နယ်မြို့လေးတစ်မြို့တွင် အသက်အရွယ်အားဖြင့် ၂ဝ ဝန်းကျင်သာရှိသော လူငယ်လေးတစ်ဦးသည်ထိုုမြို့၏ နာမည်ကြီး လ္ဘက်ရည်ဆိုင်၏ရှေ့တွင် မတ်တပ်ရပ်၍ လ္ဘက်ရည်ဆိုင်သို့ကြည့်၍ အကဲခတ်နေသည်။ ပတ်ဝန်းကျင်တွင်လည်း လူအများသွားလာလှုပ်ရှားလျက်ရှိသည်။ လ္ဘက်ရည်ဆိုင်အတွင်းခင်းကျင်းထားသော စားပွဲ ဝိုင်းမှာ ၁ဝ ဝိုင်းလောက်ရှိသည်။ အပြင်ဘက်ဆိုင်မျက်နှာစာ ဘေးနှစ်ဖက်တွင်လည်း စားပွဲဝိုင်း ၁၅ဝိုင်းစာ ခင်းကျင်း ထားသည်။ အရောင်းအဝယ်ပါးသောအချိန်၊ လူရှင်းသောအချိန်ဖြစ်သဖြင့် စားပွဲထိုးလေးများမှာ တစ်ယောက်နှင့် တစ်ယောက်နောက်ပြောင်ကျီစယ်နေကြသလို ထိုင်တဲ့သူကထိုင်နေသည်။ ငွေရှင်းကောင်တာမှ ဆိုင်ရှင်ဟုထင်ရ သူမှလည်းသူလုပ်စရာရှိတာကို အေးအေးဆေးဆေးထိုင်လုပ်နေသည်။ ဆိုင်အတွင်း စားပွဲတွင်စားသုံးသူ၂ဦးတည်း သာ လက်ဖက်ရည်ထိုင်သောက်နေသည်။ ဆိုင်အပြင်ဝိုင်းတွင်လည်း ၃ဝိုင်းသာ လက်ဖက်ရည်ထိုင်သောက်သူရှိလေ သည်။ လူငယ်လေးသည် လက်ဖက်ရည်ဝင်သောက်ရန် ဆုံးဖြတ်လိုက်ပြီး ဆိုင်အတွင်းသို့ဝင်ခဲ့လေသည်။ ဆိုင်၏အ လယ်ကျသော စားပွဲဝိုင်းတွင် ထိုင်၍လက်ဖက်ရည်မှာလိုက်လေသည်။ လူငယ်လေး လက်ဖက်ရည်သောက်နေစဉ် ဆိုင်အတွင်းသို့ အသက်(၅၀)အရွယ်လူ(၃)ဦးစကားပြောဆိုရင်းဖြင့်ဝင်လာ၍ လူငယ်လေး၏ အနောက်တွင်ရှိသော […]