထရ လစာတိုးပေးမဲ့သူလည်းမရှိ ရာထူးတိုးပေးမဲ့သူလည်းမရှိဟဲ့လုပ် ဆို ဘေးနားက တွန်းမဲ့သူလည်းမ ရှိ ကိုယ်လုပ်ထားတာ စစ်ဆေးမဲ့သူလည်းမရှိ ဘယ်သူမှ ကိုယ်ကို မခိုင်းဘူး ကိုယ်ဘာသာပဲ ခိုင်းတယ်။ ကိုယ်က အသေအလုပ်လုပ်တော့ အိမ်ကအမေလည်း ၀ိုင်းကူရရော ဖောက်သည်ပေါင်းစုံ…လူမျိုးစုံနဲ့ အကုန်တွေ့ရတယ် လူပေါင်းစုံ နဲ့ အလုပ် လုပ်လာရလေ ဘဝမှ အေးချမ်းစွာပိုနေချင်လေ…ကိုယ်ချင်းစာတရားရှိတဲ့သူရှိသလို…စိတ်ပုတ်စိတ်ယုတ်တွေလည်းတွေ့ရတယ် ပြီးတော့ ကိုယ်ပြောပြနေ နေတာတောင် မကြိုးစားချင်တဲ့သူတွေရှိတယ် ဘုရားက တရားဆင်းပြတောင် အောင်မြင်မှာ မဟုတ်ဘူး 👍👍ကိုယ်ကတော့ ကြိုးစားလျက် ပါ


Mon LayNovember 6, 20201min2150
အဲ့စကားပုံလေးကို အကုန်လုံးသိကြမယ်ထင်ပါတယ်နော်..မိုးရွာနေတုန်း..ရေခံထားမှ..မိုးမရွာ   တော့ရင် ခံထားတဲ့ရေလေးနဲ့သုံးလို့ရမှာဖြစ်ပါတယ်..အဲ့လိုပဲ…ကံတွေကောင်းတုန်း..အချိန်တွေ.. အခွင့်ရေးတွေ ပေးတုန်းမှ အလုပ်ကြိုးစားလုပ်ထားမှ..ငွေရှာထားမှ တန်ရကြမယ်လို့ဆိုလိုတာပါ  အခုဆို တစ်ကမ္ဘာလုံးမှာ ကိုဗစ်ဖြစ်တော့ အလုပ်အကိုင်တွေ ပိတ်ရ..၀န်ထမ်းတွေကလည်း လစာလျှော့ခံရ..အလုပ်ပြုတ်နဲ့ အကျပ်အတည်းတွေကြုံနေရပါတယ်.. မွန်လေးအလုပ်ကလည်း အဲ့လို၀န်ထမ်းတွေအဆင်ပြေမှ..အလုပ်အကို်င်တွေကောင်းမှ..တစ်ဉီးနဲ့ တစ်ဉီးကလည်း စီးပွားရေးတွေက အမှီသဟဲပြုနေရတာမှတ်လား..အခုကအကုန်သူနီးပါးကျပ် ကုန်ကြတာပေါ့နော်…တော်သေးတာက မိုးရွာတုန်းရေခံလိုက်လို့..အခုခံသာနေပါတယ်… ရှာတုန်းမှာ အသေရှာတယ်…ညဘက်လည်းမိုးချုပ်တဲ့အထိအလုပ်လုပ်တယ်…အပြင်လည်း  ကိုယ်တိုင်သွားပြီးအလုပ်လုပ်တယ်..ကိုဗစ်သောင်းကျန်းနေလို့သာ.ပစ္ညည်းတွေကို deli အပ်တာ..  အ၇င်ကဆိုအပို၀င်ငွေရအောင် ကိုယ်ကိုယ်တိုင်ပစ္ညည်းပို့တယ်..နားရက်မထားဘဲနဲ့  ကိုကြိုးစားခဲ့တယ..