ေမာင္ရိုးApril 8, 20141min27236
အောက်ဖေါ်ပြပါ အကြောင်းအရာတို့သည် စာရှုသူတို့အား မည်သည့် ဗဟုသုတမျှ ပေးနိုင်မည်မဟုတ်ပါ ။ အကျိုးတစ်စုံတရာလည်းပြုနိုင်မည်မထင်ပါ ။ ထွေရာလေးပါး ပုံတိုပတ်စများသာဖြစ်ပါသည် ။ သို့သော် ………… ၁၈ နှစ် မပြည့်လည်းဖတ်လို့တော့ရပါသည် ။   တကယ်တော့ သင်္ကြန်နားနီး၍လူဝင်နဲပါးချိန်၌ လူမရှိတုန်းလေး ပေါက်ကရလုပ်ခြင်းမျှသာ ။ ပုထုဇဉ်သဘောသည် ဤသို့ဖြစ်လေသည် ။ဆိပ်ကွယ်ပြီထင်သည်နှင့် ဖေါက်လာပါလေပြီ ။ ယခုလည်း မောင်ဆာမိတစ်ယောက် ပုထုဇန ပီပီ အနည်းငယ်တော့ ပေါက်ကရလေး ရေးမိသည်ပေါ့ ……။     ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   မောင်ဆာမိနှင့် နှိုးစက် >>>>     နံနက်စောစောထရခြင်းသည် မောင်ဆာမိတို့ ငယ်စဉ်ကတည်းက လုပ်ခဲ့ရသည် ။ ထို့ကြောင့် အိပ်မှုန်စုတ်ဖွားဖြင့် ထရသော နံနက်ပေါင်းများစွာကို […]


ေမာင္ရိုးMarch 9, 20141min32675
​~~~~~ ဇေယျတုသဗ္ဗမင်္ဂလံ ~~~~   အရပ်​ ၅​ပေ ၁ဝ လက်​မ ၊အ​လေးချိန်​ ​ပေါင်​၂၀ဝ ခန်​့ရှိ၍ ဂုဏ္ဘန် ၁၀၀ဝ ရုပ်​သွင်​​ဆောင်​​လေ​သော အယာတိုလာခိုင်​​မေနီ အမည်​ရှိသည်​့ ဘာနုရာဇာဂဇက်​ရွာသဂျီးမင်​းသည်​ ခရစ်​နှစ်​ ၂၀၁၄ ခု ဧပြီလ ၁၄ရက်​ မြန်​တျန်​့စံ​တော်​ချိန်​ ၁ဝ နာရီ ၊ ၁၈ မိနစ် ၊ ၃၉ စက်​ကန်​့ အခါသမယ၌်​ မိုးပြာရောင် အဝတ်​တန်​ဆာတို့ကိုဆင်​မြန်​းပြီးလျှင်​ ပြာတီးပြာယာ အမူယာဖြင်​့ ၊ ကို​ဘေးနွားကြီးကိုစီးလျှက်​ ၊ လက်​တစ်​ဖက်​က​ဒေါင်​းဥ ၊ လက်​တစ်​ဖက်​က ကျွဲ​ကောသီးတို့ကို ပိုက်​ကာ ​၊ လော့အိန်​ဂျလိမြို့၏ ​တောင်​ဘက်​တံခါးမှထွက်​ပြီးလျှင်​ ၊ မြန်​းဂဇက်​ရွာအ​နောက်​​ပေါက်​မှ၊​ ကုတ်​​ချောင်​း​ချောင်​းအမူအယာဖြင်​့ဝင်​​လေသည်​ ။   ဤသို့ဝင်​သည်​ရှိလတ်​​သော်​ … သဂျားအမည်​ရ​မောင်​မာဃမှ […]


