ကြောင်လေးSeptember 24, 20111min1213
ငယ်ငယ်က ကြားဖူးခဲ့တဲ့အချင်အတွယ်လေးက နှစ်လမယ်တစ်စလယ် လား နှစ်စလယ် တစ်လမယ်လားမမှတ်မိတော့ပါ နှစ်ခွက်တစ်ပြည်၊လေးပြည်တစ်စိတ်၊နှစ်စိတ်တစ်ခွဲ၊နှစ်ခွဲတစ်တင်း  လို့သိထားပါတယ်။ ကျွန်တော်တို့ခေတ်မှာသင်ရတာက ရှစ်လုံးတစ်ပြည်ကစသင်ရတာပါ။ တစ်စလယ် ဆိုတာဘယ်လောက်ရှိသလဲမသိပါ။ ဖေဖေရယ်  မေမေရယ်  ကြင်စတုန်းက စလယ်ဝင်အိုးလေးကိုသုံးကာ  ထမင်းချက်ပြုတ် စားသောက်လို့နေလာခဲ့တာ…………… ဆိုတဲ့သီချင်းစာသားလေးအရဆိုရရင်  တစ်စလယ်ဟာလင်မယားနှစ်ယောက်စာ   နို့ဆီဗူးနှစ်လုံး  လို့ထင်ပါတယ်၊ ဒါဟာ ရန်ကုန်သူ/သားတွေရဲ့စားနှုန်းနဲ့တွက်တာမဟုတ်ပါ၊ဒီစံနှုန်းဟာ ရှေးယခင်ကျေလက်ရဲ့စံနှုန်းဖြစ်လေတော့ ကျေးလက်နေတောသူတောင်သားတွေရဲ့စားနှုန်းနဲ့တွက်ကြည့်တာပါ။ရှေးယခင် နို့ဆီဗူးတွေမြန်မာနိုင်ငံမှာမပေါ်ခင်က တစ်စလယ်ဆိုတာဘာနဲ့သတ်မှတ်ခဲ့တာလဲမသိ။၊(ကျွန်တော်မသိတာပါ)နို့ဆီဗူး၊ပြည်၊တင်းဆိုတာတွေဟာ  ထုထည်အခြေခံတဲ့စံနှုန်းတွေပါ။ နို့ဆီတစ်ဗူးရဲ့ထုထည်ကို  ပိုင် အာရ်စကွဲယား အိတ်ချ် နဲ့တွက်ကြည့်ရင်  ရပါတယ်။ဒါဆိုရင် ပြည်နဲ့တင်းတို့ရဲ့ထုထည်ကိုလည်းတွက်ကြည့်လို့ရပါပြီ။ ထားတော့…. ၁၆  အောင်စ ၁  ပေါင်…………………………….၂ဝ ဟန်ဒြိတ်  ၁   တန်  ဆိုတာ  အလေးချိန်ရဲ့အချိန်အတွယ် စံနှုန်းပါ။ အဲဒီမှာစပါပြီ နိုင်ငံခြားကိုဆန်တင်ပို့တဲ့အခါတန်ချိန်နဲ့သတ်မှတ်ပို့ကြပါတယ်။အိတ်တွေနဲ့ထည့်ပြီးတော့ပေါ့။ ဆယ်တန်းအောင်ကာစ  သမမှာလုပ်တုန်းက အစိုးရဆန်စက်တွေကဆန်သွားထုတ်တဲ့အခါမှာ  တစ်အိတ်ကို ၁၀၈  ပေါင်ရှိရပါတယ်။ […]


ကြောင်လေးSeptember 23, 20111min23914
ညကအိပ်မပျော်ခင် ဟုတွေးဒီတွေးလျှောက်တွေးနေမိတယ်။ အတွေးနဲ့ပတ်သက်ပြီးဘာရေးစရာတွေရှိသလဲလို့ပေါ့ အဲဒီလိုတွေးရင်းမိတ်ဆွေတစ်ယောက်ရဲ့အတွေးကိုသတိယမိလို့ရေးလိုက်ဦးမယ်။ မြန်မာနှစ်သစ်ကူး လတန်ခူးရောက်တော့မယ်ဆိုရင် လမ်းတွေ၊ဈေးတွေ၊ကားဂိတ်နဲ့လူစည်ကားရာနေရာတွေမှာ ဒီလိုကြော်ညာပြီးရောင်းနေတဲ့အသံတွေကြားမိကြမှာပေါ့။ သိကြားမင်းကအနက်ရောင်ဝတ်စုံဝတ်ပြီး ကျွဲကိုစီး  ဆင်းတယ် လက်တစ်ဖက်ကအိုးမဲပေပြီးလက်တစ်ဖက်က ကတ်တရာပုံးကိုကုိုင်ထားတယ်၊ ခေါင်းမှာလည်းဒန်အိုးကိုမှောက်ပြီးစောင်းထားတယ်။ လူ့ပြည်မှာ ဘက်ထရီအိုးရောင်းဝယ် ပြုပြင်ခြင်းလုပ်ငန်းတွေကောင်းမယ်။ ဖရောင်းတိုင်လှောင်တဲ့လုပ်ငန်းတွေကောင်းမယ် ပုဂလိကမီးပေးလုပ်ငန်းတွေထွန်းကားလာမယ် (ဟိုတုန်းကပါ၊အခုတော့အဲဒီလိုမဟုတ်တော့ပါဘူး၊မိုးနှောင်းကာလရန်ကုန်မြို့မှာ  တနေ့ ၂ နာရီလောက်ပဲမီးပျက်နိုင်တော့မယ်တဲ့၊ (နယ်တွေမှာတော့တနေ့နှစ်နာရီလောက်ပဲမီးလာမယ်ထင်တယ်) မြန်မာတစ်နိုင်ငံလုံးသုံးတာ ၁၅၀ဝ မက်ဂါဝပ်တောင်မကုန်ဘူးဆိုပဲ) ထားလိုက်ပါတော့…………… ကျွန်တော်ပြောချင်တာအဲ့ဒီအကြောင်းမဟုတ်ပါဘူး ဦးမာဃလို့ခေါ်တဲ့ ဘိုတော်သိကြားမင်းအကြောင်းပါ၊ ဦးမာဃကြီးက နောက်ပါဝိသုကြုံနတ်သားကိုခေါ် … ရွေပုရပိုဒ်နဲ့ ခွေးသားရေပုရပိုဒ်တွေယူလာ….. လူ့ပြည်ကိုတစ်နှစ်တစ်ခေါက်ဆင်းပြီးကောင်းတဲ့သူနဲ့မကောင်းတဲ့သူတွေကိုခွဲခြားမှတ်တမ်းတင်တယ်ဆိုပါတယ်။ လာရင်လဲ ဂဠုန်စီးလိုက် ၊ကျွဲစီးလိုက်နွားစီးလိုက်ပေါ့။။ သူ့မှာစီးစရာယာဉ်ရှားလို့ထင်ပါတယ်။ ဒီတစ်နှစ်လာပြီးရင်တော့   နတ်ပြည်က နှစ်လေးရာကျော်  ရထားပျံတွေကို နတ်   က ည န  မှာအပ်၊ မော်ဒယ်မြင့်ရထားပျံအသစ်တွေတင်သွင်းဖို့  idea   ကိုလူ့ပြည်ကရသွားမှာပါ။။ ဒါကလည်းတွေးစရာမဟုတ်ပါဘူး ကျွန်တော့မိတ်ဆွေပြောတဲ့အကြောင်းကလူ့ပြည်ကိုတစ်နှစ်တစ်ခေါက်ဆင်းတဲ့အကြောင်းပါ။ […]


ကြောင်လေးSeptember 23, 20111min2208
အကိုကြောင်ကြီးရေ ရွေးစေ့နဲ့ချိန်သည်ဖြစ်စေ  ပိသာလေးနဲ့ချိန်သည်ဖြစ်စေ တန်ဘိုးခြင်းကတော့အတူတူပါ။ ရွှေကိုချိန်တဲ့အလေးနဲ့ပတ်သက်ပြီးတော့နဲနဲပြောချင်ပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့အဖမှာရွှေချိန်တဲ့ကြေးချိန်ခွင်လေးနဲ့ အလေးတွေရှိပါတယ်။ အဖေက ပန်းတိမ်ဆရာလည်းမဟုတ်ပါ။ရွေလဲမရောင်းပါ၊ပရဆေးဖော်သူလည်းမဟုတ်ပါ။ဝန်ထမ်းတစ်ဦးသာဖြစ်ပါတယ်။ ဘာကြောင့် ဒီချိန်ခွင်လေးအဖေ့ဆီမှာရှိနေတယ်ဆိုတာတော့မသိပါ။ကျွန်တော်မမွေးခင် နဲ့အရွယ်မရောက်ခင်တုန်းက ရွှေအပေါင်ခံသားတော့မသိဘူး။ ဒါက အကြောင်းမဟုတ်ပါဘူး…..