ငယ်ငယ်က ကြားဖူးခဲ့တဲ့အချင်အတွယ်လေးက နှစ်လမယ်တစ်စလယ် လား နှစ်စလယ် တစ်လမယ်လားမမှတ်မိတော့ပါ နှစ်ခွက်တစ်ပြည်၊လေးပြည်တစ်စိတ်၊နှစ်စိတ်တစ်ခွဲ၊နှစ်ခွဲတစ်တင်း လို့သိထားပါတယ်။ ကျွန်တော်တို့ခေတ်မှာသင်ရတာက ရှစ်လုံးတစ်ပြည်ကစသင်ရတာပါ။ တစ်စလယ် ဆိုတာဘယ်လောက်ရှိသလဲမသိပါ။ ဖေဖေရယ် မေမေရယ် ကြင်စတုန်းက စလယ်ဝင်အိုးလေးကိုသုံးကာ ထမင်းချက်ပြုတ် စားသောက်လို့နေလာခဲ့တာ…………… ဆိုတဲ့သီချင်းစာသားလေးအရဆိုရရင် တစ်စလယ်ဟာလင်မယားနှစ်ယောက်စာ နို့ဆီဗူးနှစ်လုံး လို့ထင်ပါတယ်၊ ဒါဟာ ရန်ကုန်သူ/သားတွေရဲ့စားနှုန်းနဲ့တွက်တာမဟုတ်ပါ၊ဒီစံနှုန်းဟာ ရှေးယခင်ကျေလက်ရဲ့စံနှုန်းဖြစ်လေတော့ ကျေးလက်နေတောသူတောင်သားတွေရဲ့စားနှုန်းနဲ့တွက်ကြည့်တာပါ။ရှေးယခင် နို့ဆီဗူးတွေမြန်မာနိုင်ငံမှာမပေါ်ခင်က တစ်စလယ်ဆိုတာဘာနဲ့သတ်မှတ်ခဲ့တာလဲမသိ။၊(ကျွန်တော်မသိတာပါ)နို့ဆီဗူး၊ပြည်၊တင်းဆိုတာတွေဟာ ထုထည်အခြေခံတဲ့စံနှုန်းတွေပါ။ နို့ဆီတစ်ဗူးရဲ့ထုထည်ကို ပိုင် အာရ်စကွဲယား အိတ်ချ် နဲ့တွက်ကြည့်ရင် ရပါတယ်။ဒါဆိုရင် ပြည်နဲ့တင်းတို့ရဲ့ထုထည်ကိုလည်းတွက်ကြည့်လို့ရပါပြီ။ ထားတော့…. ၁၆ အောင်စ ၁ ပေါင်…………………………….၂ဝ ဟန်ဒြိတ် ၁ တန် ဆိုတာ အလေးချိန်ရဲ့အချိန်အတွယ် စံနှုန်းပါ။ အဲဒီမှာစပါပြီ နိုင်ငံခြားကိုဆန်တင်ပို့တဲ့အခါတန်ချိန်နဲ့သတ်မှတ်ပို့ကြပါတယ်။အိတ်တွေနဲ့ထည့်ပြီးတော့ပေါ့။ ဆယ်တန်းအောင်ကာစ သမမှာလုပ်တုန်းက အစိုးရဆန်စက်တွေကဆန်သွားထုတ်တဲ့အခါမှာ တစ်အိတ်ကို ၁၀၈ ပေါင်ရှိရပါတယ်။ […]