ေမာင္ရိုးNovember 18, 20141min173910
            ## ရဲရဲခြစ် ~ ပျက်သွားရင် ပြန်ပြောလို့ရတယ် (Telenor) ##     ငွေဖြည့်ကဒ်တွေမှာ အခြစ်လွန်လို့ဖြစ်ဖြစ် ၊ အခြစ်ကြမ်းလို့ဖြစ်ဖြစ် နံပါတ်တွေပါပျက်သွားပြီး ကဒ်တန်ဘိုးဆုံးရှုံးရတာတွေ ကြုံဖူးကြားဖူးကြမှာပါ ။ မကြာသေးမှီကာလကပဲ ooredoo နဲ့ telenor တို့ ရဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေစတင်လာပြီဖြစ်လို့ သုံးခွင့်ရတဲ့ဒေသတွေမှာစတင်အသုံးပြုလာကြပါပြီ ။ သူတို့ရဲ့ငွေဖြည့်ကဒ်တန်ဘိုးကို ၁၀၀ဝ ကျပ်အထိ လျော့ချထုတ်လုပ်လာတဲ့အတွက်လည်း ငွေဖြည့်ကဒ်တွေဟာ သင့်တော်တဲ့ ကြံခိုင်မှုနဲ့ အရေအသွေးဟာအမြင့်ပါဘူး ။ ဒါကြောင့် ကျနော်တို့ဟာ သတိလက်လွတ်ခြစ်မိတယ်ဆိုရင်ဘဲ နံပါတ်တွေပျက်ဆီးပြီး အောက်ခံစက္ကူသားအထိ ပြဲသွားတတ်ပါတယ် ။ (telenor မှ ၁၀၀ဝ ကျပ်တန်ကဒ်မထုတ်ပါ သို့သော် ငွေဖြည့်ကဒ်ရောင်းသောဆိုင်များမှ ဖုန်းဖြင့် […]


ေမာင္ရိုးOctober 21, 20143min58246
  ## သဘာဝရဲ့ ရင်သွေးငယ်တွေ ~~       ဒီခရီးကိုစတင်ထွက်လာတုန်းကတော့ တာဝန်ဝတ္တရားတစ်ခုကိုကျေပွန်အောင် ဆောင်ရွက်ခြင်းမျှသာ …………   သို့သော် … မြင်ရ ကြားရ နာယူမိပြန်လေသောအခါ ဤသို့ ဆောင်ရွက်ခွင့်ရသည်ကိုပင် အထူးကျေနပ်နေမိပြန်တော့သည် ။ ဒီခရီး၏ အစသည် ဘယ်ကစတင်ဖြစ်ပေါ်လာရပါသနည်း ဟု ဆိုပါလျှင် .………   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   သဘာဝရိပ်သာနှင့် ရိပ်သာဆရာတော်အကြောင်းကိုတော့ ကြားဖူးနေသည်မှာကြာခဲ့ပါပြီ ။ အထွေထွေသောအကြောင်းများကြောင့် တစ်ခါမှ မရောက်ခဲ့ဖူးပါ ။ ယခုသော် ကိုယ်တိုင်ကိုယ်ကျ သွားရောက်စရာအကြောင်းက မဖြစ်မနေဖန်ခဲ့လေတော့သည် ။ ပြီးခဲ့သော စက်တင်ဘာလက ဦးကျောက်ခဲ မြန်မာပြည်သို့တစ်ခေါက်ပြန်လာခဲ့လေသည် ။ သူနဲ့တွေ့ဆုံစဉ် သဘာဝရိပ်သာသို့သွားရောက်၍အလှူကိစ္စစုံစမ်းမည်ဖြစ်ကြောင်း ၊ သိန်း ၂ဝ မ, […]


ေမာင္ရိုးOctober 13, 20143min40520
 ပုံ – ၁  မိုးကြိုးပစ်ခံရသောရဲတိုက်           ဂမ္ဘီရ နဲ့ ဗေဒင်ဆိုတာ ဖျော်ဖြေတဲ့ နေရာကိုပို့ထားတဲ့ သဂျီးခိုင်အတွက် တဲရော့များကပြောတဲ့ သူ့ကံကြမ္မာကို ဖွင့်ချလိုက်ပါတယ် ။   သဂျီးခိုင်နှင့်တကွ ဖတ်မိ ………   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   သဂျီးခိုင် အတွက်ရည်ရွယ်ပြီး ကဒ်သုံးကဒ် ဆွဲပါတယ် ။ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂါတ် အတွက်ရည်ရွယ်ပါတယ် ။   ပုံ ( ၁ ) က အတိတ်အတွက်ဖြစ်ပြီး ပုံ (၂ ) က လက်ရှိ ပစ္စပ္ပန် ပါ။ ပုံ ( ၃ […]


