Shwe Myine TharSeptember 2, 20111min18211
ဒီနေ့ညနေအလုပ်ကအပြန် အိမ်ရောက်တော့ တောကတက်လာတဲ့အမျိုးတွေရောက်နေတယ်…. ကျွန်တော်လဲခဏနားရေချိုး ပြီးတော့ဧည့်သည်တွေနဲ့အတူထမင်းစားပြီး အိမ်ရှေ့ထွက်စကားပြောရင်း TV ကြည့်ရင်းမရောက်ဖြစ်တာကြာပြီဖြစ်တဲ့ မွေးရပ်မြေကအကြောင်းလေးတွေပြောနေကြစဉ် ကျွန်တော်ကိုဘကြီးကဟာငါ့တူမင်း TV ကြီးလဲလိုက်ပါလား….ဆိုတော့ကျွန်တော်ကြောင်သွားတယ် … ဒါနဲ့ဘာဖြစ်လို့လဲလို့မေးတော့ ဟိုမှာလေမင်း TV မှာအကွက်ထနေပြီမီးလုံးလဲလိုက်တော့ ဆိုတော့ကျွန်တော် TV ဘက်ကြည့်တော့ MRTV-4 ကလာနေတဲ့အဆိုတော်——–သီဆိုဖျော်ဖြေနေစဉ်ဆင်ဆာဖြတ်ထားတဲ့ အကွက်လေးကပေါ်လိုက်ပျောက်လိုက်နဲ့ဆိုတော့ သူက TV မကောင်းဘူးလို့ထင်သွားတာပါ……. အဲဒါနဲ့ကျွန်တော်ကလည်း ဘကြီးရေအဲဒါ TV မကောင်းတာမဟုတ်ဘူး မြန်မာယဉ်ကျေးမှုနဲ့မညီတဲ့ဝတ်ပုံစားပုံနဲ့ဖြစ်နေလို့ ကောင်မလေးတွေအတုယူမှာဆိုးလို့ အမြင်မတော်တာတွေမမြင်အောင်လို့ကာထားတာပါဟု အစရှိသ၍ ဘကြီးနားလည်အောင်အလွယ်တစ်ကူရှင်းပြလိုက်တယ်….. အဲဘကြီးကဘာပြောတယ်မှတ်လဲ ဟာမင်းကလည်းအဲဒီလိုဖြတ်လို့မသိတာမှမဟုတ်တာ သိနေတာပဲ အစကတည်းကအဲဒီလိုဝတ်ပြီးမရိုက်နဲ့ပေါ့… အခုဟာကဟိုကွက်ဒီကွက်နဲ့ကြည့်ရတာအဆင်မပြေပါဘူး အဲဒါကြီးမကြည့်ပဲတစ်ခြားဟာပြောင်းကွာဆိုတော့ ကျွန်တော်လဲ တစ်ခြားနိုင်ငံခြားရုပ်ရှင်လိုင်းပြောင်းပေးလိုက်တယ် အဲဒီမှာလဲ TV ကအကွက်နဲ့ပြန်ပဲ ဒါပေမဲ့ဘကြီးကဘာပြောလဲဆိုတော့ သူများနိုင်ငံက ရုပ်ရှင်ကားကျတော့သွားတားလို့မှမရတာ အဲဒါတော့ထားလိုက်ပါတဲ့ မသင့်တော်တာတွေပါရင်တော့မပြတာကောင်းတာပေါ့ ကလေးတွေအတုယူကုန်မှာ တော်ပါပြီကွာငါသတင်းပဲကြည့်တော့မယ်ဟုဆိုကာသတင်းလိုင်းပြောင်းပေးကာမှ အဆင်ပြေတော့တယ်…. တောသူတောသားများဟာ […]


Shwe Myine TharSeptember 1, 20111min28720