ေမာင္ရိုးFebruary 10, 20141min31648
ဂဇက်ရွာက ရွာသူတွေ ချက်ပြုတ်ရာမှာ တော်ကြတယ်ဗျ   ချက်ပြုတ်တာတွေတော်ကြတယ်ဗျ မခိုင်ဇာရဲ့ ထမင်းဆိုင် မြိုင်မြိုင် ဆိုင်ဆိုင်သွားစို့သွားစို့   မြိုင်မြိုင်ဆိုင်ဆိုင်သွားစို့သွားစို့ စားဖိုဆောင်မှာချက်သူတွေ သိတဲ့ သူတွေပြောကြပါဦး   သိတဲ့သူတွေပြောကြပါဦး ရွာသူရွာသား စားဖိုမှူးတွေ သူ့ထက်ငါ အပြိုင်ကျဲကြ   သူ့ထက်ငါ အပြိုင်ကျဲကြ ဗိုက်ကွဲအောင်ဟေ့ စားကြမယ် ကောင်းတယ်ဆိုရင် လက်တို့ကြဦး   ကောင်းတယ်ဆိုရင်လက်တို့ကြဦး ချက်တဲ့ပြုတ်တဲ့ မမတွေ သန့်ရှင်းရေးကိုဂရုစိုက်တယ်ဗျ   သန့်ရှင်းရေးကိုဂရုစိုက်တယ်ဗျ ဘယ်သူပြောလို့ သိကြတယ် ဟောဒီမှာကွယ် ဖတ်ကြည့် ဖတ်ကြည် ့   ဟောဒီမှာကွယ်ဖတ်ကြည့်ဖတ်ကြည့် အသိပညာပေးတဲ့ဆောင်းပါးရှင် ကျေးဇူးတင်လျှင် လိုက်နာကြစို့   ကျေးဇူးတင်လျှင်လိုက်နာကြစို့ ကိုက်လံစည်းတွေ ဖင်ခုထိုင် စားသောက်ဆိုင်က မမတွေတဲ့   စားသောက်ဆိုင်က မမတွေတဲ့ […]


ေမာင္ရိုးFebruary 8, 20143min33022
      ဪ…… လောက …လောက ….. မတည်​့အတူ​နေ သတ္ထဝါ​တွေထဲမှာ ​မော်​​တော်​ပီကယ်​နဲ့ ဒရိုင်​ဘာ လည်​းပါ​နေ​လေ​တော့ ​မောင်​ဆာမိတို့များ ဘဲဥမြင်​တာ​တောင်​ ​လေချဉ်​မတက်​​တော့ဘူးဗျို့ …။ ရှိပါ​စေ​တော့ .. ကိုယ်​မမှားဖို့အ​ရေးသာအဓိကလို့မှတ်​ယူပြီး ငါး​ထောင်​တန်​​လေး​ဆောင်​ထား အဲ အဲမှားလို့ … စည်​ကမ်​းများ သတိထား​နေတာကြာ​ပေါ့ဗျာ။   ​ဟော….. ဘာတဲ့ … Cctv ဆိုလား ပြီးခဲ့တဲ့ဂျူလိုင်​က မီးပွိုင်​့တချို့မှာတပ်​ပါ​လေ​ရော …။ တပ်​​ပေါ့ ..ဘာအ​ရေးလဲ … ဒါမှ တက္ကစီ ​တွေ ဘတ်​စ်​ကား​တွေ အဖမ်​းခံရမှာ… ဒီလို ..ဒီလို ​တွေးပြီး ​မောင်​ဆာမိတ​ယောက်​ အကုသိုလ်​ပွါး​နေမိသ​ပေါ့ဗျာ ..   ဟိုတရက်​က ​မောင်​ဆာမိလည်​း ယဉ်​သက်​တမ်​းတိုးသွားလုပ်​ရပါတယ်​။ မှတ်​သားဖမ်​းဆီးအဖွဲ့​တွေနဲ့လည်​း ပြဿနာမရှိ​လေ​တော့ ခတ်​​အေး​အေးဘဲ […]