ေမာင္ရိုးOctober 11, 20141min37937
  စာဖတ်သူများအားပန်ကြားလွှာ ***   အောက်တွင်ရေးသားဖေါ်ပြထားသည်များအား အမှန်တကယ်ဖြစ်ပျက်ခဲ့ပါသည်ဟု ထင်မြင်ပါကလည်း လွတ်လပ်စွာယုံကြည်နိုင်ပါသည် ။သို့မဟုတ် စာရေးသူ၏ စိတ်ကူးစိတ်သန်းဖြင့် ဖန်တီးသည်ဟု ထင်မြင်ပါကလည်း လွတ်လပ်စွာထင်မြင်နိုင်ပါကြောင်းးးးး     လေးစားလျှက် . . . . . . i. .   ပုစ္ဆာ၏ နိဒန်း ###       ည ……… လမိုက်ည ……… တိ်တ်ဆိတ်သော ည ………   ထိုည၏ အမှောင်ထု အတွင်းတွင် ညလူတစ်ချို့ လှုပ်ရှားနေသည် ။ သူတို့သည် ညမှအလုပ်လုပ်သော သူများဖြစ်သည် ။ မည်သူတို့ဖြစ်မည်နည်း ။ ဧကန်စင်စစ် လူကြီးလူကောင်းများ မဖြစ်နိုင်ပါ […]


ေမာင္ရိုးSeptember 20, 20141min760
ဖတ်ပြီးသားဖြစ်နေရင်လည်းတောင်းပန်ပါတယ် ။ တကယ်တော့ သဘောကျလို့ကူးတင်တာဖြစ်သလို ကျနော်ကိုယ်တိုင်ကလည်း သရော်စာကြိုက်လို့ပါ ။ ရွာစည်းကမ်းနဲ့မညီရင် အချိန်မရွေး လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ပါကြောင်းးးး       Maung Thura Fri · အခု တစ်ပတ် ပဲ ့တင် သံ ထဲက ဆောင်းပါးပါခင်ဗျ။ ဇာဂနာ ဘာမှ မသိရပါဖူး တကယ်တော့ သရော် စာ ရေးရတာ တော်တော် အန္တရာယ် ကြီးလှပါပေတယ်။ဆရာကြီးဦးညို မြ တို ့ဆရာမ ကြီးဒေါ်ခင်မျိုးချစ်တို ့က သရော်စာ နဲ ့ပတ်သက်လို ့ဆစ်ပိုင်းဝေဖန်ခဲ့ ကြဖူးပါတယ်။ဒါပေမဲ ့ ဇာ၈နာ တို ့မြန်မာပြည်က သရော်စာ နဲ ့အံမဝင်သေးဖူးခင်ဗျ။သရော် တယ် ဆိုရင် ပဲ သူတို […]


ေမာင္ရိုးAugust 10, 20141min30927
        မနေ့ကနဲ့ ဟိုးးး တနေ့က မောင်ဆာမိတို့ဆီကို မိတ်ဆွေတချို့ဆီက ဖုံးတွေတဂွမ်ဂွမ်ဆက်ပါတယ် …… အကြောင်းအရာကတော့တစ်ခုတည်းပါဘဲ ။ “” သတိထားနေကြ ၊ စားရေရိက္ခာစုထားကြ “” ဒီလို … ဒီလို သံတူကြောင်းကွဲ သတိပေးစကားတွေကို ရပ်နီးရပ်ဝေး ဆွေမျိုးမိတ်သဟာများထံက ကြားရပါတယ် ။ အလွန်ကိုချစ်စရာ ကျေးဇူးတင်စရာကောင်းတဲ့ ဂရုစိုက်မှုလေးပါဘဲ။ အခုလိုသတိတယ ရှိပေးတာကိုလည်း ကျေးဇူးတော်တင်ပါကြောင်းးး ……   သို့သော် …… ဘာအကြာင်းတွေများဖြစ်မှာမို့ဒီလိုသတ်တွေပေးနေတာလဲပေါ့ ။ မောင်ဆာမိလည်း ပတ်ဝန်းကျင် နဲနဲစပ်စုလိုက်တော့ … လား လား တချိ်ု့တွေက အတော်ကိုထိတ်လန့်နေတာတွေ့လိုက်ရတယ် ။ လန့်ရှာမှာပေါ့လေ … တချို့မြို့နယ် ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေက လော်စပီကာနဲ့လိုက်အော်နေပါသတဲ့ […]