အချိန်ပြည့်အလုပ်လုပ်နေခဲ့တာပေါ့ အခုကျ ကိုဗစ်ကဒုတိယလှိုင်းထပ်ဖြစ်တော့ ပထမလှိုင်းထပ် စီးပွားရေး သိပ်မကောင်းဘူး ..ဒါတောင်တတိယလှိုင်းထပ်လာမယ်တဲ့..အထူးဂရုစိုက်ကြပါ..အွန်လိုင်းမှာ လည်း ငွေလိမ်စားနေကြတဲ့သူတွေလည်းပေါလို့တဲ့…   အထူးဂရုစိုက်ပါ…သံသရာမှာထပ်ပြီးဆင်းရဲ   ဒုက္ခခံချင်ကြတယ်ထင်ပါရဲ့… အပိုငွေမသုံးဘဲ…စုကြပါ..လိုအပ်တာ၀ယ်ပါ..အဆင်ပြေတဲ့သူကတော့ လိုချင်တာ၀ယ်ကြပါ


Mon LayNovember 5, 20201min2320
စိတ်ကော လူကော နစ်ပြီး အလုပ်လုပ်တိုင်း အခက်အခဲလေးတွေကြုံ ဝင်လိုက်ရမှရအောင်တောင့်ခံပါတယ်။ ၁၁လရှိပြီ.. စီးပွားရေးလောကထဲ တစ်ကောင်ထဲခြင်္သေ့ ဆိုပြီးဝင်ခဲ့တာ ..၀န်ထမ်းဘ၀နဲ့ တွဲလုပ်ခဲ့တာတော့ (၆)နှစ်ကျော်ပြီ..မိန်းကလေး ဆို အထင်သေးလို့မရဘူး…အရမ်း မာန ကြီးပါတယ်။အဆင်မပြေမူတွေ အတိုက်အခိုက်တွေ အမြဲရှိလို့ရအောင်တောင့်ခံခဲ့တယ်။ စိတ်ဓာတ်ပြိုကျ တိုင်းပြန်ရအောင်တည်ဆောက်ခဲ့တယ်။ဘာမှသိပ် ဂရုမစိုက်ဘူးအကြောတင်းတယ်ခေါင်းမာတယ်လုပ်မယ်ဆို ရအောင်လုပ်တယ်။ကိုယ်ကို လည်း သိပ် Proud ဖြစ်လွန်းလို့တစ်ခါ တလေ လျော့ထားရတယ်။ကိုဗစ် ကာလ အရမ်း ခက်ခဲ ကြမ်းတမ်းပါတယ်။ကိုယ်ထက် ကြီးတဲ့လုပ်ငန်းတွေတောင်ပြိုလဲနေကျလို့မနည်း တောင့်ခံထားရတယ်။ တစ်ခါတစ်ခါလေ စိတ်မောလွန်းလို့သူဠေးကြီးတစ်ယောက် ကောက်ယူပလိုက်ချင်တယ်။ ဒါပင်မဲ့ လူချမ်းသာပြီး စိတ်ချမ်းသာပါမလား တွေးရင် ကိုယ်တိုင်အလုပ်ကြိုးစားတာပဲကောင်းပါတယ်တွေးမိတယ်။ အဲလိုနဲ့ပဲ အခုလိုအလုပ်တွေဆက်လုပ်နေပါတယ်


Mon LayNovember 2, 20201min33350
ည၂နာရီထိအလုပ်လုပ်တယ်အလုပ်အကြောင်းတွေးရင် ခဏအိပ်ပျော်တယ်မနက် ၁၂နာရီ ပြန်ထတယ် အလုပ်စကိုင်တယ်။ ပိတ်ရက်မရှိ နားရက်မရှိ ကိုယ်ပိုင်အချိန်မရှိcb မှ အလပ သလပ ပြောဖို့အချိန်မရှိကိုယ့် မိဘနဲ့တောင် စကားပြောဖို့ ၁နာရီအချိန်မရှိ ကိုဗစ်ကာလဆိုတော့ ၀◌န်ထမ်းကလည်းခေါ်မရဘူး ဟိုအထက်က နေ ဟို အောက်ခြေအထိ ကိုယ်မပါရင်မပြီးအချိန်အပြည့် အလုပ်မှ မြှပ်နှံတယ်။ပျော်လည်း ပျော်တယ်။ ဝါသနာနဲ့ အလုပ်ထက်တူကျတယ်။ အလုပ်နဲ့ ပက်သက် လောဘကြီးတယ်။ ဒါပေမဲ့ ဘာသာရေးနဲ့ အလှူအတန်းအချိန်ပေးတယ် 2021 မှာ အောင်မြင်မူတွေ တိုးတတ်မူတွေ ငါမှ မပေးဘယ်သူပေးမလဲ??? ကိုယ်ရဲ့ ကြိုးစားမူတွေကို လောကကြီးက အသိအမှတ်ပြုပြီး ဆုလာဘ်တွေ ပေးမယ်လို့ ယုံကြည်တယ်။


Mon LayNovember 1, 20201min3030
လတစ်လရောက်လို့ အဲ့နေ့ရောက်ရင် ရင်ကအခုန်ရဆုံးကိုဖြစ်မိတာ..အရင်ဆို သူများ  ၀◌န်ထမ်းလုပ်တုန်းကပေါ့ တခါမှရင်မခုန်ခဲ့ဖူးဘူး။ အခုကျတော့ ကိုယ်ပိုင်လုပ်ငန်းတာ (၁၀)ကျော် (၁၁) ရောက်ပြီ။ လကုန်ရက်ပြီး နောက်လ (၁)ရက်နေ့ဆို အရမ်းရင်ခုန်ရတယ်။ ဘာလို့လဲဆိုတော့ တစ်လဘယ်လောက်အမြတ်၀◌င်ငွေရလဲ..တွက်ရလို့ပဲဖြစ်ပါတယ်။ တစ်လကိုဘယ်လောက်မြတ်ရမလဲဆိုပြီး target ထားပြီး ကြိုးစား ရှာတယ်။  ၀◌န်ထမ်းဘ၀က ရခဲ့တဲ့ လစာကိုအနည်းဆုံးထားပြီး အများဆုံးရှာနိုင်သလောက်ရှာတယ်။ အခုထိလည်း ဘုရား၊တရား၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်၊ ကံ၊ ဉာဏ်၊ ၀◌ီရိယ အားစိုက်လို့ နဲ့ တစ်လတစ်ခါ ပြန်ပြီး အလှူ လုပ်လို့လားတော့ မသိ..၀◌န်ထမ်းလစာ ထက် များ များစီ ပိုရတယ်။ ကျေနပ်ပါတယ်။ အရင် ကတည်းက ကိုယ်ပိုင်လုပ်ငန်းလုပ်ခဲ့ရင် ကောင်းမှာပဲလို့ တက်မိတဲ့လောဘကို မနည်းထိန်း ထားရတယ်…ဘာပဲလုပ်လုပ်အချိန်တန်မှ အောင်မြင်နို်င်မှာပါ။ အရေးကြီးဆုံးက ဘုရား၊တရား၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်၊ ကံ၊ ဉာဏ်၊ ၀◌ီရိယ ကိုတော့ ဘယ်တော့မှမေ့လို့မဖြစ်ပါလို့ ပြောချင်ပါတယ်။ ကဲ..ဒီစာရေးနဲ့ပဲ..နောက်ထပ်တိုက်ပွဲလေးတွေ လတစ်လရဲ့လဆန်းဆိုတိုက်နေကျမို့ ဆက်တိုက်မို့ ကြိုးစားအားထုတ်လိုက်ပါဉီးမယ်။