ေမာင္ရိုးJanuary 27, 20141min32134
    ဘာလိုလိုနှင်. ရွှေစက်တော်ဘုရားပွဲကြီးသည်လည်း ကျင်းပတော့မည် ။တပို.တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ.အထိ ရက်ပေါင်း (၈၀)ကျော် ကျင်းပသည်ဖြစ်၍ အချိန်တိုတောင်းသော်လည်းတစ်နှစ်ထက်တစ် နှစ် ပို၍ပင်စည်ကားလှသည် ။ ရာသီဥတုနှင်.နေရာဒေသအခြေအနေအရဒီအချန်လေးအတွင်းသာကျင်းပရသည်မို. အနယ် နယ် အရပ်ရပ်မှဘုရားဖူးလာသူများ စုံလင်လှပေသည်။ ကိုယ်ပိုင်ကားများနှင်.တမျိုး ၊ ဘုရားဖူးလိုင်းကားများနှင်.တသွယ် စုဝေးရောက်လာကြသည်မို. ရုံးပိတ်ရက်နှင်.စနေ၊တနင်္ဂနွေနေ.များဆိုလျှင် မန်းချောင်းဘေးမှ တဲတန်းကြီးများတွင် နေရာ မရတတ် …။အလုအယက်နေရာယူရ အခန်းရှာကြရတော.သည်။ ကျွန်တော်မရောက်ဖြစ်သည်မှာ ဆယ်နှစ်ကျော်လေပြီ ။သို.သော် …နှစ်စဉ်ဘုရားပွဲကျင်းပချိန်ရောက်တိုင်းသတိယနေမိသည်။ ရွှေစက်တော်၏မြင်ကွင်းသည်ကား တော်တော်များများပြောင်းလဲနေပေပြီ ။သန်.ရှင်းသောရေလောင်းအိမ်သာများနှင်.လျှပ်စစ် မီးရပြီဟု သိရသည်။တချိန်က သုနာပရ န္တ တိုင်းအဖြစ်ထင်ရှားခဲ.သောဤဒေသသည် ဘုရားပွဲတော်ချိန်ရောက်တိုင်းအထူး စည်ကားလှသည်။ “ရွှေစက်တော်အစ ၊ ကျောင်းတော်ရာက ၊ကျောင်းတော်ရာအစ မဟာပုဏ်ဏက “ဟုစာဆိုရှိသည်. အတိုင်း …ရွှေစက်တော်ဘုရားဖူးရင်း သမိုင်းအရဆက်စပ်နေသော […]


ေမာင္ရိုးJanuary 7, 20141min24116
  ​နောက်​ကျတဲ့​ခြေ​ထောက်​..သစ္စာ ​ဖောက်​     ဒုတိယ​နေ့ တွင်​ ​ဇော်​ဂျီ​မြှောင်​၏ အ​​ရှေ့​တောင်​ဘက်​သို့ ထွက်​လာခဲ့ကြပါသည်​ ။ သစ်​ပင်​များထူထပ်​ရာ ​တောင်​ကြား ၊ကုန်​းရိုး နှင်​့ လျှိုအစပ်​များကိုသာဦးတည်​ခဲ့ကြပါ၏။ ဤ​နေရာသည်​ ဖထီးနှင့်သူ့ရွာသားများအမြဲလာ​နေကျ ဆားကွင်​းဖြစ်​သည်​ဟုသိရ​လေသည်​ ။ ဆားကွင်​း ဟူသည်​မှာ ထို​နေရာတဝိုက်​တွင်​ စမ်​း​ရေ​ပေါက်​​သော​ကြောင်​့ အနည်​းငယ်​စိုထိုင်​း​နေပြီး ​မြေကြီးမှာ အငန်​ဓာတ်​ရှိသည်​ ဟု …။   ထို့​ကြောင်​့ ​တော​ကောင်​များတခါတရံလာတတ်​ပြီး ထို​မြေကြီးကို လျက်​တတ်​​လေသည်​ ။ ဤသည်​ကိုသိ​သော ဖထီးတို့က ​စောင်​့ပြီးပစ်​ခတ်​ဖူး​လေသည်​ ။ ​တောင်​ကြားအဝင်​သို့​ရောက်​သည်​နှင်​့ ခြုံနွယ်​များပိတ်​ဆို့​နေသဖြင်​့ လမ်​းရှင်​းရ​သေးသည်​ ။ ထင်​သ​လောက်​ခရီးမတွင်​ခဲ့ပါ ။ ကျ​နော်​တို့၏ မူလကစိတ်​ကူးယဉ်​ခဲ့သမျှသည်​ ​တောတွင်​းသို့​ရောက်​​သောအခါ ပျက်​ပြယ်​ သွားခဲ့ရပါပြီ ။ ထို့အတူ … ကြာဖူးခဲ့​သော ဂျိုးအမ​တေဥမှာလည်​း […]