ပြောချင်တာက ရွှေချိန်တဲ့အလေးတွေအကြောင်းပါ။ အလေးတွေက ဟိုခေတ် ခြင်္သေ့ခေါင်းနဲ့ ကြေးမတ်စေ့တို့ ၊ငါးမူးနှစ်ထပ်စေ့လိုအစေ့သေးသေးလေးတွေပါ။ အလေးတွေရဲ့အလေးချိန်ကိုတော့ကျွန်တော်မသိပါဘူး။ကျွန်တော်တို့မောင်နှမတတွေ ယူဆော့ကြတာပါ။ဈေးရောင်းတန်းဆော့ကြတာပေါ့။ အလေးတွေအပါ်မှာ   ၁ိ၊     ၅ဲ  ၊     ရဲ ၊ ၅မူး   ၃မူး  လိုးရေးထားတာတွေ့ပါတယ်။အမနှစယောက်ကတော့ ၊ဒါက  တစ်ကျပ်သား၊ဒါက ငါးမူး သား၊ဒါကတော့ခုနစ်ပဲသား စသည်ဖြင့်ပြောတာကြားဖူးပါတယ်။အနီရောင်အစေ့လေးတွေကိုလည်းတွေ့ရပါတယ် တစ်လုံးနဲ့တစ်လုံးအရွယ်မတူပါဘူး၊နဲနဲတော့အကြီးအသေးကွာပါတယ်၊အမတွေကတော့ရွေးစေ့လေးတွေလို့ခေါ်ပါတယ်။ ကျွန်တော်အရွယ်ရောက်လာတော့ အမရဲ့ယောကျားကိုငယ်ငယ်ကကျွန်တော်တို့ ကစားခဲ့ကြတဲ့ရွှေချိန်တဲ့ ချိန်ခွင်လေးအကြောင်းကြွားပါတယ်။ ရွှေချိန်တဲ့အလေးတွေက  ကျွန်တော်တို့သုံးနေတဲံ့ တစ်ဆယ်သား၊ငါးဆယ်သား၊တစ်ပိသာလေးတွေနဲ့မတူဘူး သီးသန့်လုပ်ထားတာ၊ ရွှေရဲ့အလေးချိန်သတ်မှတ်ချက်က သီးသန့်လုပ်ထားတာ လို့ပြောမိပါတယ်၊ကျွန်တော်ဒီလိုပဲထင်ထားတာကိုး။ အဲဒီမှာယောက်ဖကရှင်းပြပါတယ်၊အလေးချိန်သတ်မှတ်ချက်ကအတူတူပါဘဲတဲ့၊ရွှေကိုပိသာလိုက်ရောင်းဝယ်မှုကိုလူအများမလုပ်ကြလို့ အလေးတွေကို အနုစိပ်ဖန်တီးထားတာတဲ့။ ဟုတ်သားပဲ၊ရွှေကို တစ်ဆယ်သားအခေါက်ဆိုရင် […]


ကြောင်လေးSeptember 22, 20111min17110
ရွှေအကြောင်းဖတ်လိုက်ရတော့ ငယ်ငယ်တုန်းက  ဖေဖေပြောဖူးတဲ့ ပုံပြင်လေးတစ်ခုသတိရတယ်။ ကြားဖူးကြပြီးသားဖြစ်မယ်ထင်တယ်။ ရွှေကပြောတယ် ငါ့ကို ငရဲမီးထဲတည့်လဲငါမမှုဘူး…ငါ့ကိုယ်ပေါ်က  ချေးညှော်တွေတောင်ကင်းသွားသေးတယ်…. လုံ ထဲမှာထည့်ပြီး  ရဲရဲနီနေတဲ့မီးနဲ့ ဖုတ်လည်းငါမမှုဘူး ….