shwepyiayeMay 24, 20111min27620
လူသုံးယောက် သဘေ်ာတစင်းစီးပီး ခရီးထွက်တယ်။ သဘေ်ာက လမ်းလယ်မှာပျက်သွားတယ်။ သူတို့သဘေ်ာပျက်သွားတဲ့နားက ကျွန်းက လူသားစားတဲ့ လူရိုင်းတွေ နေတဲ့ကျွန်း…… လူရိုင်းခေါင်းဆောင် – မင်းတို့သုံးကောင်ကို သတ်ပစ်ရလိမ့်မယ် လူသုံးယောက် – မလုပ်ပါနဲ့…ဘာခိုင်းခိုင်း လုပ်ပေးပါ့မယ်..အသက်တော့ချမ်းသာပေးပါ.. လူရိုင်းခေါင်းဆောင် – ဒါဆို မင်းတို့ကို အချိန်နာရီဝက်ပေးမယ်…နာရီဝက်အတွင်းမှာ အမျိုးတူ အသီး 10 လုံးယူလာခဲု့က။ ဒါဆိုရင် အသက်ချမ်းသာခွင့်ပေးမယ်.အဲဒီတဆင့်အောင်မြင်သွားရင် နောက်တဆင့်ထပ်ခိုင်းမယ် အဲဒါကိုပါ လုပ်နိုင်မယ်ဆိုရင် မင်းတို့မြို့ကို ပြန်တဲ့လမ်း ညွန်ပြလိုက်မယ်…….. 15 မိနစ်ခန့်အုကာ……………. ပထမလူ – ပန်းသီ 10 လုံးနဲ့ပြန်လာတယ်။ လူရိုင်းခေါင်းဆောင် – ကဲ မင်းက ပထမအဆင့်တော့ အောင်မြင်ပီ ဒုတိယအဆင့်ကိုခိုင်းမယ်။ မင်းယူလာတဲ့အသီး 10 လုံးကို တလုံးချင်းစီ ဖင်ထဲ ထည့်ပြရမယ်။ […]


shwepyiayeMay 21, 20111min690
ကြိုးကြာငှက်တို့ ကွန်တော်နှင့်ဝေးရာသို့ ပျံသန်းသွားကြသည်။ ခရမ်းနုရောင်ညသည် ကျွန်တော်ရှိရာသို့ အဝေးတစ်နေရာမှ ပျံသန်းလာသည်။ ကျွန်တော့်အတွက် ထိုင်နေခြင်း၊ ရပ်နေခြင်း၊ သွားနေခြင်းအားလုံးသည် အတည်မကျ။ တစ်နေရာတွင် မိနစ်အနည်းငယ် ထိုင်နေဖြစ်သည်။ ထိုနေရာတွင် ကျွန်တော်မရှိ၊ ထို့ကြောင့်လျှောက်သွားနေမိပြန်သည်။ သွားနေခြင်းများတွင်လည်း ကျွန်တော်မရှိပြန်။ မိတ်ဆွေများကြားသို့ ကျွန်တော်ရောက်သွားခဲသော်လည်း မိတ်ဆွေများနှင့်အတူ ကျွန်တော်မရှိ။ မိတ်ဆွေများနှင့်မတွေ့ဆုံ။ စကြဝဠာထဲမှာ ကျွန်တော်ရှိနေကြောင်းသေချာသေးရဲ့လား။ သူမ၏ နေ့လည်ခင်းသတင်းမုန်တိုင်းပြင်းအားသည် ကျွန်တော်နှင့် ပတ်ဝန်းကျင်အား ရှင်ကွဲကွဲစေခဲ့သည်။ မိသားစု၏ ညနေစာထမင်းစားပွဲသည် တိတ်ဆိတ်ခြောက်ကပ်နေသည်။ ဟင်းဂျီးများသော ညီမလေး၏ စကားသံများကို မကြားရ။ အစာတောင်းနေကျ ပူစီလေးတွေလည်း အစာမတောင်း (ကျွန်တော်ထင်ပါသည်။ ကြောင်ကလေးတွေရဲ့ အစာတောင်းသံကြောင့် ကျွန်တော့်အာရုံ ပိုမို ရှုပ်ထွေးသွားမှာကို စိုးရိမ်နေ၍ ထမင်းဝိုင်းမစမီကပင် အမေက ကြိုတင်အစာကျွေးခဲ့ဟန်တူပါသည်။) အမှန်မှာ ကျွန်တော်သည် ကြောင်ကလေး […]


shwepyiayeNovember 19, 20101min1596
အမေရေ . . . ကျွန်တော် အခုတလော မျက်ရည်တွေ ခဏခဏ ဝဲမိတယ် အမေ။ အဖွား ဆုံးတုန်းကတောင်မှ မျက်ရည် မဝဲခဲ့တဲ့ ကျွန်တော် ၊ ဆိုင်ကယ်မှောက် ၊ ရန်ဖြစ် နဖူးကွဲ ဒူးပြဲ ဖူးယောင် အဲဒီလို နာကျင် ခံစားရတုန်းကလည်း မျက်ရည် မဝဲခဲ့တဲ့ ကျွန်တော် ၊ ရည်ရွယ်ချက်တွေ တစ်ခုလုံး ပျက်ဆီးပြီး ဘဝလမ်းမှာ ကျွန်တော် ယောင်ဝါးဝါး ဖြစ်နေခဲ့တုန်းကတောင်မှ ကျွန်တော် မျက်ရည်မဝဲခဲ့တဲ့ ကျွန်တော် ၊ အခု ကျွန်တော် ခဏခဏ မျက်ရည်တွေ ဝဲ ဝဲ နေမိတယ် အမေ. . .ကျွန်တော် မျက်ရည် ခဏခဏ ဝဲနေခဲ့ရတာ အမေရဲ့ စကားသံတွေကြောင့်ပါ […]