ေမာင္ရိုးJanuary 1, 20141min21820
   ဒူး​လေးတစ်​ချက်​ ..အသက်​တစ်​​ချောင်​း.***     နံနက်​အလင်​း​ရောင်​​ပေါ်သည်​နှင်​့ ထမင်​းချက်​ခြင်​း ၊​ရေဗူးများအား​ရေဖြည်​့ခြင်​း နှင်​့ ​ကြိုးများဓားများ သံချိတ်​များအား ပြင်​ဆင်​ခြင်​းတို့ကို လုပ်​ကြရသည်​ ။ ဒီ​နေ့ မှစတင်​၍ ဂျိုးသိုက်​ရှာကြမည်​ဖြစ်​သည်​ ။ အဓိက ​ရေဗူးလုံ​လောက်​စွာယူသွားကြရမည်​ ။ ည​နေ​စောင်​းမှ စခန်​းချရာသို့ပြန်​​ရောက်​မည်​ဖြစ်​၍ ​ရေနှင်​့ အဆာ​ပြေစားစရာမပါမဖြစ်​​ပေ ။ သို့နှင်​့ နံနက်​စာအမြန်​စားပြီး ဖထီး​စောအယ်​ထူးဦး​ဆောင်​​ခေါ်ရာသို့ လိုက်​ခဲ့ကြ​လေသည်​ ။ ခတ်​​ပြေ​ပြေ ဆင်​းသွား​သော လျှိုထဲသို့ ဝင်​ပြီးလျှင်​ ငှက်​သံများအား နား​ထောင်​၍ အချို့​သောပင်​တို့ကို ​မျောက်​ရှုံးအားတက်​ခိုင်​း​လေ၏ ။ တချို့သစ်​ပင်​များကို ဖထီးမှ​တက်​ကြည်​့သည်​ ။   ယခုပြန်​​တွေးကြည်​့ပါက အလွန်​မိုက်​မဲပြီး ရီစရာ​ကောင်​းလှသည်​ ။ ကျ​နော်​တို့အားလုံး ဂျိုးမ​တေဥကိုမြင်​ဖူးသည်​မဟုတ်​ ။ ဤ​တောဤ​တောင်​တွင်​ ရဖူးသည်​ဟူ​သောမ​ရေမရာသတင်​းကို ​လောဘ​ဇော တိုက်​ကြခြင်​းဖြစ်​သည်​ […]


ေမာင္ရိုးDecember 29, 20131min22513
ညအိပ်​စခန်​း***   ညအိပ်​စခန်​းဟုဆို​သော်​လည်​း ယာယီအမိုးအကာဖြင်​့တဲသုံးလုံးသာရှိပြီး သစ်​​ရွေသူ အလုပ်​သမား ၅​ယောက်​ခန်​့သာရှိ​လေသည်​ ။ ဖထီးနှင်​့ရင်​းနှီး​နေသူများဖြစ်​၍ ည​နေစာသူတို့ချက်​​ကျွေး​ပါသည်​ ။ အားနာသဖြင်​့ ပါလာ​သော ငါး​သေတ္တာဗူး တချို့​ပေးခဲ့သည်​ ။ ထမင်​းစားပြီး​တော့ သိသိသာသာချမ်​းလာ၏ ။ တဲ​ရှေ့တွင်​ဖိုထား​သောမီးပုံအနီးတွင်​ဝိုင်​းထိုင်​ကြပြီး ​ရေ​နွေး​သောက်​ရင်​း လာရင်​းကိစ္စ​ပြောဖြစ်​ကြသည်​ ။ အခုမှသိရသည်​မှာ ဂျိုးအမ​တေဥ ရှာ​သောအဖွဲ့များ​ခြေချင်​းလိမ်​​အောင်​ ရှိ​နေကြသည်​ ဟု ။ ​လော​လောဆယ်​ဆယ်​ မည်​သူမျှရသည်​ဟူ၍မကြားရ​သေး​ကြောင်​း … အ​ရောင်​းအဝယ်​ဖြစ်​​သောဥများမှာလည်​း အတုများသာဖြစ်​​ကြောင်​း … တချို့ကလည်​း စမ်​းသပ်​ပစ်​ခတ်​မည်​့​သေနတ်​သမားနှင်​့​ပေါင်​း၍ လုပ်​ကြံလီဆယ်​ကြ​ကြောင်​း သိရ​လေ​တော့သည်​ ။   ကျ​နော်​တို့မှာ ထွက်​လာပြီးဖြစ်​သဖြင်​့ မထူး​တော့သည်​မို့ ရိက္ခာ ​ခြောက်​များမကုန်​မခြင်​း ​တောထဲ​နေသွားရန်​ ၊ တတ်​နိုင်​သ၍​ကြိုးစားရှာ​ဖွေရန် ဆုံးဖြတ်​ထားကြ​လေသည်​။ ထို့​ကြောင်​့ ..​နောက်​​နေ့​စော​စောထပြီး စခန်​းချရန်​သတ်​မှတ်​ထား​သော ​ဇော်​ဂျီ​မြှောင်​ (​မြှောင်​နာမည်​ […]