ေမာင္ရိုးJuly 26, 20141min23416
        နွမ်းမှာစိုး၍ ၊ ပန်းကိုတွေ့လည်း ၊ မနမ်းရဲခဲ့ ၊ ပန်းရဲ့ အထိ ၊ ဆွဲငင်ငြိမှ ၊ အသိနောက်ကျ ၊ ပွင့်လွှာကျကြွေ ၊ နေရစ်လေတော့ ၊ ကြွေလေတော့နော် …………။   လွမ်းမှာစိုး၍ ၊ မြတ်နိုးနှောင်ရစ် ၊ သောကမြစ် လျှံ ၊ ချစ်ဟန်မပြ ၊ တမ်းတချုပ်နှောင် ၊ လမ်းလွှဲရှောင်ထွက် ၊ ခု မှခက်ပြီ ၊ ကြွေလွင့်ပြီမို့ ၊ နေလေတော့နော် …………   ဒီလိုပဲလေ ၊ နွေလည်အိမ်မက် ၊ ရော်ဝါရွက်တို့ ၊ ညှိုးသက်လွင့်ကြွေ ၊ တွေဝေငေးမော ၊ […]


ေမာင္ရိုးJuly 22, 20141min43150
      ကျနော်၏ အဖြူရောင်စာမျက်နှာတို့မှာ ကုန်လောက်ရှိနေပါပြီ ။ ဝါသနာသည်ကား တားလို့မရသေး ။ ထို့ကြောင့် ထိန်ချန်ထားခဲ့သော အမည်းရောင်စာမျက်နှာတို့ကို ပြန်လည်၍တူးဖေါ်မိပြန်တော့သည် ။ ဖတ်မိသူတို့အတွက် စိတ်ပျက်ညစ်ညူးဖွယ်များ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စာရေးချင်သည့်ရောဂါအားကုစားရန်မှာ တခြားနည်းလမ်းရှာမတွေ့သေးသဖြင့် ……………   ……… ~~~~~~~~~~~~~~~~~~~ တစ်ခါကဖြစ်ပါသည် ။ အင်းစိန်လမ်းတလျောက်မောင်းနှင်လာသော ၄၅ ဘတ်စ်ကားသည် လှည်းတန်းမှတ်တိုင်တွင်ထိုးရပ်လိုက်သည် ။ ငပိ ငါးချဉ်သိပ်သလို ကြပ်ညှပ်နေသော ဘတ်စ်ကားအတွင်းမှ လူအုပ်ကြီးသည် လွတ်လပ်ရေးရသည့်နှယ် အလုအယက်တိုးထွက်လာကြသည် ။ ထိုလူအုပ်ထဲတွင် မောင်ဆာမိနှင့် ထိုစဉ်က ရီးဇား(ယ္ခု ဇနီး) ဖြစ်သူတို့လည်းပါလာလေသည် ။ ရှေ့မှ လမ်းရှင်း၍ တိုးထွက်နေသော မောင်ဆာမိသည် နှေးတုန့်တုန့်ဖြစ်နေသော ချစ်လှစွာသော မဟေသီအလောင်းအလျာအား လက်ကိုအတင်းဆွဲလျှက် တိုးထွက်လိုက်ပါတော့သည် ။ […]