လုံးလုံးလေး ကျုံ့ပြီးနေလိုက်ရုံပဲ… ပေတုံးပေါ်တင်ပြီး တူနဲ့ထုလည်းငါမမှုသေးပါဘူး…ြ့ပားပြားလေး ပုံစံပြောင်းပြီးနေလိုက်မှာပေါ့…. သံလုံး ရိုလာနှစ်ခုကြားငါ့ကိုထည့်ညှပ်ပြီး ဆွဲလိုက်ပါဦး…ငါကရှည်မျောမျောလေးနေလိုက်မယ်လေ….. ပန်းတိမ်ဆရာက  ငါ့ကို ငရဲမီးထဲထည့် ၊မီးနဲ့ဖုတ်၊တူနဲ့ထု၊နန်းဆွဲ အမျိုးမျိုး  ပညာပြပြီးပုံစဲမျိုးစုံလုပ်ဦးမှာလား… ငါက ဆံထိုးဖြစ်ရင် ကောင်မလေးရဲ့ဦးခေါင်းပေါ်မှာ  ငါ နေရတယ်…. ငါက နားဆွဲဖြစ်ရင်  ကောင်မလေးရဲ့နားရွက်လေးမှာ  ရီးလေးခိုနေမှာပေါ့… ငါဆွဲကြိုးဖြစ်ရင် ကောင်မလေးရဲ့ လယ်တိုင်ကြော့ကြာ့လေးမှာခိုပြီး ရင်နှစ်မွှာကြားမှာအခန့်သားလေးပေါ့.. လက်စွပ်ဖြစ်ရင်လဲ  ကောင်မလေးရဲ့ ဖော့ဖယောင်းလို ပျော့ပြောင်းတဲ့  သူကြွယ်ဆိုတဲ့လက်ချောင်းလေးပေါ်နေရာယူလိုက်မယ်….. နောက်ဆုံး ခြေကျင်း  ဖြစ်ခဲ့ရင်တောင် ကောင်မလေးရဲ့   သလုံးသားဖွေးဖွေးလေးအောက်က ခြေကျင်းဝတ်မှာတော့နေလို့ရသေးတယ်လေ… ဒါပေမဲ့ …ငါတစ်ခုတော့   တော်တော် ခံစားရတယ်…. […]


ကြောင်လေးSeptember 22, 20111min1162
အခုတလောဧရာဝတီအကြောင်းတွေအပြောများနေပါတယ်။ ဧရာဝတီဘလော့ရဲ့စာတစ်ပုဒ်မှာ    အမိဧရာဝတီ  လို့ခေါင်းစဉ်တပ်ထားတာတွေ့တယ်။ ဟုတ်ပါတယ် ၊အမိမြန်မာပြည်၊အမိဧရာတီပါ။ ဧရာဝတီဟာ မြစ်ကြီးနားက  ကချင်တိုင်းရင်းသားတွေရဲ့အမေပါ။ အလယ်ပိုင်းကမန်းလေးသားတွေရဲ့အမေပါ။ အထက်အညာသားတွေရဲ့အမေပါ။ အောက်အကျေအရပ်က ကျွန်တော်တို့မြစ်ဝကျွန်းပေါ် သားတွေရဲ့အမေပါ။ ကုန်ကုန်ပြောရရင်  … လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ၊အုပ်ချုပ်ခံလူတန်းစား တိုင်းသူပြည်သားများနဲ့ အုပ်ချုပ်သူ အစိုးရအဖွဲ့   အားလုံးတို့ရဲ့အမေပါ။ 8 ယာ (အိပ်ယာ) ကသူ့ရဲ့ဘလော့မှာ ခံစားရေးဖွဲ့ထားတဲ့ကဗျာလေးကိုဖတ်ကြည့်ပါ။ ဆို့နင့်တဲ့ ရင်နဲ့ဝေဒနာ သေရာပါ နာကျင်လှတယ် မြစ်ဧရာကို ပေးမတဲ့လား….. သူကျွေးခဲ့ သားစဉ်မြေးဆက် သမိုင်းတွင်မဲ့ နေ့ရက်တွေနဲ့ မြစ်ဧရာကို ပေးမတဲ့လား….. မျက်ရည်နဲ့ တောင်သူမျက်နှာ ကြေကွဲစွာ အနာဂတ်မဲ့တယ် မြစ်ဧရာကို ပေးမတဲ့လား….. နိုးတစ်ဝက်နဲ့ ရေလုပ်သားအိမ်မက် ဆိုးရိုင်းစွာ မြင်မက်ရတယ် မြစ်ဧရာကို ပေးမတဲ့လား….. ပြောပြစမ်းပါ…. ပြောစမ်းပါ…. မြစ်ဧရာကို ပေးမတဲ့လား….. […]