ရင်ခုန်ရတဲ့နေ့

Mon LayNovember 1, 20201min2990

လတစ်လရောက်လို့ အဲ့နေ့ရောက်ရင် ရင်ကအခုန်ရဆုံးကိုဖြစ်မိတာ..အရင်ဆို သူများ  ၀◌န်ထမ်းလုပ်တုန်းကပေါ့ တခါမှရင်မခုန်ခဲ့ဖူးဘူး။ အခုကျတော့ ကိုယ်ပိုင်လုပ်ငန်းတာ (၁၀)ကျော် (၁၁) ရောက်ပြီ။ လကုန်ရက်ပြီး နောက်လ (၁)ရက်နေ့ဆို အရမ်းရင်ခုန်ရတယ်။ ဘာလို့လဲဆိုတော့ တစ်လဘယ်လောက်အမြတ်၀◌င်ငွေရလဲ..တွက်ရလို့ပဲဖြစ်ပါတယ်။

တစ်လကိုဘယ်လောက်မြတ်ရမလဲဆိုပြီး target ထားပြီး ကြိုးစား ရှာတယ်။  ၀◌န်ထမ်းဘ၀က ရခဲ့တဲ့ လစာကိုအနည်းဆုံးထားပြီး အများဆုံးရှာနိုင်သလောက်ရှာတယ်။ အခုထိလည်း ဘုရား၊တရား၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်၊ ကံ၊ ဉာဏ်၊ ၀◌ီရိယ အားစိုက်လို့ နဲ့ တစ်လတစ်ခါ ပြန်ပြီး အလှူ လုပ်လို့လားတော့ မသိ..၀◌န်ထမ်းလစာ ထက် များ များစီ ပိုရတယ်။ ကျေနပ်ပါတယ်။ အရင် ကတည်းက ကိုယ်ပိုင်လုပ်ငန်းလုပ်ခဲ့ရင် ကောင်းမှာပဲလို့ တက်မိတဲ့လောဘကို မနည်းထိန်း ထားရတယ်…ဘာပဲလုပ်လုပ်အချိန်တန်မှ အောင်မြင်နို်င်မှာပါ။ အရေးကြီးဆုံးက ဘုရား၊တရား၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်၊ ကံ၊ ဉာဏ်၊ ၀◌ီရိယ ကိုတော့ ဘယ်တော့မှမေ့လို့မဖြစ်ပါလို့ ပြောချင်ပါတယ်။ ကဲ..ဒီစာရေးနဲ့ပဲ..နောက်ထပ်တိုက်ပွဲလေးတွေ လတစ်လရဲ့လဆန်းဆိုတိုက်နေကျမို့ ဆက်တိုက်မို့ ကြိုးစားအားထုတ်လိုက်ပါဉီးမယ်။