ေမာင္ရိုးJuly 17, 20141min39239
ကျနော်စာမရေးတတ်ပါ ။ သို့သော် တစ်ခါတစ်ရံ ရေးနေမိပြန်သည် ။ ရေးပြီးတိုင်းလည်း ပြန်ဖတ်ဖို့ဝန်လေးနေမိသည် ။ ထို့အတူ ပြန်ဖတ်မိတိုင်းလည်း ဆက်ရေးဖို့နောက်တွန့်နေပြန်သည် ။   ကျနော်အကြောက်ဆုံးများစွာထဲမှတစ်ခုသည် ကိုယ့်စာကိုယ်ပြန်ဖတ်ခြင်းပင် ။ ပြန်ဖတ်မိတိုင်းလည်း ရှက်ရွံ့အားငယ်မိပြန်သည် ။ နောင် မရေးဖြစ်အောင်ထိမ်းမည်ဟု ဆုံးဖြတ်သည်က အကြိမ်ကြိမ် ။ တကယ်တော့ ကျနော် မလိုက်နာနိုင်ခဲ့ပါ ။ မီးဝေးလျှင် ချိတ်ပြန်မာသွားသလို ကျနော်လည်း ကိုယ့်စာကိုယ်မဖတ်မိလျှင် ရောဂါဟောင်းက ပြန်ထ လာပြန်တော့သည် ။ အခုလည်း ကျနော့်ရောဂါ ထပြန်လေပြီ ။   စာရေးချင်စိတ်ကို ချိုးနှိမ်၍မရသည့်အဆုံး အတိတ်မြို့ဟောင်းတစ်နေရာကို ပြန်လည်တူးဖေါ်မိပြန်သည် ။ ကျနော့်မှာ အနာဂါတ်ကို ဘာမှပြောပြစရာမရှိ ။ ပစ္စုပ္ပန်သည်လည်း မကြာခဏ ချော်လဲနေပြန်သည် ။ […]


ပြောရဦးမယ် အရပ်ကတို့ ……… ရာသီအချိန်အခါကလည်း ဝါဝင်ပြီကိုးဗျ ။ ရွာထဲမှာလည်း ဆူညံဆူညံ ရန်တွေများလွန်းတော့ ကျုပ်တို့အသည်းငယ်တဲ့သူတွေမှာ အားကိုးရှာကြရသဗျ ။ ကျုပ်တို့အောက်ပြည်သားတွေ ဝါဝင်ဝါထွက်မှာ အန္တရယ်ကင်း ဘေးရှင်းစေဖို့ ဦးရှင်ကြီးနတ် တင်ကြတယ်လေဗျာ ။ ဟဲ ဟဲ ကျုပ်လည်း ရွာထဲမှာ ဘေးအန္တရယ်ကင်းစေဖို့ ဦးခိုင်ကြီးနတ် တင်တာပေါ့ဗျာ ။အဲဒါ ခင်ဗျားတို့လည်း ဘေးကင်းရန်ကွာ အောင်ကြောင်းဗျာဖို့ ဦးခိုင်ကြီးနတ် တင်နည်းလေး ပေးလိုက်မယ်ဗျို့ ။ မယုံရင် ပုံပြင်မှတ်ပေတော့ဗျာ       ဦးခိုင်ကြီးနတ် တင်ပုံတင်နည်း ###   နှစ်ထပ်နတ်စင်ကို အိမ်အပြင်ဖက်တွင်ထားပါ ။ ပန်းကန်ပြားအကြီးတစ်ချပ်တွင် ကောက်ညှင်းပေါင်း ၊ ရခိုင်ငှက်ပျောသီးနှစ်လုံးအခွံခွါ ပြီးထည့်ပါ ။ အုန်းသီးဆံ နုနုခြစ်ထည့်ပါ။ လက်ဖက် […]


ေမာင္ရိုးJune 12, 20141min29121
  ယနေ့ … ရန်ကုန်တွင် မိုးရာသီပီပီသသ စလေပြီ ။ အငြိုးတကြီးရွာလေသောမိုးကြောင့်လည်းကောင်း ၊ မြောင်းထဲသို့အမှိုက်ပစ်လေ့ရှိသောကြောင့်လည်းကောင်း ၊ မြောင်းပိတ်ရေလျှံဇတ်လမ်းလည်းစပါပြီ။ နကိုကမှ ကားတွေပိတ်လို့ လမ်းကျပ်လှသော အခြေအနေတွင် ရေကြီးရေလျှံချိန်၌ပြောဖွယ်ရာမရှိ ။ ကျောင်းကား ရုံးကားများနောက်ကျကြသည် ။ အလုအယက်မောင်းကြရင်း ထုံးစံအတိုင်း ပိုဆိုးကုန်လေသည် ။ ဖတ်မိလေသော သတင်းများအရ အချို့သောမြေညီထပ်တို့ ရေဝင်ကုန်ကြသည် ။ စိတ်ဖိစည်းမှုမခံနိုင်သောအမျိုးသမီးတစ်ဦးလည်း မိမိကားပေါ်တက်၍ အပေါ်အဝတ်များချွတ်ပြီးလျှင် ကိုယ်ဟန်ပြလေ၏။ ကျောင်းကြိုကားများနောက်ကျလေသဖြင့် မိဘများ ပြာယာခတ်ကြသည်။     ဤကဲ့သို့ ဗရုတ်သုက္ခများစွာဖြင့် ဗြုတ်စဗျင်းတောင်းနိုင်လှသောအချိန်တွင် မော်ဒယ်မတစ်ဦး၏ ချစ်လှစွာသော လင်တော်မောင်မှာ လကမ္ဘာသို့ ပျားရည်ဆမ်းခရီးသွားရန်ကြံနေကြောင်းသိရလေသည် ။ ကောင်းလေစွ … ကောင်းလေစွ နောင် နှစ်အနည်းငယ်၌ ဗင်းနစ်မြို့ကဲ့သို့ဖြစ်လာနိုင်သောမဟာရန်ကုန်တွင် ရေပေါ်အိမ်သာဆောက်ပြီးစီးပွါးရှာရန်ကြံနေသော […]