ေမာင္ရိုးDecember 27, 20131min34318
  ****** ဂျိုးအမြုတေဥ ရှာပုံတော် *****       ကြာတော့ကြာခဲ့ပါပြီ ….။ လွန်ခဲ့သောအနှစ် နှစ်ဆယ်ကျော်ခန့်ကဖြစ်သည်။တိတိ ကျကျပြောရလျှင် …. 1992 ခုနှစ် ဖေဖော်ဝါရီလဆန်း ….ကျနော်နှင့် သူငယ်ချင်းမျိုးတင့် ၊ မျိုးတင့်၏တပည့်ကျော်မျောက်ရှုံး ၊ လမ်းပြကြီး စောအယ်ထူးတို့သည် ပဲခူးရိုးမတောကြီးအတွင်းသို့ ဝင်ခဲ့ကြဖူးလေသည် ။! ကျနော်တို့သည် တွတ်ပီမဟုတ်ပါ ။ အလန်ကွာတာမိန်းလည်းမဟုတ်ပါ ။ ဗိုလ်တာရာ လည်းမဟုတ်ပါ…. ထို့အတူ စနေမောင်မောင်လည်းမဟုတ်ပါ ။ သို့သော် …. ဂျိုးမတေဥ (ဂျိုးအမြုတေဥ) တစ်လုံးအတွက် အသက်ဘေးနီးကပ်စွာစွန့်စားလျက် အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ကြဖူးလေသည် ။   ××××××××××××××××××××××××××××××××××××××××××××”   ဒီသတင်းကို သယ်လာသူကမျိုးတင်​့်ဦးလေးဖြစ်သူ၏မိတ်ဆွေ နယ်လှည့် ပရဆေးအရောင်းသမား ဦးသာနုဖြစ်သည် ။ […]


ေမာင္ရိုးDecember 22, 20131min43846
တစ်​ခါကဆီ ဒဏ္ဍာရီဟု ရည်မျှော်တမ်းတ ဘဝနေဝင် လေနှင်ရွက်ဝါ ချိန်သင့်ပါပြီ ကြွေပါစေတော့ နေလေတော့နော် ………     လူကြီးဆိုတာ တခါတုန်​းက လူငယ်​ပါပဲ … ဒီလိုပါပဲ …. လူငယ်​ဆိုတာ တ​နေ့ကျရင်​ လူကြီးဘဝ ​ရောက်​ကို​ရောက်​ရပါလိမ်​့မည်​ ။ အိုခြင်​း .. နာခြင်​း… ​သေခြင်​းတို့ကို မည်​သူ​ရှောင်​နိုင်​မည်​နည်​း …။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   “အလကားပါကွာ.. ဒီအဖိုးကြီး​ခေတ်​မမှီ​တော့ပါဘူး… နားစမ်​းပါ ” ထိုသို့​သောစကားတို့ကို ကျ​နော်​ငယ်​စဉ်​ကဆိုခဲ့ဖူးပါလိမ်​့မည် ။ ယခု​သော်​.. ထိုဝဋ်​တို့ ကျ​နော်​လည်​​တော့မည်​ထင်​၏ ။ အသက်​အရွယ်​အပိုင်​းအခြား​ကြောင်​့ အမြင်​မတူမှုများသည်​ ဘယ​်​​သောအခါမှ ​ပျောက်​ကွယ်​မည်​မဟုတ်​ ။ အစဉ်​အဆက်​ ကွဲလွဲ​နေဦးမည်​သာ ။ နားလည်​​ပေးမှု ၊ သည်​းခံခွင်​့လွှတ်​မှု ၊ အချင်​းချင်​းအပြန်​အလှန်​​လေးစားမှု […]