ကျွန်တော်ဒီနေ့မြို့ထဲကိုဝယ်စရာလေးရှိလို့ သွားဝယ်ပြီးပြန်တော့ Taxi ကားငှားပြီးကားပေါ်တက်ထိုင်လိုက်တယ် မိုးလေးဖွဲဖွဲရွာလို့မှန်ပြတင်းကိုအနည်းငယ်တင်ပြီး အတွင်းဘက်အနည်းငယ်ရွှေ့ထိုင်လိုက်တော့ ကားကူူရှင် အခင်းပြားအောက်ကတစ်ခုခု ကိုစမ်းမိ၍ကြည့်လိုက်တော့ ဖုန်းတစ်လုံးဖြစ်နေတယ် …. ကျွန်တော်ကကားသမားကိုပေးမလို့လုပ်နေစဉ် ခေါင်းထဲကိုအတွေးတစ်ခုဝင်၍ မပေးဖြစ်တော့ပါ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါကယုဇနပလာဇာရှေ့မှာ ကားရပ်စောင့်နေရင်း ကားသမားအချင်းချင်းက ဟေ့ကောင်မင်းဒီနေ့ခိုင်သွားတယ်ဆို… ဟုတ်တယ်ဒါပေမဲ့လေးပုလင်းပဲပေးတယ် အဲကျွန်တော်ကလဲကားအားလားဆိုတော့ အားပါတယ်အကိုဆိုကာကားပေါ်တက်ပြီး ပြန်ခဲ့တယ် ဒါနဲ့ကားသမားအားဒီနေ့ကားဆွဲကောင်းနေတာပေါ့ လို့မေးလိုက်တယ် ကားသမားကလည်းမဟုတ်ပါဘူး အကိုကြီးရာဒီနေ့ကားပေါ်မှာဖုန်းတစ်လုံးကျန်ခဲ့လို့ အဲဒါကပ်ဖြုတ်ပြီးပလာဇာပေါ်တက်ရောင်းလိုက်တာလေးသောင်းရတယ်… ကျွန်တော်ကဟာဘာဖြစ်လို့ပိုင်ရှင်ကိုပြန်မပေးတာလို့ မေးတော့ဟိုတစ်ခါကအဲလိုအပေးကောင်းလို့ရဲစခန်း ရောက်ပြီးပြီ ဆိုကာဆက်ရှင်းပြတယ် အရင်တစ်ခါတုန်းကဖုန်းသွားပြန်ပေးတာ သူ့ဖုန်းခိုးပါတယ်ဟုစွပ်စွဲကာညင်းကြရင်းရဲစခန်းရောက်သွားကြောင်း ပြောပြသည်။… ပြီးတော့စေတနာမထားတော့ပါဘူးကိုယ်ပစ္စည်းကိုဂရုမှမစိုက်ပဲ ပေးရင်ပြသနာရှင်းရနဲ့အခုလိုရောင်းစားလိုက်အေးရောဘာမှမရှုပ်တော့ဘူး။… ဟုဆိုကာရယ်နေတော့သည်…. အမှန်အတိုင်းပြောရရင်စိတ်ထဲကသိပ်ဘဝင်မကျဘူး…. ဒါပေမဲ့ဘာပြောလို့ရမှာလဲ… ကဲဒီတစ်ခါငါ့အလှည့် ဘယ်လိုလုပ်ရမလဲတွေးနေရင်းဖုန်းဖွင့်ကြည့်တော့ကောင်မလေးပုံ ဘယ်သူဘယ်ဝါကိုယ်မှမသိတာ ဒါနဲ့သူနောက်ဆုံးခေါ်ခဲ့တဲ့ဖုန်းနံပါတ်လေးကိုနှိပ်ပြီးမေးကြည့်မယ်ပေါ့ဆိုကာခေါ်လိုက်တာ ပြဿနာတက်ပါလေရောဗျာ…. ဒီလိုဗျ ပထမခေါ်လိုက်တော့အမျိုးသမီးတစ်ယောက်အသံနဲ့ပြန်ဖြေတော့ ကျွန်တော်ကမေးလိုက်တယ် ဒီဖုန်းနံပါတ်ကိုကိုင်တဲ့ကောင်မလေးကိုသိလားလို့ အမျိုးသမီးကဘယ်ဖုန်းလဲ… အခုဆက်တဲ့ဖုန်း…. ဘာဖြစ်လို့လဲ …. ဖုန်းက Taxi […]


