ကမ္ဘာ့မိုးလေဝသလောကမှာ လွှမ်းမိုးမှုရှိတဲ့ အမေရိကန် လေတပ်နှင့် ရေတပ်ပူးတွဲထားသည့် တိုင်ဖုန်းလေ့လာစောင့်ကြည့်ရေး စင်တာ(JTCW)၏ ၉ရက်နေ့နှောင်းပိုင်း ကြေညာချက်အရ မေလ ၁၄ ရက် ဂရင်းနစ် စံတော်ချိန် ညနေ ရ နာရီ (မြန်မာ စံတော်ချိန် မေ ၁၅ ရက် မနက် ၁ နာရီခွဲ) တွင် မုန်တိုင်းတစ်ခု မြန်မာကမ်းရိုးတန်းသို့ ဝင်ရောက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ မေလ ၁၁ရက်နေ့မှာတော့ ခန့်မှန်းထားတဲ့အတိုင်း ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းလာပြီး ဆိုင်ကလုံးမုန်တိုင်းအဆင့်သို့နောက် ၂၄နာရီအတွင်းမှာရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီတခေါက် နာမည်ပေးဖို့ အလှည့်ကျတဲ့ သိရိလင်္ကာနိုင်ငံက ဒီမုန်တိုင်းကို မဟာဆန်(MAHASEN) လို့နာမည်ပေးလိုက်ပါတယ်။ ဒီမုန်တိုင်းဟာ နောက် ၄၈နာရီအတွင်းမှာ အားကောင်းလာပြီး ၁၄ရက်နေ့ ညပိုင်း ဒါမှမဟုတ် ၁၅ရက်နေ့ နံနက်ပိုင်းမှာ မြန်မာနိုင်ငံ […]


ဧပြီလ ၂ဝ ရက်နေ့ဟာ သမ္မတကြီးဦးသိန်းစိန်ရဲ့ ၆၈ နှစ်မြောက်မွေးနေ့ဖြစ်ပါတယ် သမ္မတသက်တမ်း၃နှစ်မြောက်မှာကျရောက်တဲ့မွေးနေ့မင်္ဂလာလည်းဖြစ်ပါတယ် ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ သမ္မတကြီးခင်ဗျာ နိုင်ငံ့တာဝန်တွေ ဒီထက်ပိုပြီးကောင်းမွန်အောင်ထမ်းဆောင်နိုင်ပါစေဗျာ နှစ်သစ်ပြောင်းပြန်ပြီ ဒါနဲ့တဆက်တည်း မြန်မာသက္ကရာဇ် ၁၃၇၅ခုကိုလဲ ရောက်ရှိလာခဲ့ပါပြီ ရှေးမြန်မာဘုရင်တွေအဆက်ဆက်က သက္ကရာဇ်တွေဖြိုခဲ့ကြလို့ ၁၃၇၅ခုသာရှိနေသေးတာပါ အမှန်က နှစ်ပေါင်း၂၀၀ဝနီးနီးရှိပါပြီ။ ခေတ်တွေကလည်းအဆက်ဆက်၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း ၊ ကုန်းဘောင်၊ ကိုလိုနီ၊ လွတ်လပ်ပြီးခေတ်၊ ပါလီမန်ဒီမိုကရေစီ၊ မဆလ၊ စစ်အစိုးရ၊ ဒီမိုကရေစီအစိုးရ စသည်ဖြင့်ဖြတ်ကျော်လာခဲ့ပြီးပါပြီ။ ဒီခေတ်တွေထဲမှာဘဲ ပြည်ထောင်တွေရဲ့အစဖြစ်တဲ့ ပျူ၊ သရေခေတ္တရာ။ အကူးအပြောင်းစပ်ကြားကာလက မြင်စိုင်း၊ ဂျပန့်ခေတ်၊ လွတ်လပ်ရေးကြို၊ အိမ်စောင့်အစိုးရ။ ခေတ်ပြိုင်တွေဖြစ်တဲ့ ဟံသာဝတီ ၊မြောက်ဦး၊ စစ်ကိုင်း အစရှိတဲ့ခေတ်တွေလည်းရှိခဲ့ပါသေးတယ်။ ဒီထဲမှာမှ မြန်မာနိုင်ငံကြီး စည်းလုံးပြီးချမ်းသာကြီးပွါးသိက္ခါရှိတဲ့ပြည်ထောင်စုအဖြစ ်ရပ်တည်နိုင်ခဲ့တဲ့ အချိန်ကအလွန်တရာနည်းလှပါတယ်။ […]


ဆင်ဖြူရှင်December 26, 20121min1487
“မီးပွိုင့် ကလည်းကြာလိုက်တာကွာ” “နေကလည်း ပူလိုက်တာ” “အလုပ်တော့နောက်ကျပါပြီ” “သေပြီဆရာ ထပ်မိပြန်ပြီ” “ဪ လူဖြစ်ရတဲ့ဒုက္ခ”           ဒီအသံတွေဟာ လတ်တလောကျွန်တော့ပါတ်ဝန်းကျင်မှာ ကြားနေရတဲ့ ကြားနေကြအသံများဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုသာမက ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့်ပါ။           အထူးသဖြင့် ဒီ၂၀၁၂ နောက်ပိုင်းကာလတွေမှာ ပိုပြီးကြားလာရတာပါ။ ဖြစ်နိုင်တာက နိုင်ငံရေးအပြောင်းအလဲကြောင့် စီးပွါးရေးပွင့်လင်းလာမှု လူမှုရေးတိုးတက်လာမှုတွေကြောင့် လူတွေဟာကဏ္ဍပေါင်းစုံမှာ ပိုမိုကူးလူးဆက်ဆံလာကြပါတယ်။ နိုင်ငံခြားခရီးသွားအရေအတွက် တမဟုတ်ချင်းမြင့်တက်လာသလို တဖက်ကလည်း ဒီအတွက်အဆင်သင့်ဖြစ်မနေသေးပါဘူး။ အဓိက တခုကတော့လမ်းပမ်းဆက်သွယ်ရေးပါ။           မြန်မာနိုင်ငံကမြို့ပြလူတန်းစား အများစုဟာနိုင်ငံတကာနဲ့ယှဉ်ရင် ဝင်ငွေနိမ့်ကျသော်လည်း PPP လို့ခေါ်တဲ့ဝယ်လိုအားကတော့ တန်းတူရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆို မော်ဒယ်နိမ့် ကားတစီးကို နိုင်ငံတကာဈေးနှုန်းထက် ၁၃ဆပေးပြီးဝယ်ရပါတယ်။ တကယ်လို့သာ နိုင်ငံတကာဈေးနှုန်း အတိုင်းဝယ်လို့ရရင် မြို့ပြလူတန်းစားရဲ့ ၃ပုံ၁ပုံကျော်ဟာ ကိုယ်ပိုင်ကားစီးနိုင်ပါတယ်။           […]