မောင်…… မလာသင့်မှန်းသိနေပေမယ့် လှမ်းမိတဲ့ကျမခြေလှမ်းတွေရယ် ပြန်သင့်တဲ့အချိန်ကို မကြည့်မိတဲ့ ဒီ မျက်လုံးရိုင်းတွေရယ် တစ်သက်လုံးသိမ်းဖို့ပေးလိုက်တဲ့ ဥပေက္ခာ တေးသွားတွေရယ် ကျမ …… နားလည်ခဲ့ပါပြီ မောင် ……   မိန်းကလေးက စ မချစ်ရဘူးလို့များ ဒီလောကမှာ သတ်မှတ်ထားသလားမောင်ရယ် …… သံယောဇဉ် ရင်မှာတင်းလေတော့ ချစ်ခြင်းကိုဘယ်လိုတားရပါ့မလဲလေ ……။   ဘက်လိုက်တတ်တဲ့ပတ်ဝန်းကျင်ရယ်၊ လှောင်ပြောင်တတ်တဲ့ မစာနာတတ်သူတွေရယ် ပြီးတော့ သိပ်ရိုးသားတဲ့ မောင်ရယ် ကျမထားရစ်ခဲ့ပါပြီလေ …… ကျိန်စာဆိုးတွေပြေပါစေတော့မောင် …… အပြစ်ရှိတဲ့ကျမ … အချစ်တွေနဲ့ ဝေးပါစေတော့ ……   ့ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~   အထက်ပါစာသားတို့သည် ကျနော်ကောက်ယူရရှိခဲ့သော တွန့်ကျေနေသည့် စာရွက်ပိုင်းလေးတွင်ရေးထားသော တဝက်တပျက် စာသားများဖြစ်သည် ။ အဖြစ်က ဒီလို […]


ေမာင္ရိုးApril 24, 20141min34936
    အစ ရှိလျှင် အဆုံးရှိပေလိမ့်မည် ။ သို့သော် .. အဆုံးဟူသည်ကား တနေ့သောအခါတွင် အစ မဖြစ်နိုင်ပေဘူးလား ,? ဤသို့ တွေးမိပြန်သောအခါ အဆုံးဟူသည် အစတစ်ခု ဖြစ်ရန် အထောက်အပံ့ပြုမည်ဟု ……ဖြေသာသည့်အတွေးဖြင့်သာ ……   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~   ဟော ……… အခု ဆရာဦးဝင်းတင်ကြီး နောက်ဆုံးခရီးအဖြစ် ထွက်ခွါသွားခဲ့လေပြီ ။ ဆုံးရှုံးမှုအတွက် စိတ်မကောင်းသော်လည်း နောက်ထပ် မွေးဖွါးလာမည့် ဆရာဦးဝင်းတင်လေးများ၏ အစ များဖြစ်လေမလားဟု မျှော်လင့်မိပါသေးသည် ။     ယနေ့ …… ထရေးဒါးဟိုတယ်ရှေ့ရောက်သောအခါတွင် အဆုံး အစ တစ်ခုကိုထပ်မံတွေ့ရပြန်သေးသည် ။ ထရေးဒါးဟိုတယ်ကြီးကား အဆုံးသတ်သွားပြန်ပြီထင့် ။ ထရေးဒါး ဆိုသောစာလုံးအစား ရှန်ဂရီလာ […]