Shwe Myine TharAugust 29, 20111min15715
ဥပုဒ်စောင့်သောကျား တစ်ခါကတောအုပ်တစ်ခုတွင် ရေတွေကြီးပြီး မိုးသက်မုန်တိုင်းကျ ၍တောရိုင်း တိရိစာ္ဆန်တွေအားလုံးဟာလေပြင်းနဲ့အတူရေထဲမျောပါသွားသတဲ့ကွယ်………. အဲဒီထဲမှာအသားစားကျူးတဲ့ကျားတစ်ကောင်လဲပါသွားတယ်……………. ဒါပေမဲ့ကံကောင်းတဲ့ကိုရွှေကျားကမျောပါရင်းနဲ့ ကျောက်ဆောင်တစ်ခုပေါ်ကိုရောက်သွားသတဲ့ကွယ်………….. သေမဲ့ဘေးကလွတ်ခဲ့တဲ့ကျားကကျောက်ဆောင်ကြီးပေါ်မှာ တစ်ကောင်တည်းဘာစားစရာမှမရှိ ဘေးပတ်ဝန်းကျင်မှာကလည်းရေတွေကမကျသေး ဒီလိုနဲ့လေးငါးရက်လောက်ကြာလာတော့ကိုရွှေ ကျားကြီးကအစာအဟာရပြတ်ပြီးပိန်လာတာပေါ့၊………… အဲဒီမှာကိုရွှေကျားကြီးကစဉ်းစားမိတယ် ငါဒီပုံစံအတိုင်းဆိုသေမှာပဲ မသေခင်ဘာမှလဲမစားရတော့မဲ့အတူတူအကျိုးရှိအောင် ဥပုဒ်စောင့်ရင်ကောင်းမယ်ပေါ့။ ဒါနဲ့ကျားကြီးကဥပုဒ်စောင့်ရင်းအိပ်နေသတဲ့ကွယ်……. အဲဒီလိုနေရင်းနဲ့တစ်ရက်တောင်ဆိတ်တစ်ကောင်ဟာလဲရေထဲကမျောပါလာရင်းနဲ့ ကိုရွှေကျားကြီးရှိတဲ့ကျောက်ဆောင်ပေါ်ကိုရောက်လာသတဲ့ အဲဒီမှာပထမရောက်နေတဲ့ကိုရွှေကျားနဲ့တိုးတာပေါ့ ကိုရွှေကျားကလည်းငါကဥပုဒ်နဲ့ပဲမစားတော့ပါဘူးဆိုပြီးဆက်အိပ်နေတာပေါ့ ဒါပေမဲ့တောင်ဆိတ်ရဲ့အနံ့ကကိုရွှေကျားရဲ့နှာခေါင်းထဲကိုလေလေးသင့်တိုင်းရောက်ရောက်လာတယ်……. ဥပုဒ်စောင့်နေတဲ့ကိုရွှေကျားကလဲငါမစားလဲဒီဆိတ်ကသေမှာပဲ ငါစားလိုက်ရင်ဥပုဒ်ဆက်စောင့်နိုင်မယ်လို့တွေးမိတယ်… မစားရ ရင်မနေနိုင်တော့တဲ့စိတ်ဖြစ်ကာ အဲဒီမှာပဲတောင်ဆိတ်ကိုကိုရွှေကျားကစားလိုက်ပါတော့တယ်…. ဒီပုံပြင်လိုပဲ ကိုရွှေကျားကဥပုဒ်ကခဏခဏထွက်ပြီးအသားဆက်စားမလား။ ကိုရွှေကျားကဥပုဒ်ပဲဆက်စောင့်မလား။ ကျွန်တော်ကတော့ကိုရွှေကျားကိုဥပုဒ်ပဲဆက်စောင့်စေချင်တယ်……. ဘာဖြစ်လို့လဲဆိုတော့တစ်သက်လုံးအသားစားပြီးပြီပဲတော်ရောပေါ့………….မဟုတ်ဘူးလား….. ကောင်းတာကိုဖြစ်စေချင်တဲ့ဆန္ဒနဲ့ပါ………………… ရွာထဲကလူတွေရောဘယ်လိုမြင်ပါသလဲ ?????????????