ေမာင္ရိုးNovember 13, 20131min38143
    ## မန်​း​လေးမုန်​့တီ ဘဝပျက်​သွားခြင်​း###   မန္တ​လေး လို့ဆိုလိုက်​တာနဲ့ ကျ​နော်​စိတ်​ကြည်​နူးမိပါတယ်​ ။ ဘာ​ကြောင်​့ရယ်​မသိ ကျ​နော်​ မန်​း​လေးကိုချစ်​တယ်​ .. ။ အင်​း.. ချစ်​စရာ​တွေလည်​းရှိခဲ့တာကိုး…. (​ပြောမပြဘူး 🙂 ) တဆက်​တည်​းမှာပဲ မန်​း​လေးက အစားအစာ​တွေဆိုသိပ်​ကြိုက်​တာ​ပေါ့ဗျာ ။ ငယ်​ငယ်​တုန်​းကစားခဲ့ဖူးတဲ့ စိန်​ပန်​းထဲက အဖွားကြီး​ရောင်​းတဲ့မုန်​့တီဆိုရင်​ အခုချိန်​ထိ အိမ်​မက်​ထဲမှာစွဲ​နေမိတာ ..။ တရုပ်​တန်​း​ည​ဈေးတန်​းမှာစားခဲ့ရတဲ့ ပန်​း​သေး​ခေါက်​ဆွဲ ၊ ဘုံ​ကျောင်​းဝန်​းထဲမှာ​ရောင်​းတဲ့ ယူနန်​​ပေါက်​စီ ..အခုချိန်​ပြန်​ရှာရင်​​တော့ ဟိုးးး…အ​ဝေးကြီးမှာ​ပေါ့ဗျာ …။ ဘယ်​ဆိုင်​မှာ ဝင်​စားစား စားလို့​ကောင်​း​နေတာက​တော့ ဘယ်​​ဒေသမှာနဲ့မှအရသာမတူတဲ့ မုန်​့တီ ပါ ..။ ဟုတ်​ပါတယ်​ .. မန္တ​လေး မုန်​့တီကို ကျ​တော်​တို့က နန်​းကြီးသုပ်​လို့​ခေါ်ကြ​ပေမယ်​့ ​ရွှေမန်​းသူားများက​တော့ မုန်​့တီ လို့ဘဲ​ခေါ်ပါတယ်​ ။ […]


ေမာင္ရိုးOctober 23, 20131min47846
  ညို … ဟိုး ….. ​တောင်​ထိတ်​မှာ မိုးရိပ်​ညိုညို မိုှင်​းပြီဆိုလျှင်​ ပိုလို့တမ်​းတ သတိယလျှက်​ ​ဖြေ​ပြေခက်​လို့ မျက်​ဝန်​းထဲမှာ မိုး​တွေရွာပြီ… ညိုှ ….။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   အချစ်​နဲ့ပတ်​သက်​ပြီး သတ္တိ နဲ့ ဆင်​ခြင်​တုံတရား ဘယ်ဟာရှိသင်​့သလဲဟုဆိုပါလျှင်​ ကျ​နော်​က​တော့ ကံ ကိုသာပုံချမိ​ပါလိမ်​့မည်​။ ကံဇတ်​ဆရာ၏ ကြိုတင်​​ရေးထား​သောဇတ်​ညွှန်​းထဲမှ ကျ​နော်​မရုန်​းနိုင်​ခဲ့ပါ။ ကိုယ့်​ကိုကိုယ်​ ခတ်​ညံ့ညံ့လူတစ်​​ယောက်ဟ​ုမှတ်​ယူထား​သောကျ​နော်​၏ဘဝဖြစ်​စဉ်​များသည်​ က​သောင်​းကနင်းဖြင်​့ရယ်​ရွှင်​ဖွယ်​လည်​း ဖြစ်​ခဲ့ဖူးပါသည်​ ။ ထို့အတူ လွမ်​း​မောတသ သတိယစရာများလည်​းရှိခဲ့သည်​ ။   သတိယစရာများကိုပြန်​တူးဆွလျှင်​ ရွှန်​းလဲ့ညို ဆို​သော… ညို ကို ဖယ်​ထား၍ရမည်​မထင်​။ ညို သည်​ ကျ​နော့ဘဝထဲမှ အစိတ်အပိုင်းတစ်​ခုအဖြစ်​ရှိခဲ့ဖူးပါသည်​ ။ ကမ္ဘာရပ်​ဝန်​းတစ်​​နေရာတွင်​ရှိ​နေနိုင်​​သော ညို သည်​ ဒီစာကိုဖတ်​မိပါက ကျ​နော်​သည်​အချစ်​အတွက်​ […]