shwepyiayeNovember 18, 20101min1358
သိသိ မသိသိ မြင်ဖူးဖူး မမြင်ဖူးဖူး ကျနော်တို ့အတွက် အရေးမကြီးပါဘူး၊ အားလုံးမြန်မာပြည်လွတ်မြောက်ရေး ကွန်ယက်ထဲမှာ သူငယ်ချင်းတွေလို ့ ကျနော်ခံယူထားပါတယ်။ ကျနော်တို ့အားလုံး မြန်မာနိုင်ငံတော်ကို တိုးတက်စေချင်ကြတယ်၊ အရှေ ့တောင်အာရှ နိုင်ငံအလယ်မှာ ဒုက္ခပင်လယ်ဝေနေပြီး အများနှာခေါင်းရှုံတဲ့နိုင်ငံအဖြစ်ကလွတ်မြောက်စေချင်ကြတယ်၊ ဘေးအိမ်နီးချင်းတွေက ကျနော်တို ့နိုင်ငံ သယံဇာတတွေ အတင်းနှိုက်ယူနေတာ မခံချိ မခံသာနဲ ့ တက်ခေါက်နေရတဲ့အဖြစ်က လွတ်မြောက်ချင်ကြတယ်၊ အထူးသဖြင့် နိုင်ငံပျောက်။ လူမျိုးပျောက်နေတဲ ့အဖြစ်တွေက လွတ်မြောက်ချင်ကြတယ်၊ မြန်မာပြည်ကို တနည်းနည်းနဲ ့ ကူညီချင်ကြတယ်၊ စိတ်သဘောထားတွေ အတူတူပါပဲ၊ အဲတော့ဗျာ —— ကျနော်တို ့အားလုံး မြန်မြန်ချိတ်ဆက်နိုင်ပြီး ပြည်တွင်းက လူငယ်တွေလည်း ဝင်ရောက်ရေးသားနိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဖတ်နိုင်မယ့်ပါတီကလူငယ်တွေလည်းတက်ရောက်ဖတ်နိုင်မယ့် post လေးတခုကို လုပ်ပေးစေချင်ပါတယ်၊ […]


shwepyiayeNovember 13, 20101min1062
လွတ်လပ်မှုတေးတွေသီဘို့ အမေ့အပြုံးတွေ ပျံသန်းလာပြီ….. နိုးထကြလော့ …. သင်တို့ကောင်းကင်ယံမှာ အတောင်ပံတွေဖြန့်ရင်း အမေ့စကားသံတွေ နားဆင်ကြလော့ …. အမှန်တရားတို့ ချီတက်လာတော့မည်.. စည်းလုံးကြပါလော့ …. အမေ့သားတို့လျှောက်ရမဲ့ လမ်းတွေကို အလင်းပြပေးလှည့်ပါလေ… သားတို့တွေမျက်ရည်ဝဲကာ ပျော်လို့နေပါတယ်… မနက်ဖြန်တွေ အဓိပ္ပါယ်မမဲ့စေဘို့ သားတို့ကြိုးစားပါ့မယ်…. အမေ…. အဟုန်ငယ်


shwepyiayeNovember 9, 20101min1077
ကလေးမွေးပြီး စွန့်ပစ်သူ မြန်မာအမျိုးသမီး အမေရိကန်တွင် ထောင် ၃ နှစ်ကျ Nunu Sung ဟု ခေါ်သော မြန်မာ ဒုက္ခသည်တဦးသည်ကလေးမွေးဖွားပြီး စွန့်ပစ်မှုဖြင့် ထောင် ၃ နှစ် ချမှတ်ခံရသည်ဟု ချီကာဂိုမြို့သတင်းစာ တစောင်၏ အင်တာနက် စာမျက်နှာ suntimes.com တွင် ယနေ့ ရေးထားသည်။ သူက ကလေး မွေးဖွားပြီး စွန့်ပစ်ခဲ့ခြင်းကြောင့် အပြစ်ရှိကြောင်း မကြာသေးမီက တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု ဆိုသည်။ အသက် ၂၅ နှစ်ရှိပြီ ဖြစ်သည်။ အပြစ်ရှိကြောင်းထွက်ဆိုလျှင် ထောင်မှလွတ်ပြီးနောက်ပိုင်း အမေရိကန်တွင် ဆက်လက်နေထိုင်ခွင့်၊ သားဖြစ်သူကို အုပ်ထိန်းပိုင်ခွင့်တို့ ရမည်ကို Nunu Sung က သိရှိကြောင်း သတင်းတွင် ရေးထားသည်။ ထောင်မကျခင် အာမခံဖြင့် နေစဉ်က […]