Shwe Myine TharAugust 13, 20111min1044
ကျောင်းမှာကျောင်းဖွင့်ရက်တိုင်း ကျောင်းသူကျောင်းသားများနေ့တိုင်း ရွတ်ဆိုနေကျနိုင်ငံတော်သီချင်းကိုအလေးထားမှတ်သားစေချင်ပါတယ်။ ကျောင်းသူကျောင်းသားတိုင်းဟာနိုင်ငံတော်အတွက်အဖိုးတန်တဲ့အသီးအပွင့်လေးတွေပါ။ နိုင်ငံ့ သားကောင်းလေးတွေပါ။ ငယ်ငယ်လေးထဲကအလွတ်ရွတ်ဆိုလာတဲ့သီချင်းလေးကိုတန်ဖိုးထားပြီး တစ်ခါလောက်လိုက်ဆိုကြည့်ပါ သီချင်းရဲ့အနက်အဓိပ္မါယ်ကိုခံစားသိရှိစေချင်လို့ပါ………………. နိုင်ငံတော်သီချင်း +++တရားမျှတ လွတ်လပ်ခြင်းနဲ ့မသွေ တို ့ပြည် – တို ့မြေ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို ့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် တို ့ပြည် – တို ့မြေ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ၊ အဓိဌာန်ပြုပေ ထိန်းသိမ်းစို ့လေ။ (ကမ္ဘာမကျေ -မြန်မာပြည် တို ့ဘိုးဘွားအမွေစစ်မို ့ ချစ်မြတ်နိုးပေ) ပြည်ထောင်စုကို အသက်ပေးလို ့ တို ့ကာကွယ်မလေ။ ဒါတို ့ပြည်- ဒါတို ့မြေ- တို ့ပိုင်နက်မြေ။ တို ့ပြည်- တို ့မြေ- အကျိုးကို […]


Shwe Myine TharAugust 2, 20111min1248
ကျွန်တော်ဒီနေ့အိမ်မှာ စာအုပ်အဟောင်းတွေရှင်းရင်းနဲ့ လွန်ခဲ့တဲ့သုံးလေးနှစ်ကခရီးသွားရင်းနားထောင်ခဲ့ရတဲ့ သီချင်းလေးတစ်ပုဒ်ကိုမှတ်ထားတာလေးဖတ်လိုက်ရတယ်၊ အခုခေတ်ကောင်မလေးတွေဝတ်ပုံစားပုံနဲ့ဆိုကွက်တိပဲဗျ။ တေးရေးဆရာကိုတော့စိတ်ထဲကချီးကျူးမိတယ်။ ကျွန်တော်မြို့ထဲသွားတုန်း သီချင်းစာသားလေးရွတ်ပြပြီး ဝယ်သေးတယ်ဗျာ၊ အဆိုတော်နဲ့သီချင်းနာမည်မသိတော့ရှာရတာမလွယ်ဘူး၊ ကျွန်တော်ပြန်လာတော့လိုင်းကားပေါ်ကကောင်မလေးတချို့ဆိုသီချင်းလေးထဲကအတိုင်းပဲဗျာ။ သီချင်းလေးက….. …လိုင်းကားပေါ်မှာနေ့တိုင်းတွေ့တဲ့ဟိုကောင်မလေးတွေ…. …ဘွားဘွားမြင်ရင်နားရင်းအုပ်မှာသေချာပါရဲ့နော်…. …ကားစီးတိုင်းမှာမိန်းကလေးတိုင်းကို ငုံ့မကြည်ဖို့မှာအကျင်္ ီလည်ဟိုက်နဲ့… …လုံချည်ဝတ်လည်းတပေါ်ပေါ် တော်တော်အရှက်နည်းတယ်နော် …. …ဗိုက်ကြီးသည်လိုအကျင်္ ီဖားဖား ဗိုက်သားကဖွေးဖွေး…. …ဘာလာဇီယာသေးသေးလေးနဲ့ ဗိုက်တော့အေးမှာပဲ…. …ဆံပင်ကလည်းမဖီးဘူးထင်တယ် ခေါင်းကစုတ်ဖွားနဲ့… …ဟိုး….ဟိုး…..ဘွားဘွားရယ်ခဏတော့လိုက်ကြည့်ကွယ်………….. အဲဒီလောက်ပဲမှတ်ထားတာ၊ အခုကောင်မလေးတွေဝတ်စားပုံကခေတ်နဲ့အညီတိုးတက်လာတာလား၊ တိုတက်သွားတာလားမသိတော့ပါဘူး။ သီချင်းလေးထဲကအတိုင်းအဘွားကိုခေါ်ပြီးနားရင်းအုပ်ခိုင်းရမှာနော်။ ……ဟုတ်တယ်ဟုတ်……