ဖောင်တော်စတင်ထွက်ခွါရာ လှေများစုပေါင်းရောက်ရှိလာစဉ်။ အင်းလေးကန်အတွင်း ပုံမှန် ထက်ရေနည်းနေသော်လည်း နှစ် စဉ်သီတင်းကျွတ်လဆန်း ၁ ရက် တွင် စတင်ကျင်းပသော အင်းလေး ဖောင်တော်ဦးပွဲတော်ကို ပုံမှန် အတိုင်း ကျင်းပနေပြီဖြစ်ကြောင်း ဖောင်တော်ဦးဘုရားပွဲသို့ သွား ရောက်သူတစ်ဦး၏ သတင်းပေးပို့ ချက်အရ သိရသည်။ ”ရေကတော့ အရင်နှစ်တွေ ထက်နည်းနေ သေးတယ်။ ဖောင် တော်လှည့်ဖို့ အဆင်ပြေပါတယ်။ ဘာမှ ထူးထူးခြားခြား ပြောင်းလဲ မသွားပါဘူး။ နှစ်စဉ်သွားနေကျ ၂၁ ဌာနစလုံး လှည့်လည်သွားမှာပါ။ ဖောင်တော်လှည့်လည်ရာလမ်းတစ် လျှောက်လည်း အစကတည်းက ပြင်ဆင်မှုအချို့လုပ်ထားတော့ အ ဆင်ပြေပါတယ်” ဟု ဖောင်တော် ဦးဘုရားလှည့်လည်ရာ လိုက်ပါနေ သူ ဒေါ်ခင်မျိုးမျိုးက ပြောသည်။ အင်းလေးဖောင်တော်ဦး ဘုရားပွဲသည် နှစ်စဉ်သီတင်းကျွတ် လဆန်း ၁ […]